![]() |
ရော့ပွန်းဂိ ဟေးလ်စ် မှ မြင်ရတဲ့ တိုကျိုတာဝါ |
မြန်မာနိုင်ငံကထွက်လာပြီးနောက်ပိုင်း၊ မြန်မာလိုစာရေးရဘို့နဲ့ စကားပြောရဘို့ အခြေအနေသိပ်မရှိပါဘူး။ ဒါကြောင့်စာရေးချင်လာပါတယ်။နောက်ပြီး စကားပြောရတာ ၀ါသနာပါတာကြောင့် ဒီဘလော့ဂ်ကို စရေးဖြစ်ခဲ့ပါတယ်။
November 27, 2010
November 23, 2010
၁၀နှစ်တောင်ကြာခဲ့တယ်
ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ (နိုဝင်ဘာ၂၃ရက်)မနက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့
အင်္ဂလန်နိုင်ငံမှာနေထိုင်သူသားငယ် ကင်မ် အယ်လစ်စ် (၃၃နှစ်) နဲ့ ၁၀ကြာကွဲကွာနေရာက ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါပြီ။
![]() |
ဓါတ်ပုံ AP |
November 16, 2010
ရှေ့ကို ဘယ်လိုလုပ်မလဲ
(၀ါရှင်တန်သတင်း) အမေရိကန်အစိုးရရုံး ရဲ့ လက်ထောက်အတွင်းရေးမှုး (သတင်းထုတ်ပြန်ရေးတာဝန်ခံ) ဖီးလစ် ခရိုးလီ က ၁၅ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ အမေရိကန်အစိုးရအနေနဲ့ ရှေ့လာမယ့် ရက်သတ္တပါတ်များမှာ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဘို့ ပေါ်လစီချမှတ်ထားပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
November 14, 2010
မတွေ့ရတာကြာပြီ
![]() |
ဓါတ်ပုံ APသတင်းဌာန |
ဂျပန်နိုင်ငံသတင်းဌာန နိဟွန်းတယ်ရယ်ဗီ သတင်းဗီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၃ရက်(စနေနေ့)၂၃း၅၈ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/nnn?a=20101113-00000044-nnn-int
ဂျပန်နိုင်ငံ TBSသတင်းဌာန သတင်းဗွီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့)၀၀း၀၂ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/jnn?a=20101114-00000001-jnn-int
November 13, 2010
တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ် ဆိုရင်တော့
မြန်မာစစ်အစိုးရနဲ့ နီးစပ်သူများက
ဒီနေ့ ၁၃ရက်နေ့ ညနေ၆နာရီလောက် (ဂျပန်စံတော်ချိန်
ည၈နာရီခွဲ ) လောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ် ဟာ၊ နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်ပါမယ်လို့ ယော်မိအုရိ သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ်ဆိုရင်တော့ ဒီလွတ်မြောက်မှုဟာ
၂၀၀၃ခုနှစ်မေလမှာချုပ်နှောင်ခံရပြီး ၇နှစ်ခွဲနီးပါးကြာခဲ့ရာကနေ လွတ်မြောက်မှုလို့ပြောရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့
အမျိုးသားဒီမိုကရေစီ အဖွဲ့နဲ့ ပတ်သက်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်အချို့နဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်များအတွက်
ဆွေးနွေးညှိနှိုင်းပြီး၊ ၇ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကိုပြန်လည်ကြားယူမယ်လို့သိရပါတယ်။
အဲဒီနောက်မှာသတင်းစာရှင်းလင်းပွဲလုပ်ဘို့ အစီအစဉ်ရှိပါတယ်။
(၂၀၁၀၊နိုဝင်ဘာလ၊၁၃ရက်၊ဂျပန်စံတော်ချိန်၁၅း၅၂။ယော်မိအုရိရှင်းဘွန်း)
ကိုးကား
http://www.yomiuri.co.jp/world/news/20101113-OYT1T00531.htm?from=navr
ဓါတ်ပုံကို အင်တာနက်က ကူးယူပါတယ်။
November 7, 2010
ကျွန်မကတော့ သွားခဲ့ပါတယ်
၂၀၁၀၊နိုဝင်ဘာလ၊၇ရက်နေ့
November 6, 2010
အပေါ်ကပျော့၊ အောက်က ကြွပ်၊ အထဲက အချိုရည်အပြည့်
နိုင်ငံတစ်နိုင်ငံရဲ့
လူမှုပတ်ဝန်းကျင်မှာ ဓလေ့ထုံးစံ တစ်ခု သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ၀င်ရောက်အသားကျလာတဲ့
တိုင်းတပါးရဲ့ မူလသဘာဝအလေ့အထ သတ်မှတ်မှုတွေကို အဲဒီနိုင်ငံရဲ့ subculture အထောက်အကူယဉ်ကျေးမှု
(ဒီမြန်မာပြန်က ကျွန်မစိတ်ကြိုက်သုံးထားတာပါ ) လို့ပြောဆိုကြပါတယ်။
ဂျပန်မှာ၊ အဲ
တိုကျိုမှာလို့ပြောရမလားပဲ။ အချို့သော အိန္ဒိယ အစားအစာဆိုင်တွေ၊ ထိုင်းအစားအစာ။ တူရကီအစားအစာ၊
အီတလီအစားအစာ စသည်ဖြင့်ပေါ့လေ အခြားတိုင်းတပါးကဆိုင်တွေ ဟာရောင်းကောင်းကြပြီး ဂျပန်လူမျိုးတွေကလည်း
တိုင်းတပါးအစားအသောက်တွေကို ခုံခုံမင်မင် စားသောက်ကြတာကို တွေ့ရပါတယ်။
![]() |
မိုးရွာထဲမှာလည်း စောင့်ဝယ်ကြတာပဲ |
October 24, 2010
၂၀၁၀၊တိုကျို၊ကထိန်၊အလှူ
October 19, 2010
ဝဥ
ကျွန်မတို့မြန်မာနိုင်ငံမှာ ခက်ခက်ခက်ခဲ မစိုက်ပျိုးရပဲ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတယ်ဆိုတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အခြားနိုင်ငံများမှာ လူကြိုက်များတဲ့ အစားအစာအဖြစ်၊ မရှိမဖြစ်တဲ့ အစားအစာအဖြစ်စားသုံးနေကြတဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားဝင်ငွေရရှိနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေသိတဲ့အတွက် စီးပွါးရေးအမြင်ကျယ်တာမှန်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာကြောင့် ဒီပစ္စည်းတွေကို နိုင်ငံခြားက၀ယ်လိုအားကောင်းနေရသလဲဆိုတာရယ်၊ ဒီပစ္စည်းတွေကို မြန်မာနိုင်ငံသားများ ယခုထက်ပို၍စားသုံးသင့်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေ ပိုသိအောင်၊ စားစေချင်လာအောင် လုပ်ပေးဘို့လည်းလိုအပ်တယ်လို့မထင်ဘူးလားရှင်။
![]() |
ဝဥ ကနေ ချက်ပြုတ်စားသောက်ဘို့ ပြုလုပ်ပြီးသားရောင်းတဲ့ အခါ ဒီလိုပုံပါ |
October 17, 2010
မှန်
တရုတ်နိုင်ငံရဲ့
ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံရောက်ပြီးမှ ဒုတိယအကြိမ် တွေ့ကြုံရပြန်ပါပြီ။
အခုတစ်ကြိမ်မှာတော့ ကျွန်မက အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ ပထမအကြိမ်လောက်တော့
တိုက်ရိုက်ခံစားတွေ့ကြုံရတာမရှိပါဘူး။ ဟုတ်ပါတယ် ပထမအကြိမ်ကတော့ ကိုယ်တိုင်တွေ့ကြုံ
ခဲ့ရတာလေးနည်းနည်းပါးပါး ရှိခဲ့ပါတယ်။ ပထမအကြိမ်တွေ့ကြုံခဲ့ဘူးတာကတော့ ၂၀၀၅ခုနှစ်မှာပါ။
အဲဒီတုန်းက နာဂိုယာတက္ကသိုလ်မှာ ကျောင်းတက်နေချိန်ပေါ့။
October 12, 2010
လွမ်းတဲ့ မုန့်တွေ
ကလေးဘ၀ မှာစားခဲ့တဲ့ မုန့်တွေကို သတိရတတ်ကြမယ်ထင်ပါရဲ့။
ကျွန်မကတော့ လသာ၂ကျောင်းမှာကျောင်းတက်တုန်းက ကျောင်းထဲကမုန့်ဈေးတန်းတွေက မုန့်တွေအပြင် ကျောင်းပြင်ကျောင်းပေါက်ဝမှာရောင်းတဲ့ မုန့်တွေကို သတိရတတ်ပါတယ်။အခု ဒီဂျပန်မှာအဲဒီမုန့်တွေကို ပိုသတိရစေတဲ့ မုန့်တွေကိုတွေ့တဲ့အခါမှာဆို အနားမှရှိတဲ့သူကို အဲဒီမုန့်တွေအကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ပြောလေ့ရှိပါတယ်။ အဲလိုပြောရာကနေ စာနဲ့ပါရေးချင်လာတာနဲ့ ဒီပို့စ်လေးကိုရေးလိုက်တာပါ။

![]() | |
ကပ်စေးနဲ |
October 9, 2010
မြန်မာလိုလည်း နံမည်ကြီးတဲ့ ဂျပန်သီချင်း
ဂျပန်နိုင်ငံမှာနံမည်ကြီးတဲ့ ဒီသီချင်းလေးကို မြန်မာနိုင်ငံမှာလည်း လူငယ်တွေလူကြိုက်များကြပါတယ်။ နားထောင်လို့ရရင်နားထောင်ကြည့်ပါနော်။ဘယ်သီချင်းမှန်းချက်ချင်းသိပါလိမ့်မယ်။ ဒီသီချင်းလေးကိုဆိုသူက
၁၉၉၅ခုနှစ်ကနေ ဒီနေ့လက်ရှိအချိန်အထိ ထွက်တဲ့ သီချင်းတိုင်းဟာ လူကြိုက်အများဆုံးနဲ့ အရောင်းရဆုံးစာရင်း နံပါတ် ၁ကနေ၃အတွင်းချိတ်ရတဲ့ အမျိုးသမီးအဆိုတော် စာရင်းမှာ အမြဲထိပ်ဆုံးကနေရာယူထားသူ။ ကိန်း၊ဂဏန်းသက်သေများ နဲ့သာမဟုတ်ပဲ၊“ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဖက်ရှင်၊ ခေတ်ကိုကိုယ်စားပြုတဲ့ ဂျပန်စကားဝေါဟာရသစ်များကိုလည်း ပေါ်ပေါက်စေနိုင်သူ” “ဂျပန်နိုင်ငံလူမှုဘ၀ရဲ့ သင်္ကေတ” လို့ သတ်မှတ်ခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။

October 5, 2010
စကား နဲ့ ကစား မယ်
ဘယ်ဘာသာစကားမှာမဆို စကားလုံးတွေကို အသုံးပြုပြီး အကြောင်းအရာတွေကို မှတ်သားနည်းရှိသလို စကားလုံးတွေကိုလည်း ကစားနိုင်ပါတယ်။
ပျော်စရာလည်းဖြစ်သလို မှတ်သားစရာလည်းဖြစ်တဲ့ ဘာသာစကားတွေကို မှတ်ရလွယ်စေတဲ့ ဥာဏ်ကွန့်မြူးမှု တွေနဲ့ပတ်သက်ပြီး ကျွန်မစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတစ်ခု ကို မိတ်ဆက်တင်ပြပါရစေ။ အင်္ဂလိပ်လိုကတော့ mnemonic device ၊ဒီနေရာမှာ အသံထွက်ကို နီမောနစ် လို့ထွက်တာလည်း တစ်မျိုးစိတ်ဝင်စားစရာပါပဲနော်။
![]() |
because ဆိုတဲ့ စာလုံးပေါင်းကို မမေ့အောင်မှတ်တဲ့ spelling mnemonic |
October 1, 2010
အပေါ်စီးက
ရန်ကုန်ကို သတိရပြီး ဇူလိုင်လမှာသွားခဲ့တုန်းက ရိုက်လာတဲ့ ဓါတ်ပုံတချို့ကို ပို့စ်တင်လိုက်ပါတယ်။
![]() |
အဝေးကဖူးမြင်ရတဲ့ ရွှေတိဂုံ ဘုရား |
September 28, 2010
“Say no to racism ”
လူမျိုးဘာသာခွဲခြားမှုဆန့်ကျင်ရေးနဲ့ စစ်ဆန့်ကျင်ရေး အဖြစ် နံမည်ကြီးလူကြိုက်များတဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်ကို အခုတလော ကျွန်မသိပ်သတိရနေမိတယ်။ သီချင်းစာသားကိုတွေ့ရင် သံဇဉ်ကိုကြားယောင်မိသလို၊ သံဇဉ်ကိုကြားလိုက်တာနဲ့ စာသားအဓိပ္ပါယ် ကို ခံစားနားလည်စေတဲ့ အထိ တစ်ကမ္ဘာလုံးက လူတွေကို ဖမ်းစားနိုင်တဲ့ ဒီသီချင်းကို မကြိုက်တဲ့ သူတွေလည်းရှိမှာပါပဲ။ တချိန်တခါမှာတော့ အပြစ်မဲ့သူတွေကို လေယဉ်ပျံကြီးနဲ့ တိုက်သတ်တဲ့သူတစ်စုကို မှတ်လောက်သားလောက်အောင် သင်္ခန်းစာပေးစစ်တိုက်ဘို့ဆိုပြီးဆုံးဖြတ်လိုက်တဲ့ နိုင်ငံကြီးတစ်နိုင်ငံဟာ ဒီသီချင်းအပါအ၀င် ငြိမ်းချမ်းရေးသီချင်း အချို့ကို ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ဘူးပါတယ်။ သီချင်းရဲ့ စာသားဖြစ်တဲ့မူလကဗျာကို ဒုတိယဇနီးသည်၊ အရှေ့တိုင်းသူ က ငယ်ရွယ်စဉ်မှာ ရေးစပ်ခဲ့ပြီး၊ လုပ်ကြံခံရပြီး သေဆုံးသွားသူ၊ ခင်ပွန်းသည် အနောက်နိုင်ငံသားက ပြန်လည်သီကုံးစပ်ဆိုခဲ့တာပါ။ ဘာသီချင်းလဲဆိုတာ သိသွားပြီပေါ့နော်။
![]() |
ဒီဆောင်ပုဒ်လေးကိုလည်းမှတ်မိမယ်လို့ထင်ပါတယ် |
September 26, 2010
တိုကျို၊ မြန်မာသီတင်းကျွတ်ပွဲ
တိုကျိုမြို့က မြန်မာသီတင်းကျွတ်ပွဲကို သွားခဲ့ပါတယ်။ နံမည်ကျော် “မင်္ဂလာဒိုးအဖွဲ့”ရဲ့ မင်္ဂလာရှိတဲ့ မြန်မာသီချင်းများကိုနားထောင်ရတာ ကြည်နူးစရာပါပဲ။ ဈေးဆိုင်တွေနဲ့ ၊ ပွဲလာတဲ့သူက သင်္ကြန်ပွဲလောက် မများလှပေမယ့် ပွဲစည်ပါတယ်။ပွဲလာချင်ပေမယ့် တနင်္ဂနွေလိုနေ့မျိုးမှာ အလုပ်လုပ်ရသူတွေ၊ ခွင့်မရသူတွေ၊ အခြားကိစ္စရှိသူတွေ မလာနိုင်လို့ လူနည်းရတဲ့အပြင်၊ မြန်မာသီတင်းကျွတ်ပွဲတို့ မြန်မာသင်္ကြန်ပွဲတို့ကို မြန်မာအစိုးရကလွှတ်လို့ ဂျပန်ရောက်နေကြတဲ့သူ အများစုကလည်း မလာကြပါဘူး။ အခြားနိုင်ငံတွေရဲ့ ပွဲတွေလို ကိုယ့်ရဲ့ နိုင်ငံတော်မြန်မာသံရုံးကကြီးမှုး ကျင်းပတဲ့ ပွဲမဟုတ်တာကြောင့်လည်း အခုမြင်ရတဲ့ အတိုင်းလူနည်းတာပေါ့နော်။
![]() | |
နှုတ်ခွန်းဆက်သီချင်း |
September 23, 2010
လျောက်လည်ရသည့် အကြောင်းရင်း
“ယော်ယောဂိ”ပန်းခြံမှာကျင်းပတဲ့ ဗီယက်နမ် ပွဲတော်ကိုသွားခဲ့ပါတယ်။ဒီပန်းခြံမှာ ကျင်းပလေ့ရှိတဲ့ ထိုင်းပွဲတော်ကိုလည်း သွားဖြစ်တာ၂နှစ်ရှိပါပြီ။ ဗီယက်နမ်ပွဲတော်ကိုတော့ ဒီတစ်ကြိမ်ကပထမဦးဆုံးပါ။
ယော်ယောဂိပန်းခြံ နဲ့ ဟာရာ့ဂျုကုကိုသွားရတာ ကျွန်မအတွက်တော့ လွတ်လပ်မှုနဲ့ အတူ၊ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ပုံစံတစ်မျိုးနဲ့ ရရှိပါတယ်။ ကျွန်မကိုယ်တိုင်လွတ်လွတ်လပ်လပ်ဘာမှမလုပ်ပေမယ့် ၊ ဒီလောက်ရှုတ်ထွေးစည်ကားတဲ့ နေရာမှာ ဘာကြောင့်များတည်ငြိမ်တဲ့ စိတ်ခံစားမှုကိုရရှိလည်းဆိုတာ ဟာရာ့ဂျုကု နဲ့ ယော်ယောဂိ ကို ရောက်ဘူးသူတွေကအံ့သြမှာပေါ့။ မရောက်ဘူးသူတွေကလည်း ဘယ်လိုနေရာမျိုးပါလိမ့်လို့ထင်ပါလိမ့်မယ်။

![]() | ||
ယော်ယောဂိ ပန်းခြံ |
September 17, 2010
ခြေထောက်အနွေးထည်

လက်ဂ် ၀မ်မာစ် (Leg warmers)
ဆိုတာကတော့ကျွန်မ မကြာခဏ၀တ်ဆင်လေ့ရှိတဲ့
ခြေထောက်အနွေးထည်တွေပါ။ အရင်ကျောင်းတက်တုန်းကတော့ မ၀တ်ဖြစ်ခဲ့ပါဘူး။ ရုံးမှာအလုပ်လုပ်ရတော့ နွေရာသီဆိုရင် တောက်လျှောက်အအေးခန်းထဲမှာ တစ်နေကုန်ထိုင်ရသလို အေးတဲ့ရာသီဆို အနွေးဓါတ်ပေးထားတဲ့ အခန်းထဲနေလည်း ဒူးပေါ်ကနေ အောက်ပိုင်းကို စောင်ပိုင်းခြုံထားလည်း ခြေထောက်တွေက ချမ်းတတ်လို့ သူ့ကိုဝတ်ဆင်ဖြစ်တာများပါတယ်။ရာသီ၎ခုစလုံးမှာ
တော်တော်လေး ၀တ်ဆင်ဖြစ်ပါတယ်။
September 10, 2010
ကျွန်မကြိုက်သော “အမြည်း” များ
“ချဉ်ချဉ်တူးတူး မူးပြီးရော” တဲ့ ။ ယမကာသုံးဆောင်သူများအတွက် အမြည်းရယ်လို့သေချာမရှိရင် သံပုရာသီးစိပ်ကလေးလည်း အမြည်းပဲဆိုပြီးစားကြတာကို ပြောကြတာထင်ပါရဲ့။ တကယ်ကတော့ အမြည်း ဆိုတာ ယမကာသုံးဆောင်ရာမှာ သူပါမှ ပိုပြီး ယမကာသောက်တဲ့ အထမြောက်မယ့် စွမ်းဆောင်ရည်ရှိပါတယ်။
ဒီဂျပန်မှာတော့ “ အီဇာ့ကာ့ရာ့ ”လို့ခေါ်တဲ့ (တိုက်ရိုက်ဘာသာပြန်ရင် အရက်ဆိုင် )ဆိုင်တွေဟာ အခုခေတ်မှာ ရိုးရိုးသာမန်သူတွေဝင်ထွက်စားသောက်တဲ့ ဆိုင်တွေဖြစ်လာပါပြီ။ ဒီဆိုင်တွေကို ဘာလို့ အရက်ဆိုင်လို့သီးသန့်ရှိခဲ့ရာကနေ မိသားစုလိုက် ၊ သူငယ်ချင်းမိတ်ဆွေများစုဝေးစားသောက်ရာ သာမန်စားသောက်ဆိုင်တွေအဖြစ်ပြောင်းသွားရတာလဲဆိုတာကို စမ်းစစ်ကြည့်ရင်။ အရက်နဲ့ တွဲသောက်တဲ့ အမြည်းတွေကြောင့်ပါ။ တချို့ အမြည်းတွေဟာ ဟင်းတွေဖြစ်သလို၊ ကလေးနဲ့ အမျိုးသမီးများ ၊ အရက်မသောက်သူများအတွက်လည်း အလွန်ကို ကောင်းတဲ့ စွဲဆောင်မှုရှိလို့ပါပဲ။

August 24, 2010
“ပုပ်စပြုတဲ့ မိန်းမနဲ့ လူပျိုသိုး ”
ပုပ်တယ်၊သိုးတယ်၊ နံစော်တယ် ဆိုတာက အပေါ်ယံစကားလုံးအနေနဲ့ ကြားရတာလုံးဝအဆင်မပြေပါဘူး။
မြန်မာစကားမှာတော့ “လူပျိုသိုး”လို့ သုံးကြတယ်။ “အပျိုသိုး”လို့တော့ သိပ်မကြားဘူးပါဘူး။
ဂျပန်စကားကတော့ “အသီးအနှံ နဲ့ မိန်းမ ဆိုရင် နည်းနည်းပုပ်စပြုတဲ့ အချိန်က အရသာအရှိဆုံး” တဲ့။
ဒီစကားကို တချို့အသားကြိုက်သူတွေကလည်း “အသား နဲ့ မိန်းမ ဆိုတာ ပုပ်ကာနီးက အကောင်းဆုံး” တဲ့။

August 19, 2010
ဖိနပ်ဆိုပေမယ့်
အခုတလော မြင်ရတဲ့ ဖိနပ်တွေထဲက ကျွန်မအနေနဲ့ တစ်ခါမြင်တာနဲ့ စိတ်ထဲမှာ“ဒီလို ဖိနပ်မျိုးတော့ မရှိစေချင်ဘူး” လို့ စဉ်းစားမိတာတွေကတော့။
August 12, 2010
ဘလောက်အရောင်
နောက်ခံအရောင် နောက်ခံဒီဇိုင်းတွေကြောင့် စာဖတ်ရတာအခက်အခဲဖြစ်စေတဲ့ ၀က်ဗ်ဆိုက်တွေကို ဖတ်ဘူးကြည့်ဘူးမယ်ထင်ပါတယ်။
ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့ ဘလောက်အတော်များများဟာ နောက်ခံအမဲ သို့မဟုတ် အလွန်တောက်ပတဲ့ အရောင်တွေကို သုံးကြပါတယ်။ ကျွန်မလည်း ဒီလိုပဲလေ၊ ကိုယ်ကြိုက်တဲ့ အရောင်ကို လှတယ်ထင်ရင် သုံးပစ်လိုက်တာပါပဲ။

August 10, 2010
ဈေးကွေ့ ပါလား
ကျွန်မရန်ကုန်မှာ တက္ကသိုလ်ကျောင်းသူဘ၀က တွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးပါ။
တနေ့တော့ ရန်ကင်းဘက်ကို ပြေးတဲ့ ဟိုင်းလတ်စ် ဘတ်စကားကိုစီးပါတယ်။ နံပါတ်တော့ မမှတ်မိတော့ပါဘူး မနက်ပိုင်းလူကြပ်တဲ့ အချိန်ပေါ့။ ကားရဲ့ အနောက်ပေါက်နဲ့ကပ်ရက် ဘေးတန်း အစွန်ဆုံးထိုင်ခုံမှာ ထိုင်ရပါတယ်။ ကားအတက်အဆင်းလုပ်တဲ့ နောက်ပေါက်ကတော့ ယောက်ျားတွေအားလုံး ခြေထောက်တစ်ဘက်ခြေနင်းခုံပေါ်ထောက်လိုက်ရင်းနဲ့ ခိုစီးတဲ့ လူအပြည့်ပါပဲ။
ထုံးစံအတိုင်း စပါယ်ယာက ပိုက်ဆံတောင်းလိုက်၊ မှတ်တိုင်တွေနံမည်အော်လိုက်၊ ကားမောင်းဆရာကို အသံပေးလိုက်နဲ့ပေါ့။ ထုံးစံမဟုတ်တာကတော့ ဒီစပါယ်ယာက ခုနပြောခဲ့တဲ့ သူ့ရဲ့ စပါယ်ယာအလုပ်နဲ့ ပါတ်သက်တဲ့ စကားတွေအပြင် တခြား စကားတွေကိုလည်း တရပ်စပ်ပြောနေပါတယ်။ ခပ်သွက်သွက်ရွှတ်နောက်နောက်ပါ။
ရုံးချိန်ကလည်းဖြစ်၊ ကားကလည်းမြန်၊ စပါယ်ယာကလည်း သွက်၊ လူကလည်းကြပ်နဲ့ တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင် တလွင့်လွင့်နဲ့ပြေးနေတဲ့ကားပေါ့ရှင်။

August 8, 2010
မှားဖတ်လည်း ရပါတယ်
စာဖတ်မှားတာ၊ လျှမ်းတတ်တာများနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု နဲ့ အတူ ကျွန်မတို့တတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတစ်ခုကို ပြောပြပါရစေ။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ မောင်နှမ၀မ်းကွဲတွေ အားလုံးကျောင်းပိတ်ရက် သွားလည်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတစ်သိုက်ဟာ အဖွားအိမ်မှာ ဆော့လိုက်၊ စားလိုက်၊ စာတွေဖတ်လိုက် စကားပြောလိုက်၊ လျှောက်လည်လိုက်နဲ့ ပေါ့။ဝတ္တုတွေ ကာတွန်းတွေ စာတွေဖတ်တဲ့အခါ နားမလည်တဲ့ စကားလုံးအသစ်တွေ့ရင် လူကြီးတွေကိုမေး ဒါမှမဟုတ် အကြီးတွေက အငယ်ကို ရှင်းပြကြပါတယ်။ မောင်ဝမ်းကွဲလေးတစ်ယောက် က သူဖတ်နေတဲ့ ပုံပြင်စာအုပ်တစ်ခုထဲက “ပြည့်တန်ဆာ” ကို နားမလည်တော့ ကြီးတော်တစ်ယောက်ကို မေးပါတယ်။
July 26, 2010
ဝယ် ရင် ကောင်းမလား
ရန်ကုန်ပြန်တော့ မေမေ့ကို အိမ်မှာဘာပစ္စည်းဘယ်မှာရှိလဲမေးတိုင်း “ဟဲ့ ၊ ခဏနေပါအုန်း ၊ ရှိတော့ရှိတယ် ဘယ်နားမှာလဲမသိဘူး” ဆိုပြီး ချက်ချင်း ဘာကိုမှ မမှတ်မိပါဘူး ။ တော်ကြာ “ လာစမ်းပါဦး ၊ ငါ့သော့တွဲ ဘယ်နားမှာထားမိမှန်း မသိလို့ ရှာပေးပါဦး ” ဆိုတာမျိုးလည်း ရှိပါသေးတယ်။
July 21, 2010
ဇူလိုင်လ ၁၉ရက်နေ့မှာ ရန်ကုန်ကပြန်ရောက်ပါတယ်
ဖေဖေနေကောင်းအောင်ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက်တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ ဖေဖေ ကတော့ ဆေးရုံကပြန်ဆင်းလာပြီး လူကြီးရောဂါဖြစ်တဲ့ အတွက်ကြောင့် သူစားချင်တာကျွေးပြီး သူစိတ်ချမ်းသာအောင်ထားရတဲ့ အခြေအနေပါ။ အိုမင်းနာမကျန်းဖြစ်နေတဲ့ အဖေ့ကိုထားခဲ့ရပြီး၊ အနီးကပ် မပြုစုနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ မြေးလေးကို ဂျပန်လိုနှုတ်ဆက်တဲ့ဖေဖေနဲ့ ၊ “ဖိုးဖိုး ချစ်တယ်”လို့ ပြုံးပြီးပြောတဲ့ ကျွန်မသားလေးကို ကြည့်ရတာ အကြည်နူးဆုံးပါ။ မိဘတွေဟာ သားသမီးတွေကို အချိန်တိုင်းသတိရနေပြီး အတူနေချင်ကြတာကို ပိုပြီးနားလည်သိခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဆိုတာကို သိနေရတာကတော့ ............
July 2, 2010
တိန် ကို မကိန်ပါနဲ့
ကိုယ့်မိခင်ဘာသာစကားကို လူမျိုးခြားများက ပြောဆိုသုံးနှုန်းတာတွေကို ကြားရဖတ်ရတဲ့အခါမှာ သူနဲ့ ဆက်နွယ်တဲ့ စိတ်ဝင်စားစရာတွေ၊ ကျွန်မတို့ သတိမပြုမိတဲ့ အကြောင်းအရာတွေကို တွေ့ရှိလာရပါတယ်။
မြန်မာစာ မြန်မာစကား အလွန်ကိုကျွမ်းကျင်တဲ့ ဂျပန်သူငယ်ချင်းတွေနဲ့ အင်လေးကို အလည်သွားရင်း တွေ့ကြုံ ခဲ့ရတာတွေထဲက သတိရနေတဲ့ အကြောင်းအရာလေးကို ဥပမာအနေနဲ့ ရေးလိုက်ပါတယ်။

June 28, 2010
ပြောင်းပြန်များ
နိုင်ငံနဲ့ လူမျိုးအလိုက် ယဉ်ကျေးမှုတွေလုပ်ပုံကိုင်ပုံတွေက တခါတလေမှာ (ကိုယ်နဲ့မတူတာ၊ အများနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့) ပြောင်းပြန်ဖြစ်နေတာကို ကျွန်မလိုပဲ သတိထားမိကြမယ်ထင်ပါရဲ့။
ကျွန်မတို့ နိုင်ငံမှာကတော့ တခြားနိုင်ငံတွေနဲ့ မတူတဲ့ ပြောင်းပြန်တွေ နည်းနည်းရှိတာကို သတိရမိပါတယ်။ ဥပမာ၊ မော်တော်ကားလမ်းတွေ လက်ျာကပ်မောင်းတာတို့၊ မဲဆန္ဒပေးတဲ့အခါ မဲပေးချင်တဲ့လူကို အမှားခြစ်ရတာတို့ပေါ့။
ဒီပို့စ်မှာပြောချင်တဲ့ ပြောင်းပြန် ကတော့ ဂျပန်လူမျိုးတွေဟာ ကျမတို့(အခြားအနောက်တိုင်းသားများနဲ့ကော မတူတာဖြစ်နေတဲ့ ) ချွတ်လိုက်တဲ့ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားတတ်တယ်ဆိုတာကိုပါ။
ဂျပန်လူမျိုးတွေကတော့ ဖိနပ်ချွတ်ပြီးရင် ချွတ်ပြီးသား ဖိနပ်ကို ပြောင်းပြန်ပြန်လှည့်ထားလေ့ရှိပါတယ်။

June 25, 2010
ဒစ်စနေဆီး
ဒစ်စနေ ဆီး ဆိုတာကတော့ တိုကျိုကလွဲရင် ဘယ်မှာမှမရှိဘူးလို့ ညွန်းဆိုကြတယ်။ ဒစ်စနေဆီး အကြောင်းထက် ဒစ်စနေ ပျော်စရာကမ္ဘာတွေအကြောင်းပြောချင်ပါသေးတယ်။ သိပြီးသားဖြစ်နေရင်တော့ ကျော်ဖတ်ပေါ့နော်။
ဒစ်စနေကမ္ဘာကို ပျော်စရာကစားကွင်း(၇)ခုနဲ့တည်ဆောက်ထားတာ တစ်ကမ္ဘာလုံးမှာ ၅နေရာရှိပါတယ်။ အဲဒါတွေကတော့
June 23, 2010
ဒစ်စနေလန်း
တိုကျို ဒစ်စနေလန်း Tokyo Disney Land နဲ့ ဒစ်စနေဆီး Disney Seaကို သွားမယ်ဆိုရင် ဒစ်စနေအကြောင်းကို အနည်းငယ်သိပြီး၊ ဂျပန်စကားပြောတတ်၊ စာဖတ်တတ်မယ်ဆိုရင်ပိုပျော်ဘို့ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ ဂျပန်စာကအဓိကလိုဖြစ်နေတာကိုး။ အဲလိုအဖေါ်တစ်ယောက်နဲ့သွားရင် ပိုပြီး အဆင်ပြေ ပျော်ဘို့ကောင်းပါတယ်။ တချိ့ကတော့ မဆိုင်ဘူးလို့ထင်မှာပေါ့ ။ ကျွန်မ ကျောင်းတက်တုန်းက နိုင်ငံခြားသားကော၊ဂျပန်သူငယ်ချင်းတွေကော ကျောင်းရဲ့ သက်သာဆိုင်က လက်မှတ်ဝယ်ပြီး တိုကျိုသွားဘို့ လူစုကြပါတယ်။ အသိသူငယ်ချင်းမတစ်ယောက်ကို အဖေါ်စပ်ဘူးပါတယ်။ သူက
“ အမလေး မမွန်ရယ် ကြွက်ကို အင်္ကျီဝတ်ထားတာများ ဒီလောက်ပိုက်ဆံ အကုန်ခံပြီးသွားကြည့်ရမယ်လို့” တဲ့။ မဟုတ်ဘူးလေ၊ တစ်နေကုန် စီးစရာ၊ ကြည့်စရာတွေလည်း အများကြီးပဲ။ ကာတွန်းကောင်တွေလည်းရှိတယ်လို့ပြောတော့ “တစ်နေကုန်တောင် ဟုတ်လား၊ ရပါတယ် နောက်ကျွန်မဘာသာ အားမှသတ်သတ်သွားပါတော့မယ်တဲ့” ။ မသိလည်း မတတ်လည်း မဖတ်တတ်လည်း သတ္တိတော့ ရှိတယ်။ ပါးစပ်ပါရွာရောက်လို့ အဆိုရှိတယ်မို့လား။ ကျွန်မတို့ မိသားစုလည်း သတ္တိရှိရှိနဲ့ ဒစ်စနေ တစ်ခွင်ပြဲပြဲစင် လည်ခဲ့တာလေးကိုပြောပါရစေ။

June 14, 2010
သွေးခွဲတဲ့ စကားတွေ
နိုင်ငံအလိုက် လူမှုပတ်ဝန်းကျင်မှာ အကြားရအများဆုံးမေးခွန်းအမျိုးအစား တစ်ခုကို သတိထားမိပါတယ်။ မြန်မာဗုဒ္ဓဘာသာ များ ပတ်ဝန်းကျင်မှာတော့ “.......ဒါနဲ့ မိန်းခလေးက ဘာနေ့သမီးလဲ” “သူ က ဘာနေ့မွေးတာလဲဟင်” ဆိုပြီးတော့ပေါ့။ ဘာကြောင့်လဲ ဆိုတော့
“ဥသာစိန်ပန်း ဒန်းလှကိုရှာ ခိုက်ရန်မှာကား ဓမ္မာသောက အင်းဝရာဇာ မယှဉ်ရာတည်း။ ” လို့ မိမိတို့ရဲ့မွေးတဲ့ နေရက် နဲ့ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက် ပေါင်းသင်းဆက်ဆံမှု၊ အိမ်ထောင်ဘက်၊ စီးပွါးဘက်တွေကို ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အယူအဆအတွေးအခေါ်များ ရှိနေလို့ပါပဲ။
အခြေခံအကြောင်းတရား၊ အခြေအနေ နဲ့ ယုံကြည်မှုတွေမတူပေမယ့် ၊ ဂျပန်မှာလည်း မေးတတ်ကြတဲ့မေးခွန်းးရှိပါတယ်။

June 8, 2010
“ဆန်း”တာတွေကို “စမ်း”ကြည့်ခြင်း
ဒီနေ့ကတော့ အပူချိန်၂၃ဒီဂရီစင်တီဂရိတ်ပါ။ အခုတလော ၂၅လောက်အထိတော့အပူချိန်ရှိပါတယ်။ တိုကျိုမှာကတော့ ပူတယ်လို့ပြောရမှာပေါ့။ ဇွန်လ လလယ်လောက်ရောက်ရင် တော့ မိုးရွာတဲ့ မိုးရာသီ ဖြစ်မှာပါ။ ဒါပေမယ့် ဒီနှစ် တိုကျိုမှာလည်း မိုးရာသီ အ၀င်နောက်ကျမယ်လို့ ရုံးကလူကြီးတွေက ပြောနေကြပါတယ်။ အနီးအနားမှာ သက်ကြီးဝါကြီးဆွေမျိုး၊ မိတ်ဆွေမရှိတဲ့ နိုင်ငံခြားမှာနေရတဲ့ ဘ၀ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က၊ ရုံးက လူကြီးတွေပြောတာကို မှတ်ထားရပါတယ်။
May 29, 2010
ရိုးရိုးမွေးတာ နဲ့ ခွဲမွေးတာ
ဂျပန်မှာ ကလေးမွေးတဲ့ အခါ “ရိုးရိုး မွေး” တာ ဟာ ပုံမှန်ဖြစ်ပြီး ၊ မြန်မာပြည်မှာ ဆေးရုံမှာမွေးသမျှ အများစုဟာ “ ခွဲမွေးကြပါတယ်”။
ဆေးပညာ နဲ့ တိုးတက်မှုများစွာ ရှိနေတဲ့ ဂျပန်ပြည်မှာ ရိုးရိုး မွေးတာ က ပုံမှန်ဖြစ်ပြီး ၊ မီးသိပ်မလာ ၊ ဆေးဝါးမစုံလင်၊ ဆေးကုသခြင်းအာမခံ ကလေးသူငယ် နဲ့ သားသည်မိခင် ထောက်ပံ့မှု စံနစ်တွေ ဘာမှသေသေချာချာ မရှိတဲ့ မြန်မာပြည်မှာ ဘာကြောင့် “ခွဲမွေးတာ” ဟာ ပုံမှန်ဖြစ်နေရတာပါလဲ။

May 25, 2010
ဆယ်လယ်ဘု
“ဆယ်လယ်ဘု” ဆိုတာ ဂျပန်အသံထွက်ကို မြန်မာလိုရေးထားတာပါ။ အင်္ဂလိပ်လို celebrity/ celeb စကားလုံးကို ဂျပန်တွေဘယ်လိုသုံးပြီး ဂျပန်နိုင်ငံမှာ ဆယ်လယ်ဘုတွေကို ဘယ်လိုသတ်မှတ်ထားသလဲ ဆိုတာ ယေဘူယျ လေ့လာကြည့်မိပါတယ်။
May 24, 2010
စားသောက်ပုံ ယဉ်ကျေးမှု တိုးတက်ခြင်း နှင့် အထောက်အကူပစ္စည်းများ
ကျွန်မတို့ရဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်းမှာ အထောက်အကူပစ္စည်းများကို သုံးစွဲ တတ်တာကလည်း သူ့အတိုင်းအတာတစ်ခုအနေနဲ့ အရေးပါတယ်လို့ထင်ပါတယ်။
ရန်ကုန်မှာ ဟိုတုန်းက ကျွန်မရှိခဲ့စဉ်အခါကတော့ တစ်ခါသုံးတူ၊ ဖေါ့ နဲ့လုပ်ထားတဲ့ ထမင်းဗူး၊(ဆိုင်တွေကနေ ပါဆယ်ဝယ်တဲ့အခါရတဲ့) ၊ စားစာရာကော သောက်စရာပါထည့်သုံးနိုင်တဲ့ ကြွတ်ကြွတ်အိပ် တို့ပါပဲ။ အခုတော့ နောက်ထပ် အများကြီး လှပတိုးတက်နေပြီလို့ထင်ပါတယ်။
အခြားနိုင်ငံတွေမှာလည်း သူ့ နေရာနဲ့သူ ပစ္စည်းမျိုးစုံ ရှိပါလိမ့်မယ်။ ကျွန်မအနေနဲ့ ဂျပန်မှာ ကျွန်မအနီးအနား ကတွေ့ရတဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်း အထောက်အကူပစ္စည်းများ အကြောင်း ကို မိတ်ဆက်ချင်ပါတယ်။

May 10, 2010
သတင်း အချက်အလက် လုံခြုံရေး
ကျွန်မငယ်ငယ်က မွေးဖွားနေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် “လုံခြုံရေး”ဆိုရင် သံဆူးအခွေတွေချ၊ မီးပျက် (မီးဖျက်)။ လမ်းတွေပိတ်၊ ဖုန်းလိုင်းတွေဖြတ်၊ သေနတ်ကိုင်တဲ့အစောင့်တွေ မတ်တပ်ရပ်၊ သန်းခေါင်းစာရင်းတိုင်၊ သန်းခေါင်စာရင်းစစ်၊ ကားရပ်ပြီး ရှာခံရ၊ ပိုက်ဆံအိတ်ဖွင့်ပြီး ပြရဆိုတာမျိုးလောက်ပဲ သိခဲ့ရပါတယ်။
အခုပြောချင်တယ် “လုံခြုံရေး”ကတော့ အခုလက်ရှိ မျက်မှောက် ကမ္ဘာမှာ အရေးထားနေကြတဲ့ “သတင်း အချက်အလက်” လုံခြုံရေး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျွန်မရဲ့ နေ့စဉ် အလုပ်ထဲမှာ ကြုံတွေ့နေရတဲ့ အကြောင်းအရာတချို့ပါ။

April 27, 2010
ကမ္ဘာ့ အကောင်းဆုံးမနက်စာ
အထင်ကရနံမည်ကြီးပုဂ္ဂိုလ်များ အပြင် ဟောလီဝုဒ်က ကြယ်ပွင့်များ ကတောင် လာရောက်သုံးဆောင်ကြတယ်ဆိုပြီး ဂျပန်နိုင်ငံ ရဲ့ မီဒီယာလောက မှာ ရေပန်းစားနေတာကတော့
“ ကမ္ဘာ့ အကောင်းဆုံးမနက်စာ ” ဖြစ်ပါတယ်။
“ ကမ္ဘာ့ အကောင်းဆုံးမနက်စာ ” ဖြစ်ပါတယ်။
April 22, 2010
ပန်းဝတ်မှုန် ရောဂါ
ဂျပန်နိုင်ငံရဲ့ လူဦးရေ ၂၀%ဟာ ဒီရောဂါကိုခံစားနေကြရတဲ့ အတွက်၊ နိုင်ငံတော်ရောဂါအမျိုးအစား လို့တောင်သတ်မှတ်နိုင်လာတာကတော့ “ပန်းဝတ်မှုန်ရောဂါ” ပါ။
ရောဂါအမည်။ ။
(ဆေးပညာဝေါဟာရ pollinosis ဖြစ်တဲ့ hay fever ) ဂျပန်လို “ခါ့ဖွန်းရှော” (花粉症)လို့ခေါ်ပါတယ်။ အတိုကောက် ခါ့ဖွန်းလို့လည်း ပြောတတ်ကြပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဥတုရာသီအလိုက်ဖြစ်တတ်တဲ့ မတဲ့တဲ့ ရောဂါ (seasonal allergy) လို့ခေါ်ကြပြီး ဥရောပအမေရိကဘက်မှာတော့ မြက်ခြုံပင်အခြောက်ရောဂါ (hay fever) လို့လည်းခေါ်ကြပါတယ်။

March 8, 2010
ရေ၊မီး၊မင်း၊မြေငလျင်၊ စစ်၊ စံနစ်၊ တို့ကြောင့် အပြစ်မဲ့စွာနဲ့ အသက်ဆုံးရှုံးကြရသူတွေ အတွက်
သေဆုံးသွားသူတွေအတွက် သေဆုံးသွားသူနေရာကနေ ခံစားသီကျူးထားတဲ့ ဂျပန်သီချင်း တစ်ပုဒ်အကြောင်းမိတ်ဆက် တင်ပြချင်ပါတယ်။
February 27, 2010
ဘယ်နေရာကို ကြည့်ကြလဲ
ဂျပန်နိုင်ငံ ရဲ့ goo လို့ခေါ်တဲ့ အင်တာနက် ၀ဗ်ဆိုက်ပေါ်က “ဘာမဆို နံပါတ်စဉ်အလိုက်တန်းစီကြည့်မယ်”ဆိုတဲ့ နေရာက ရလာတဲ့ အချက်အလက်ဖြစ်ပါတယ်။
အင်တာနက်ပေါ်ကနေ ဆန္ဒမဲကောက်ပြီး သုတေသနပြုစုံစမ်းထားတာဖြစ်တဲ့အတွက်ကြောင့် အပြည့်အ၀မှန်ကန်တယ်လို့တော့မပြောနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအချက်အလက်တွေ လဲဆိုတာကို သိရဘို့အတွက် သူတို့ရဲ့ စစ်တမ်းကောက်ထားတဲ့ ရလဒ်ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

February 20, 2010
အမျိုးသားအများစုက စိတ်လှုပ်ရှားမှု ဖြစ်တဲ့
အမျိုးသမီးများရဲ့ ခန္ဒာအစိတ်အပိုင်း တစ်ခု
ဂျပန်လူမျိုးတွေရဲ့ အလှအပနဲ့ ခံစားမှု ဟာ ကျွန်မတို့အတွက် တကယ်ကို အနုစိတ်နိုင်လှပြီး တချို့ နေရာတွေမှာ သူတို့ဘယ်လို အမြင်နဲ့ ခံစားနှစ်သက်ကြတာကို ဆောင်းပါးလေးတပုဒ်ကနေ သိရတာကို ဘာသာပြန်တင်ပြလိုက်ပါတယ်။

February 10, 2010
တံခါး ဘယ်နှစ်ခါခေါက်ရပါမလဲ
တံခါးခေါက်တဲ့ အချိန်မှာ ဘယ်နှစ်ခါခေါက်လေ့ရှိပါသလဲ။
ဘယ်နှစ်ကြိမ်ခေါက်ခေါက် တံခါးခေါက်တာပဲ နာမငြီးရင်၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ရင်ပြီးရောမဟုတ်လားလို့ ထင်ကောင်းထင်ပါမယ်။ ထုံးစံအတိုင်းပါပဲ၊ ဂျပန်လူမျိုးတွေကတော့ သူတို့ရဲ့ အကျင့်စရိုက်အရ ဘာမဆို လေ့လာမှတ်တမ်းပြုလေ့ရှိကြတဲ့ အတိုင်း ၊ ဂျပန်လူမျိုးအများစုဟာ တံခါးခေါက်ရင် နှစ်ကြိမ်ခေါက်လေ့ရှိပါတယ်တဲ့။
ကျွန်မတို့ မြန်မာလူမျိုးများ ကကော တံခါးဘယ်နှစ်ခါခေါက်လေ့ရှိပါလိမ့်လို့ တွေးရင်း ငယ်ငယ်တုန်းက ကစားခဲ့ဘူးတဲ့ ကစားနည်းလေးတစ်ခုကို သတိရမိပါတယ်။ ဒေါက် ဒေါက် ဒေါက် ဘယ်သူလဲ၊ အရူးမကြီးမစာဥ ဘယ်သွားမလို့လဲ ။ စာတွေထဲမှာ သီချင်းတွေထဲမှာ အများအားဖြင့် “ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုပြီး သုံးကြိမ်တွေ့ရပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာကလူမျိုးပေါင်းစုံနဲ့ ဆက်ဆံတဲ့ အခါမှာ တကမ္ဘာလုံးအတိုင်းအတာနဲ့ အများလက်ခံထားတဲ့ သတ်မှတ်ချက်တွေကိုလည်း လိုက်နာလာကြပါတယ်။ တံခါးခေါက်တဲ့ အကြိမ်ကို လိုက်ပြီး သူ့ရဲ့ အဓိပ္ပါယ်တွေရှိပါတယ်တဲ့။
ဥပမာ၊ လူတွေ့စာမေးပွဲ အခန်းထဲကိုဝင်တဲ့ အခါမှာ ၊ ကိုယ့်ရဲ့အထက်လူကြီးက အခန်းတံခါးဖွင့်ပြီး တယ်လီဖုန်းပြောနေချိန်မှာ ကိုယ်က အခန်းထဲဝင်ရမယ့် အခြေအနေမျိုးမှာ၊ အခန်းထဲမှာ ရှိတဲ့လူရှိကြောင်းကို ကိုယ်ကသိသလို အခန်းထဲကလူကလည်း ကိုယ်ဝင်လာမယ်ဆိုတာကို သိနေတဲ့အချိန်မှာလည်း တံခါးခေါက်ပြီး အသံပေးဝင်ဘို့လိုပါတယ်။ တစ်ချို့ အများသုံးအိမ်သာတွေမှာတော့ အထဲမှာ လူရှိတာကိုသိပေမယ့် အထဲကလူကအကြာကြီး တော်တော်နဲ့မထွက်လာတဲ့အချိန်မှာ မအောင့်နိုင်ကြောင်း တံခါးခေါက် အသိပေးရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။
၂ခါ အိမ်သာကို အသုံးပြုနေသူ ရှိမရှိ တံခါးခေါက်ကြည့်တဲ့အချိန်မှာ ၂ခါခေါက်ပါတယ်။
၃ခါ သိကျွမ်းပြီးသားသူတွေက အခန်းထဲမှာရှိတဲ့ အချိန်မှာ ၃ခါခေါက်ပါတယ်။
၎ခါ ပထမဦးဆုံးအကြိမ် ရောက်ဘူးတဲ့နေရာနဲ့ အရိုအသေပေးမှုကိုပြတဲ့ အချိန်တွေမှာ ၄ခါခေါက်ပါတယ်။
ဒါပေမယ့် ဒေါက်၊ ဒေါက်။ --- ဒေါက်၊ဒေါက်။ လို့ သံစဉ်လေးနဲ့ခေါက်ရင် နားဝင်ချိုစေပါတယ်တဲ့။
လွယ်လွယ်ပြောရရင်တော့ အိမ်သာမှာ ၂ခါ။ အရိုအသေပေးမှုကို ၄ခါ။ အများအားဖြင့် ၃ခါ လို့ မှတ်ထားရင် မမှားနိုင်ပါဘူးတဲ့။ အိမ်သာ၂ခါခေါက်ကတော့ တဘက်မှာလူရှိတာကို မသိလို့ဖြစ်စေ။ သိပြီး အမြန်ထွက်ပေးဘို့ တောင်းဆိုလိုတဲ့ အခါတွေမှာ စိတ်အနှောက်အယှက်မဖြစ်အောင် အကြိမ်ရည်အနည်းဆုံးအနေနဲ့ ဒေါက်၊ ဒေါက်လို့ သတ်မှတ်ကြတယ်တဲ့။
တံခါးခေါက်တာဟာ တခါတလေမှာ ဖွင့်ပေးဘို့ တောင်းဆိုတာဖြစ်သလို၊ ၀င်ခဲ့တော့မယ်လို့ အသိပေးတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်သားချင်း။ ခင်မင်သိကျွမ်းသူအချင်းချင်း ဖွင့်ပေးပါလို့တောင်းဆိုတဲ့ အခါမှာကော ၊ တံခါးဖွင့်ထားပေမယ့် ၀င်ခဲ့တော့မယ်နော်လို့ တဘက်လူကို အသိပေးတဲ့ အခါတွေမှာ ဒေါက် ဒေါက် ဒေါက် လို့ ခေါက်တာများတယ်လို့ သိရပါတယ်။
လူတွေ့စစ်မေးမယ့် အင်တာဗျူး၊ အထက်လူကြီး အခန်း၊ ပထဦးဆုံးအကြိမ်ရောက်ဘူးတဲ့ အခါတွေမှာတော့ ဒေါက် ဒေါက်၊ ဒေါက် ဒေါက် လို့ ၄ခါလောက် ခပ်ကြာကြာလေး ခေါက်ရပါတယ်၊ ဒါပေမယ့်လို့ တဘက် အစတည်းက ဖွင့်ထားတဲ့တံခါးပဲဖြစ်ပါစေ၊ ပိတ်ထားတဲ့ တံခါးပဲဖြစ်ပါစေ၊ ဒီနေရာမှာတော့ အထဲက ၀င်ခဲ့ဘို့ တုန့်ပြန်မှု ပဲနဲ့ ဒေါက်၊ ဒေါက် ဒေါက်၊ ဒေါက် ၄ခါခေါက်ပြီး ၀င်မသွားမိဘို့ အရေးကြီးပါတယ်တဲ့။
တကယ်ကတော့ တဘက်လူက ကိုယ်တံခါးခေါက်တဲ့ အကြိမ်ကိုရည်တွက်မနေကြပါဘူး။ သို့သော်လည်း လူ့ဘောင်လောကထဲက မူဟန်ယဉ်ကျေးခြင်းပညာတစ်ခု manner အနေနဲ့ လူတွေကပဲသတ်မှတ်ထားကြတာမို့လို့ သိထားရင်တော့ လူမှုဆက်ဆံရေးကို အကျိုးမယုတ်စေပါဘူးလို့ပဲပြောရမှာပေါ့ရှင်။
ဓါတ်ပုံများကူးယူရာနေရာ
http://image-search.yahoo.co.jp/search?p=%E3%83%89%E3%82%A2%E3%83%8E%E3%83%83%E3%82%AF%E3%83%9E%E3%83%8A%E3%83%BC&ei=

February 3, 2010
ဂျပန်ထိုင် မြန်မာထိုင် ဗိုလ်ထိုင်
ဒီလိုထိုင်ပါ၊ ဒီလိုမထိုင်ပါနဲ့
မြန်မာနိုင်ငံမှာနေတုန်းက ဂျပန်ဧည့်သည်တွေခဏခဏမေးကြတဲ့မေးခွန်းရှိပါတယ်။ မြန်မာလို အိမ်သာ
ဝင်တဲ့အခါ တံခါးဘက်ကိုလှည့်ထိုင်တာလား တံခါးကိုနောက်ခိုင်းထိုင်တာလား။ သဘောက ရေဆင်းတဲ့ အပေါက်ပေါ်ကို ဖင်ထိုင်တဲ့ဘက်ထားတာလားဆိုတာကိုပါ။ အဲဒီတုန်းက ကျွန်မအနေနဲ့ မြန်မာလိုအိမ်သာတက်ပုံ ကို ခဏခဏ ရှင်းပြခဲ့ရပါတယ်။
နောက် ဂျပန်ကို ရောက်တဲ့အခါကျတော့ မြန်မာပြည်က ခဏလာလည်တဲ့ မြန်မာများနဲ့ ၊ သင်တန်းလာတက်တဲ့ မြန်မာများကို ဂျပန်(ပုံစံ)အိမ်သာတွေ တက်နည်းကို ရှင်းပြရပါတယ်။ တကယ်တော့ ဒီအိမ်သာတက်ပုံတက်နည်းဟာ ဂျပန်နဲ့ မြန်မာတွေ ကြားမှာပဲ ရှိတဲ့ ကွာဟချက်မဟုတ်ပါဘူး။ နိုင်ငံခြားသား အများစုအတွက် ပထမဦးဆုံးအကြိမ် အိမ်သာစတက်ခါစမှာ အနည်းငယ် အထင်လွဲစေတဲ့ ကိစ္စတစ်ရပ်ဖြစ်နေလို့ပါပဲ။
ဂျပန်အိမ်သာတွေကို ရုပ်ရှင်၊ စာအုပ်၊ ဓါတ်ပုံတွေမှာတွေ့ဖူး မြင်ဖူးပေမယ့် အမှတ်တမဲ့ ဖြစ်ခဲ့ကြမှာပေါ့။ တကယ်တမ်း ဂျပန်ရောက်ပြီး အိမ်သာလည်း တက်ကော ၊ ပြောင်းပြန်ထိုင်မိပြီး ကသိကအောက်ဖြစ်ရတော့တာပါပဲ။ ဒါကြောင့် ဂျပန်အိမ်သာတက်ရတာ အခက်အခဲရှိတဲ့အတွက် အချို့သော နိုင်ငံခြားသားအ၀င်အထွက်များတဲ့ နေရာမှာ ရှိတဲ့အိမ်သာတွေမှာ ပုံလေးတွေနဲ့ ကပ်ပြီး သရုပ်ပြထားပါတယ်။ ဂျပန်အိမ်သာတက်ပုံက နိုင်ငံခြားသားများနဲ့ ကျွန်မတို့ မြန်မာများအတွက်တော့ “ဂျပန်အိမ်သာက ပြောင်းပြန်ထိုင်ရတာ”လို့ ပြောစမှတ်ရှိကြပါတယ်။
နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့ ခလေးတွေ အသုံးများတဲ့ နေရာနဲ့ ကျောင်းတချို့က အိမ်သာများမှာ တွေ့ရတဲ့ သရုပ်ပြပုံပါ။
ကိုယ့်ဘာသာကိုယ် အိမ်သာစတက်စအရွယ်ခလေးတွေဟာ အိမ်သာထဲရောက်ရင် ခါးအောက်ပိုင်း အ၀တ်အစားအားလုံးကို ချွတ်ပစ်တတ် လေ့ ရှိ လို့ဒီလိုပုံတွေ ကပ်ထားတာပါပဲ။ ဒီလိုအိမ်သာတက်ရင် အ၀တ်ချွတ်ပစ်တာ ခလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေလည်း လုပ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကြောင်းရှိခဲ့ဖူးတာကို ဖေါက်သည်ချလိုက်ပါရစေ။ သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင် ဟိုးအရင် ၁၂ရာစုကုန်ပိုင်း ဂျပန်နိုင်ငံ အဲဒို (江戸)ခေတ် မှာ မြေပိုင်ရှင်လူတန်းစား သူဌေးသူကြွယ်များဟာ အိမ်သာဝင်ပြီးရင် အ၀တ်အစားအသစ်ကျက်ချွတ်တွေပြန်လဲဝတ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တရုပ်ပြည်မှာ စိုး(宋) မင်းဆက် ၄၂၀-၄၇၉ခုနှစ်များလောက်မှာ တရုပ်လူမျိုးတွေဟာ အလေးသွားမယ်ဆိုရင် အ၀တ်အစားအကုန်ချွတ်ပြီး မှ အိမ်သာဝင် လေ့ရှိကြတယ်လို့သိရပါတယ်။ ဂုဏ်သရေရှိလူကြီးများအတွက်ဆိုရင် အိမ်သာ နဲ့ အ၀တ်လဲခန်းတို့ကို စီမံထားရှိခဲ့ကြတယ်တဲ့။
အဲဒီဆက်စပ်မှု လို့ပြောလို့ရမယ့် ဝေါဟာရကို ဂျပန်ခန်းဂျိ အဘိဓါန်မှာတွေ့နိုင်တာကတော့ ခန်းဂျိနဲ့
更衣ဆိုတဲ့ စာလုံးကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ စာလုံး ရဲ့ တိုက်ရိုက်အဓိပ္ပါယ်“ အ၀တ်လဲခြင်း” ဆိုတာအပြင်“ အိမ်သာသွား ခြင်း”လို့လည်းဖေါ်ပြထားပါတယ်။ အင်္ဂလိပ်လို toilet ကိုလည်း grooming or dressing one's person လို့တွေ့ရပါတယ်။
ရှေးယခင်က လူတွေရဲ့ အ၀တ်အစားပုံစံအရ၎င်း၊ အနံ့ကူးစက်မှာစိုးတဲ့အတွက်ကြောင့်၎င်း အဲဒီလို အိမ်သာတက်ခဲ့ကြတာဖြစ်နိုင်ပါတယ်။ အခုခေတ်မှာတော့ အ၀တ်အစားပုံစံတွေပြောင်းသွားတဲ့ အပြင် ၊ ခန္ဒာကိုယ်ကထုတ်ပြီး၊ထွက်သွားတာနဲ့ ချက်ချင်းရေဆွဲချပစ်လိုက်ရင် အနံ့ကူးစက်မှာလည်း မစိုးရိမ်ရတော့ပါဘူး။ ဒါ့အပြင် အခန်းတွင်းနဲ့ အ၀တ်အစား အနံ့ပျောက်ဆေး ၊ အမွှေးနံ့သာအမျိုးမျိုးသုံးစွဲလို့လည်း အဆင်ပြေပါတယ်။
နည်းပညာတိုးတက်မှု ကြောင့် လူနေမှု အဆင့်အတန်း နဲ့ (အိမ်သာ)ယဉ်ကျေးမှု များလည်း ပြောင်းလည်း လာခဲ့ပါတော့တယ်။ ယနေ့ နောက်ဆုံးပေါ် ဂျပန်နိုင်ငံရဲ့ ဗိုလ်ထိုင်အိမ်သာများကတော့ အံ့မခန်းတီထွင်မှုတွေနဲ့ပါပဲ။
စာကြွင်း ။ ။ ကျွန်မငယ်ငယ်က မေမေ့ကို ဘာလို့ အိမ်သာကို “အိမ်သာ”လို့ခေါ်တာလဲလို့မေးကြည့်ဘူးပါတယ်။
မေမေက “ဟိုအရင်က အိမ်သာကို အိမ်တွေရဲ့ အပြင်ခပ်လှမ်းလှမ်းမှာ အိမ်လေးတစ်လုံးလို သပ်သပ်ဆောက်ထားပြီး။ အဲဒီထဲကနေ ကိစ္စပြီးလို့ပြန်ထွက်လာတဲ့ အချိန်မှာ နေရထိုင်ရတာ သက်တောင့်သက်သာရှိပြီး လောကကြီးက သာသာယာယာဖြစ်သွားလို့” ဆိုပဲ။ ငယ်ငယ်တည်းက ဒီစကားကို သေချာအမှတ်ရနေခဲ့ပါတယ်။ မေမေ့ အဆို ဟုတ်မဟုတ်ကို တော့ တစ်ခါမှာ မစူးစမ်းခဲ့ဖူးပါဘူး။
ဓါတ်ပုံများကူးယူရာနေရာ
http://www.geocities.jp/a_kuma_illustration/wa_toilet.html
http://chotto-ippuku.blog.so-net.ne.jp/2009-04-14
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E5%92%8C%E5%BC%8F%E4%BE%BF%E5%99%A8

January 27, 2010
အပြာကား လား၊ အ၀ါကား လား
လောကကြီးမှာ အရောင်တွေဟာ ရည်တွက်လို့မရနိုင်အောင်များပြားလှသလို အရောင်တွေကိုခေါ်ဝေါ်တဲ့ အမည်တွေကလည်း နိုင်ငံနဲ့ ဒေသအလိုက် အမျိုးမျိုးပါပဲ။
ဂျပန်နိုင်ငံမှာတော့ အမည်သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့ အရောင်ပေါင်း ၇၀၀၀ကျော်ရှိတယ်လို့ဆိုပါတယ်။ အရောင်ဆိုတာ အရာဝတ္တုပစ္စည်းတွေရဲ့ အရောင်ကို ဖေါ်ပြရုံအတွက်သာမက၊ အခြား အင်အားနဲ့ အဓိပ္ပါယ်တွေပေးတဲ့ အလုပ်တွေလည်း လုပ်ဆောင်နိုင်ပါတယ်။ အရောင်နဲ့ တင်စားပြီး ပြောဆိုကြပါတယ်။ ဥပမာ-နီတာရဲလေး။ ရွှေဝါရောင် တော်လှန်ရေး။ ဖြူစင်မေတ္တာ ။ မျက်ထောင့်နီနဲ့ ကြည့်တယ်။ ဒါ့အပြင် အရောင်ကို ယောက်ျား၊မိန်းမ တွေကို ကိုယ်စားပြုအနေနဲ့ လည်းသုံးပါတယ်။ အများသုံးအိမ်သာတွေမှာ အမျိုးသား ဘက်ကို အပြာရောင်၊ အမျိုးသမီးဘက်ကို အနီရောင် (သို့) ပန်းရောင်တို့နဲ့ ရေးခြယ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေနဲ့ လိုက်ပြီး လည်း အရောင် ရဲ့ အင်အားနဲ့ အဓိပ္ပါယ်ကို တွေ့ရပါတယ်။ ဘာလွှမ်းမိုးမှု မှ မခံတဲ့ အင်အားကိုပြတဲ့ တရားသူကြီးများရဲ့ “အနက်ရောင်ဝတ်ရုံ”။ ဖြူစင်သန့်ရှင်းမှုကို ပြတဲ့ “အဖြူရောင် သတို့သမီးဝတ်စုံ” ။ ရဲစွမ်းသတ္တိကိုပြတဲ့ “အနီရောင်အလံ” ။ အားကစား ဘက်ကိုကြည့်မယ်ဆိုရင်လည်း အာရုံစူးစိုက်မှု အထူးလိုအပ်တဲ့ စားပွဲတင် တင်းနစ် နဲ့ တင်းနစ်ကုတ် တို့ကို အပြာနုရောင်သုံးကြကိုတွေ့ရပါတယ်။ အခြားတိုင်းပြည်နိုင်ငံတွေ မှာ သုံးတဲ့ အရောင်တွေ နဲ့ အဲဒီအရောင်တွေရဲ့ အဓိပ္ပါယ်ကို သိရရင် သူ့ရဲ့ယဉ်ကျေးမှုကိုလည်း သိမြင်နိုင်ပါတယ်တဲ့။ အပြာရောင်ကို အင်္ဂလန်နိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ အဲဒါအပြင် တော်ဝင် အပြာ Royal Blue ဆိုတဲ့ အခေါ်အဝေါ်တောင် ရှိပါသေးတယ်။ အင်္ဂလိပ်တို့ ဟာ ပင်လယ်နဲ့ ဆက်စပ်တဲ့ ဘုရင်စံနစ်နိုင်ငံဖြစ်သလို ကမ္ဘာ့ပင်လယ်၇ခု(မြောက်ပိစိဖိတ် ပင်လယ်၊ တောင်ပိစိဖိတ်ပင်လယ်၊ မြောက်အတ္တလန်တိတ်ပင်လယ်၊ တောင်အတ္တလန်တိတ်ပင်လယ်၊ အိန္ဒိယပင်လယ်၊ အန္တာတိတ် ပင်လယ်၊ အာတိတ်ပင်လယ်) ကို အုပ်စိုးခဲ့ဘူးရတဲ့ အတွက်ကြောင့် ပင်လယ်ကို ကိုယ်စားပြုတဲ့ အရောင် ဖြစ်တဲ့ အပြာရောင်ကို ဘုရင့်အခန်းအနား အပြင်အဆင်အရောင်အဖြစ်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ ရုရှားနိုင်ငံမှာတော့ အနီရောင် ဟာ မြင့်မြတ်တဲ့အရောင်ဖြစ်ပါတယ်။ အနီရောင်ကို ခေါ်တဲ့ ရုရှားဘာသာက “ခုရားစနီး” ရဲ့ အဓိပ္ပါယ်က “လှပခြင်း” ဖြစ်ပြီး “အနီရောင် =လှပခြင်း” လို့ မှတ်ယူကြပါတယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ နံမည်ကြော် “ရင်ပြင်နီ” ဆိုတာလည်း ရုရှားဘာသာနဲ့ ဆိုရင် “လှပသော ရင်ပြင်”လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ တရုပ်လူမျိုးတွေမှာတော့ အ၀ါရောင်ကို မင်းစိုးရာဇာရောင်အဖြစ်သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တရုပ်လူမျိုးတွေအတွက် “အ၀ါရောင်” ဟာ နောက်ထပ် လုံးဝဆန့်ကျင်တဲ့ အဓိပ္ပါယ်အဖြစ်လည်း သုံးပါသေးတယ်။ ရမက်ဆန်ပြီး ချစ်ဗျူဟာခင်းတဲ့ ရုပ်ရှင်တွေကိုဖေါ်ပြလိုတဲ့အခါမှာလည်း အ၀ါရောင် ကိုသုံးပါတယ်တဲ့။
တရုပ်နိုင်ငံ 黄色電影
အမေရိကန် Blue Film
စပိန်နိုင်ငံ Cine Verde
ဂျပန်နိုင်ငံ ピンク映画
အဓိပ္ပါယ် တူ ကိစ္စတစ်ခုကိုပဲ တိုင်းပြည်နိုင်ငံအလိုက် တင်စားမှတ်ယူတဲ့ အရောင်တွေကွဲပြားကြသလို ၊ အရောင်တွေကရယူတဲ့ အင်အားနဲ့ အဓိပါယ်ကလည်း အမျိုးမျိုးပါပဲ။ အခြားနိုင်ငံတစ်ခုမှာ အခြား အရောင်နဲ့ ခေါ်ဝေါ်တာများ လည်း နောက်ထပ်ရှိပါလိမ့်ဦးမယ်။
“ အပြာကား လား ၊အ၀ါကား လား”
ကိုးကား
http://www.tbs.co.jp/newsbird/lineup/tsukio/dr_tsukio20080523.html
http://image-search.yahoo.co.jp/search?p=blue+flim&ei=&b=2&d=24

Subscribe to:
Posts (Atom)