Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts

September 22, 2011

ရေကာတာ၏ဆိုးကျိုးများ

ဧရာဝတီချစ်သူများအတွက် အစ်မရွှေစင်စည်းရုံးရေးအရ ဒီပို့စ်လေးကို ရေးပါတယ်။ ဒီပို့စ်မှာတော့ ဧရာဝတီမှာဆောက်မယ့် ရေကာတာတာနဲ့ပတ်သက်ပြီး၊  ရေကာတာတစ်ခုဆောက်လုပ်တဲ့
အတွက်ကြောင့် ထိခိုက်နိုင်တဲ့ဆိုးကျိုးများကို ဂျပန်ဘာသာကနေ မြန်မာဘာသာ သို့ပြန်ဆို ရေးသားထားပါတယ်။ 

June 10, 2011

ပုဂ္ဂိုလ်နှစ်ဦးရဲ့ ပြောကြားချက်


ဖတ်လိုက်ရတဲ့သူတွေလည်း ရှိမှာပါပဲ။ ကျွန်မကတော့ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ ပြောကြားချက်တွေကို သပ်သပ်စီဖတ်ခဲ့ပေမယ့် ယှဉ်တွဲပြီး မှတ်မိနေတဲ့ အကြောင်းအရာအချို့ကို ကျွန်မရဲ့ ဘလော့ဂ်မှာ ပြန်လည်ကူးယူထားပါတယ်။
ဒါကို သူတို့ရဲ့ အာဘော်လို့ပြောမလား။ သို့မဟုတ် သူတို့အပေါ်မြင်တွေ့ရတဲ့ ကျွန်မရဲ့သဘောထားပဲလား ။
ဒီလိုယှဉ်တွဲဖေါ်ပြမှု ကို ဖတ်ရတဲ့ အခါမှာ စာဖတ်သူကော ကျွန်မလိုတွေးဖြစ်မယ်ထင်တယ်။


May 23, 2011

အဓိပ္ပါယ် များစွာ ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်

မိ။ ။ ဂျပန်ရုပ်ရှင်တို့ စာအုပ်တို့ သိတာတွေများရှိပါသလား။


စု။ ။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပေမယ့် တစ်ကားလောက်ပြောဆိုရင်တော့ ကျွန်မအတွက် တော့ သိပ်ကိုအနုပညာမြောက်တဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားက ကျွန်မရဲ့ ပထမဦးဆုံးအကြိမ်ကြည့်ဘူးတဲ့ ဂျပန်ကားပါ။ ပြောပြရင်..............မင်းတော့ ရယ်တော့မှာပဲ။


May 22, 2011

တေးမသီတဲ့ငှက် ကို ဘယ်လိုလုပ်မလဲ

မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအချိန်မှာ စိတ်အ၀င်စားဆုံးအရာကိုပြောပြလို့ရနိုင်မလား။ 

May 21, 2011

SPIRIT

ဗမာနိုင်ငံရဲ့ ကံကြမ္မာကတော့ ဗမာပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်နဲ့အားမာန်အပေါ်မှာမူတည်ပါတယ် 


May 20, 2011

The Dignity of Freedom

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ “  ပင်ကိုယ်ကျွန်မနဲ့ မနက်ဖန်အတွက် မျှော်လင့်ချက်



၇နှစ်ခွဲကြာလောက်အောင် သုံးကြိမ်နေအိမ်အကျယ်ချုပ်ချခံရမှုကနေ လွတ်မြောက်လာခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်။ ဘ၀ရဲ့တ၀က်ကို အမိမြေအတွက်ပေးဆပ်ပြီး လက်ရှိ လည်း ဗမာပြည်(မြန်မာနိုင်ငံ)ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။  နေအိမ်အကျယ်ချုပ်ခံရမှုကို အကြိမ်ကြိမ်ကျခံနေခဲ့ရတဲ့ ကြမ်းတမ်းလှတဲ့ ကံကြမ္မာထဲမှာ ရှိနေတာတောင်၊ သူမဟာ လှပစွာ၊ ဂုဏ်ယူစရာရှင်သန်နေနိုင်ခဲ့တာဟာ ဘာကြောင့်များပါလိမ့်.......။ ဒီလို စိတ်ဓါတ်ပြင်းထန်တဲ့နောက်ကွယ်မှာ ဘယ်လိုစိတ်ကူးအတွေးတွေကို ပိုင်ဆိုင်ထားပါလိမ့်.......။


May 19, 2011

The Age of Beauty

ဂျပန်နိုင်ငံရဲ့ ဖက်ရှင်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ VOGUE JAPAN မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူး ပါလာပါတယ်။ မဂ္ဂဇင်းရဲ့ ဇွန်လအတွက် ခေါင်းစဉ်က “The Age of Beauty”။ အသက်အရွယ်နဲ့ အလိုက် အခက်အခဲတွေကိုဖြတ်သန်းကျော်လွှားပြီး ပိုမိုအောင်မြင်တောက်ပလာသူ အမျိုးသမီးများ ရဲ့ လျှို့ဝှက်ချက်ကို အထူးတင်ပြထားတာဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့  ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တစ်ယောက်ကို တွေ့ဆုံမှုအထူးဆောင်းပါးဖြစ်ပါတယ်။



March 31, 2011

မချစ်မနှစ်သက်သူ မင်း

မြန်မာတွေကတော့ ရန်သူငါးပါး ကို ရေ၊ မီး၊ မင်း။ ခိုးသူ၊ မချစ်မနှစ်သက်သူ လို့ဆိုကြတယ်။
ဂျပန်တွေမှာလည်း အလားတူ အဆိုရှိပါတယ်။ အဲဒါတွေကတော့ ကြောက်စရာ ၄မျိုးလို့ဆိုကြတယ်။ (ရှေးယခင်ကတည်းက ရှိခဲ့တဲ့ စကားပါ)
ဘေးဒဏ်ခံရသူတွေရဲ့ စကားကို စိတ်ဝင်တစား နားထောင်ပေးတယ်

November 23, 2010

၁၀နှစ်တောင်ကြာခဲ့တယ်


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ (နိုဝင်ဘာ၂၃ရက်)မနက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ အင်္ဂလန်နိုင်ငံမှာနေထိုင်သူသားငယ် ကင်မ် အယ်လစ်စ် (၃၃နှစ်) နဲ့ ၁၀ကြာကွဲကွာနေရာက ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါပြီ။ 
ဓါတ်ပုံ AP

November 16, 2010

ရှေ့ကို ဘယ်လိုလုပ်မလဲ

(၀ါရှင်တန်သတင်း) အမေရိကန်အစိုးရရုံး ရဲ့ လက်ထောက်အတွင်းရေးမှုး (သတင်းထုတ်ပြန်ရေးတာဝန်ခံ) ဖီးလစ် ခရိုးလီ က ၁၅ရက်နေ့မှာပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ အမေရိကန်အစိုးရအနေနဲ့ ရှေ့လာမယ့် ရက်သတ္တပါတ်များမှာ မြန်မာစစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ဘို့ ပေါ်လစီချမှတ်ထားပါတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

November 14, 2010

မတွေ့ရတာကြာပြီ

ဓါတ်ပုံ APသတင်းဌာန

ဂျပန်နိုင်ငံသတင်းဌာန နိဟွန်းတယ်ရယ်ဗီ သတင်းဗီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၃ရက်(စနေနေ့)၂၃း၅၈ ထုတ်လွှင့်မှု
http://headlines.yahoo.co.jp/videonews/nnn?a=20101113-00000044-nnn-int

ဂျပန်နိုင်ငံ TBSသတင်းဌာန သတင်းဗွီဒီယိုစာမျက်နှာ
ဂျပန်စံတော်ချိန် နိုဝင်ဘာလ ၁၄ရက်(တနင်္ဂနွေနေ့)၀၀း၀၂ ထုတ်လွှင့်မှု

http://headlines.yahoo.co.jp/videonews/jnn?a=20101114-00000001-jnn-int

November 13, 2010

တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ် ဆိုရင်တော့


မြန်မာစစ်အစိုးရနဲ့ နီးစပ်သူများက  ဒီနေ့ ၁၃ရက်နေ့ ညနေ၆နာရီလောက် (ဂျပန်စံတော်ချိန် ည၈နာရီခွဲ ) လောက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ် ဟာ၊ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပါမယ်လို့ ယော်မိအုရိ သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ 

တကယ်ပဲ ဒီနေ့လွတ်မြောက်ခဲ့တယ်ဆိုရင်တော့ ဒီလွတ်မြောက်မှုဟာ ၂၀၀၃ခုနှစ်မေလမှာချုပ်နှောင်ခံရပြီး ၇နှစ်ခွဲနီးပါးကြာခဲ့ရာကနေ လွတ်မြောက်မှုလို့ပြောရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့နဲ့ ပတ်သက်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်လာပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်ခေါင်းဆောင်အချို့နဲ့ ရှေ့ဆက်လုပ်မယ့် အစီအစဉ်များအတွက် ဆွေးနွေးညှိနှိုင်းပြီး၊ ၇ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အကြောင်းကိုပြန်လည်ကြားယူမယ်လို့သိရပါတယ်။ အဲဒီနောက်မှာသတင်းစာရှင်းလင်းပွဲလုပ်ဘို့ အစီအစဉ်ရှိပါတယ်။
(၂၀၁၀၊နိုဝင်ဘာလ၊၁၃ရက်၊ဂျပန်စံတော်ချိန်၁၅း၅၂။ယော်မိအုရိရှင်းဘွန်း)
ကိုးကား
http://www.yomiuri.co.jp/world/news/20101113-OYT1T00531.htm?from=navr
ဓါတ်ပုံကို အင်တာနက်က ကူးယူပါတယ်။

November 7, 2010

ကျွန်မကတော့ သွားခဲ့ပါတယ်

၂၀၁၀၊နိုဝင်ဘာလ၊၇ရက်နေ့
ဂျပန်နိုင်ငံအနယ်နယ်အရပ်ရပ်က မြန်မာတွေ ဒီဘူတာကိုလာကြတယ်။ ဒီဘူတာက ရှီနာဂါဝါဘူတာပါ။ မြန်မာအစိုးရသံရုံးရှိတယ်(ပါတ်စပို့ကိစ္စ၊ အခွန်ကိစ္စအတွက်သွားကြတယ်၊ စာတိုက်ကနေလုပ်လည်းရပါတယ်။လူအများဆုံးသွားတဲ့ ရည်ရွယ်ချက်ကတော့ ဆန္ဒပြဘို့)။ ဂျပန်နိုင်ငံရဲ့ ပြည်ဝင်ခွင့်ကြီးကြပ်ရေးဌာနချုပ်ရှိတယ်(ဗီဇာကိစ္စတို့၊ အဖမ်းခံရလို့၊ အဖမ်းခံရတာသွားတွေ့ဘို့သွားကြရတယ်)


October 17, 2010

မှန်

တရုတ်နိုင်ငံရဲ့ ဂျပန်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဂျပန်နိုင်ငံရောက်ပြီးမှ ဒုတိယအကြိမ် တွေ့ကြုံရပြန်ပါပြီ။ အခုတစ်ကြိမ်မှာတော့ ကျွန်မက အလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်ဖြစ်လို့ ပထမအကြိမ်လောက်တော့ တိုက်ရိုက်ခံစားတွေ့ကြုံရတာမရှိပါဘူး။ ဟုတ်ပါတယ် ပထမအကြိမ်ကတော့ ကိုယ်တိုင်တွေ့ကြုံ ခဲ့ရတာလေးနည်းနည်းပါးပါး ရှိခဲ့ပါတယ်။ ပထမအကြိမ်တွေ့ကြုံခဲ့ဘူးတာကတော့ ၂၀၀၅ခုနှစ်မှာပါ။ အဲဒီတုန်းက နာဂိုယာတက္ကသိုလ်မှာ ကျောင်းတက်နေချိန်ပေါ့။

September 28, 2010

“Say no to racism ”

လူမျိုးဘာသာခွဲခြားမှုဆန့်ကျင်ရေးနဲ့ စစ်ဆန့်ကျင်ရေး အဖြစ် နံမည်ကြီးလူကြိုက်များတဲ့ သီချင်းတွေထဲက သီချင်းတစ်ပုဒ်ကို အခုတလော ကျွန်မသိပ်သတိရနေမိတယ်။ သီချင်းစာသားကိုတွေ့ရင် သံဇဉ်ကိုကြားယောင်မိသလို၊ သံဇဉ်ကိုကြားလိုက်တာနဲ့ စာသားအဓိပ္ပါယ် ကို ခံစားနားလည်စေတဲ့ အထိ တစ်ကမ္ဘာလုံးက လူတွေကို ဖမ်းစားနိုင်တဲ့ ဒီသီချင်းကို မကြိုက်တဲ့ သူတွေလည်းရှိမှာပါပဲ။ တချိန်တခါမှာတော့ အပြစ်မဲ့သူတွေကို လေယဉ်ပျံကြီးနဲ့ တိုက်သတ်တဲ့သူတစ်စုကို  မှတ်လောက်သားလောက်အောင် သင်္ခန်းစာပေးစစ်တိုက်ဘို့ဆိုပြီးဆုံးဖြတ်လိုက်တဲ့ နိုင်ငံကြီးတစ်နိုင်ငံဟာ ဒီသီချင်းအပါအ၀င် ငြိမ်းချမ်းရေးသီချင်း အချို့ကို ထုတ်လွှင့်မှု ရပ်ဆိုင်းလိုက်ဘူးပါတယ်။ သီချင်းရဲ့ စာသားဖြစ်တဲ့မူလကဗျာကို ဒုတိယဇနီးသည်၊ အရှေ့တိုင်းသူ က ငယ်ရွယ်စဉ်မှာ ရေးစပ်ခဲ့ပြီး၊ လုပ်ကြံခံရပြီး သေဆုံးသွားသူ၊ ခင်ပွန်းသည် အနောက်နိုင်ငံသားက ပြန်လည်သီကုံးစပ်ဆိုခဲ့တာပါ။ ဘာသီချင်းလဲဆိုတာ သိသွားပြီပေါ့နော်။
ဒီဆောင်ပုဒ်လေးကိုလည်းမှတ်မိမယ်လို့ထင်ပါတယ်

October 31, 2009

who's top who's not

ဘယ်သူက “ထိပ်စီး” ဘယ်သူက “ဘိတ်ချီး”


ကမ္ဘာ့ အကြွယ်ဝဆုံးနိုင်ငံ နံပါတ် ၁ က ဖင်လန်နိုင်ငံ၊ ဂျပန်နိုင်ငံကတော့ နံပါတ် ၁၆ (အာရှမှာတော့ နံပါတ် ၁ တဲ့)။


၂၀၀၉ခုနှစ်အောက်တိုဘာလ ၂၆ရက်နေ့မှာ ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လက်ဂါတမ်မ် သုတေသနအဖွဲ့ကနေ ၂၀၀၉ခုနှစ်အတွက် “လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” နှိုင်းယှဉ်ချက် သုတေသနစစ်တမ်း ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။


ဒီသုတေသနပြုချက်ဟာ ကမ္ဘာ့လူဦးရည်ရဲ့ ၉၀%ကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၄၀ရဲ့ ပထ၀ီအနေအထား၊ စီးပွါးရေးတိုးတက်မှု ဒီမိုကရေစီလွတ်လပ်ခွင့်၊ လူနေမှု အဆင့်အတန်း စတာတွေကို မူတည်ပြီး လေ့လာစစ်တမ်းကောက်ယူမှုကရရှိတဲ့ ကိန်းဂဏန်းများဖြစ်ပါတယ်။
နှိုင်းယှဉ်ဇယားရဲ့ ထိပ်ပိုင်းနေရာကို ယူထားတဲ့ နိုင်ငံများကို ကြည့်မယ်ဆိုရင် နံပါတ် ၂နေရာကို ဆွစ်စ်နိုင်ငံ၊ နံပါတ် ၃ နေရာကို ဆွီဒင်နိုင်ငံ၊ နံပါတ် ၄ နေရာကို ဒိန်းမတ်နိုင်ငံ၊ နံပါတ် ၅ နေရာကို နော်ဝေးလ်နိုင်ငံ နဲ့ မြောက်ဥရောပနိုင်ငံများကိုတွေ့ရမှာဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံကနံပါတ် ၆၊ကနေဒါနိုင်ငံက နံပါတ် ၇၊ အမေရိကန်နိုင်ငံကနံပါတ် ၉နဲ့ အင်္ဂလန်နိုင်ငံက နံပါတ် ၁၂ တို့ဖြစ်ကြပါတယ်။
အာရှဘက်ကိုကြည့်ရင်တော့ ဂျပန်က နံပါတ် ၁၆နေရာကနေ ဦးဆောင်နေပြီး၊ ဟောင်ကောင်နိုင်ငံက နံပါတ် ၁၈၊ စင်္ကာပူနိုင်ငံက နံပါတ် ၂၃၊ ထိုင်ဝမ်နိုင်ငံက နံပါတ်၂၄ နေရာတွေနဲ့ ဒီ၂၀၀၉ခုနှစ်မှာ နေရာယူထားကြပါတယ်။ စီပွါးရေးတိုးတက်မှုကို အထင်ကရပြောင်းလည်းပစ်မယ်လို့ ကြွေးကြော်ထားတဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံကြီးကတော့ နံပါတ် ၇၅နေရာကို ရောက်နေပါတယ်။


လက်ဂါတမ်မ် သုတေသနအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ ၀ီလီယမ် အင်ဗိုးဒင် ကပြောတာကတော့ “အာရှနိုင်ငံအသီးသီး ရဲ့ နံပါတ်စဉ်တွေကို ကြည့်မယ်ဆိုရင် နံပါတ်စဉ် အောက်ဘက်ပိုင်းက နိုင်ငံတွေအလိုက် ဒီမိုကရေစီဝါဒ နဲ့ တစ်ဦးချင်းစီအလိုက် လွတ်လပ်ခွင့် နှင့်ပါတ်သက်တဲ့အပိုင်းတွေမှာ အမှတ်ကျသွားတဲ့အတွက်ကြောင့် အခုလိုအောက်ဘက်ပိုင်း ရောက်ရတာပါ။ အာရှ နိုင်ငံအတော်များများ ဟာ စီးပွါးရေး အခြေခံ အုပ်မြစ်တွေက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုတေသနစစ်တမ်းရဲ့ ဓနကြွယ်ဝ မှုဟာ ငွေကြေးတစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး ။ ”
အောက်ဘက်မှာ “ထိပ်စီး” နိုင်ငံ ၂၀နဲ့ “ဘိတ်ချီး”၁၀ နိုင်ငံ ကို ဖေါ်ပြထားပါတယ်။


TOP TWENTY COUNTRIES
1. Finland
2. Switzerland
3. Sweden
4. Denmark
5. Norway
6. Australia
7. Canada
8. Netherlands
9. United States
10. New Zealand
11. Ireland
12. United Kingdom
13. Belgium
14. Germany
15. Austria
16. Japan
17. France
18. Hong Kong
19. Spain
20. Slovenia


BOTTOM TEN COUNTRIES
95. Kenya
96. Algeria
97. Tanzania
98. Nigeria
99. Pakistan
100. Cameroon
101. Central African Republic
102. Yemen
103. Sudan
104. Zimbabwe
“လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” သုတေသနစစ်တမ်းးအရ တွေ့ရှိရသည့် “အဓိက သော့ချက်” များကိုလည်း သော့ချက် ၉ခုနဲ့ရှင်းပြထားပါတယ်။ အထက်ဖေါ်ပြပါ နံပါတ်စဉ် ဟာ ရှုထောင့်ပေါင်းစုံကနေ ယေဘူယျအနေနဲ့ အကောင်းဆုံးကိုထိပ်ဆုံးကစပြီး စီသွားတာဖြစ်ပါတယ်။ နံပါတ်စဉ်အားလုံးဟာ တသသမတ်တည်း အပေါ်အောက်ဖြစ်နေတာမဟုတ်ပါဘူး။ ဥပမာ။ စီးပွါးရေး အခြေခံအုပ်မြစ်များ ( တိုးတက်မှုအခြေအနေ ၊ ဒုတိယတန်းစား စီးပွါးရေးအဆောက်အဦများဧ။် အကျိုးသက်ရောက်မှု)။ ပညာရေး (ပညာသင်နိုင်မှု၊ အဆင့်မြင့်ပညာရေးအခြေအနေ၊ လူသားရင်းမြစ် ပျိုးထောင်ရေး။ အနာဂါတ်အလားအလာ)။ စီးပွါးရေးလုပ်ငန်းများ ခံယူချက်နှင့် စွန့်စားတီထွင်မှု (ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်ခြင်း၊ လုပ်ငန်းအသစ်များနှင့် ကူးသန်းရောင်းဝယ်ရေး တို့၌ အမြင်ကျယ်မှု နှင့် အတွေးအခေါ်သစ်ရှိမှု)၊ အစိုးရအုပ်ချုပ်ရေး ( ရိုးသား ၍ အရည်အချင်းရှိသော အစိုးရ၊ လုံခြုံနွေးထွေးသော ဥပဒေအာဏာများရှိခြင်း၊ ကုန်ထုပ်လုပ်မှုအားကောင်းသော နိုင်ငံသားများ ဖြစ်ခြင်း) ။ ကျန်းမာရေး ( လူဦရည်နှင့် ကျန်းမာရေးနှင့်ညီသော နေထိုင်မှု အခြေအနေ)၊ တစ်ဦးချင်းစီလွတ်လပ်မှု ( ပုဂ္ဂလိက လွတ်လပ်ခွင့် နှင့် နေထိုင်မှုဘ၀ကို ရွေးချယ်နိုင်ခြင်း)။ လုံခြုံမှု (လူသားအတွက် အခွင့်အလမ်းများ ရရှိစေသည့် လုံခြုံသော ပတ်ဝန်းကျင်)။ လူမှူပတ်ဝန်းကျင် (ယုံကြည်စိတ်ချရသည့် ဆက်ဆံမှုကြောင့် ရရှိသည့် ခိုင်မာသည့် အဖွဲ့အစည်းများ ရှိနိုင်မှု )စတာတွေနဲ့လိုက်ပြီး နိုင်ငံအလိုက် ထပ်မံ အသေးစိတ်ခွဲခြား သုတေသနပြုထားပါတယ်။ 


မူရင်း ဇယား ပါ။ လက်ဂါတမ်မှ ထုတ်ပြန်သော အင်္ဂလိပ်လို သတင်းလွှာ ပါ။ အွန်လိုင်းဂျပန်လို သတင်းတို ပါ။
မိမိစိတ်ဝင်စားသောနိုင်ငံ တစ်ခုချင်းကိုသော်၎င်း နိုင်ငံနှစ်ခုကိုသော်၎င်း၊ ကြိုက်နှစ်သက်ရာ ယှဉ်တွဲလေ့လာနိုင်ပါတယ်။ လက်တွေ့နှိုင်းယှဉ် ကြည့်ချင်တယ် စာမျက်နှာ ရဲ့ ညာဘက် အောက်နားက Compare countries ဆိုတဲ့ နေရာမှာ နိုင်ငံတွေကို ရွေးပြိး Go ကိုနှိပ်လိုက်ကြည့်လိုက်ပါ။ 

ကျွန်မစိတ်ဝင်တာနဲ့  လက်တွေ့နှိုင်းယှဉ်ကြည့်လို့ ရလာတဲ့ပုံပါ။ ပါဝင်တဲ့နိုင်ငံတွေကတော့  ဒိန်းမတ်ကနေဒါ ဂျပန်စင်္ကာပူ တို့ပါ။ပုံမှာတွေ့မြင်ရသလိုပါပဲ နိုင်ငံအလိုက် သက်ဆိုင်ရာ သူ့အားသာချက်နဲ့ သူ ရှိတာတွေကိုလည်း  လေ့လာသိရှိနိုင် ပါတယ်။

 ဒီပို့စ်ရဲ့မူရင်း အင်တာနက်စာမျက်နှာကိုဖတ်ပြီး ၊ ဒီပို့စ်လေးကို ရေးလိုက်အပြီးမှာ ကျွန်မလည်း အနည်းငယ်အနားယူဖို့အတွက် မျက်စိစုံမှိတ်ပြီး သီချင်းတပုဒ်ကိုညည်းလိုက်မိပါတယ်။ သီချင်းလေးက


“ဆင်းရဲခြင်း….လွတ်ကင်းအောင်……လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည် မွဲတဲ့သူ လှူဒါန်းနိုင်မည် ၊ ကျောင်းဆောက်ခါ ဘုရား-----ပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ တို့ မ တဲ့ကိန်းဆိုက်မည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် တို့နဂါးနီ၊ …. နေရေးနဲ့စားသောက်ရေးမှာ မနှေးအောင်ပင်ချောင်လည် ရမည်၊ …. လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည် တို့နဂါးနီ၊ …………ဘာသာရောင်သာသနာရောင် ထွန်းလင်းပြောင်မည်၊ ကောင်းစားမည် တို့နဂါးနီ ရွှေမိုး ငွေမိုးရွာမည်…… သိဒ္ဓိအဖုံဖုံ လုံခြုံစေမည် နေ့စဉ်ညစဉ် ဖိုဠ်မထိုးပဲ………အကျိုးပေးနိုင်မည်”
သီချင်းက အစီအစဉ်မကျဘူးဖြစ်နေတယ်နော်။

စာကြွင်း။ ။ ရေးတာတွေများပြီး အဓိက ကိုမေ့သွားတယ်။
ကျွန်မကို ဒီအကြောင်းတွေကို သိနားလည်အောင် မွေးဖွားကြီးပြင်းစေခဲ့တဲ့ ကျွန်မတို့ရဲ့ အမိမြေကတော့ သုတေသနစစ်တမ်းမှာ ပါဝင်ခဲ့မယ်ဆိုရင် ဘယ်နံပါတ်လောက်များဖြစ်မလဲလို့ တွေးမိပါတယ်။
“ဘိတ်ချီး”ဆိုတဲ့စကားလုံးကို “ထိပ်စီး”နဲ့ လိုက်အောင်တွဲပြီးသုံးထားတာဖြစ်ပါတယ် သီးခံပြီးဖတ်ပေးပါ။

October 1, 2009

နှစ် ၆၀ (၂)


ဈေးကွက်စီးပွါးရေးစံနစ်အောက်မှာ အရှိန်အဟုန်နဲ. ခုန်ပျံတက်ခဲ့တယ် 
“ နောက်ပိုင်းကာလ နှစ်၃၀”

ပထမပိုင်းနှစ်၃၀ မှာကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ်စံနစ်ကိုမအောင်မြင်ဘူးဆိုတာကို သဘောပေါက်သွားပြီး၊ ၁၉၇၈ခုနှစ် ဒီဇင်ဘာလမှာကျင်းပခဲ့တဲ့ အစည်းအဝေးကို အကြောင်းပြုပြီး တိန်.ရှောင်ဖိန်ရဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ ကနေ တရုတ်နိုင်ငံဟာ ဈေးကွက်စီးပွါးရေးနဲ. ပုဂ္ဂလိကပိုင်ကုန်ထုတ်လုပ်မှု နဲ. အရင်းရှင်စီးပွါးရေး အမဋေရဲ.ရင့်သန်ပေါက်ဖွားမှုကို အားကြိုးမာန်တက် ပျိုးထောင်ပါတော့တယ်။
ပထမဆုံးလယ်ယာကဏ္ဍကို ကြည့်မယ်ဆိုရင် ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒရဲ. ကနဦးအစ မှာဖွဲ.စည်းခဲ့တဲ. တောင်သူလယ်သမားအစည်းအရုံးကြီးကို ဖျက်သိမ်းပြီး မိသားစုကန်ထရိုက်စံနစ် တွေကိုစတင်လုပ်ပိုင်ခွင့်ပေးပါတယ်။ စက်မှုကဏ္ဍဘက်မှာဆိုရင်လည်း လွတ်လပ်စွာပိုင်ဆိုင်ထုတ်လုပ်ခွင့် (လုပ်ငန်းရှင်များကိုယ်တိုင်ကြီးကြပ်ခွင့်)အောက်ကနေ၊ အမြတ်ပေါ်အောင်စီမံခန်.ခွဲနိုင်လာကြပါတယ်။ စီးပွါးရေးကဏ္ဍအသီးသီးရဲ. အဓိကမဏ္ဍိုင်အားလုံးဟာ အမြတ်အစွန်းကို ရည်ရွယ်ထုတ်လုပ်လာကြတဲ. အတွက် တရုတ်နိုင်ငံစီးပွါးတက်မှု အရှိန်အဟုန်ကတော့ သိသိသာသာပြောင်းလဲလာပါတော့တယ်။
 ၁၉၈၉ခုနှစ် တီအန်နမ်မန်ရင်ပြင် အရေးအခင်း ကို ကြုံတွေ.လိုက်ရချိန်မှာတော့   “ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ” က  ခေတ္တရပ်တန်.သွားခဲ့ပါတယ်။  ဒါပေမယ့်လို.၁၉၉၂ခုနှစ် တိန်.ရှောင်ဖိန်က တောင်ဘက်အရပ်များသို.ခရီးထွက်ပြီး ဒေသန္တရမိန်.ခွန်း “နန်းဂျွန်းခိုးဝါ့” Nanxun Jianghua မြွက်ကြားတဲ. ကျေးဇူးနဲ.ပြန်ပြီးတံခါးဖွင့်လိုက်ကြပြန်တယ်။




ဒီတစ်ခါမှာတော့ ပိတ်ပြီးပြန်ဖွင့်တဲ.တံခါးကြောင့် အရှိန်တောင်ရနေသေးတယ်။ အဲဒီနှစ်ရဲ.နှစ်ကုန်ပိုင်းမှာ တရုတ် ကွန်မြူနစ် ပါတီ နှစ်ချုပ်ပါတီညီလာခံကြီးကို ခမ်းနားစွာကျင်းပခဲ့နိုင်သေးတယ်။ “ဆိုရှယ်လစ်စံနစ် ဈေးကွက်စီးပွါးရေး” ဆိုတဲ. ရည်မှန်းချက် ပန်းတိုင်ကို စိုက်ထူနိုင်ခဲ့ပါကြောင်း ကြေငြာရင်းနဲ. ပါတီညီလာခံကြီးကို အောင်မြင်စွာနိဂုံးချုပ်နိုင်ပါတယ်။ တဆက်တည်းမှာပဲ တစ်ဦးချင်းစီရဲ. ၀ယ်ယူစားသုံးနိုင်မှု၊ ကုန်ထုပ်လုပ်မှု၊ အလုပ်လုပ်နိုင်စွမ်းအား၊ မြေယာ၊ ရင်းနှီးမြှုပ်နှံမှု၊ အသီးသီးမှာ ဘယ်နေရာကိုကြည့်ကြည့် အစိုးရရဲ.စီမံကိန်းများ စီမံခန်.ခွဲအကောင်အထည်ဖေါ်မှုများအားလုံးမှာ ဈေးကွက်စီးပွါးရေး ရဲ. ကဏ္ဍဟာ မရှိမဖြစ်အရေးပါတဲ. ၀င်ရိုးသဖွယ်နဲ. အရှိန်အဟုန်ကြီးမားစွာနဲ. လည်ပတ်နေပါတော့တယ်။

ဈေးကွက်စီးပွါးရေးရဲ. တိုးတက်မှုနဲ.အတူ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနဲ. ပြည်တွင်းစီးပွါးရေးလုပ်ငန်းများကဲ့သို.သော နိုင်ငံပိုင်အစိုးရပိုင်မဟုတ်တဲ. လုပ်ငန်းများက အောင်မြင်လာတော့၊ ၁၉၉၀နှစ်များနောက်ပိုင်းကာလမှာ အစိုးရရဲ.ကျန်ရှိနေသေးတဲ.၀န်ကြီးဌာနပိုင် လုပ်ငန်းများကိုပါ အရပ်သားပိုင်တွေအဖြစ်ပြောင်းလဲလာပါတော့တယ်။ ကုန်ထုတ်လုပ်ငန်းရဲ. အင်္ဂါရပ်ဖြစ်တဲ. လုပ်အားနဲ. အမြတ်အစွန်းဘယ်ဘက်ကမှ အဆင့်မမြင့်တဲ. အစိုးရရဲ.နိုင်ငံပိုင်လုပ်ငန်းများအားလုံး အကျိုးအမြတ်နဲ. အဆင့်အတန်းမြင့်မားတဲ. ပုဂ္ဂလိကပိုင်လုပ်ငန်းတွေအဖြစ် ပြောင်းလည်းကုန်ကြပါတယ်။ အဲဒီတော့ တရုတ်နိုင်ငံစီးပွါးရေးရဲ. ထုတ်လုပ်မှုစွမ်းအားဟာ မြင့်မားလာနေပါပြီ။

 အခုလို စီမံကိန်းစီးပွါးရေး planned economy နဲ. ကုန်ထုတ်လုပ်မှု means of production ကို ပြည်သူပိုင်လုပ်တဲ့ခေတ် “ပထမပိုင်းနှစ်(၃၀)” နဲ. ဆန်.ကျင်ဘက်။ ဈေးကွက်စီးပွါးရေးခေတ် “နောက်ပိုင်းကာလ နှစ်၃၀” တို.ကိုယှဉ်ကြည့်မယ်ဆိုရင် လူဆိုတာ ကိုယ့်အတွက်ကိုအကျိုးအမြတ်သိပြီးလိုချင်ကြတဲ.သူတွေဖြစ်တယ်ဆိုတဲ့ အဆိုကိုထုတ်ပြန်ခဲ့တဲ့ စီးပွါးရေးပညာဖခင်ကြီး  Adam Smith သတ်မှတ်တဲ့နံမည်ကျော် invisible hand of God ဆိုတဲ့စကားကို သဘောပေါက်မြင်လွယ်လာမှာပါ။ လူထုလုပ်အားနဲ. သယံဇာတကိုပိုင်ဆိုင်မှုထက် ထူးချွန်ပြောင်မြောက်တဲ.သူတွေ ဘယ်လောက်ရှိပြီး သယံဇာတတွေကို ဘယ်လို အကျိုးရှိစွာအသုံးချတတ်မှု ကသာလျှင် အရည်အချင်းပြည့်တဲ.အစိုးရကောင်းတစ်ခုဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံ သိရှိလာပါတော့တယ်။ သိသာတဲ. သက်သေကတော့ ၁၉၇၉ မှ ၂၀၀၈ခုနှစ်အထိ နှစ်၃၀အတွင်း နှစ်စဉ် GDP တိုးတက်မှုနှုန်းဟာ ၉.၈%၊ တစ်ဦးချင်းစီရဲ.  GDP တိုးတက်မှုနှုန်းဟာ ၈.၆%၊  နှစ်ခုလုံးကတော့ “ပထမပိုင်းကာလ နှစ်၃၀” ထက် အပြတ်အသတ် တိုးတက်လာတာပေါ.။ (နိုင်ငံတော်စာရင်းအင်းဗဟိုအဖွဲ.၊ ပြည်သူ.စီးပွါးရေး အထွေထွေစာရင်း အချက်အလက်ထုတ်ပြန်ရေးအဖွဲ.ဧ။် “တရုတ်နိုင်ငံဗဟိုစာရင်းဇယားများ ၂၀၀၉ခုနှစ်”)

နိုင်ငံရေးအသွင်ပြောင်းမှုသည် အဓိကရှေ.လုပ်ငန်းစဉ်
“လာမည့် နှစ်၃၀”

နှစ်၃၀ချီပြီး အသွင်းကူးပြောင်းရတဲ. တရုတ်နိုင်ငံဟာ ယေဘူယျအားဖြင့်တော့ ပြည်သူလူထုရဲ. စားဝတ်နေရေး ကောင်းမွန်လာခဲ့တယ်။ နိုင်ငံတကာအလယ်မှာ တရုတ်နိုင်ငံရဲ.ရပ်တည်မှုက ခန်.ထည်လာတယ်။ တဘက်မှာတော့ ပြည်သူလူထုရဲ. ၀င်ငွေအဆင့်ကွာဟချက်ကြီးမားမှု၊ သဘာဝပတ်ဝန်းကျင် ပြသနာများရဲ. ဆိုးဝါးပွါးများလာမှု ၊ အစိုးရ၀န်ထမ်းများရဲ. လဒ်စားအကျင့်ပျက်မှု တို.ကို တရုတ်နိုင်ငံသူနိုင်ငံသားများ ရင်ဆိုင်ရပါတော့တယ်။ တရုတ်နိုင်ငံရဲ. အခုလို မနှစ်မြို.စရာ ပြသနာတွေကရဲ. အရင်းခံကတော့ ၊ ဈေးကွက်စီးပွါးရေး ဆိုပြီး တံခါးတွေဖွင့်ပြီးပိုင်ဆိုင်မှုလွတ်လပ်တဲ.အရင်းရှင်ဝါဒကို လက်ခံကျင့်သုံး တဲ. စီးပွါးရေးစံနစ်နဲ.  တရုတ်နိုင်ငံအစိုးရရဲ. တစ်ပါတီတည်းနဲ. အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေတဲ. နိုင်ငံရေးရဲ. မအပ်စပ်ရာနှစ်ခုကို ပြည်သူပြည်သားတွေ လက်ခံနေရလို.ပါပဲ။ အဲဒီတော့ နိုင်ငံရေးကို အသွင်ပြောင်းဘို.ပဲလိုပါတယ်။ အဲဒီအာဏာရှင်အစိုးရမင်းမူနေတာကို မပြောင်းလည်းရင် ခုနကပြသနာတွေကို မဖြေရှင်းနိုင်ပါဘူး။ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ. ပါတီညီလာခံမှာ သမ္မတ ဟူကျင်းတောင် ရဲ.မိန့်ခွန်းမှာ ဒီမိုကရေစီ ဆိုတဲ့စကားလုံးကို အကြိမ်၆၀ထက်မနည်း ထပ်ခါတလဲ ပြောမိသွား လောက်အောင် နိုင်ငံရေးအသွင်ပြောင်း မှုကို အဓိကရှေ.လုပ်ငန်းစဉ်အဖြစ် ဇောင်းပေးလာတာကိုတွေ.ရပါတယ်။

နိုင်ငံရေးအာဏာနဲ. စီးပွါးရေးအကျိုးအမြတ်ကို ရရှိနေသူတွေအတွက်တော့ အငိုအလွမ်း အကြမ်းအရမ်းတွေနဲ. ကိုယ့်ဇတ်လမ်းကို ကိုယ်ကပဲတစ်ခန်းရပ် မလား ၊ နောက်ပိုင်းဇတ်မှာတော့  အဓိကသရုပ်ဆောင် “ဒီမိုကရေစီ”ကတော့   တရုတ်နိုင်ငံရဲ. နိုင်ငံရေးအသွင်ပြောင်းမှုမှာ မရှိမဖြစ် လျာထားခံနေရပြီလေ။


http://news.searchina.ne.jp/disp.cgi?y=2009&d=0928&f=column_0928_001.shtml
http://news.searchina.ne.jp/disp.cgi?y=2009&d=0625&f=national_0625_005.shtml&pt=large
http://news.searchina.ne.jp/disp.cgi?y=2009&d=0702&f=national_0702_001.shtml&pt=large
http://j.peopledaily.com.cn/2006/07/03/jp20060703_61123.html

September 29, 2009

နှစ်၆၀

နှစ်၆၀
ကျွန်မရဲ. ဖေဖေဟာ ကမ္ဘာ့နိုင်ငံရေးနဲ.ပတ်သက်တဲ.အကြောင်းအရာတွေကို
သိပ်စိတ်ဝင်စား ပါတယ်။ ရန်ကုန်မှာဖေဖေက ထမင်းစားပြီဆိုတာနဲ. ထမင်းစားပွဲ မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အကြောင်းအရာတွေကို အားရပါးရပြောပြ တတ်ပါတယ်။ ကျွန်မက အဲဒီအကြောင်းအရာတွေ (ကမ္ဘာ့နိုင်ငံရေး) ကိုစိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ဖေဖေကပြောဖန်များတော့ တစ်ချို. အကြောင်းအရာတွေကို အနည်းအကျဉ်းတော့ မှတ်မိပါတယ်။ ရေးတေးတေး မှတ်မိနေတဲ. အကြောင်းအရာတွေကတော့ ကမ္ဘောဒီးယားက ပိုပေါ့ အစိုးရအကြောင်း၊ ဆိုင်ဂုံမြို.အကြောင်း၊ မော်စီတုန်း၊ တိန်.ရှောင်ဖိန်၊ ဂိုဗာချော့၊ ဆူဟာတို၊ အရာတိုလာခိုမေနီ၊ မာဂရက်သက်ချာ၊ အီဗရာဟင်လင်ကွန်း၊ အကွီနို၊ သီဟာနု၊ နာကာ့ဆိုနဲ ယာဆုဟိရိုဲ၊ တနာကာ့ ခါ့ကုအဲ၊ အိုဘုချိ ခဲအိဇိုး၊ တီအန်နန်မန်ရင်ပြင် အကြောင်းတွေပေါ.။ဖေဖေ ပြောခဲ့တာတွေကတော့ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ကျွန်မကတော့ သိပ်မမှတ်မိ တော့ပါဘူး။ မှတ်လည်းမထားမိခဲ့တာပါပါတယ်။ ဖေဖေက မနက်တိုင်းညတိုင်း ဘီဘီစီနဲ. ဗွီအိုအေကို မပျက်မကွက်နားထောင်တယ်။ (ဟိုအရင်ခေတ်က) သတင်းစာကို (လုပ်သား၊ကြေးမုံ၊ မြန်မာ့အလင်းတို.ကို စာမျက်နှာ၂၊၃၊ဆိုရင် တစ်လုံးမှမကျန်အောင် ဖတ်တယ်)၊ဒေါက်တာတင်ထွန်းဦးရဲ. သုတစွယ်စုံ မဂ္ဂဇင်းကိုကြိုက်တယ်။ ရေဒီယိုကနေ မောင်ဆုရှင်ရဲ. ဆောင်းပါးလာရင် ရေဒီယိုနားကို ခေါင်းကပ်တဲ.အထိ အနားမှားကပ်ပြီးနားထောင်တယ်။ အခုပြန်စဉ်းစားကြည့်ရင် ဖေဖေက ကမ္ဘာ့ နိုင်ငံရေးသတင်းပေါင်းစုံကို သိနေတာဟာ ဘွဲ.လွန်အတွက် ကျမ်းပြုသလောက်ကို လေ့လာလို.ပဲ လို.ထင်ပါတယ်။ နားထောင်တယ်၊ မှတ်စုစာအုပ်တွေမှာ ရေးမှတ်တယ်၊ တစ်ခါတစ်လေ ကျွန်မကိုအားတဲ.အချိန်တွေမှာ ပြောပြတယ်။ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီ (အဲဒီတုန်းကတော့ မ.ဆ.လပေါ.) အလုပ်မှမလုပ်ဘူး။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များပြီး ကူညီတတ်ပါတယ်၊ ဒါပေမယ့် ဘာအသင်းအဖွဲ.မှ မ၀င်ဘူး။ သူက အရင်ကတပ်မတော်သားပါ။ စစ်သားဆိုတာ… ယောက်ျားဆိုတာ…. ဆိုပြီး ကျွန်မရဲ.မောင်နှစ်ယောက်ကို ဆုံးမတတ်ပါတယ်။ သူ.ရဲ.တပ်မတော်ကို သိပ်ဂုဏ်ယူပါတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ ကျွန်မကိုသိပ်ရင် စစ်သီချင်းတွေအမျိုးစုံဆိုသိပ်ပါတယ်။ ကျွန်မအဒေါ် ဒေါ်လေးမူက “အမလေး၊ ကိုကိုနီရယ် ခလေးသိပ်တာ၊စစ်သီချင်းနဲ.သိပ်ရတယ်လို.”လို.သဲသဲလှုပ်ပြောရင်၊ ဖေဖေက “သမီးက စစ်သီချင်းကြိုက်တယ်”လို.ပြန်ပြောတယ်ဆိုတာ ကြီးလာတော့ သိရပါတယ်။ ကျွန်မလည်းခုချိန်အထိ စစ်သီချင်းတော်တော်များများကို ရနေပါသေး တယ်။ ကျွန်မကို မင်္ဂလာဒုံစစ်ဆေးရုံမှာ မွေးခဲ.ရတာကို လည်းအမြဲဂုဏ်ယူပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဖေဖေက ၁၉၈၈နောက်ပိုင်း မှာတော့ စစ်တပ်က အကြောင်းကို အရင်ကလောက် မပြောတော့ပါဘူး။

အခုတော့ ဖေဖေ့မှာ နားထောင်စရာ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ဒီဗွီဘီတွေအပြင် ရုပ်သံကနေတောင်ကြည့်လို.ရနေပြီ၊ မှတ်စု ကတော့ သိပ်မရေးနိုင်တော့ ဘူးပေါ.။ လောလောဆယ် လက်ကလည်း ချော်လဲလို.ကျိုးသွားသေးတယ် တဲ.လေ။ ကျွန်မရေးတဲ. ပို.စ်တွေကိုတော့ ရန်ကုန်မှာ သူငယ်ချင်း KAye က တစ်မျက်နှာမကျန် ပရင့်ထုပ်ပြီး ဖေဖေ့ကို သွားပေးပေးပါတယ်။ ဒါ့ကြောင့် မကြာခင်ကျရောက်တော့မယ့် တရုတ်နိုင်ငံ တည်ထောင်ခြင်း အနှစ်၆၀ပြည့် အကြောင်းအရာနဲ.ပတ်သက်တဲ. ဆောင်းပါး တစ်ခုကို အင်တာနက်မှာ တွေ.တာ နဲ. ဘာသာပြန်လိုက်ပါတယ်။

နိုင်ငံတော်စီးပွါးရေးမူဝါဒသစ်
စီးပွါးရေးအသွင်ပြောင်းခေတ်မှနိုင်ငံရေးအသွင်ပြောင်းခေတ်ဆီသို.
ခုလာမယ့် အောက်တိုဘာလ(၁)ရက်နေ.ဟာ တရုပ်နိုင်ငံရဲ. တရုတ် ကွန်မြူနစ်နိုင်ငံတော် တည်ထောင်ခဲ့တာ နှစ်(၆၀)ကိုရောက်ရှိခဲ့ပါပြီ။ အဲဒီ နှစ်(၆၀)ကို မော်စီတုန်း (၁၈၉၃-၁၉၇၆) ကအာဏာရှင်ဆန်ဆန်ကြီးစိုးခဲ့တဲ. “ပထမပိုင်းနှစ်(၃၀) ” နဲ. တိန်.ရှောင်ဖိန် (၁၉၀၄-၁၉၉၇)ရဲ. လမ်းညွှန်မှုကို စခဲ့တဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ Policy of reform and of opening doors ရဲ.“နောက်ပိုင်းကာလ အနှစ်(၃၀)” ဆိုပြီး အကြမ်းအားဖြင့်ခွဲကြည့်နိုင်ပါတယ်။ စီးပွါးရေးနည်းဗျူဟာအရ ကြည့်မယ်ဆိုရင်တော့၊ ဆိုရှယ်လစ်ဝါဒထက် အရင်းရှင်ဝါဒ က သာလွန်ကောင်းမွန်တယ်ဆိုတာကို သက်သေသာဓက အနေနဲ. တရုတ်ပြည်ရဲ. စီးပွါးရေးတိုးတက်မှုဟာ စီမံကိန်းစီးပွါးရေး planned economy နဲ. ကုန်ထုတ်လုပ်မှု means of production ကို ပြည်သူပိုင်အဖြစ်ပြုလုပ်ခဲ.တဲ. ပထမပိုင်းနှစ်(၃၀) မှာ နလံမထူနိုင်ခဲ့ပဲ။ ဈေးကွက်စီးပွါးရေး market-oriented economy နဲ. ပုဂ္ဂလိကပိုင်စံနစ် private ownership system ကို ကျင့်သုံးခဲ့တဲ. နောက်ပိုင်းကာလ အနှစ်(၃၀) က အရှိန်အဟုန်နဲ. ခုန်ပျံတက်ခဲ့တာကို တွေ.ရပါမယ်။

သို.သော်လည်း စီးပွါးရေးတိုးတက်မှုနဲ.အတူ ရရှိလိုက်ရတာတွေကတော့ ၀င်ငွေ အဆင့်ကွာဟချက်ကြီးမားမှု၊ သဘာဝပတ်ဝန်းကျင်ပြသနာများရဲ. ဆိုးဝါးပွါးများလာမှု တို.ရဲ. ရှုတ်ထွေးမှုတွေကလည်း ထင်ရှားပေါ်လွင် လာပါတယ်။ ဒါတွေကို ပြုပြင်ဘို.ကတော့ ဒီမိုကရေစီဝါဒကို အခြေခံတဲ. နိုင်ငံရေးအသွင်ကူပြောင်းတာကို မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ. ဖြတ်သန်းခဲ.ပြီးတဲ. နှစ်၃၀က စီးပွါးရေး အသွင်ကူပြောင်းမှုကရလာတဲ. ကောင်းကျိုးတွေကို အုတ်မြစ်သဖွယ်အခြေခံပြီး နောက်ထပ်ရှေ.ဆက်ဖြတ်သန်းမယ့် နှစ်၃၀ကိုတော့ နိုင်ငံရေး အသွင်ကူးပြောင်း ခြင်းနဲ. စွမ်းစွမ်းတမံ ချီတက်ရမှာဖြစ်ပါတယ်။

စီမံကိန်းစီးပွါးရေး planned economy အောက်မှာနလံမထူနိုင်ခဲ့တဲ. “ပထမပိုင်းနှစ်(၃၀)”

၁၉၄၉ခုနှစ် တရုတ်နိုင်ငံရဲ. ကွန်မြူနစ်အသွင်ပြောင်းကာလမှာ စီမံကိန်းစီးပွါးရေးကို စတင်ကျင့်သုံးခဲ.ပြီး၊ ပုဂ္ဂလိကပိုင်တွေအားလုံး ဖျက်သိမ်းခဲ့ရပြီး အမြတ်ငွေကိုရည်မျှော်တဲ. ထုပ်လုပ်မှု၊ ကူသန်းမှုတို.လည်း ပိတ်ပင်ခံခဲ့ရ ပါတယ်။ လက်တွေ.မှာ ပြည်သူပိုင် (နိုင်ငံပိုင်) အဖြစ်နဲ. အသင်းအဖွဲ.ပိုင် (အလုပ်သမားအစည်းအရုံး၊ သမ၀ါယမ) တွေကလွဲရင် ရင်းနှီးပိုင်ဆိုင်ခွင့်ကို အသိအမှတ်မပြုပါဘူး။ အဲဒီလို ပြည်သူပိုင် စံနစ်ရဲ. အောက်မှာပဲပြည်သူတွေကဆင်းရဲလာပြီးအဲဒီနိုင်ငံပိုင်စံနစ်ရဲ.အောက်မှာပဲ နိုင်ငံရဲ. သယံဇာတကို ပြည်သူတွေခံစားခွင့်က နည်းပါးခဲ့ရတော့တာပါပဲ။ “ လူထုအားကစားလှုပ်ရှားမှု” တို. “ရိုးရာယဉ်ကျေးမှုထိမ်းသိမ်းရေးအစီအစဉ်” တို.လို လှုပ်ရှားမှုတွေဆိုတာလည်း လုပ်လိုက်သေးတယ်။ ဒါပေမယ်. တကယ့် စီးပွါးရေးစီမံကိန်းကလည်း လမ်းတ၀က်မှာ လမ်းပျောက်နေခဲ့တော့တယ်။ ၁၉၅၃ကနေ ၁၉၇၈အတွင်း ပြည်တွင်းထုပ်ကုန်ပမာဏ (GDP,gross domestic product ရဲ.တိုးတက်မှုနှုန်း၆.၁%၊ လူဦးရည်တိုးတက်မှုနှုန်းနဲ.  GDP တိုးတက်မှုကို အချိုးကကြည့်မယ်ဆိုရင် ၄.၀%မှာ ရပ်တန်.နေခဲ့ပါတယ်။ (နိုင်ငံတော်စာရင်းအင်းဗဟိုအဖွဲ.၊ ပြည်သူ.စီးပွါးရေးအထွေထွေစာရင်း အချက်အလက်ထုတ်ပြန်ရေးအဖွဲ.ဧ။် “တရုတ်နိုင်ငံသစ်နှစ်၅၀မြောက် ရင်းနှီးမြှုပ်နှံမှုစာရင်း။ ၁၉၉၉ခုနှစ်ထုတ်စာရင်းဇယားမှကိန်းဂဏန်းများ)

ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒရဲ. ဒီဇိုင်နာကြီးဖြစ်တဲ. တိန်.ရှောင်ဖိန်က ဒီ ပထမပိုင်းနှစ်၃၀နဲ.ပတ်သက်ပြီး (“နိုင်ငံရေးဘက်မှာတော့ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး၊ စီးပွါးရေးဘက်မှာတော့ ပြည်လည် တည်ထောင်ရေး ကို ကျင့်သုံးမယ်၊ ၁၉၈၅၊ဧပြီလ၊၁၅ရက်နေ. ” )၁၉၉၃ခုနှစ်တွင် တရုတ်နိုင်ငံစာပေဗိမာန်မှ ထုတ်ဝေသည့် တိန်.ရှောင်ဖိန်မှတ်တမ်း၊ အတွဲ၃၊ အခုလို မိန်.ဆိုကြေငြာခဲ့ပါတယ်။

“ကျွန်တော်တို.တိုင်းပြည်ပြန်လည်ထူထောင်ခဲ့တဲ.နောက်ပိုင်း ၊ လယ်ယာစိုက်ပျိုးရေးကို မြေယာဖေါ်ထုတ် ရေးနဲ. စုပေါင်းထွန်ယက်စိုက်ပျိုးရေး ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။ မြို.ပြအနေနဲ. ကတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစံနစ် ကုန်သွယ်စက်မှု လုပ်ငန်းများ နဲ. ဆိုရှယ်လစ်စံနစ်ရဲ. အသွင်ကူးပြောင်းခြင်းကို တပြိုင်တည်း ကျင့်သုံးဆောင်ရွက်ခဲ့ရာမှာ နှစ်မျိုးစလုံး အခြေအနေကောင်းခဲ့ပါတယ်။ အဲဒီလိုအချိန်မှာပဲ၊ ၁၉၅၇ခုနှစ်နောက်ပိုင်း အစွန်းရောက်လက်ဝဲ ultraleftism တွေထွက်ပေါ်လာပြီး တစတစဆိုသလိုပဲ အင်အားကြီးထွား လာပါတော့တယ်။ ၁၉၅၈ခုနှစ်မှာတော့ “လှုပ်ရှားမှု နှစ်” တစ်နှစ်အဖြစ်နဲ. ၀ုန်းကနဲကို ထကြွလာခဲ့ပြီး လူထုလူ.ဘောင်အဖွဲ.အစည်း people's commune အသွင်ယူနဲ. လှုပ်ရှားလာပါတော့တယ်။ “ပထမ ကြီးမားကျယ်ဝန်းတဲ. အတိုင်းအတာရှိရမယ်၊ ဒုတိယ လူထုပိုင်ဆိုင်မှုရှိရမယ်” ဆိုတာကို အားပေးတဲ.အခါမှာ ၊ ၀ိုင်းလုပ်ဝိုင်းစား လို.ဆိုပြီး ပေါ်ထွန်းလာတဲ. အကျိုးအမြတ်ကို အားလုံးခွဲဝေစားသောက်မယ် ဆိုရင်းက ထွက်ပေါ်လာတာကတော့ “ အလုပ်လုပ်ကြိုးစားသူမကြိုးစားသူ အချိန်တန် ဒီလခပဲ” ဆို တဲ. အမှားတရားကြီးပါပဲ။ ယဉ်ကျေးမှု ဘက်မှာဆိုလည်း “ရိုးရာယဉ်ကျေးမှုထိမ်းသိမ်းရေးအစီအစဉ်”က ပြောလောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၁၉၇၆ခုနှစ် “လေးယောက်ဂိုဏ်း Gang of Four ” အပြို အကွဲနောက်မှာ ၂နှစ်လောက် ကို အစွန်းရောက်လက်ဝဲတွေရဲ. တယူသန်မှုနဲ. နောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း စမ်းတ၀ါးဝါးနဲ.လမ်းပျောက်ခဲ့ ရပါသေးတယ်။ ဒီလိုနဲ.နေလာလိုက်တာ ၁၉၇၈ခုနှစ်အထိ ပါပဲ။ အဲဒီတော့ လယ်သမားနဲ. အလုပ်သမားထုတွေရဲ. ပိုင်ဆိုင်မှုဟာ ၁၉၅၈ကနေ ၁၉၇၈အထိ အနှစ်၂၀အတွင်းဘာမှ မယ်မယ်ရရ မတိုးတက်ပဲ စားဝတ်နေရေးအဆင့်အတန်းဟာ စံအဆင့်ကနေ အောက်မှာ ရောက်သွားပါတော့တယ်။ထုတ်ကုန်မြင့်မားမှုဆိုတာလည်းရေရေရာရာ မရှိတော့ တိုးတက်တယ်လို. မယူဆနိုင်ပါဘူး။ ၁၉၇၈ခုနှစ် နိုင်ငံသားတစ်ယောက်ရဲ. ကုန်ထုတ်လုပ်နိုင်မှု ပမာဏ GNP:Gross National Product ဟာ အမေရိကန်ဒေါ်လာ ၂၅၀တောင် မပြည့်ပါဘူး။ အဲဒီနှစ် နှစ်ကုန်ပိုင်းမှာကျင်းပတဲ. ကွန်မြူနစ်ပါတီ ပါတီတွင်းပုံမှန်အစည်းအဝေး မှာ ၊ ကျွန်တော်တို. ခေါင်းအေးအေးနဲ. စဉ်းစားပြီး၊ လက်ရှိအနေအထားကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်မယ် ဆိုရင်၊ ၁၉၇၈ခုနှစ် အထိ တရုတ်နိုင်ငံ တည်ထောင်းပြီး အနှစ်၃၀အတွင်း အောင်မြင်မှု အကျိုးရလဒ်က အင်မတန်ကြီးမားပါတယ်လို. ပြောနိုင်ပေမယ့် စီမံကိန်းချခဲ့တဲ. လုပ်ငန်းတွေကိုတော့ အောင်မြင်စွာအဆုံးမသတ်နိုင်ခဲ့ဘူးလို.ပဲ အနှစ်ချုပ်ရမှာ ဖြစ်ပါတယ်။ ”

၁၉၇၈ခုနှစ် အထိ တရုတ်နိုင်ငံ တည်ထောင်းပြီး အနှစ်၃၀အတွင်း အောင်မြင်မှု အကျိုးရလဒ်က အင်မတန်ကြီးမားပါတယ်လို. ဆိုတာကို ၊ ဘိန်းစစ်ပွဲ (Opium War ၁၈၅၆ )နောက်ပိုင်း မှာ အချုပ်အချာအာဏာပိုင် ဖြစ်လာတာကို ပါထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ တိန်.ရှောင်ဖိန်ရဲ.“ပထမပိုင်း နှစ်၃၀”ကို လက်ခံနိုင်တဲ. သုံးသပ်ချက်လို.ပဲပြောရတော့မှာပေါ.။

မှတ်ချက်
မူရင်းဆောင်းပါးရှင်ကတော့ The Chinese University of Hong Kong မှာပညာသင်ကြားခဲ့ပြီး The University of Tokyo မှာ စီးပွါးရေးပညာ ဒေါက်တာဘွဲ. ရခဲ့တဲ. တရုပ်လူမျိုး  “ခန်း ရှိယူး” ပါ။ ဆောင်းပါးကို အင်တာနက်စာမျက်နှာ
http://news.searchina.ne.jp/disp.cgi?y=2009&d=0928&f=column_0928_001.shtml
မှ ဘာသာပြန်ထားပါတယ်။
ဓါတ်ပံများကိုရယူတဲ.နေရာကတော့ http://news.searchina.ne.jp/disp.cgi?y=2009&d=0625&f=national_0625_005.shtml&pt=large

http://news.searchina.ne.jp/disp.cgi?y=2009&d=0702&f=national_0702_001.shtml&pt=large

September 11, 2009

ခလေးအပြော လူကြီးအတွေး

ခလေးအပြော လူကြီးအတွေး

ကျွန်မမြန်မာပြည်မှာနေတုံးက ရေဒီယိုကခဏခဏလာတဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ ♪♪♪“ကျွန်တော့ ရည်မှန်းချက် တွေးလျှက်နဲ.ပျော်သည် ပျော်သည်။ ညီလေးညီမလေးများကို သွန်သင်ကာဆုံးမပေးမည်။ ♪♪♪ နောင်တစ်ခေတ်မှာကွယ် တိုင်းပြည် ခေါင်းဆောင်ကောင်းတွေဖြစ်ရမည်။ ♪♪♪ ဆရာဝန်ဖြစ်ဘို. ကျွန်တော်ကြိုးစားမည်၊ အင်ဂျင်နီယာဖြစ်ဘို.ကျွန်တော်ကြိုးစားမည်။ ဗမာ့သားကောင်းဇာနည် စစ်သားကြီးကို ကျွန်တော်မျှော်မှန်းသည်။♪♪♪
********** ♪ ♪ ♪*********

“သမီးကြီးလာရင် အောက်ဆိုဒ်ကောင်းတဲ. အရာရှိမကြီးဖြစ်ချင်တယ်”
မူလတန်းကျောင်းသူကလေးမလေးက တကယ့်ကို တည်ကြည်ပြတ်သားစွာနဲ. မေးခွန်းမေးသူကို ဖြေကြားလိုက်ပါတယ်။
အဲဒီ အင်တာဗျုး ဗီဒီယိုလေးဟာ တနိုင်ငံလုံးကိုပျံ.နှံ.သွားပြီး တရုပ်လူမျိုးတွေ အံ.သြသွားခဲ.ရပါတယ်။
တရုပ်နိုင်ငံမှာ ကျောင်းတွေစဖွင့်ပြီး အတန်းတက်ရတာကတော့ သူတို.နိုင်ငံရဲ. ဆောင်းဦးရာသီ စက်တင်ဘာလ(၁)ရက်နေ.ဖြစ်ပါတယ်။ ကွမ်တုံဒေသ Guangdong (Kwangtung)၊ ခိုးရှူးမြို. Southern Metropolis Daily သတင်းစဉ်ကနေ ကျောင်းသားကျောင်းသူ အသစ်စက်စက်လေးများ ဆိုတဲ. ခေါင်းစဉ်နဲ. ကျောင်းဖွင့်စ မူလတန်းတက်မယ့် ခလေးများကို တွေ.ဆုံမေးမြန်းတဲ. အစီအစဉ်အတွက် ခိုးရှူးမြို.ထဲက မူလတန်းကျောင်းကလေး ကို သွားပြီး တီဗွီရိုက်ကူးခဲ.ပါတယ်။
“သမီးကြီးလာရင် ဘာလုပ်မလဲ”
“အရာရှိမကြီးလုပ်မယ်”
ဒီလိုအဖြေက သူငယ်တန်းတက်မယ့် ခလေးတစ်ယောက် ကဖြေနိုင်တာ တော်တော်တတ်တယ်လို. ပြောရရုံကလွဲပြီး သိပ်မထူးဆန်းလှပါဘူး။ ထူးဆန်းတာက ဘာလဲ။ နောက်ကဆက်မေးတဲ. မေးခွန်းကိုဖြေတဲ. ခလေးရဲ. အဖြေကိုပါ။
“ဘယ်လိုအရာရှိမကြီးလဲ”
“ဟို-----လေ။အောက်ဆိုက် အများကြီးရတဲ. အရာရှိမကြီးပေါ့------”
ခိုးရှူးမြို.

နောက်တနေ. စက်တင်ဘာလ (၂)ရက်နေ.မှာဒီအကြောင်းကို ထုတ်လွှင့်တဲ. အခါ အင်တာနက်က နေ ရှာဖွေကြည့်ရှုကြိမ်ရေပေါင်ူး ၁၄,၂၀၀ ရှိခဲ.ပြီး၊ ထုတ်လွှင့်ခဲ.တဲ. အစီအစဉ်နဲ. ပတ်သက်ပြီး သဘောထား မေးခွန်းစစ်တမ်းကောက်ယူကြည့်တဲ့ရလဒ်က “ကလေးပဲ။ သိပ်နားမလည် ပဲ ပြောတာပါ” ဆိုသူက ၁၀%၊ “ လူ.ဘောင်အဖွဲ.အစည်းကို ထင်ဟပ်ပြတာပဲ” ဆိုသူက ၅၅% ရှိတာတွေ.ရပါတယ်။
“အောက်ဆိုက်ဆိုတာ ဘာကိုပြောတာလဲဆိုတာ ခလေးက နားမလည်ပါဘူး။ လူကြီးမိဘတွေက --သမီး အဲသလိုလုပ်နေရင် အမေတို. ဘယ်တတ်နိုင်မလဲ။ တကယ်လို. အမေက အောက်ဆိုက်အများကြီးရတဲ. အရာရှိမကြီးဆိုရင် ဘာမဆိုဝယ်ပေးနိုင်တာပေါ. ” ဆိုပြီး ခလေးကိုပြောလို.ပေါ.။ ဒါကို ဒီလောက်ပုံကြီးချဲ.နေစရာမလိုပါဘူး လို.ဆိုသူတွေရှိသလို၊ “ခလေးစကား၊ အရူးစကားဆိုတာ အမှန်တွေပဲ။ ဒါဟာ အခုပြည်သူတွေရဲ. စိတ်သဘောကို ပြတာပဲ။လူတွေအားလုံး အောက်ဆိုက်ရမှ စားဝတ်နေရေးအဆင်ပြေမယ်ဆိုပြီး ဖြစ်နေရတာ ဘာကြောင့်လဲဆိုတာ က အကြောင်းရင်းပဲ ” လို.ဆိုသူတွေလည်းရှိပါတယ်။
အသံလွှင့်အစီအစဉ်ရဲ. မေးခွန်းမေးသူက “သမီးက အောက်ဆိုက်အများကြီးရတဲ. အရာရှိမကြီးအကြောင်းဘယ်လိုသိတာလဲ” လို.မေးတော့ ခလေးက “ မေမေပြောတာလေ” တဲ. ။ အဲဒါကိုတော့ မထုတ်လွှင့်ခဲပါဘူးတဲ.။
တခြားခလေးတွေကတော့ “ဆရာဝန်ဖြစ်ချင်တယ်” “မီးသတ်လုပ်ချင်တယ်၊ လူတွေကို ကယ်ဆယ်ဘို.” “လေယဉ်မှူးဖြစ်ချင်”တယ် စသဖြင့် ခလေးတို. သဘာဝ တီတီတာတာဖြေခဲ့ကြပါတယ်တဲ.။
အထက်ပါ “အောက်ဆိုက်အများကြီးရတဲ. အရာရှိမကြီးဖြစ်ချင်တယ်” ဆိုတဲ. အကြောင်းအရာကိုတော့ အင်တာနက်ပေါ်မှာ ရှာဖွေကြည့်ရှုသူတွေက သဘောထားမျိုးစုံ ရေးခဲ.ကြပါ တယ်။
ကြည့်ရှု ကြသူတွေဆီက ကော်မန်.( သဘောထား) တွေက တစ်နာရီကို ကော်မန်.(၉)ခုနှုန်းနဲ. လူပေါင်း ၁၃၆ယောက၊်က (အကြောင်းအရာအလိုက်ခွဲထားသော)ကော်မန်.အရည်အတွက် ၁၄၂ ခု က ဒီစာရေးတဲ.အချိန်မှာ အင်တာနက်ပေါ်ရောက်ရှိနေခဲ.ပါတယ်။ အဲဒီအထဲက အနည်းငယ်ကို နမူနာအဖြစ် ဖေါ်ပြလိုက်ပါတယ်။ ဂျပန်စာတတ်သော တရုပ်လူမျိုးများကပါ ပါဝင်ရေးသားထားကိုတွေ.ရပါတယ်။

ဂျပန်လူမျိုး။ ။ နိုင်ငံရဲ. အခြေအနေကို ခလေးကတောင်သိတယ်။

ဂျပန်လူမျိုး။ ။ လဒ်စားတာ ဘယ်နိုင်ငံမှာမဆိုရှိတယ်။

တရုပ်လူမျိုး။ ။လဒ်စားလို.ဖမ်းခံရလည်း၊ ကိုယ်ကပြန်လဒ်ထိုးလိုက် (ရှိတာလေး ဝေမျှပေးလိုက်) ရင် ပြန်လွတ်လာအုန်းမှာ။

ဂျပန်လူမျိုး။ ။ ဟုတ်တယ်ဂျပန်မှာလည်း၊ အတူတူပါပဲ။

ဂျပန်လူမျိုး။ ။ ဘယ်လိုမိဘမျိုးတွေလဲ။ ခလေးကို ဘယ်လိုသင်ထားလဲ။

ဂျပန်လူမျိုး။ ။ အမလေးဂျပန်လူမျိုးပိုတောင်ဆိုးသေး။ မူလတန်းကျောင်းသားအရွယ်အကြီးဆုံးသားကို စားသောက်ကုန်အလစ်သုတ်ခိုင်းလို. ဟျေားဂိုခရိုင်ရဲတပ်ဖွဲ. အာ့ကာ့ရှိ စခန်းမှာ အခုလ၄ရက်နေ.က ဖူရုခါဝါမြို.မှာနေတဲ. ၃၃နှစ်အရွယ်အဖေနဲ. ၃၁နှစ်အရွယ်အမေဖြစ်သူတို.ကို ရဲကဖမ်းဆီးခဲ.တယ်လေ။

ဂျပန်လူမျိုး။ ။ ကျွန်တော်အထက်တန်းကျောင်းသားဘ၀တုန်းက အမှတ်ပေးတာမှားနေတယ်လို. ဆရာ့ကိုသွားပြောတယ်။ ဆရာက “မင်းတော့ ဒီပုံအတိုင်းသွားလို.ကတော့ ရှေ.လျှောက်ပြီး လောကကြီးမှာ လူလုပ်ဘို. မလွယ်ဘူး” ဆိုပြီး အဆူခံရတယ်။ အဲဒီကလေးမိဘတွေလည်း အဲလိုမျိုးလားမှ မသိတာ၊ နော်။

တရုပ်လူမျိုး။ ။ ခလေးဆိုတာ အမှန်အတိုင်းရိုးရိုးသားသားပြောတာလေ။ လူကြီးလည်း တကယ်တန်းပြောကြကြေးဆို အဲလိုဖြစ်ချင်ပါတယ်။ ဟဲ ဟဲ။

ဂျပန်လူမျိုး။ ။ ကဲ အဲဒါတွေပြောပြီး အင်တာနက်ပေါ် ပွက်လောရိုက်နေလည်းအပိုပဲ။တော်ကြတော့။ ဘယ်နိုင်ငံမှာမှ လဒ်စားတဲ. အရာရှိကြီးတွေ အဲလို အင်တာနက်သတင်းမျိုးနဲ. ဒီလို ဘလောက်တွေကို ဘယ်သူမှမကြည့်ဘူးဟေ့။

အောက်ပါအင်တာနက်စာမျက်နှာများကို ကိုကားပါသည်။
http://headlines.yahoo.co.jp/cm/main?d=20090904-00000037-scn-cn&s=points&o=desc
http://news.searchina.ne.jp/disp.cgi?y=2009&d=0904&f=national_0904_013.shtml
ဓါတ်ပုံကို http://ja.wikipedia.org/wiki/%E5%BA%83%E5%B7%9E%E5%B8%82 မှကူးယူပါသည်။

September 9, 2009

စိတ်ဓါတ်နဲ.လုပ်ရပ်


 “………………. အလှူရေစက် လက်နဲ.မကွာ၊စေတနာကြွယ်။ 
သဒ္ဒါမချို.လေတယ် မြန်မာတို.တတွေရယ်……………..”
ကျွန်မနဲ.ခင်တဲ. ဂျပန်သူငယ်ချင်း မိန်းကလေးတစ်ယောက်ရှိပါတယ်။ သူ.နံမည်က မာ့ကိ ပါ။ မာ့ကိစံက သူတက္ကသိုလ်တက်ချိန်မှာ မြန်မာလူမျိုးတစ်ယောက်နဲ. သူငယ်ချင်းဖြစ်ရာကနေ သူတို.တက္ကသိုလ်က သူငယ်ချင်းတွေထဲက မြန်မာပြည်ကို စိတ်ဝင်စားတဲ. သူတွေစုပြီး ကူညီတဲ. အန်ဂျီအို NGOအဖွဲ. ကလေးတစ်ခု ဖွဲ.ပြီး မြန်မာနိုင်ငံက ကလေးတွေကို ပညာရေး၊အပြင် ဒေသတွင်း လိုအပ်ချက်တွေအတွက် အလှူငွေပေးတာတို. အကူအညီ ပေးတာ တွေ.ဆုံပွဲတွေလုပ်တာတို.ကို တနှစ်တစ်ခါလုပ်ပါတယ်။  သူတို.သူငယ်ချင်းတွေ စုပြီး မြန်မာလို အစားအသောက်ချက်စားတတ်ကြပါတယ်။ အဲဒီလိုအချိန်မှာ မြန်မာလူမျိုး တစ်ယောက်ကိုအချက်အပြုတ်နည်းပြအဖြစ် ဖိတ်ခေါ်ပါတယ်။ ကျွန်မကို လည်းတစ်ခါဖိတ်လို. သွားခဲ.ပါတယ်။ ကျွန်မက ကျောင်းပြီးလို. အလုပ်ဝင်ထားသူ တစ်ယောက်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ လက်ရှိကွန်ပျူတာနဲ.ပတ်သက်တာကိုသင်ယူနေတဲ.ဌေးဌေး လို.ခေါ်တဲ.တတိယနှစ် တက္ကသိုလ် ကျောင်းသူ တစ်ဦး ဖြစ်ပါတယ်။
အားလုံးချက်ပြုတ်စားသောက်ပြီးတဲ. အချိန်မှာ မာ့ကိတို. ဂျပန်လူမျိုးတွေအားလုံးနဲ. စကားစမြီ ပြောကြပါတယ်။ အဓိက ကတော့ ကျွန်မတို. ဒီဂျပန်ကို ဘာကြောင့်လာသလဲ၊ ဒီနေ. အချိန်အထိ ဘယ်လိုရုန်းကန်ခဲ.သလဲ၊ ဘယ်လိုရည်ရွယ်ချက်မျိုးတွေရှိသလဲ ဆိုတာကို အမေးခံရပါတယ်။ သူတို.တွေက မြန်မာပြည်ကို နှစ်တိုင်းလိုလို သွားပြီး။ လှူဒါန်းနေသလို မြန်မာလူမျိုးအသိမိတ်ဆွေလည်း ရှိကြပါတယ်။ သူတို.စိတ်ထဲမှာသိချင်တာက မြန်မာလူမျိုး တွေက ဘာကြောင့် နိုင်ငံခြားကိုထွက်ချင်ကြတာလဲဆိုတာပါ။ သူတို. အဖွဲ.တွေက သွားတဲ.နေရာတွေက တကယ်ကိုဆင်းရဲပြီး ပညာရေးအခြေနေနဲ.ချို.တဲ.တဲ. ပတ်ဝန်းကျင်က ကလေးတွေနဲ. မြန်မာလူမျိုးတွေဖြစ်ပါတယ်။ သူတို. အခုသိနေတဲ. ဂျပန်နိုင်ငံကို ရောက်နေတဲ. မြန်မာလူမျိုးတွေက အဲဒီလောက်ဒုက္ခရောက်ပြီး ချို.တဲ. တဲ. နေရာက လာတဲ.သူတွေမဟုတ်တော့သူတို.စိတ်ထဲမှာ ကျွန်မတို.နဲ. ပတ်သက်ပြီး သိချင်တာတွေ များတာမဆန်းပါဘူး။ (ဂျပန်မှာလည်း အလုပ်လက်မဲ. နဲ. နေစရာ၊စားစရာမရှိတဲ. ဂျပန်လူမျိုးတွေအများကြီးရှိသလို၊ အမေရိကကို သွားရောက်၊ ကျောင်းတက်၊ အလုပ်လုပ်တာ တွေလည်းမနည်းပါဘူး၊ သို.သော်လည်း ဒါတွေက တပိုင်းပေါ.)အခုလို ဂျပန်မှာ လာရောက်ပြီး ရုန်းကန်ကြိုးစားပိုက်ဆံရှာနေတာနဲ. တိုင်းပြည်အတွက် မိမိယုံကြည်ရာရှုထောင့်ကနေ လှုပ်ရှားနေတာတွေက အများကြီးပဲရှိပြီးတော့ သူတို.လိုမြန်မာပြည်ကို သွားလိုက် လှူဒါန်းလိုက် ကလေးတွေနဲ. တွေ.ဆုံပွဲတွေ လုပ်လိုက်ဆိုတာမျိုးကို မြန်မာလူငယ်တွေ က မလုပ်ကြတာ ဘာကြောင့်လဲ ဆိုတာပါ။ နောက်တစ်ခုက မြန်မာပြည်ထဲမှာလည်း နေထိုင်စီးပွါးရှာနိုင်ရဲ.သားနဲ.များ ဆိုပြီး တွေးကြပါတယ် တဲ.။
သူတို.ရဲ.မေးခွန်းတွေအတွက် ကျွန်မတို.ဖြေခဲ့ကြတာကတော့။
(၁)ကျွန်မတို. ဂျပန်နိုင်ငံက ပညာကို သင်ယူချင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ကျွန်မတို. နိုင်ငံထက်တိုးတက်နေတဲ.နိုင်ငံရဲ. ပညာရေးကို ကျွန်မတို.သိချင်လို.ပါ။ နောက်တစ်ချက်က အခြား နိုင်ငံခြားသား တွေနဲ.ကော ဂျပန်လူမျိုးတွေနဲ. အတူရင်ဘောင်တန်းပြီး သင်ယူတဲ. အချိန်မှာ ကိုယ်တိုင်ဘယ်လောက်အရည်အချင်းရှိလဲဆိုတာကိုသိဘို.နဲ. ကျွန်မတို.ကို ကြည့်ပြီး မြန်မာလူမျိုးဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို တိုင်းပြည်နဲ.လူမျိုးရဲ.ကိုယ်စားအဖြစ် မိမိကိုယ်မိမိခံယူချက်နဲ. ကြိုးစားချင်လို.ပါ။
(တကယ်က အခြားကမ္ဘာအရပ်ရပ်ကနေ ဂျပန်ကိုကျောင်းလာတက်ကြတာအများကြီးပါ။ ဒါပေမယ့် ကျွန်မတို. မြန်မာလူမျိုးတွေကျတော့ ဘယ်လိုလည်းဆိုတာသိချင်ကြတယ်။ ကျွန်မကလည်း အာဖရိကတို.၊ဗီယက်နမ်၊ ကမ္ဘောဒီးယားလိုနိုင်ငံမျိုးတွေထဲက ကိုယ့်နိုင်ငံကိုရွေးပြီး လှူတန်းကူညီနေတဲ.အဖွဲ.ဆိုတော့လည်း ပြောပြရတော့တာပေါ့နော်။)
(၂) ကျွန်မလည်း အခုအလုပ်လုပ်လို.ရလာတဲ. ပိုက်ဆံနဲ. မြန်မာလူမျိုးတွေကို အများကြီး အထောက်အပံ့ပေးချင်ပါတယ်။ ဒါပေမယ့် ကျောင်းပြီးပြီးချင်းမှာ ကျွန်မကိုကျောင်းစားရိတ် ထုတ်ပေးတဲ.  စပွန်စာကို အလုပ်ရရခြင်း ပိုက်ဆံစုပြီး အကြွေးတွေဆပ်ခဲ.ပါတယ်။ နောက် ယောက်ျားယူ ခလေးမွေးပြီး အခုလောလောဆယ်မှာတော့ ရန်ကုန်က မိသားစုကို လစဉ်ငွေပို.ပါတယ်။ ဂျပန်ကရတဲ.လခကနေ ဂျပန်နိုင်ငံအစိုးရက ချမှတ်တဲ့အခွန်ငွေမှန်သမျှကို အပြည့်အ၀ထမ်းဆောင်ပါတယ်။ ကျန်တဲ.ငွေနဲ. စားသောက်နေထိုင်ပြီး တစ်ချို.ကိုတော့ စုပါတယ်။ ကျွန်မတို.က ဂျပန်နိုင်ငံမှာ နိုင်ငံခြားသား အဖြစ်နေထိုင်တဲ. အတွက်နောင်ရေးစိတ်မအေးရလို.တတ်နိုင်သမျှငွေစုချင်ပါတယ်။ စိတ်ထဲကတော့ ဖြစ်နိုင်ရင်မြန်မာတစ်ပြည်လုံးကို ကယ်တင်ချင်ပါတယ်။အဲလောက်ပမာဏကို မတတ်နိုင်သေး ပေမယ့် လစဉ် ဂျပန်နိုင်ငံက မြန်မာသံရုံးကို ယန်းတစ်သောင်း (မြန်မာငွေနဲ့. ဆိုရင် ကျပ်တစ်သိန်းကျော်) အခွန်ငွေပေးဆောင်ပါတယ်။ ကျွန်မယုံကြည်ပါတယ် ကျွန်မရဲ. မြန်မာနိုင်ငံသံရုံးက ကျွန်မတို.ဆီက ရတဲ. အခွန်ငွေကို (ဂျပန်အစိုးရက အခွန်ထမ်းဆောင်သူတွေကို ပြန်လည်ထားရှိတဲ.နိုင်ငံသားများ အတွက် ဖြည့်ဆည်းမှု ၊ PublicServiceလောက် မဟုတ်တောင်) မြန်မာလူမျိုးတွေအတွက်အကျိုးရှိစွာ အသုံးချမှာပါ။  မြန်မာနိုင်ငံလူဦးရေသန်းပေါင်းများစွာထဲက လူနည်းစုလောက်ကိုပဲဖြစ်ဖြစ်၊ကျွန်မ လစဉ်ထောက်ပံ့ နိုင်တာ ကို အရမ်းကျေနပ်ဂုဏ်ယူပါတယ်ရှင်။
(မြန်မာနိုင်ငံကနေ ငွေကြေးများစွာရင်းပြီး ထွက်လာခဲ.ကြတယ်။ ဘယ်အရာနဲ.မှ အစားထိုးမရနိုင်တဲ့ မိသားစု၊ဆွေမျိုး၊သူငယ်ချင်း၊ ဇာတိမြေ၊ဘာသာစကား၊ အစားအသောက် အားလုံး၊အားလုံးနဲ.ဝေးနေပေမယ့် သတိရတမ်းတ နေပေမယ်.၊တစ်မြေခြား မှာ စိတ်ဖိစီးမှု တွေအောက်က အလုပ်ကြိုးစားပြီး ပိုက်ဆံရှာကြတဲ. မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ရောက်ရှိတဲ. နိုင်ငံအသီးသီးမှာ မြန်မာသံရုံးသို. အခွန်ငွေလစဉ်မှန်မှန်ပေးဆောင်သူများ၏ ကုသိုလ်ကို သာဓုခေါ်ပါတယ်။ ကျွန်မရဲ. အလှူကို လည်း အမျှပေးဝေလိုက်ပါတယ်)
“ချစ်ညီမလေး အချွေ” ၊ ဗီယက်နမ်မှာ တစ်လဘယ်လောက်လှူနေလဲ?
ဆောင်းပါးတွင် ဦးဝင်းဦး၏ “မြန်.မာ့ရှုခင်းမြန်မာ့စိတ်ရင်း” သီချင်းမှ စာသားအချို.ကို အသုံးပြုထားပါသည်။  အသုံးပြုထားသောဓါတ်ပုံမှာ အီး-မေးလ်စာဝေခြင်းဖြင့်ရလာသောဓါတ်ပုံဖြစ်ပါသည်။