Showing posts with label ဘာသာစကား. Show all posts
Showing posts with label ဘာသာစကား. Show all posts

October 5, 2010

စကား နဲ့ ကစား မယ်

ဘယ်ဘာသာစကားမှာမဆို စကားလုံးတွေကို အသုံးပြုပြီး အကြောင်းအရာတွေကို မှတ်သားနည်းရှိသလို စကားလုံးတွေကိုလည်း ကစားနိုင်ပါတယ်။
ပျော်စရာလည်းဖြစ်သလို မှတ်သားစရာလည်းဖြစ်တဲ့ ဘာသာစကားတွေကို မှတ်ရလွယ်စေတဲ့ ဥာဏ်ကွန့်မြူးမှု တွေနဲ့ပတ်သက်ပြီး ကျွန်မစိတ်ဝင်စားတဲ့ အကြောင်းအရာလေးတစ်ခု ကို မိတ်ဆက်တင်ပြပါရစေ။ အင်္ဂလိပ်လိုကတော့  mnemonic device ၊ဒီနေရာမှာ အသံထွက်ကို နီမောနစ် လို့ထွက်တာလည်း တစ်မျိုးစိတ်ဝင်စားစရာပါပဲနော်။

because ဆိုတဲ့ စာလုံးပေါင်းကို မမေ့အောင်မှတ်တဲ့ spelling mnemonic


August 24, 2010

“ပုပ်စပြုတဲ့ မိန်းမနဲ့ လူပျိုသိုး ”

ပုပ်တယ်၊သိုးတယ်၊ နံစော်တယ် ဆိုတာက အပေါ်ယံစကားလုံးအနေနဲ့ ကြားရတာလုံးဝအဆင်မပြေပါဘူး။
မြန်မာစကားမှာတော့ “လူပျိုသိုး”လို့ သုံးကြတယ်။ “အပျိုသိုး”လို့တော့ သိပ်မကြားဘူးပါဘူး။
ဂျပန်စကားကတော့ “အသီးအနှံ နဲ့ မိန်းမ ဆိုရင် နည်းနည်းပုပ်စပြုတဲ့ အချိန်က အရသာအရှိဆုံး” တဲ့။
ဒီစကားကို တချို့အသားကြိုက်သူတွေကလည်း “အသား နဲ့ မိန်းမ ဆိုတာ ပုပ်ကာနီးက အကောင်းဆုံး” တဲ့။

August 10, 2010

ဈေးကွေ့ ပါလား

ကျွန်မရန်ကုန်မှာ တက္ကသိုလ်ကျောင်းသူဘ၀က တွေ့ကြုံခဲ့ရတဲ့ အကြောင်းလေးပါ။

တနေ့တော့ ရန်ကင်းဘက်ကို ပြေးတဲ့ ဟိုင်းလတ်စ် ဘတ်စကားကိုစီးပါတယ်။ နံပါတ်တော့ မမှတ်မိတော့ပါဘူး မနက်ပိုင်းလူကြပ်တဲ့ အချိန်ပေါ့။ ကားရဲ့ အနောက်ပေါက်နဲ့ကပ်ရက် ဘေးတန်း အစွန်ဆုံးထိုင်ခုံမှာ ထိုင်ရပါတယ်။ ကားအတက်အဆင်းလုပ်တဲ့ နောက်ပေါက်ကတော့ ယောက်ျားတွေအားလုံး ခြေထောက်တစ်ဘက်ခြေနင်းခုံပေါ်ထောက်လိုက်ရင်းနဲ့ ခိုစီးတဲ့ လူအပြည့်ပါပဲ။
ထုံးစံအတိုင်း စပါယ်ယာက ပိုက်ဆံတောင်းလိုက်၊ မှတ်တိုင်တွေနံမည်အော်လိုက်၊ ကားမောင်းဆရာကို အသံပေးလိုက်နဲ့ပေါ့။ ထုံးစံမဟုတ်တာကတော့ ဒီစပါယ်ယာက ခုနပြောခဲ့တဲ့ သူ့ရဲ့ စပါယ်ယာအလုပ်နဲ့ ပါတ်သက်တဲ့ စကားတွေအပြင် တခြား စကားတွေကိုလည်း တရပ်စပ်ပြောနေပါတယ်။ ခပ်သွက်သွက်ရွှတ်နောက်နောက်ပါ။
ရုံးချိန်ကလည်းဖြစ်၊ ကားကလည်းမြန်၊ စပါယ်ယာကလည်း သွက်၊ လူကလည်းကြပ်နဲ့ တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင် တလွင့်လွင့်နဲ့ပြေးနေတဲ့ကားပေါ့ရှင်။

August 8, 2010

မှားဖတ်လည်း ရပါတယ်

စာဖတ်မှားတာ၊ လျှမ်းတတ်တာများနဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခု နဲ့ အတူ ကျွန်မတို့တတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝလေးတစ်ခုကို ပြောပြပါရစေ။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ မောင်နှမ၀မ်းကွဲတွေ အားလုံးကျောင်းပိတ်ရက် သွားလည်နေတဲ့ အချိန်ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတစ်သိုက်ဟာ အဖွားအိမ်မှာ ဆော့လိုက်၊ စားလိုက်၊ စာတွေဖတ်လိုက် စကားပြောလိုက်၊ လျှောက်လည်လိုက်နဲ့ ပေါ့။ဝတ္တုတွေ ကာတွန်းတွေ စာတွေဖတ်တဲ့အခါ နားမလည်တဲ့ စကားလုံးအသစ်တွေ့ရင် လူကြီးတွေကိုမေး ဒါမှမဟုတ် အကြီးတွေက အငယ်ကို ရှင်းပြကြပါတယ်။ မောင်ဝမ်းကွဲလေးတစ်ယောက် က သူဖတ်နေတဲ့ ပုံပြင်စာအုပ်တစ်ခုထဲက “ပြည့်တန်ဆာ” ကို နားမလည်တော့ ကြီးတော်တစ်ယောက်ကို မေးပါတယ်။




July 2, 2010

တိန် ကို မကိန်ပါနဲ့

ကိုယ့်မိခင်ဘာသာစကားကို လူမျိုးခြားများက ပြောဆိုသုံးနှုန်းတာတွေကို ကြားရဖတ်ရတဲ့အခါမှာ သူနဲ့ ဆက်နွယ်တဲ့ စိတ်ဝင်စားစရာတွေ၊ ကျွန်မတို့ သတိမပြုမိတဲ့ အကြောင်းအရာတွေကို တွေ့ရှိလာရပါတယ်။
မြန်မာစာ မြန်မာစကား အလွန်ကိုကျွမ်းကျင်တဲ့ ဂျပန်သူငယ်ချင်းတွေနဲ့ အင်လေးကို အလည်သွားရင်း တွေ့ကြုံ ခဲ့ရတာတွေထဲက သတိရနေတဲ့ အကြောင်းအရာလေးကို ဥပမာအနေနဲ့ ရေးလိုက်ပါတယ်။



May 25, 2010

ဆယ်လယ်ဘု

“ဆယ်လယ်ဘု” ဆိုတာ ဂျပန်အသံထွက်ကို မြန်မာလိုရေးထားတာပါ။ အင်္ဂလိပ်လို celebrity/ celeb စကားလုံးကို ဂျပန်တွေဘယ်လိုသုံးပြီး ဂျပန်နိုင်ငံမှာ ဆယ်လယ်ဘုတွေကို ဘယ်လိုသတ်မှတ်ထားသလဲ ဆိုတာ ယေဘူယျ လေ့လာကြည့်မိပါတယ်။

January 27, 2010

အပြာကား လား၊ အ၀ါကား လား

လောကကြီးမှာ အရောင်တွေဟာ ရည်တွက်လို့မရနိုင်အောင်များပြားလှသလို အရောင်တွေကိုခေါ်ဝေါ်တဲ့ အမည်တွေကလည်း နိုင်ငံနဲ့ ဒေသအလိုက် အမျိုးမျိုးပါပဲ။

ဂျပန်နိုင်ငံမှာတော့ အမည်သတ်မှတ်ခေါ်ဝေါ်နိုင်တဲ့ အရောင်ပေါင်း ၇၀၀၀ကျော်ရှိတယ်လို့ဆိုပါတယ်။ အရောင်ဆိုတာ အရာဝတ္တုပစ္စည်းတွေရဲ့ အရောင်ကို ဖေါ်ပြရုံအတွက်သာမက၊ အခြား အင်အားနဲ့ အဓိပ္ပါယ်တွေပေးတဲ့ အလုပ်တွေလည်း လုပ်ဆောင်နိုင်ပါတယ်။ အရောင်နဲ့ တင်စားပြီး ပြောဆိုကြပါတယ်။ ဥပမာ-နီတာရဲလေး။ ရွှေဝါရောင် တော်လှန်ရေး။ ဖြူစင်မေတ္တာ ။ မျက်ထောင့်နီနဲ့ ကြည့်တယ်။ ဒါ့အပြင် အရောင်ကို ယောက်ျား၊မိန်းမ တွေကို ကိုယ်စားပြုအနေနဲ့ လည်းသုံးပါတယ်။ အများသုံးအိမ်သာတွေမှာ အမျိုးသား ဘက်ကို အပြာရောင်၊ အမျိုးသမီးဘက်ကို အနီရောင် (သို့) ပန်းရောင်တို့နဲ့ ရေးခြယ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေနဲ့ လိုက်ပြီး လည်း အရောင် ရဲ့ အင်အားနဲ့ အဓိပ္ပါယ်ကို တွေ့ရပါတယ်။ ဘာလွှမ်းမိုးမှု မှ မခံတဲ့ အင်အားကိုပြတဲ့ တရားသူကြီးများရဲ့ “အနက်ရောင်ဝတ်ရုံ”။ ဖြူစင်သန့်ရှင်းမှုကို ပြတဲ့ “အဖြူရောင် သတို့သမီးဝတ်စုံ” ။ ရဲစွမ်းသတ္တိကိုပြတဲ့ “အနီရောင်အလံ” ။ အားကစား ဘက်ကိုကြည့်မယ်ဆိုရင်လည်း အာရုံစူးစိုက်မှု အထူးလိုအပ်တဲ့ စားပွဲတင် တင်းနစ် နဲ့ တင်းနစ်ကုတ် တို့ကို အပြာနုရောင်သုံးကြကိုတွေ့ရပါတယ်။ အခြားတိုင်းပြည်နိုင်ငံတွေ မှာ သုံးတဲ့ အရောင်တွေ နဲ့ အဲဒီအရောင်တွေရဲ့ အဓိပ္ပါယ်ကို သိရရင် သူ့ရဲ့ယဉ်ကျေးမှုကိုလည်း သိမြင်နိုင်ပါတယ်တဲ့။ အပြာရောင်ကို အင်္ဂလန်နိုင်ငံမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ အဲဒါအပြင် တော်ဝင် အပြာ Royal Blue ဆိုတဲ့ အခေါ်အဝေါ်တောင် ရှိပါသေးတယ်။  အင်္ဂလိပ်တို့ ဟာ ပင်လယ်နဲ့ ဆက်စပ်တဲ့ ဘုရင်စံနစ်နိုင်ငံဖြစ်သလို ကမ္ဘာ့ပင်လယ်၇ခု(မြောက်ပိစိဖိတ် ပင်လယ်၊ တောင်ပိစိဖိတ်ပင်လယ်၊ မြောက်အတ္တလန်တိတ်ပင်လယ်၊ တောင်အတ္တလန်တိတ်ပင်လယ်၊ အိန္ဒိယပင်လယ်၊ အန္တာတိတ် ပင်လယ်၊ အာတိတ်ပင်လယ်) ကို အုပ်စိုးခဲ့ဘူးရတဲ့ အတွက်ကြောင့် ပင်လယ်ကို  ကိုယ်စားပြုတဲ့ အရောင် ဖြစ်တဲ့ အပြာရောင်ကို ဘုရင့်အခန်းအနား အပြင်အဆင်အရောင်အဖြစ်အသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။ ရုရှားနိုင်ငံမှာတော့ အနီရောင် ဟာ မြင့်မြတ်တဲ့အရောင်ဖြစ်ပါတယ်။ အနီရောင်ကို ခေါ်တဲ့ ရုရှားဘာသာက “ခုရားစနီး” ရဲ့ အဓိပ္ပါယ်က “လှပခြင်း” ဖြစ်ပြီး “အနီရောင် =လှပခြင်း” လို့ မှတ်ယူကြပါတယ်လို့ သိရပါတယ်။  ရုရှားနိုင်ငံရဲ့ နံမည်ကြော် “ရင်ပြင်နီ” ဆိုတာလည်း ရုရှားဘာသာနဲ့ ဆိုရင် “လှပသော ရင်ပြင်”လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ တရုပ်လူမျိုးတွေမှာတော့ အ၀ါရောင်ကို မင်းစိုးရာဇာရောင်အဖြစ်သတ်မှတ်ကြပါတယ်။ ဒါပေမယ့် တရုပ်လူမျိုးတွေအတွက် “အ၀ါရောင်” ဟာ နောက်ထပ် လုံးဝဆန့်ကျင်တဲ့ အဓိပ္ပါယ်အဖြစ်လည်း သုံးပါသေးတယ်။ ရမက်ဆန်ပြီး ချစ်ဗျူဟာခင်းတဲ့ ရုပ်ရှင်တွေကိုဖေါ်ပြလိုတဲ့အခါမှာလည်း အ၀ါရောင် ကိုသုံးပါတယ်တဲ့။


တရုပ်နိုင်ငံ 黄色電影 
အမေရိကန် Blue Film 
စပိန်နိုင်ငံ Cine Verde 
ဂျပန်နိုင်ငံ ピンク映画

အဓိပ္ပါယ် တူ ကိစ္စတစ်ခုကိုပဲ တိုင်းပြည်နိုင်ငံအလိုက် တင်စားမှတ်ယူတဲ့ အရောင်တွေကွဲပြားကြသလို ၊ အရောင်တွေကရယူတဲ့ အင်အားနဲ့ အဓိပါယ်ကလည်း အမျိုးမျိုးပါပဲ။ အခြားနိုင်ငံတစ်ခုမှာ အခြား အရောင်နဲ့ ခေါ်ဝေါ်တာများ လည်း နောက်ထပ်ရှိပါလိမ့်ဦးမယ်။



အပြာကား လားအ၀ါကား လား

ကိုးကား
http://www.tbs.co.jp/newsbird/lineup/tsukio/dr_tsukio20080523.html
http://image-search.yahoo.co.jp/search?p=blue+flim&ei=&b=2&d=24

December 22, 2009

Grass-eating boys

အသီးအရွက်စား အမျိုးသားများ

သူကတော့ အခုလူကြိုက်များနေတဲ့ တီဗီဇတ်လမ်းတွဲမှာ အသီးအရွက်စား အမျိုးသားအဖြစ်သရုပ်ဆောင်တဲ့ မင်းသား “ခိုအိကဲ အစ်ပေ့”ဖြစ်ပါတယ်။ သူကိုယ်တိုင်ကတော့ သူဟာ အသားစားအမျိုးသားလို့ ဆိုပါတယ်။
Grass-eating boys
ဂျပန်နိုင်ငံမှာပေါ်ပေါက်လာတဲ့ ဝေါဟာရဖြစ်ပါတယ်။ မူလဝေါဟာရများဖြစ်တဲ့ အသားစားသတ္တ၀ါ carnivorous အသီးအရွက်စားသတ္တ၀ါ herbivory တို့ကနေတဆင့် သတ်မှတ်ခေါ်ဆိုတာဖြစ်ပါတယ်။ တစ်ချို့ကတော့ ဂျပန်ဘာသာ “ဆိုးရှို့ကု ကဲ ဒန်းရှိ”(草食系男子)ကနေ တိုက်ရိုက်အဓိပ္ပါယ်ပြန်ပြီး အင်္ဂလိပ်ဘာသာနဲ့ grass-eating boys မြက်စားသောယောက်ျားလေးများ ရယ်လို့ပြောကြပါသေးတယ်။


စကားလုံးပေါ်ပေါက်လာပုံ
၂၀၀၈ခုနှစ်လောက်မှာ သတင်းလောကကနေ ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ယေဘူယျအနေနဲ့ “ ညှိနှိုင်းမှုစွမ်းရည်မြင့်မားပြီး မိသားစုဆန်တဲ့စိတ်ဓါတ်နဲ့ သဘောကောင်းကာ၊ အချစ်ရေးမှာတော့ သိပ်တက်တက်ကြွကြွမရှိလှသော အသက်၂၀မှ ၃၀၀န်းကျင် အမျိုးသားများ”ကို ဆိုလိုတာဖြစ်ပါတယ်။


သူ့ရဲ့ဆန့်ကျင်ဘက် အနေနဲ့ အသားစားအမျိုးသမီး (အစုံစားအမျိုးသမီး)ဆိုတဲ့ ဝေါဟာရလည်းပေါ်ပေါက်လာခဲ့ပေမယ့် ၂၀၀၉ခုနှစ်ရောက်လာတဲ့အချိန်မှာတော့ သတင်းစာအစောင်စောင်တို့ရဲ့ ယဉ်ကျေးမှု၊ မိသားစုအိမ်ထောင်ရေး ကဏ္ဍများမှာ အထူးဆောင်းပါးများအဖြစ် ဖေါ်ပြလာကြပါတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံခြားသတင်းလောကများဖြစ်တဲ့ CNN、ရိုက်တာ၊ ဆင်ဟွာသတင်းလောကမှာပါ ထုတ်လွှင့်ရေးသားဖေါ်ပြလာကြပါတယ်။


သတ်မှတ်ချက်
အသီးအရွက်စား အမျိုးသားများကို သတ်မှတ်ပုံကတော့ အဆိုရှင်များကိုလိုက်ပြီးအမျိုးမျိုးရှိပါတယ်။ အချစ်ကိစ္စနှင့် လိင်ကိစ္စများတွင် ဖူးစာမပါ၍မဟုတ်ပဲ မိမိကိုယ်တိုင်က စိတ်ပါဝင်စားစတင်မှုမရှိုခြင်း၊ ယခုခေတ် မှာ သဘောကောင်းပြီး နူးညံ့သိမ်မွေ့ယဉ်ကျေးတဲ့ အမျိုးသားများက ဆန့်ကျင်ဘက်လိင် (အမျိုးသမီများ)ကို လိုချင်တက်မက်မှုမရှိခြင်း၊ ဆန့်ကျင်ဘက်လိင်(အမျိုးသမီးများ)နှင့် တွဲဘက်ပေါင်းသင်းသော သဘောကောင်းသည့် သူများဖြစ်ကြတယ် လို့ ဖွင့်ဆိုကြပါတယ်။ ။ အသီးအရွက်စား အမျိုးသားများဟာ သဘောကောင်းကြင်နာတတ်ကြသော်လည်း၊ ယောက်ျားပီသမှု နှင့် ချစ်မှုရေးရာ၊များတွင် စိတ်ပါလက်ပါမရှိကြသလို တဘက်သားအားထိခိုက်နစ်နာစေခြင်းလည်းမရှိ မိမိတို့ကိုယ်တိုင်လည်း ထိခိုက်ခံစားလွယ်သူများလည်းမဟုတ်ကြပါတဲ့။


အလွတ်စုံစမ်းသုတေသနပြုခြင်းတစ်ခုကနေ တွေ့ရတဲ့ အချက်အလက်များအရ အမျိုးသား၄၀၀ယောက်မှာ် ၆၁%က အသီးအရွက်စား အမျိုးသားများဟုမိမိကိုယ်ကိုထင်ပြီး ၁၃%ကတော့ အမှန်တကယ် အသီးအရွက်စား အမျိုးသားအဖြစ် မိမိကိုယ်ကိုသတ်မှတ် ကြပါတယ်တဲ့။အဲဒီအချက်အလက်ကိုကြည့်မယ်ဆိုရင် အမျိုးသား၎ယောက်မှာ ၃ယောက်လောက်က အသီးအရွက်စား အမျိုးသားဖြစ်နေတာပါပဲ။

ဝေဖန်မှုများ
လူကို တိရာစ္ဆာန်နှင့် ဥပမာပေးခေါ်ဆိုတဲ့ မထေမဲ့မြင်ပြုခြင်းဟာ အမျိုးသားများကို ခွဲခြား ဆက်ဆံရာရောက်တယ်လို့ဆိုပြီး အမျိုးသားဝါဒီ masculism များက အပြင်းအထန် ဝေဖန် ကြပါတယ်။


လူ့ဘောင်လောကနောက်ခံ
အသီးအရွက်စားအမျိုးသားများနောက်ခံသမိုင်းကိုကြည့်မယ်ဆိုရင်လည်း အမျိုးသမီးဝါဒ တိုးတက်ထွန်းကားလာပေမယ့် အမျိုးသားရေးဝါဒ ကတော့ အသိအမှတ်ပြုသိပ်မခံရသလို ဂျပန်နိုင်ငံလူ့ဘောင်အသိုင်းအ၀ိုင်းမှာလည်း အမျိုးသားရေးဝါဒ ရယ်လို့ ပြသနာများလည်းမရှိခဲ့ ပြသနာရယ်လို့ မယူဆခဲ့ကြတာကလည်း ထိုအခေါ်အဝေါ်ဖြစ်ပေါ်လာစေ တဲ့ အကြောင်းပဲလို့ ဆိုကြပါတယ်။ အကယ်၍သာ အမျိုးသမီးထုတွေကို တိရိစ္ဆာန်နှင့် ခိုင်းနှိုင်းမယ်ဆိုရင် အမျိုသမီးဝါဒီများရဲ့ ပြင်းထန်စွာတုန့်ပြန်မှုသည် ယခုထက်ကြီးမားနိုင်တယ်လို့လည်းဆိုကြပါတယ်။



နိုင်ငံရေးသမားများ၏ အာရုံစိုက်ခြင်းကို လည်းခံရတယ် 

ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးသမားများ နှင့် အစိုးရအဖွဲ့အစည်းအရာရှိများကလည်း အသီးအရွက်စားအမျိုးသားများအပေါ် အာရုံစိုက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရရဲ့လမ်းစဉ်တွေ ချမှတ်အကောင်အထည်ဖေါ်ရာမှာ မအောင်မြင်တာ ကို အသီးအရွက်စား အမျိုးသားများကြောင့်လို့ လုပ်ပစ်ချင်လို့ပါတဲ့ ။ ဘယ်လိုလဲဆိုရင် ဥပမာ-ကလေးမွေးနှုန်းကျဆင်းလာရတာ ၁၉၉၀ခုနှစ်လောက်ကတည်းကပါ။ အဲဒါကို အစိုးရက သတင်းနဲ့စာနယ်ဇင်းလောကကို အသုံးပြုပြီး “ ကလေးမွေးနှုန်းကျဆင်းမှု = အသီးအရွက်စား အမျိုးသားများ၏ တာဝန်” ဆိုပြီး ပြည်သူလူထုကို တဘက်လှည့်နဲ့ နားသွင်းနိုင်ခဲ့ပါတယ်။ အဲဒါအပြင် အဝေးပြေးလမ်းမဖြတ်သန်းခနှုန်းကို အထူးလျှော့ချလိုက်လို့ လူတွေရထားကိုမသုံးပဲ အဝေးပြေးကားလမ်းကိုအသုံးများသွားကြပါတယ်။ အဲဒီတော့ ဂျပန်မီရထား (Japan Railways) ကိုအသုံးပြူသူ အများကြီးလျှော့ကျသွားပါတယ်။ ဒါကိုလည်း “အဝေးပြေးလမ်းမကြီးတွေဆိုတာ အသားစား အမျိုးသမီးများ ဖြစ်ပြီး၊ ရထားလိုင်းများဆိုတာ အသီးအရွက်စား အမျိုးသားများလိုပဲ” ဆိုပြီး ပြောဆိုပြန်ပါတယ်။
အခုလိုလူကို တိရိစ္ဆာန်၊ အရာဝတ္တုတွေနဲ့ ခိုင်းနှိုင်းပြောဆိုပြီး အသားစား အမျိုးသမီး၊ အသီးအရွက်စား အမျိုးသားရယ်လို့ သိမ်းကျုံးသတ်မှတ်တာကို လူမှုဆက်ဆံရေးပညာအရကြည့်မယ်ဆိုရင် လူတွေကိုယေဘူယျအမြင်တစ်ခုတည်းနဲ့ အမျိုးအစားခွဲခြားသတ်မှတ်ပစ်လိုက်တဲ့ “stereotype ” လို့ခေါ်တဲ့ အမြင်စောင်းခြင်းတစ်မျိုးပါဆိုပြီး တရားချသူတွေကလည်းရှိတယ်တဲ့။


ကျွန်မရဲ့အမြင်ကတော့ ဘာတွေဘယ်လိုပဲပြောပြော၊ ကမ္ဘာမှာ ဒီလိုစကားလုံးကို ဂျပန်နိုင်ငံက ပေါ်ပေါက်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ လူ့ဘောင်လောကပတ်ဝန်းကျင်ဟာ တစ်မျိုးဖြစ်နေတာကိုတော့ ငြင်းလို့မရနိုင်ပါဘူးဆိုတာရယ်။ ဘာကြောင့် ဒီလို လူ့ဘောင်ပတ်ဝန်းကျင်ဖြစ်လာရတာလည်းဆိုတာက ပိုပြီး စိတ်ဝင်စားစရာကောင်းနေမလား ဆိုတာပါ။


စာဖတ်သူအနေနဲ့လည်း ဒီအကြောင်းနဲ့ပါတ်သက်ပြီး တစ်စုံတစ်ခုတော့ တွေးမိမှာပဲလို့ ထင်ပါတယ်။

ကိုးကားစာမျက်နှာများ
http://smt.blogs.com/mari_diary/2009/11/grass-eating-boys.htm
http://news.xinhuanet.com/lady/2008-12/01/content_10438030.htm
http://eiga.com/buzz/20091213/2/

December 5, 2009

အသည်းစကား ပြောချင်တယ်

မြန်မာတို့ ၏ “ အသည်း”နှင့် ဂျပန်တို့၏ “အသည်း”


မြန်မာလို “အသည်း” ဆိုတဲ့ စကားလုံးဟာ အသုံးများပြီး ၊ အသံကြားတာနဲ့ စကားလုံးမူရင်းအဓိပ္ပါယ်
အပြင် တင်စားသုံးနှုန်းထားတဲ့ ဆိုလိုရင်းကို ခံစားလို့ရတဲ့ဝေါဟာရတစ်ခုဖြစ်ပါတယ်။

ကိုယ်ခန္ဒာအစိတ်အပိုင်းတစ်ခုအနေနဲ့ ပြောတဲ့အခါမှာ အသည်းကြီးရောဂါ၊ အသည်းရောင် အသားဝါ ရောဂါ ၊ စသည်ဖြင့်ပြောဆိုကြသလို၊ “ကိုယ့်အသည်းလေး” “သူ့ရဲ့ အသည်းလေး” “အသည်းကွဲ တိုးရစ်စ်ကြီး” “အသည်းမခွဲပါနဲ့” ဆိုပြီး လူတစ်ယောက်ရဲ့အရေးအကြီးဆုံး အမြတ်နိုးဆုံး အရာတွေကို ပြောချင်တဲ့ အခါ၊ စိတ်နှလုံး ခံစားချက် သဘောထားတွေကို ပြောတဲ့အခါမှာလည်း တင်စားသုံးနှုန်းကြပါတယ်။

ဒီနေရာမှာ ပြောချင်တာကတော့ ဂျပန်ဘာသာမှာ “အသည်း” ကို မြန်မာဘာသာလို ကိုယ်ခန္ဒာအစိတ်အပိုင်း အဖြစ်ကော တင်စားမှုအဖြစ်ပါ တစ်ခုတည်းသော ဝေါဟာရနဲ့ သုံးနှုန်းတာမတွေ့ရဘူးဆိုတာကိုပါ။
ဂျပန်ဘာသာနဲ့ သုံးနှုန်းပုံကို ဒီလိုတွေ့ရပါတယ်။

ခန္ဒာကိုယ်အစိတ်အပိုင်း “အသည်း”ကို ဂျပန်လို “ရှင်းဇိုး 心臓 ” လို့ခေါ်ပြီး ၊
တင်စားမှုအသုံးအနှုန်း “အသည်း” ကို တော့ အင်္ဂလိပ်လို heart ကိုသုံးတာကိုတွေ့ရပါတယ်။ ဂျပန်လိုအသံထွက်တဲ့ အခါ “ ဟားတို” လို့ဖြစ်နေပါတယ်။ အသည်းပုံ ဆိုတော့ “ဟားတို ဂါ့တာ” “ဂါ့တာ့” က “ပုံသဏ္ဍန်” ပေါ့။ နောက်တစ်ချက်ကတော့ အစားအသောက်တွေအနေနဲ့ ကြက်အသည်း ၀က်အသည်းကိုကျပြန်တော့ - အင်္ဂလိပ်လို liver ကို သုံးတာတွေ့ရပါတယ်။ ဂျပန်လို အသံထွက်တော့ “ရက်ဘား” လို့ ဖြစ်သွားပါတယ်။

ဂျပန်ဘာသာကတော့ ထုံးစံအတိုင်း စည်းကမ်းကြီးလိုက်တာလို့ ပြောရမလားပဲ ။ သတိထားပြီးပြောရတာများပါတယ်။ နေရာခွဲပြီးသုံးတယ်လေ။ ဥပမာ-ကြက်အသည်းကို “ချစ်ကင်း ဟားတို ” လို့ ပြောမယ်ဆိုရင် တစ်ခုခုမှားနေသလို ကြားလို့နားထဲမှာ နားထောင်လို့မကောင်းဘူးနော်။ “ကျွန်မရဲ့ ရှင်းဇိုး”လို့ပြောပြန်ရင်လည်း ၊ ကဗျာမဆန်ပဲ သွေးခုန်လည်ပတ်နေတဲ့ ရင်ဘတ်ထဲက နှလုံးပုံကြီးကို မြင်ရောင်မိတော့မယ်လေ။

ကျွန်မတို့မြန်မာဘာသာ နဲ့ “အသည်း”ကတော့ ဝေါဟာရ တစ်မျိုးတည်းနဲ့ အဓိပ္ပါယ်အမျိုးမျိုးဆောင်တဲ့ အပြင် နဂိုမူလ ဝေါဟာရ ဖြစ်တဲ့ ခန္ဒာကိုယ်အစိတ်အပိုင်း ရဲ့ အခေါ်အဝေါ်ကို ခန္ဒာကိုယ်အစိတ်အပိုင်း လောက် အရေးကြီးမှု နဲ့ တင်စားမှုအဖြစ်သုံးနိုင်တာကိုပါတွေ့ရလို့ ပြောရဆိုရတာ စိတ်ကျေကျေနပ်နပ်ရှိလှပါတယ်လို့ တွေးရင်း ဒီပို့စ်လေးကို ရေးလိုက်တာပါ။

ရင်ထဲမှာလည်း “အသည်း” ။ ချစ်ရသူကိုလည်း “အသည်း” ။ ဟင်းချက်စားတော့လည်း “ကြက်အသည်း” “၀က်အသည်း” အားလုံးတစ်မျိုးတည်း နဲ့ အဆင်ပြေတာကတော့ မြန်မာတို့ ရဲ့ “အသည်း ” လေး ပေါ့နော်။

စာဖတ်သူကော “အသည်း” နဲ့ ပါတ်သက်ပြီး ပြောစရာများရှိပါသလားရှင်။



ဓါတ်ပုံကိုကူးယူရာနေရာ
http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%83%8F%E3%83%BC%E3%83%88

October 5, 2009

ဝ၊၀၊

ပဟေဠိဆန်သော ဒီဇိုင်း
တစ်ချို. ဒီဇို်င်းနဲ. ဆိုင်းဘုတ်တွေကို မသိခင်မှာတော့ ဖတ်ပုံကတမျိုး သိပြီးသွားရင်တော့၊ အော်ဒီလိုလားလို.ဖြစ်ကြပါတယ်။ အခုပြောပြမယ့် ဆိုင်းဘုတ်ကိုတော့ ပထမမှားဖတ်သူအများစုကတော့ နိုင်ငံခြားသားနဲ.၊ အင်္ဂလိပ်လိုတတ်သောဂျပန်လူမျိုးတစ်ချို.တစ်လေက အများဆုံးမှားလေ့ရှိတယ် လို. လည်းသိရပါတယ်။ ပထမဦးဆုံးမှားဖတ်တဲ့အခါမှာ“ ဇီးရိုးဝမ်းဇီးရိုးဝမ်း” ဒါမှမဟုတ်ရင် “ဇီးရိုး အိချိ ဇီးရိုးအိချိ” လို. ဖတ်ကြပါတယ်။ ဆိုင်းဘုတ်က ဒီမှာပါ။

နောက်ဆိုင်းဘုတ်မှာသူ.ရဲ.နာမည်ကို အခုလိုရေးထားထာတွေ.ရပါမယ်။
ယူးရာ့ကုချိုးရပ်ကွက်မှာရှိတဲ. မာရုအိ ကုန်တိုက်ပါ။ မာရုအိကုန်တိုက်တွေက နေရာတောတော်များများမှာရှိပါတယ်။ သူ.ရဲ. ဆိုင်းဘုတ်လိုဂိုနဲ. ဖတ်နည်းကို မသိတဲ.လူကို ချိန်းမိရင် တော်တော်လေး အထင်လွဲစရာတွေဖြစ်ရပါတယ်။
အဖြစ်ကဒီလိုပါ။ ကျွန်မသူငယ်ချင်းတစ်ယောက် ဂျပန်လိုကောင်းကောင်းတတ်ပါတယ်။ သူက တိုကျိုကိုလာလည်တဲ.အချိန်မှာ ဂျပန်ဆရာတစ်ယောက်က သူ.ကို ယူရာ့ကုချိုးရပ်ကွက်မှာရှိတဲ. မာရုအိကုန်တိုက်ကို လာခဲ့ဘို.ချိန်းလိုက်ပါတယ်။ ဘူတာကထွက်တာနဲ. အဲဒီဆိုင်းဘုတ်ကို မြင်ရမယ်ပေါ.။
သူငယ်ချင်းကလည်းဂျပန်လို ကောင်းကောင်းဖတ်တတ်ပြောတတ်ဆိုတတ်တော့၊ လက်ကိုင်ဖုန်းတစ်လုံးနဲ. တစ်ယော်ထဲထွက်သွားပါတယ်။ နောက်သူငယ်ချင်းကပြန်ပြောတာကတော့ ဒီလိုပါ။
“ကေခိုင်လည်း ဘူတာကထွက်တာနဲ. ဆရာ့ကို ဖုန်းဆက်လိုက်တယ်။ ရောက်ပြီလို. ဒါပေမယ့် ဆရာပြောတဲ့ မာရုအိကိုတော့ မတွေ.ဘူး”
လို. အဲဒီတော့ ဆရာက “ အခုမင်းရဲ. ဘယ်ဘက်က ဘာ-- အဆောက်အဦ၊ ညာဘက်က ဘာ--”ဆိုပြီးရောက်နေတဲ့နေရာအနီးက မြင်သာထင်သာနေရာတွေကို မေးတော့တာပေါ့။
ဒါပေမယ့် ကေခိုင်ကလည်းပြောတာပေါ့ ၊ “အားလုံးတော့မှန်တယ်ဆရာ၊ မာရုအိ တော့မရှိဘူး”၊ ဒီတော့ဘာကုန်တိုက်တွေ.လည်းတဲ. ကေခိုင်ကပြန်ဖြေလိုက်တာပေါ့၊ “ ဇီးရိုး ၀မ်း ဇီးရိုး ၀မ်း” လို. ။
ဆရာက “ ဇီးရိုး ၀မ်း ဇီးရိုး ၀မ်း”တဲ့ ပြန်ပြောတယ်။
သေချာအောင် ကေခိုင်က နောက်တစ်ခေါက်“ဟုတ်တယ်ဆရာ၊ ဇီးရိုး အိချိ ဇီးရိုး အိချိ” လို.။
ဆရာ “ငါအခု မင်းစောင့်နေတဲ.နေရာကိုသိပြီ၊ အဲဒီမှာ အဲဒီအတိုင်း ခဏစောင့် ဖုန်းပြန်ဆက်မယ်တဲ.”
“သိလား၊မမွန်၊  ခဏကြာတော့ အနားကို ဆရာရောက်လာတယ်၊ ပြီးတော့ ဆိုင်းဘုတ်ကြီးကို လက်ညှိုးထိုးပြီး အဲဒါ မာရုအိ လို.ဖတ်တယ်တဲ့။ ပြီးတော့ မင်းပြောတာလည်း ဟုတ်တာပဲ။ ငါတို. ဂျပန်လူမျိုးတွေကလည်း ဘာလို. များ ခေါင်းစားစရာဆိုင်းဘုတ်ကို လုပ်ထားပါလိမ့်နော်။ မင်း ကို စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်တဲ့”
စာကြွင်း။  ။ ဂျပန်လို အ၀ိုင်းကို “မာရု ”လို.ခေါ်ပါတယ်။ ဂျပန်စာလုံး “ い ” “ အိ” ကို အင်္ဂလိပ်စာလုံးနဲ့ ဖေါ်ပြရင် i သို.မဟုတ် I နဲ. ဖေါ်ပြရေးသားလေ့ရှိပါတယ်။

September 7, 2009

အဓိပ္ပါယ်နဲ.၊အခေါ်အဝေါ်

အဓိပ္ပါယ်ကိုရှင်းပြမှာလား

အခေါ်အဝေါ်ကို သုံးမှာလား

ပီးခဲ.တဲ. တနင်္ဂနွေနေ. က ကျွန်မတို.မိသားစု(၃)ယောက်ကို မောင်တစ်ယောက်လိုခင်နေတဲ. မောင်ပေါ်လာ က တိုကျို၊ တကာ့ဒါနော့ဘာဘာ အရပ်မှာချိန်းပြီး  ထမင်းလိုက်ကျွေးပါတယ်။ သွားစားဖြစ်တဲ.ဆိုင်နံမယ်က “မိုင်ဆွန်ခ” လို. ခေါ်ပါတယ်။ ရှမ်းစားသောက်ဆိုင်ပါ အဲဒီဆိုင်က လက်ရာသိပ်ကောင်းပါတယ်။ စနေ၊တနင်္ဂနွေဆို လာစားတဲ.လူရော၊ လာသောက်တဲ.သူကော အပြည့်ပါပဲ။
အဲဒီနေ.က ကျွန်မတို.စားပွဲရဲ.ဘေးမှာတော့ သောက်လိုက်ပြောလိုက်နဲ. အရမ်းကိုရီရတဲ. အဖွဲ.တစ်ဖွဲ.ရှိပါတယ်။ သူတို.ရဲ. စကားတွေဘယ်လောက်အရှိန်တက်ပြီးရီရသလဲဆိုရင် ကျွန်မတို.စားပွဲက သူတို.ပြောတာကို လိုက်ရီနေမိပါတယ်။ သားလေးကလည်း စကားသိပ်နားမလည်သေးသလို မပြောလည်း ၊မပြောတတ်သေးပေမယ်. သူတို.ကိုပဲ ငေးမောနေပါတော့တယ်။ သူတို.ကလည်း သူတို.အချင်းချင်း အငြင်းအခုံ ဖြစ်ရင်၊သူတို.ချင်းပြောရာကနေ ကျွန်မတို. ဘက်ကိုလှမ်းပြီး စစ်ကူယူပါတယ်။
 သူတို.ပြောတဲ.စကားထဲမှာ “ဆိုဘာ့”ဆိုတဲ. ဂျပန်ခေါက်ဆွဲ ကို အင်္ဂလိပ်လိုကော မြန်မာလိုကော ရှင်းပြဘို. စကားလုံးမရှိဘူး ဆိုတာလည်းပါပါတယ်။ ဒီနေရာမှာတော့ သူတို.က ကျွန်မတို.ဘက်ကို စစ်ကူမတောင်းသလို၊ ကျွန်မလည်း ဘာမှ ၀င်မပြောနိုင်ပါဘူး။
အဲဒါကိုကြားပြီး ကျွန်မလည်း ဆက်စပ်ပြီး အတွေးတွေပေါ်လာပါတယ်။ တစ်ချို.ဂျပန်စကားမှာ သူ.ကို အဓိပါယ်ကို နားလည်အောင် သက်ဆိုင်ရာဘာသာနဲ. ဘာသာပြန်သော်လည်း မူလ ဂျပန်စကားအခေါ်အဝေါ်အတိုင်း ခေါ်ဝေါ် လိုက်မှ ပိုပြီး ဆိုလိုရင်းကို ထိရောက်တာမျိုး တွေလည်းရှိပါတယ်။ ဥပမာ၊ “နင်းဂျား” “တန်ပူရာ” “ ဆူရှီ” “ဆာရှိမိ” “ဟာရာ့ခိရိ” “ကီမိုနို” တို.လို အခေါ်အဝေါ်တွေဖြစ်ပါတယ်။ သူတို.ပြောတဲ. “ဆိုဘာ့”လည်းအဲဒီလိုပါပဲ။ အဓိပ္ပါယ် ကိုရှင်းပြတဲ.အနေနဲ. အင်္ဂလိပ်လို“ buckwheat ” မြန်မာလို“ ပန်းဂျုံ” ဆိုပြီး စကားလုံးတွေရှိပါတယ်။
အဲဒီလိုပဲ မြန်မာဘာသာမှာကော အဓိပ္ပါယ် ကို နားလည်အောင် သက်ဆိုင်ရာဘာသာနဲ. ဘာသာပြန်သော်လည်း မူလစကားလုံးကို သုံးမှ ပိုမိုပြီး ဆိုလိုရင်းကို ထိရောက်တာမျိုးတွေရှိတာကို စဉ်းစားကြည့်ပါတယ်။ လောလောဆယ်သတိရတာကတော့ “ဇော်ဂျီ” “ဘုရားကိုးဆူကပ်ခြင်း” “လုံချည်” ဆိုတာတွေပါ။
“ဇော်ဂျီ”ကို တော့ မြန်မာဖောင့် ကို ဒေါင်းလုပ်၊ လုပ်ချင်တဲ. နိုင်ငံခြားသားတွေကို မိတ်ဆက်ပေးပြောပြတဲ.
အခါမှာ ချက်ချင်းဆိုသလို သူတို.ပြန်မေးတတ်ကြတာက “ ဇော်ဂျီဆိုတာဘာအဓိပါယ်လဲ” ဆိုတာပါပဲ။ “ဇော်ဂျီ ဖေါင့် ”ကို တီထွင်ပြီး “ဇော်ဂျီ”လို. အမည်နာမ တတ်ပေးခဲ.ကြတဲ.သူတွေကို အမြဲတမ်း ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ တကယ်ကို မြန်မာဆန်ပြီး စိတ်ဝင်စားစရာကောင်းတဲ. နာမည်ကို ပေးခဲ.ကြလို.ပါပဲ။ (အထက်က “ဒေါင်းလုပ်” ဆိုတာကိုလည်း ဂျပန်ဘာသာမှာကော မြန်မာဘာသာမှာကော သူ.အတိုင်းသုံးကြတယ်နော်။ )
နောက်ဆုံးတစ်ခုအနေနဲ. “ဘုရားကိုးဆူကပ်ခြင်း” ဆိုတဲ. စကားလုံးနဲ.ပတ်သက်တဲ. အကြောင်းအရာလေး
တစ်ခုကို သတိလည်းရ ပြုံးလည်းပြုံးမိပါတယ်။ ကျွန်မ ရန်ကုန်မှာတုန်းက အလုပ်ထဲက သူငယ်ချင်းတွေနဲ. ပုဂံကိုဘုရားဘူးသွားတုန်းကပေါ.။ ဘုရားတွေမှာ ပုဂံရာဇ၀င်နဲ. ဘုရားတွေ ထုံးတမ်းစဉ်လာတွေကို ခရားရေလွှတ် တတွတ်တွတ်အင်္ဂလိပ်လိုနဲ. မြန်မာလို နှစ်ဘာသာနဲ.
ရှင်းပြတဲ. ကလေးလေးတွေကို အုပ်စုနဲ. တွေ.ပါတယ်။ သူတို.က ပထမ မြန်မာလိုဘာသာပြန်တော့ အဲဒါကို အင်္ဂလိပ်လိုလည်း ပြောပြအုံးလေဆိုတော့ အင်္ဂလိပ်လိုရှင်းပြနေတဲ့အထဲမှာ “ Nine Buddhas’s Evening party” ဆိုပြီး ပြောသွားပါတယ်။ အဲဒီတော့ အတူတူပါတဲ. သူငယ်ချင်း ယောက်ျားလေးတစ် တစ်ယောက်က “ ဟာ၊ မင်းကလည်းကွာ ငါတို. ဘုရားက ညစာမှ မစားတာ ဘာလို. Evening Party လုပ်ရမှာလဲကွလို.” ဆိုတော့ ကလေးခမျာ အကြပ်ရိုက်သွားခဲ့ပါတယ်။ သူ.ကိုလည်း သင်တဲ.လူက အဲလိုပဲ သင်ပေးထားတယ်လို.ဆိုပါတယ်။ ကျွန်မတို.မိန်းခလေးအုပ်စုကတော့ “ဟဲ.၊ ငရဲတွေကြီးကုန်ပါ့မယ်၊ နင်သိရင်လည်း ကလေးကို သေချာသင်ပေးလိုက်လေ” ဆိုပြီး ရီခဲ့ကြပါတယ်။




September 1, 2009

“ယူ နို မိ” နို.ဂျီးမ

တစ်ခါတစ်လေမှာ တစ်ချို.ဂျပန်စကားအသံထွက်တွေဟာ မြန်မာ လူမျိုးတွေအတွက် အဓိပ္ပါယ်တစ်မျိုးနဲ. သဘောပေါက်စရာ ဖြစ်နေတတ်ပါတယ်။ နမူနာအဖြစ် ကျွန်မကိုယ်တွေ. ဖြစ်ရပ်လေး(၂)ခုကို ဖေါက်သည်ချလိုက်ပါတယ်။

(၁) ယူနိုမိ

ကျွန်မရဲ.မိတ်ဆွေတစ်ယောက်က ဂျပန်ကိုရောက်လာခါစ ဂျပန်စကားလည်း သိပ်မကျွမ်းကျင်သေးတဲ. အချိန်မှာ သူက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူ. နံမည်က “ကို တရုတ်ကြီး” ပါ။ အလုပ်လုပ်တာ ဒုတိယမြောက်နေ.ပေါ့။ “ကို တရုတ်ကြီး”အလုပ်လုပ်နေတဲ.အချိန် ဆိုင်ကိုလာစားတဲ. ဧည့်သည်တစ်ယောက်က သူ.ကို မကြာခဏလှမ်းကြည့်တယ်လို.ဆိုပါတယ်။ ဒါနဲ. တစ်အောင့်ကြာတော့ “ကို တရုတ်ကြီး”အဲဒီဧည့်သည်နားကို ဖြတ်ပြီးသွားတဲ.အချိန်ဧည့်သည်က “ကို တရုတ်ကြီး” ကို အသာအယာလက်ကုတ်ပြီး ခေါ်ပြီး ဧည့်သည်က သူ.မျက်နှာသူ လက်ညှိုးထိုးကာ “ယူ နို မိ” လို. ပြောတယ်တဲ.။ ကျွန်မရဲ.မိတ်ဆွေ“ကို တရုတ်ကြီး” ကလည်း ဧည့်သည်မျက်နှာကိုသေချာကြည့်ပြီး ခေါင်းယမ်းလိုက်ပါတယ်။ ဒီတော့ ဧည့်သည်က သူ.ကို နောက်တစ်ကြိမ် သူ.မျက်နှာသူ လက်ညှိုးထိုးကာ “ယူ နို မိ” လို.ထပ်ပြောပါတယ်။ သူက ဒီတစ်ကြိမ်တော့ ဧည့်သည်မျက်နှာကိုနောက်ထပ်သေချာ ကြည့်ပြီး “ အိုင် ဒုန်. နိုး” လို. တစ်လုံးချင်းပြန်ပြော လိုက်ပါတယ်တဲ. ။ ချက်ချင်းဆိုသလိုပဲ ဧည့်သည်ရဲ. ဒေါသ၊ ဆိုင်ခေါင်းရဲ. တောင်းပန်သံ တွေနဲ. ခုနက “ယူ နို မိ” နဲ. “ အိုင် ဒုန်. နိုး” ဆိုတဲ.စကားတွေအပြင် နောက်ဆုံးမှာသူသိလိုက်ရတာကတော့ သူ.ကို အလုပ်ရှင်နဲ. ဆိုင်ခေါင်းက ဂျပန်စကားသေချာတတ်တော့မှ ဆိုင်ကိုပြန်လာအလုပ်လုပ်ဘို.ပြောပြီး အလုပ်ထုတ်လိုက်တယ်တဲ.။ ကိုတရုပ်ကြီးလည်း ပထမတော့ ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတာ လိုက်မမှီဘူးပေါ.။ နောက်မှသူ.ကို တစ်ဆိုင်တည်းအလုပ်လုပ်တဲ. မြန်မာတစ်ယောက်က ပြန်ရှင်းပြမှ သူလည်း ဇတ်လမ်းကို သဘောပေါက်တော့တယ်တဲ.။ အဖြစ်က ဒီလိုပါ၊ ဧည့်သည်ပြောတဲ. “ယူ နို မိ” ဆိုတာ ရေနွေးကြမ်းပန်းကန်လုံးကိုခေါ်တာပါ။ ဧည့်သည်က သူ.မျက်နှာသူ လက်ညှိုးထိုးတာက သူ.ကိုယ်သူရည်ညွှန်းတာပါ။ ဂျပန်လူမျိုးတွေက သူတို.ကိုယ်သူတို. လက်နဲ.ညွှန်ပြရင် မျက်နှာ(သို.) နှာခေါင်းနားပတ်ဝန်းကျင်ကို လက်ညှိုးနဲ. ညွှန်ပြတတ်ကြပါတယ်။ အဓိပ္ပါယ်ကတော့ သူ ရေနွေးကြမ်းပန်းကန်လိုချင်တယ်ဆိုတာပါ။ ဒါပေမယ့် ရေနွေးကြမ်းပန်းကန်ကို နောက်တစ်မျိုးအခေါ်အဝေါ် ဖြစ်တဲ. “အို ချာ့ ၀မ်း” လို. အလွတ်ကျက်ထားတဲ. “ကို တရုတ်ကြီး”လည်း “ယူ နို မိ”လို.နောက်တစ်မျိုးခေါ်တာကို ဘယ်သိပါ.မလဲ။ “ကို တရုတ်ကြီး”ထင်တာက ဧည့်သည်က သူ.ကိုယ်သူလက်ညှိုးထိုးပြပြီး You Know Me? “ ငါ.ကိုသိသလား”လို.မေးတယ်ထင်ပြီး မသိတဲ.အကြောင်းကို သေသေချာချာ I don’t know လို.ပြန်ဖြေခဲ.တာပေါ.တဲ.။
ဂျပန်ရေနွေးကြမ်း

ဒီအကြောင်းကို “ကို တရုတ်ကြီး” က ကျွန်မနဲ. သူငယ်ချင်းကေသီစိုးကိုရှင်းပြတော့ ကြံကြံဖန်ဖန် အဲလိုမျိုးဖြစ်ရလေရယ်လို “ကို တရုတ်ကြီး” ရဲ. အလုပ်ပြုတ်တာကို မေ့ပြီး ငိုအားထက်ရီအားသန်ဆိုသလို

သူငယ်ချင်းကေသီစိုးနဲ. အားရပါးရ ရီချလိုက်ကြပါတော့တယ်။



(၂)နို.ဂျီးမ

ကျွန်မရဲ.သူငယ်ချင်း စုမွန်နဲ.ဗညားတို. ဇနီးမောင်နှံနှစ်ယောက် ကုမ္ပဏီကိစ္စနဲ. စင်္ကာပူကနေ ဂျပန်မှာတစ်နှစ်လာအလုပ်လုပ်ကြပါတယ်။ သူတို.ရောက်ခါစမှာ သူတို.အတွက် လက်ကိုင်ဖုန်းလုပ်ပေးဘို. ဖုန်းဆိုင် ကို အတူသွားကြပါတယ်။ သွားခဲ.တဲ.ဖုန်းဆိုင်က ဖုန်းကုမ္ပဏီမျိုးစုံကဖုန်းတွေကို တစ်ဆိုင်တည်းမှာ ရနိုင်တဲ. ကိုယ်စားလှယ်ဆိုင်တစ်ခုကိုသွားခဲ.ကြတာပါ။ ဆိုင်မှာဖုန်းကိစ္စ အားလုံးပြီးတော. ဆိုင်ကအထွက်မှာ သူငယ်ချင်းစုမွန်ရဲ. အမျိုးသား “ဗညား ”က “မမွန် ကျွန်တော်တို. အခုဖုန်းလုပ်တဲ. ဆိုင်နံမယ်က ဘယ်လိုခေါ်လဲ” တဲ. ကျွန်မက “နို.ဂျီးမ” လို. ဖြေပါတယ်။ ဗညားက အာမေဋိတ်လေသံနဲ. “ခင်ဗျာ၊ နို.ဂျီးမ --ဟုတ်လား၊ ဆိုင်နံမယ်ကလည်းဗျာ ကြံကြံဖန်ဖန်၊ အဲဒါဘာအဓိပါယ်လဲဟင်” တဲ. ။ ကျွန်မက နို.ဂျီးမ ဆိုတာ ရိုးရိုးနံမည်ပါပဲလို.ပြောတော့။ သူက “အောင်မလေးဗျာ ရိုးရိုးနံမည်မို.လို.ပဲ။ ဆန်းဆန်းပြားပြားသာဆိုရင် ဘယ်လောက်တောင်ရှိမလဲဆိုတာ မတွေးဝံ.စရာပဲ”လို.ပြောပါတယ်။ ကျမလည်းသူဘာ့ကြောင့်အဲလိုပြောတယ်ဆိုတာ မသိပါဘူး ။ ဒါပေမယ့် အနားမှာရှိတဲ. ကျွန်မရဲ. ခင်ပွန်းနဲ. စုမွန်တို.က ဗညားနဲ.အတူ ရီကြပါတယ်။ မရီနိုင်တဲ. ကျွန်မကို စုမွန်က တိုးတိုးတိုးနဲ. အကျယ်တ၀န်.ရှင်းပြပါတယ်။ ကျွန်မလည်း စုမွန်ရဲ.စကားဆုံးမှ ဆိုလိုရင်းကို သဘောပေါက်ပြီး နောက်တတ်တဲ. ဗညားရဲ. စကားကို ရီရပါတော့တယ်။
                                                        အတွေးဖွ တဲ. နို.ဂျီးမ


အလုပ်ကြိုးစားနေသော ကိုတရုပ်ကြီး နဲ. ကနေဒါက ဗညားနဲ. စုမွန်ကို သတိရလျှက်

ဓါတ်ပုံများကူးယူရာနေရာ
http://ja.wikipedia.org/wiki/%E6%B9%AF%E3%81%AE%E3%81%BF
http://www.nojima.co.jp/