August 19, 2010

ဖိနပ်ဆိုပေမယ့်


အခုတလော မြင်ရတဲ့ ဖိနပ်တွေထဲက ကျွန်မအနေနဲ့ တစ်ခါမြင်တာနဲ့ စိတ်ထဲမှာ“ဒီလို ဖိနပ်မျိုးတော့ မရှိစေချင်ဘူး” လို့ စဉ်းစားမိတာတွေကတော့။


လူပုံနဲ့ ဖိနပ်။ စားစရာပုံနဲ့ ဖိနပ်တွေပါပဲ။
 

နိုင်ငံခေါင်းဆောင်တွေလည်းပါရဲ့၊


အသီးအနှံတွေကိုတော့  ဖိနပ်ချည်း မဟုတ်ပဲ စီးထားတဲ့ ခြေထောက်နဲ့အတူတွေ့ရရင် တမျိုးကြီးလို့ ထင်မိတယ်။

























ပုံတွေကို http://image-search.yahoo.co.jp/ ကကူးယူပါတယ်။

10 comments:

mabaydar88 said...

ညီမရေ..

အမြင်မတော်တာလေးတွေ ကိုလည်း ကြည့်သွားပါတယ်..။

မမြင်အောင်နေကြည့်ပေတော့.. စီးပွားရေးသမားကတော့ သိတဲ့အတိုင်း စိတ်ဝင်စားအောင် အမျိုးမျိုးလုပ် ဈေးခေါ်နေလေရဲ့.. (အထင်ပြောတာပါညီမရေ.. )..။

မဗေဒါ (၈၈)

khun said...

ခေတ်ရေစီးကြောင်းပေါ့ အစ်မရယ်...
ပြီးတော့ ခွန်တို့မြန်မာမှာက ငယ်ငယ်ကတည်းက စာတလုံးဘုရားတဆူ ဆိုပြီး ခေါင်းထဲရိုက်သွင်းခံထားရတာ စာရွက်ပေါ်တောင် ခွမကျော်ရဘူးလို့ သင်ခံထားရတာ။ စားစရာတွေ လူမျက်နှာပုံတွေကတော့ ပိုဝေးပေါ့။
ဒီမှာက အဲဒါမျိုးတွေမှ မရှိတာ။ လူကြိုက်များဖို့က အဓိကဆိုတော့.....................

Unknown said...

မမွန်ရေ

ဘုရားပုံ မုန့် ကျွပ်တွေ ကီးချိန်းတွေ တွေ့ တိုင်း စိတ်ထဲ မှာ ၀မ်းနည်းသလိုကြီး
ခုလည်း နာရာ နှစ် ၁၃၀၀ပြည့်ပုံဆိုရင်လည်း
ကြည့်လေ ဘုရားကြီးရယ်သမင်ရယ်နဲ့ နာမည်ကြီးတော့  ၂ခုစလုံးပါအောင်
ဘုရားရုပ်ထုပုံလေးကို သမင်ချို တတ်ထားတယ်
မမွန်ရယ် အမှတ်တရ သာဓတ်ပုံရိုက်လာရတယ်
စိတ်ထဲ တယ်လည်းမကောင်းလှဘူး

မြစ်ကျိုးအင်း said...

အိုဘားမားကြီးလည်း သူ့ပုံကို ဖိနပ်ပေါ်မှာ တွေ့လိုက်ရင် စိတ်မသက်မသာ ခံစားရမှာသေချာတယ်နော်..
နံမည်ကြီးတဲ့သူ့ဖြစ်ရတာလည်း မလွယ်ပါဘူး
စီးပွားရေးသမားတွေဟာ ပိုက်ဆံရဖို့တစ်ခုတည်းမကြည့်ဘဲ သင့်၏မသင့်၏ ကိုလည်း ချင့်ချိန်သင့်ပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အသီးနဲ့လုပ်တဲ့ ဖိနပ်တွေကတော့ မဆိုးလှပေမဲ့
လူတွေရဲ့ မျက်နှာပုံတွေနဲ့ဖိနပ်ကတော့ ဆိုးလွန်းတယ်
ကိုယ်ချင်းစာသင့်တယ် ထင်တာဘဲ..

သဒ္ဓါလှိုင်း said...

လူပုံတွေနဲ့ဖိနပ်ကိုကြည့်ရတာတော့တမျိုးကြီးပဲ.

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

ဟုတ်ပညီမ ရယ်

လူပုံ တွေနဲ့ ကတော့ ဆိုးလွန်းပါတယ်

ခင်တဲ့
ရွှေစင်ဦး

ကျော်နှင်းဆီလွင် said...

မရေ
လူပုံဖိနပ်တွေကြည့်အသဲယားမိပါတယ်
ဒါမျိုးလည်းရှိသေးသကိုးလို့
ခုမှပဲသိတော့တယ် :D

သူကြီးမင်း (တုံးဖလား) said...

တော်ပီ။ နာမည်ကြီးချင်တော့ဘူး။း))))

khin oo may said...

တစ်ချို့ကတော့ ကိုယ်မုန်းတဲ့သူကိုခြေဖဝါးမှာ နာမည်ရေးပြီးဖနောင့်နဲ့ပေါက်တတ်ကြသတဲ့.ကြောက်မက်ဖွယ်ဘဲ။