Showing posts with label ဂျပန်သတင်း. Show all posts
Showing posts with label ဂျပန်သတင်း. Show all posts

March 24, 2011

ဂျပန်မှာ ငလျင်ထူတယ်


သတင်းတွေကနေ ဟင်းသီးဟင်းရွက်နဲ့ ရေထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်း အနည်းငယ်တွေ့ရှိရကြောင်းသိရပါတယ်။ သို့သော်လည်း ကျမ္မာရေးထိခိုက်နိုင်တဲ့ အဆင့် မဟုတ်ဘူးလို့ဆိုပါတယ်။ 
မစိုးရိမ်ရဘူးဆိုသော်လည်း ခလေးတွေကို ရေသန့်ပုလင်းသာပေးသောက်နေကြတယ်

March 19, 2011

မြေလွှာအရည်ပျော်ခြင်း


ကျွန်မတို့ရပ်ကွက်ရေမလာတဲ့ အကြောင်းကို ပြောပြပါရစေ။

မြေလွှာအရည်ပျော်ခြင်း

March 17, 2011

လူများစွာရဲ့ သတင်းများစွာ


ဝေးရာကို ပြေးခွါသူများ
ဂျပန်ရောက် နိုင်ငံခြားသားအချို့ နဲ့ မြန်မာအချို့ က တိုကျိုမြို့မှထွက်ခွါပြီး ဂျပန်နိုင်ငံအလယ်ပိုင်းသို့တိမ်းရှောင်ခြင်း အမိမြေသို့ခေတ္တပြန်ခြင်းတွေများပြားလာပါတယ်။
ကျွန်မရဲ့ မိတ်ဆွေတရုတ်လူမျိုးများကတော့ ကုမဏီကိုခွင့်ယူပြီး နာဂိုယာကိုသွားကြပါတယ်။ နာဂိုယာမှာ တိန်းရှောင်နေပြီး အခြေအနေပိုဆိုးလာရင်တော့ နာဂိုယာလေဆိပ်ကနေ တရုတ်နိုင်ငံကို ချက်ချင်းပြန်ကြဘို့ပါ။ 
ရှီနာဂါဝါ ပြည်ဝင်ပြည်ထွက် ကြီးကြပ်ရေးရုံးရှေ့မှ ပြည်ပြန်ဝင်ခွင့်ဗီဇာယူကြသူ နိုင်ငံခြားသားများ

မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်း

ခန့်မှန်း၍ မရသော ဧရိယာအကျယ်အ၀န်းကြီးမားစွာဖြင့် မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်းထုတ်ပြန်
စက်မှုစီးပွါးကုန်သွယ်ရေးဝန်ကြီး ခိုင်းအိအယ်ဒါ့


အင်္ဂလန်အစိုးရရဲ့ ဖူကူရှီးမားဖြစ်ပွါးမှုအပေါ် ဝေဖန်သုံးသပ်ချက်


အင်္ဂလိပ်ဘာသာဖြင့်

ဂျပန်ဘာသာဖြင့်

March 16, 2011

အခု အရမ်းလှုပ်သွားတယ်

ထမင်းစားပြီးကာစ အချိန်။
လှုပ်လိုက်တာ။
ချက်ချင်းတော့ပြီးသွားတယ်။
ကြောက်စရာပဲ။

သားကို သတိရမိတယ်။
တော်သေးတယ် ၅အပျော့ဆင့်။



ဒုက္ခ နဲ့ ဒေါသ


ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်

 ဖူကူရှီးမားခရိုင် အဏုမြူစွမ်းအင်လျှပ်စစ်ဓါတ်အားပေးစက်ရုံ ၁ရဲ့ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁နှင့် ၃တို့ရဲ့ အအေးပေးကန်များပေါက်ကွဲပြီးနောက်ပိုင်း ထိုဒေသကနေ တဖြည်းဖြည်း ရေဒီယိုသတ္တိကြွရောင်ခြည်ပျံ့လွင့်တာတွေကို တိုင်းတာတွေ့ရှိလာရပါတယ်။
 

March 14, 2011

စိတ်လှုပ်ရှားဘွယ်ရာများ

ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း ဓါတ်အားပေးစက်ရုံ ၁ က အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်ရဲ့ အအေးပေးရေကန် ဟာ ၁၄ရက်နေ့ ၁၁နာရီလောက်မှာပေါက်ကွဲသွားခဲ့ပါတယ်။


စိုးရိမ်စရာတွေ


အခြေအနေတွေက ဆိုးဝါးလာတယ်လို့ပြောနိုင်ပါတယ်။


March 12, 2011

ရေမလာသေးပါ

မနေ့ညက အိပ်မပျော်ဘူးထင်ပေမယ့် စိတ်လှုပ်ရှားရပြေးရလွှားရလို့ပင်ပမ်းတာနဲ့ ကိုယ့်အိမ်ကအိပ်ရာလေးကို မိသားစု၃ယောက်အတူပြန်အိပ်ရတာရယ်ကြောင့် အိပ်ပျော်သွားတာ တစ်ရေးပါပဲ။ 


M8.8

အိမ်ကိုပြန်ရောက်ခဲ့ပါတယ်။ (လှုပ်တော့လှုပ်နေပါသေးတယ်)


November 26, 2009

သမတအိုဘားမား ဂျပန်ခရီးစဉ် ဂယက်-၃

နိုဝင်ဘာလ ၁၄ရက်နေ့က ဂျပန်နိုင်ငံခရီးစဉ်အတွင်း သမတအိုဘားမားက ဂျပန်ဘုရင်နှင့်တွေ့ဆုံတဲ့ အချိန်မှာ ဘုရင်ကို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်လို့ဆိုပြီး သမတအိုးဘားမားကို ဆန့်ကျင်တဲ့ဘက်က ရပ်တည်သော ဖေါ့ခ်စ် တယ်လီဗေးရှင်း အသံလွှင့်ဌာနအပါအ၀င် အမေရိကန်နိုင်ငံ ရှေးရိုး  ၀ါဒီတွေက ရှုံ့ချကြပါတယ်။


တရုတ်နိုင်ငံအင်တာနက်မှာဒီလိုရေးကြတယ်။ 
  ဒီသတင်းကို တရုပ်နိုင်ငံမှာ အင်တာနက်ပေါ်တင်တော့ “ အဲဒါ ဘာမကောင်းတာ ရှိလဲ” ဆိုပြီး မိမိတို့ရဲ့သဘောထားကို ကော်မန့်ပြန်တင်သူစာဖတ်သူတွေတွေက သိသိသာသာများပါတယ်တဲ့။ ကော်မန့်တွေထဲမှာ “ ဂျပန်ဘုရင်ဆိုတာ ဂျပန်လူမျိုးတွေအတွက် ကိုးကွယ်အားထားတဲ့ ခေါင်းဆောင်လေ။ ဂျပန်လူမျိုးတွေ လှိုက်လှိုက်လှဲလှဲတောင် ၀မ်းသာအောင် ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်နိုင်တာ ဘာပြဿနာမှ မရှိဘူး” ၊“ ကိုယ့်ထက် အသက်ကြီးတယ်လေ။ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက် တာ ဘာဆန်းလို့လဲ” ၊ “ သမတ အိုဘားမား အရှေ့ နဲ့ အနောက်ရဲ့ ဂါရ၀ပြုနည်းတွေကို ကောင်းကောင်းသိတာပြတာပေါ့၊ သူ့ရဲ့ ကိုယ့်ကိုကိုယ်နှိမ့်ချ တစ်ဘက်လူကို ရိုသေမှုပြတာပေါ့ ” ဆိုပြီး ရေးကြပါတယ်။ အမေရိကနဲ့ ဂျပန် အကြား အဆင်မပြေဖြစ်စေမယ့် အကြောင်းအရာကိုရေးကြတာလည်းတွေ့ ရပါတယ် ။ ဒါပေမယ့် ပြောလောက်အောင်ရှိလှပါဘူး။ “နည်းနည်းတော့ ပိုသွားတယ်” လို့ ပြော တဲ့သူနဲ့ အခုလို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆန့်ကျင်တာက မှ ပိုပြီး ရယ်စရာကောင်းတယ်လို့ သဘောထားတင်ပြသူတွေလည်း ရှိပါတယ်။


အမေရိကန် ဘလောက်ဂါကတော့ “သမတ အိုဘားမားရဲ့ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်မှု အမေရိကမှာ ပြဿနာ” လို့ ဆိုပြီး ဒီလို ရေးပါတယ်။ 
အခုလို အမေရိကသတင်းလောက က ဒီအကြောင်းကို ရေးကြီးခွင်ကျယ်နဲ့ စကားတစ်ခုလုပ်ပြီး ပြောကြတာကို ဆက်လက်ပြီး တင်ပြရရင် အမေရိကန် အေဘီစီ သတင်းဌာနရဲ့ ၀က်ဗ်ဆိုက်မှာတော့ ဆောင်းပါးရှင် Jake Tapper က ဂျပန်ဘုရင့်အိမ်တော်က မိတ်ဆွေနဲ့ ဒီကိစ္စကို စကားပြောခဲ့တာကို ရေးသားထားပါတယ်။ “သမတ အိုဘားမားရဲ့ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်မှုဟာ ဟိုအရင်က ဘယ်သူမှ မလုပ်ဘူးတဲ့ ကိစ္စလည်းမဟုတ်သလို၊ ယဉ်ကျေးမှုနဲ့ပါတသက်ပြီး ဘာအဓိပါယ်ကိုပေးတဲ့ နိမိတ်လက္ခဏာကိုမှလည်း မပြပါဘူး။ “၁၉၁၇ခုနှစ်က သမတ နယ်လ်ဆင်လည်း ရှောဝါ့ခေတ်ဂျပန်ဘုရင်က အမေရိကကို ပထမဦးဆုံးအကြိမ်လာရောက်ခဲ့စဉ်ု အလစကားပြည်နယ်မှာ တွေ့ဆုံတော့ ဂျပန်ဘုရင်ကို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်ခဲ့တာပဲ။ ဒါပေမယ့် သမတ နယ်လ်ဆင် ရဲ့ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်မှု ကိုယ်နေဟန်ထားက မှန်ကန်ခဲ့တယ်။ သမတအိုဘားမား ရဲ့ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်မှု ကိုယ်နေဟန်ထားကတော့ ဟိုးအရင် သမတ ဘွတ်ရှ် က ဂျာမဏီ ၀န်ကြီးချုပ် မယ်လ်ကဲလ် ရဲ့ ပခုံးကို ဖြစ်ညှစ်ခဲ့တဲ့ အဖြစ်အပျက်ကို သတိရစေပါတယ်။ ” လို့ ဆောင်းပါးမှာရေးသားထားပါတယ်။ “အမေရိကန် လို နိုင်ငံတစ်နိုင်ငံရဲ့ သမတ တစ်ယောက်အနေနဲ့ အဲဒီလောက် ခါးကုန်းစရာမလိုပါဘူး” ဆိုတဲ့ အတွေးအခေါ်မျိုးကို ဆိုလိုတဲ့ အရေးအသားကိုလည်း ဖေါ်ပြထားပါတယ်။ အမေရိကန် ဘလောက်ဂါတစ်ယောက် Rod ဆိုသူက “ သမတ အိုဘားမားက အင်္ဂလန်က ၀န်ကြီးချုပ်ကိုDVD ပို့တာတို့၊ ဘုရင်မကြီးကိုiPod ပို့တာတို့ လုပ်တယ်လေ။ ဒီလိုအပြုအမူ ဆောင်ရွက်ချက်တွေနဲ့ အခုတစ်ခါ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် သမတအိုဘားမားက အမေရိကန်ရဲ့ နိုင်ငံခြားဆက်ဆံရေး ပုံစံသစ် ကို ထွင်တာပဲလို့ ပြောမလား ၊ ဒါမှမဟုတ် ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမှုကိုနားမလည်တာပဲလား ” ဆိုပြီး သရော်ထားပါတယ်။

နောက်ထပ် တရုပ်ဘလောက်ဂါတစ်ယောက်က “သမတအိုဘားမား က ဂျပန်ဘုရင်နှင့်မိဖုရားတို့ကို ၉၀ဒီဂရီ နဲ့ ကိုယ်ကိုကိုင်းညွှတ် အရိုအသေပေးခြင်းဖြင့် ဖျော်ဖြေတင်ဆက်” ဆိုပြီးရေးတယ်။
  နိုဝင်ဘာလ ၁၄ရက်နေ့ည ဂျပန်ဘုရင်နှင့်မိဖုရားတို့ နှင့် အတူ နေ့လည်စာသုံးဆောင်ဘို့ အိမ်တော်ကိုရောက်ရှိလာတဲ့ သမတ အိုဘားမား ဟာ ဂျပန်ဘုရင်နှင့်မိဖုရားကိုတွေ့တာနဲ့ “ တွေ့ဆုံခွင့်ရတာ အလွန်ဝမ်းသာဂုဏ်ယူပါတယ်” လို့ ပြောရင်း လက်ဆွဲ နှုတ်ဆက်ကာ အကြိမ်ကြိမ် ဦးညွှတ်လိုက်ပါတယ်။ ဂျပန်ဘုရင်နှင့်မိဖုရားတို့ ကတော့ အပြုံးမျက်နှာနဲ့ ထွက်လာပြီး သမတ ကို ဆီးကြိုနှုတ်ဆက်ခဲ့ ကြပါတယ်။ ဘလောက်ဂါက သူ့ရဲ့ အမြင်ကို “ရိုမန်ဘုန်းကြီးကို ဂါရ၀ပြု အရိုအသေပေးတာက လွဲလို့ ။ နိုင်ငံခေါင်းဆောင်လောက်ကိုတော့ ပွေ့ဖက်နှုတ်ဆက် မယ်၊ ခေါင်းလေးဆတ်ပြီး နှုတ်ဆက်တာလောက်ကတော့ ပုံမှန်ပါ။ ဒါပေမယ့် ဘာဖြစ်လို့ ၉၀ဒီဂရီ နဲ့ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်မှု (အမြင့်ဆုံးရိုသေမှု ပြ) ကို လုပ်ရတာလဲ လို့ ရေးထားပါတယ်။ ဆက်ပြီး ဂျပန်သတင်းလောက က သမတရဲ့ (အမြင့်ဆုံးရိုသေမှု ပြ) ခြင်းနဲ့ ပါတ်သက်ပြီး ရေးထားတဲ့ “ နှစ်ပေါင်း၆၀ကျော်လောက်က ဟီရိုဟီတို ဘုရင်ကို အမေရိကန် စစ်ဗိုလ်ချုပ် မက်ခ်အာသာ ဒေါက်ဂလပ်စ် က ဂါရပြု တွေ့ဆုံချိန်မှာ လုပ်ခဲ့တဲ့ မာန်တက်နေတဲ့ အမူအရာနဲ့ က တော့ တခြားစီပါပဲ” ဆိုတာကို ဘလောက်ဂါက “ ဒါ လည်း မှန်တာပဲ ” လို့ ထောက်ပြထားပြန်ပါတယ်။ ဘလောက်ဂါပြောချင်တာကတော့ နိုင်ငံတကာဆက်ဆံရေးတွေမှာ အရိုအသေပေးမှု နဲ့ ဓလေ့ ထုံးစံတွေဟာ များလှပါတယ်။ အခုလို သမတအိုဘားမား ရဲ့ ထူးထူးခြားခြား အပြုအမူ က လူတွေအာရုံစိုက်ဘို့ဖြစ်သွားရတာကလည်း အမှတ်မထင်ပါ။ အထူးသဖြင့် အမေရိကန်နဲ့ ဂျပန်လို နှစ်နိုင်ငံ ကြားမှာဖြစ်တာကတော့ ဒီထက်ပို ဆိုဘွယ်ရာမရှိ တဲ့။ ၁၄ရက်နေ့ညနေမှာ သမတအိုဘားမား ဟာ မူလ အစီအစဉ်ကို ဖြတ်ချပြီး ဂျပန်ကနေ နောက်တစ်နေရာဖြစ်တဲ့ စင်္ကာပူကို ထွက်ခွါခဲ့ပါတယ်။ ဂျပန်ခရီးစဉ် က၂၄နာရီတောင်မပြည့်တာရယ် အိုကီနာဝါမှာ အခြေစိုက်စခန်းချထားတဲ့ အမေရိကန်ရေတပ် ပြောင်းသွားဘို့ ပြဿနာစေ့စပ်ညှိနှိုင်းမယ့် ပုံစံကိုမတွေ့ရလို့ ဂျပန်တွေက ကျေနပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရင်နဲ့ မိဖုရားကို ပြခဲ့တဲ့ သမတအိုဘားမားရဲ့ ပုံစံကိုတော့ ဂျပန်လူမျိုးအများစုက အကျေနပ်ကြီး ကျေနပ်နေမှာပါ လို့ ပြောထားပါတယ်။  
“သမတအိုဘားမား ရဲ့ အပြုအမူကိုဝေဖန်တာကမှ သိမ်နုတ်တဲ့စိတ်ကိုဖေါ်ပြတာပေါ့ ” လို့ ဆိုတဲ့ နယူးစ်ဝိခ် ရဲ့ ဆောင်းပါးတစ်ပုဒ်မှာရေးထားတာပါ။
ဂျပန်နိုင်ငံကိုအလည်လာစဉ်အတွင်း ဂျပန်ဘုရင် ကို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်တဲ့ သမတအိုဘားမား အတွက်နဲ့ အမျိုးမျိုး ပြောကြဆိုကြတာတွေကိုတွေ့ရလို့ ကြောက်တောင်ကြောက်မိပါတယ်။ ဒီအပြုအမူ နဲ့ပါတ်သက်ပြီး ဒေါသအိုးပေါက်ကွဲတဲ့သူတွေက သမတအိုဘားမားရဲ့ အပြောအဆို အပြုအမူတွေကို မကျေနပ်မှုနဲ့ သူ့ဘ၀ကိုကျင်လည်နေရသလို အဲသလောက်အထိလည်းပြောဆိုဝေဖန်ကြတာ လို့ပဲတွေးလိုက်မိပါတော့တယ်။ တစ်ဘက်ကလည်း ဦးညွှတ်အရိုအသေပြုတယ်ဆိုတာဟာ အဓိပါယ်မရှိဘူးလို့ တွေးတဲ့သူတွေဟာလည်း သမတအိုဘားမား ကိုလည်း ဒီလောက်စိတ်မ၀င်စားကြပြီး အရေးတောင်မလုပ်ကြသူတွေပေါ့။ ကျွန်တော့်အနေနဲ့လည်း ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်တာလေးနဲ့ ဒီလောက် ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုပါဘူးဆိုပြီး အတတ်နိုင်ဆုံး ဒီကိစ္စကို ၀င်မပါခဲ့ပါဘူး။ နိုင်ငံခြားသား လူကြီးလူကောင်း တစ်ယောက်ကို အမေရိကန်သမတတစ်ယောက်က ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်တာ သမတအိုဘားမားက ပထမဦးဆုံးသူလည်းမဟုတ်ပါဘူး။သမတ ဘီလ်ကလင်တန်လည်း ဘုရင်အာကီဟီတို ကို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်တဲ့ အပြင်၊ သမတ ရစ်ချပ် နစ်ဆင်လည်း အဲဒီဘုရင်ရဲ့ အဖေ ဘုရင်ဟီရိုဟီတို ကို၊ အမေရိက သမတ ၃၄ယောက်မြောက် ဒွိုက် ဒေးဗစ် အက်ဆင်ဟွာ Dwight David Eisenhower လည်း ပြင်သစ်သမတ ချားလ် ဒီ ဂေါလ် ကို Charles André Joseph Pierre-Marie de Gaulle ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်ခဲ့ ကြတာပါပဲ။ သူတို့ က အဲဒီလို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်တာနဲ့ ကမ္ဘာမှာ အမေရိကန်ရဲ့ အဆင့်က မော်ကွန်းတင်လောက်အောင် ချိနဲ့ သွားမှာလည်း မဟုတ်၊ အခုလည်း အဲလိုဖြစ်မသွားဘူးမို့လား။ သမတရဲ့ တိကျမှန်ကန်တဲ့ ဓလေ့ထုံးစံကျမှု နဲ့ သူ့ရဲ့ ကြီးမားတဲ့ ရပ်တည်မှု ကို ပေါင်းစပ်လိုက်လို့ အထင်ကရဖြစ်သွားတာတစ်ခုပါ။ ယနေ့ အမေရိကန်နိုင်ငံကြီးက သက်ကြီးရွယ်အိုဘုရင်တပါးကို ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်လိုက်လို့ တော်တော် စိုးရိမ်စရာတွေဖြစ်သွားလောက်အောင် ကမ္ဘာမှာ အမေရိကန်နိုင်ငံရဲ့ ရပ်တည်မှုက စိုးရိမ်စရာအခြေအနေရောက်နေပြီလား လို့ ပဲ ကျွန်တော်တွေးလိုက်မိပါတော့တယ်။ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး အငြင်းပွါးချင်သပဆိုရင် ဘာမှ အဓိပါယ်မရှိတဲ့ “နိုင်ငံခြားခေါင်းဆောင်တစ်ယောက်ကို အရိုအသေပေးတာများသွားတဲ့ အမူအရာလေးကို ပျော့ညံ့တာကို ပြတာပဲဆိုပြီး သရော်ဝေဖန်၊ ကြတယ်။ လိုအပ်တာက ရုပ်ဆွအဆုံး အခြေအမြစ်ရှိတဲ့ ဆုံးဖြတ်ချက်နဲ့ ခိုင်မာတဲ့ နည်းဗျူဟာ ကိုတွေ့ပြီး ငြင်းခုန်ကြရမှာလေ။ ကျက်သရေဆောင်အဖြစ်ရပ်တည်ရုံသာရှိတဲ့ ဘုရင်တစ်ပါးကို ဦးညွှတ်အရိုအသေပေးပုံပေးနည်းကို အကြောင်းရှာပြီး ငြင်းရမှာမဟုတ်ဘူးလေ။ ဦးညွှတ်အရိုအသေ ပြုနှုတ်ဆက်ကို ဝေဖန်ကြတာ လုပ်ဇတ်နည်းနည်း ထဲ့ထားသလိုဖြစ်မနေဘူးလား ။ အမေရိကန်နိုင်ငံရဲ့ အနှစ်သာရ ဆိုတာ တကယ်ရှိနေတာထက်တောင် ပေါ့လျော့လှပါတယ်လို့ ကမ္ဘာ ကို ထင်ဟပ်ရုံပဲ ရှိတော့ မပေါ့။


စာကြွင်း ။ ။ ဂျပန်ပြည်တွင်းမှာတော့ ဘယ်သူမှ ဒီကိစ္စကို အဲဒီလောက်တောင် “ဆိုးသည်၊ ကောင်းသည် ”မပြောဆိုကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိန်းခွန်းတွေကို အလွတ်ကျက်ပြီး ရေခဲမုန့်စားနေရတော့ မအားဘူးလေ။

ကိုးကားစာမျက်နှာများ
http://news.goo.ne.jp/article/newsweek/world/newsweek-2009111814557.html?fr=rk http://news.searchina.ne.jp/disp.cgi?y=2009&d=1115&f=national_1115_004.shtml http://news.searchina.ne.jp/disp.cgi?y=2009&d=1117&f=national_1117_025.shtml
http://www.afpbb.com/article/politics/2664517/4921731 http://news24.jp/articles/2009/11/17/10147975.html

November 21, 2009

သမတအိုဘားမား ဂျပန်ခရီးစဉ် ဂယက်-၂

အခုဂျပန်မှာ အရောင်းရဆုံး အင်္ဂလိပ်စာ လေ့လာစရာ စာအုပ်ကိုပြပါဆိုရင် သမတအိုဘားမား ရွေးကောက်ပွဲအတွင်းက မိန့်ခွန်းများနဲ့၊ မိန့်ခွန်းပေါင်းချုပ် စာအုပ်တွေပါပဲ။ 

သမတအိုဘားမား ရဲ့ ပြီးခဲ့တဲ့   ဂျပန်ခရီးစဉ်နောက်ပိုင်းမှာတော့ အွန်လိုင်းမှာ ဒီအကြောင်းတွေက ပိုပြီး ပလူပျံသလို ပေါ်ထွက်လာပါတယ်။ဂျပန်တွေရဲ့ အာရုံစူးစိုက်မှုထက် အမေရိကန်အပါဝင် အခြားနိုင်ငံများက ပါ ဒီကိစ္စကို သတိပြုမိလာပါတော့တယ်။ 



အင်္ဂလိပ်စာ လေ့လာစရာစာအုပ်ရောင်းကောင်းတယ်ဆိုရင် အုပ်ရေ ၄သိန်းပါ။ ဒါပေမယ့် အခုအဲလို မဟုတ်ပါဘူး။ သမတအိုဘားမားမိန့်ခွန်းကို အကြောင်းပြုပြီးထုတ်တဲ့စာအုပ်ဆိုလို့ကတော့ အဲဒီ အုပ်ရေထက်ကို ကျော်သွားပါပြီ။ နောက် အင်တာနက်စာမျက်နှာများပေါ်မှာလည်း သမတအိုဘာားမားနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စာ လေ့လာစရာ ၀က်ဗ်ဆိုက်တွေကလည်း အများကြီးရှိပါတယ်။


သမတအိုဘားမားမိန့်ခွန်းများကို ဂျပန်ဘာသာနှင့် ရှင်းပြထားသော ၀က်ဗ်ဆိုက်သင်ခန်းစာများ ။၂၀၀၉၊၁၁။၁၅ တိုကျို စမ်တိုရီ ဟော်တယ်တွင်မြွက်ကြားခဲ့သော မိန်းခွန်း ဂျပန်ဘာသာပြန် ၊ အိုဘားမားရဲ့ အင်္ဂလိပ်စာကိုလေ့လာကြပါစို့ ၀က်ဗ်ဆိုက် ၊ ရာဟူး အွန်လိုင်းဈေးဝယ်ခြင်းဖြင့် ၀ယ်နိုင်တဲ့ ALC company ထုတ် အိုဘားမား အင်္ဂလိပ်စာ စာအုပ်များ ၊ အမေဇုံ အွန်လိုင်းကနေရောင်းတဲ့ အိုဘားမားနှင့်ဆိုင်သော အင်္ဂလိပ်စာ စာအုပ်ပေါင်း ၄၂အုပ်၊

သမတအိုဘားမား ရဲ့မိန့်ခွန်းတွေကို အင်္ဂလိပ်စာလေ့လာဘို့အတွက် ဖတ်စာအုပ်များ CD၊DVDနဲ့ အင်တာနက်အွန်လိုင်းပေါ်က ၀က်ဗ်ဆိုက်များဟာ အခုဆိုရင် ဂျပန်မှာ အများအပြားကို ပေါ်ထွက်တဲ့ အပြင်၊ ရောင်းအားနဲ့ လူကြိုက်များမှု ကလည်း များသထက်များလို့လာနေပါတယ်။ ဂျပန်နိုင်ငံ က သမတအိုဘားမားလူကြိုက်များမှုကို အမေရိကန်နိုင်ငံမှာ ဂျပန်နိုင်ငံနဲ့ပါတ်သက်ပြီး စကားပြောရင် အဲဒီအကြောင်းက မပါရင်မပြီး ဆိုသလို။ နယူးယောက် တိုင်းမ်စ် သတင်းစာမှာ “သမတအိုဘားမား ၊ ဂျပန်မှာတော့ အင်္ဂလိပ်စာ ဆရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတောင်ပါလာပါတယ်တဲ့။ ဆောင်းပါးမှာဖေါ်ပြထားတာကတော့ “ဂျပန်နိုင်ငံ မှာ ထုတ်ဝေရောင်းချတဲ့ CDပါတဲ့ သမတအိုဘားမားမိန့်ခွန်းစာအုပ်တွေရဲ့ ရောင်းအားဟာ အုပ်ရေ၊ ၅သိန်းကျော်လောက်ထိ ရှိတဲ့အပြင်၊ သမတအိုဘားမားကို အကြောင်းပြုပြီး ထုတ်ဝေရောင်းချတဲ့ အင်္ဂလိပ်ဘာသာလေ့လာစရာ အခြား စာအုပ်များ ကိုလည်း ရှိပါသေးတယ်။ သမတအိုဘားမား ဟာ၊ ပြောမယ်ဆိုရင် ဂျပန်မှာ အင်္ဂလိပ်စာ ဆရာအဖြစ်နဲ့ ရပ်တည်မှု ကိုပါ ရယူထားတယ်လို့ ပြောနိုင်ပါတယ်” တဲ့။


ဂျပန်မှာ အင်္ဂလိပ်စာဆရာလုပ်တဲ့ အမေရိကန်လူမျိုး Geoff Dean က သူ့ရဲ့ Top Secret ဘလောက်မှာ အဲဒီအကြောင်းတွေကိုရေးသားထားပါတယ်။  သူ့ရဲ့ အင်တာဗျုးတစ်ခုမှာလည်း “ဂျပန်မှာ အိုဘားမားနဲ့ပတ်သက်တဲ့ အင်္ဂလိပ်စာလေ့လာတဲ့ စာအုပ်နဲ့ စီဒီတွေ အလွန်ကို ရောင်းရပါတယ်။ လေ့လာစရာစာအုပ်စာတမ်း စီဒီတွေနဲ့ စာမေးတဲ့ သူတွေလည်း တော်တော်များတယ်။ သမတကျမ်းသစ္စာ ကြိမ်ဆိုတဲ့ မိန်းခွန်းကို အလွတ်ကျက်တဲ့ သူတောင်ရှိတယ်ဗျာ” “ စိတ်ဝင်စားစရာကောင်းတာက သမတဘွတ်ရှ်၊ သမတဖြစ်တာ ဘယ်သူမှ ဘွတ်ရှပ်ရဲ့မိန်းခွန်းကို အင်္ဂလိပ်စာလေ့လာဘို့ရယ်လို့ တစ်ယောက်မှမရှိခဲ့ပါဘူး။ပြောကြမယ်ဆိုရင် ဘွတ်ရှ်ရဲ့ အင်္ဂလိပ်စာကမှ ပိုပြီး မိခင်ဘာသာစကားကို ပြောနိုင်တယ်လို့ ဆိုရမှာလေ။ မတတ်နိုင်ဘူးဗျာ ၊ ဘယ်လိုလုပ်မလဲ”


ကိုးကားစာမျက်နှာ
http://nothingbutthespin.wordpress
http://nothingbutthespin.wordpress.com/2009/10/13/obama-is-japans-best-english-teacher/

သမတအိုဘားမား ဂျပန်ခရီးစဉ် ဂယက်-၁

အမေရိကန်သမတ အိုဘားမား ရဲ့ ပထမဦးဆုံးအကြိမ်သမတရဲ့သမိုင်းဝင်အာရှခရီးစဉ်အဖြစ် ၊ 

ဒီလ၁၂ရက်နေ့ကနေ ၁၉ရက်နေ့အထိ ဂျပန်၊ စင်္ကာပူ၊ တရုတ်၊ကိုရီးယားနိုင်ငံတို့ကို လှည့်လည်ခဲ့တဲ့ အထဲက ဂျပန်နိုင်ငံကိုလာသွားတဲ့ ခရီးစဉ်နဲ့ပါတ်သက်ပြီး အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံ တို့မှာ ဂယက်ရိုက်မှု ၃ခုရှိခဲ့ပါတယ်။ 
သမတအိုဘားမား နဲ့ မာ့ချာ့ ရေခဲမုန့် ဂယက်-၁။
သမတအိုဘားမား တဖြစ်လဲ အင်္ဂလိပ်စာဆရာ ဂယက်-၂။
သမတအိုဘားမားနဲ့ ဦးညွှတ်အရိုအသေပေးခြင်း ဂယက် -၃။

ပထမဦးဆုံးမိတ်ဆက်ပေးချင်တဲ့ ဂယက်ကတော့ သမတအိုဘားမား နဲ့ မာ့ချာ့ ရေခဲမုန့် ဂယက် ပါ။ 

သမတအိုဘားမားက ဂျပန်ခရီးစဉ်အတွင်းသူ့ရဲ့မိန့်ခွန်းထဲမှာ ငယ်စဉ်က မိခင်နဲ့အတူ ကာမာ့ကူရာ့ ဘုရားကြီးရှိရာကိုရောက်ဘူးခဲ့ကြောင်းကို အခုလိုပြောခဲ့ပါတယ်။ “အခုထက်ထိမမေ့နိုင်တာက ငြိမ်းချမ်းလှတဲ့ အဲဒီဘုရားကြီး ကို မော့ကြည့်ဖူးမြော်ခဲ့ပါတယ်။ အဲဒီထက် ကျွန်တော့ကိုပိုပြီး စွဲဆောင်ခဲ့တာကတော့ အဲဒီနေရာမှာ ကျွန်တော့အမေ၀ယ်ကျွေးခဲ့တဲ့ မာ့ချာ့ရေခဲမုန့် ဖြစ်ပါတယ်” လို့ အရွှန်းဖေါက်လိုက်တာ မိန့်ခွန်းနားထောင်သူများအပါအ၀င်၊ ဂျပန်လူမျိုးများကတော့ အလွန်သဘောကျသွားကြပါတယ်။ အဲ့ဒီမိန့်ခွန်းပြောပြီးလို့ ညဘက် ၊ ဂျပန်ဝန်ကြီးချုပ် ဟာ့တိုယာမာ့ ကတည်ခင်းတဲ့ ညစာစားပွဲမှာ မာ့ချာ့ရေခဲမုန့်ကို ချက်ချင်းထည့်သွင်းဧည့်ခံခဲ့ပါတယ်။ နောက်နေ့ကစပြီး ရေခဲမုန့်ဆိုင်တွေမှာ မာချာ့ရေခဲမုန့်တွေ အရောင်းသွက်ခဲ့ပြီး အထူးသဖြင့် ကမ္ဘာလှည့် ခရီးသည်များနဲ့ဂျပန်လူမျိုးအများလည်ပတ်ရာနေရာ ခရီးသွားလည်ပတ်စရာ နေရာတစ်ခုဖြစ်တဲ့ ကာမာ့ကူရာ့ဘုရားကြီးရှိရာအရပ်က ရေခဲမုန့်ဆိုင်တွေ အလွန်ကိုရောင်းကောင်းခဲ့ပါတယ်။ 

အဲဒီအရပ်ကရေခဲမုန့် ဆိုင်ပိုင်ရှင်တစ်ဦးက “ပုံမှန် အရောင်းရဆုံးက ဗနီလာ ရေခဲမုန့်ပါ။ ဒါပေမယ့် သမတအိုဘားမားမိန့်ခွန်းကြောင့် မာ့ချာ့ရေခဲမုန့်တွေ လက်ကျန်မရှိအောင်ရောင်းရပါတယ်။ ဒီအရပ်မှာ ရေခဲမုန့် ဆိုင်တွေကအများကြီး၊ သမတအိုဘားမားကလည်းကလေးအရွယ်ဆိုတော့ ရောင်းသူတွေကလည်း သမတအိုဘားမား၊ကိုယ့်ဆိုင်လာဘူးတယ် မလာဘူးဘူးဆိုတာမသိပါဘူး။ အဲလိုဆိုတော့ ဆိုင်တိုင်း ၊ ဟိုဆိုင်လားဒီဆိုင်လားမသိ ၊ အကုန်လုံးရောင်းကောင်းကြပါတယ်” တဲ့။ 



မာ့ချာ့ ဆိုတာကတော့ ဂျပန်ရေနွေးကြမ်း စိမ်းစိမ်း ဖြစ်တဲ့ လဘက်ခြောက် ကိုပြောတာပါ။လဖက်ခြောက်နဲ့လုပ်ထားလို့ ခါးခါးစိမ်းစိမ်းကြီးလို့ ထင်စရာပါ။ ဒါပေမယ့် ဖက်ဖူးရောင်နုနု နဲ့ စားလိုက်ရင် ဖန်သလိုနဲ့ချို တစ်ခါစားပြီးလို့ကတော့ နောက်တစ်ခါမြင်ရင် သားရေယိုစရာ အရသာမျိုးပါ။ ဂျပန်လိုကတော့ ဗူးနဲ့ထဲ့ရောင်းတာ အထုပ်နဲ့ရောင်းတာကို “မာ့ချာ့အိုက်စ် ”၊ ရေခဲမုန့် ကတော့ခွက်နဲ့ရောင်းတာကို တော့ “ မာ့ချာ့ ဆော့ဖ်ကရင်မ် ”လို့ခေါ်ပါတယ်။ ကြုံလို့ကတော့ အမြီးသဘောစမ်းစားကြည့်ပါ။ 

လုံးဝကြိုက်သွားပါလိမ့်မယ်။ ဂျပန်ရေနွေးကြမ်းခါးခါးကို ငြင်းပယ်သူတွေတောင် မာ့ချာ့ ရေခဲမုန့်ကို စားဘူးရင် ကြိုက်သွားကြပါတယ်။ ပြောဘို့တောင်မေ့နေတယ် ၊ လဘက်ရဲ့ ထူးကဲတဲ့ အနံ့ရယ် ရေခဲမုန့်ရဲ့အမွှေးနံ့လေးရယ်ပေါင်းပြီး စွဲမက်စရာစားချင်ဘွယ် အနံ့လေးရှိပါတယ်။

ဓါတ်ပုံများကူးယူရရှိရာနေရာများ http://image-search.yahoo.co.jp http://item.rakuten.co.jp/honjien/10000330/

September 5, 2009

ကိုကိုက “ ဂြိုလ်သား ” “ကျွန်မက သောကြာဂြိုလ်ကိုရောက်ဘူးသူ ”




ကိုကိုက “ ဂြိုလ်သား ” “ကျွန်မက သောကြာဂြိုလ်ကိုရောက်ဘူးသူ ”

ဂျပန်နိုင်ငံရဲ.နောက်တက်မည့် ၀န်ကြီးချုပ်ဟာ မိန်.ခွန်းအပြောအဆိုတွေက အလွန်အင်မတန်မှ ငြီးငွေ.ဘွယ်ပျင်းစရာကြီးလို.လူသိများပေမယ်. သူ.ရဲ.ဇနီးဖြစ်သူ မိယုကိစံကတော့ သူနဲ. တခြားစီပါပဲတဲ.။
မိယုကိစံရဲ.ထူခြားတဲ.အပြောအဆိုများကိုကောက်နှုတ်ပြီး “ ၀ိဥာဉ်တခု အာကာသာယဉ်ပျံစီးပြီး သောကြာဂြိုလ်ကိုရောက်ရှိခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ. မိယူကိစံအကြောင်းကို အေပီသတင်းဌာနက စက်တင်ဘာလ(၃)ရက်နေ.ထုတ်သတင်းမှာ ဖေါ်ပြထားပါတယ်။ ဂျပန်ရိုက်တာသတင်းဌာနကတော့ “နောက်တက်မယ့် ဂျပန်ဝန်ကြီးချုပ်ရဲ. နံမည်ပြောင်က “ဂြိုလ်သား” လို.ဆိုပေမယ့် သူ.ရဲ.ဇနီးကမှ သူ.ထက်ပိုပြီး အခြားကမ္ဘာကအကြောင်းတွေကို ပြောနိုင်သေးတယ်လို. ဂျပန်ဝန်ကြီးချုပ်လောင်းရဲ. ဇနီးအကြောင်းကို မိတ်ဆက်ထားပါတယ်။ ဘာဖြစ်လို.လဲဆိုတော့ အေပီသတင်းဌာနနဲ. တွေ.ဆုံတဲ. အင်တာဗျူးမှာ မိယုကိစံက“ရုပ်ရှင်မင်းသားတွမ်ခရုဇ် (Tom Cruise) ကိုသူကအရင်ဘ၀တုန်းက အသိမိတ်ဆွေဖြစ်ခဲ.ကြောင်း၊ တွမ်ခရုဇ်က အရင်ဘ၀က သူနဲ.အတူ ဂျပန်လူမျိုး ဖြစ်ခဲ့ကြောင်း” တွေကို ပြောခဲ့ပါတယ်။
အီတလီနိုင်င်ငံ သတင်းဌာနတစ်ခုကတော့ မိယုကီစံရဲ.သောကြာဂြိုလ်ရောက်ဘူးတယ်လို. ပြောတာဆိုတာတို.ဘာတို.ကိုရည်ညွန်းပြီး “ဂျပန်လူမျိုးတွေထဲမှာတော့ လူထူးလူဆန်း” လို. ဆိုရမယ်ဆိုပြီး ဖေါ်ပြကြပါတယ် ။ အဲဒီလို မိယုကိစံရဲ. အဆန်းအပြားလူတွေကို အံ့သြစေမယ့် အပြောအဆိုတွေကို သတင်းထုတ်ပြန်တဲ. အမေရိ သတင်းဌာနတခုက သတင်းကြေငြာသူဟာဆိုရင် သတင်းကြေငြာနေရင်းနဲ. မအောင့်နိုင်ပဲ ရီချရလောက်အောင်ဖြစ်ခဲ့ပါတယ်တဲ.။
အဲဒီလိုနဲ.ပြီးခဲ.တဲ.ဂျပန်နိုင်ငံရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ဒီမိုကရက်တစ်ပါတီခေါင်းဆောင်
ဟာ့တို ယာမာ့ ယူကီအို(၆၂)နှစ်ရဲ. ဇနီးသည် မိယုကိစံ (၆၆)နှစ် က လူအများကို အာရုံစိုက်လာအောင်ဆွဲဆောင်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ.ရဲ. ဘ၀နဲ. သူ.ရဲ.ပြုမူပြောဆိုချက်တွေကြောင့်ပါပဲ။ 


မိယုကိရဲ.ဘဝ
မိယုကိစံကို ၁၉၄၃ခုနှစ်ဇွန်လ၂၄ရက်နေ.မှာ ရှန်ဟိုင်းမြို.မှာမွေးဖွါးခဲ့ပါတယ်။ မိဘတွေနဲ. အတူ ဂျပန်နိုင်ငံကို ပြန်လာပြီး၊ ကိုဘေးမြို.မှာကြီးပြင်းခဲ့ပါတယ်။ အမေရိကန်စကူးနဲ. ကိုဘေးမြို.က မျိုးသမီးအထက်တန်းကျောင်းတို.ကိုအောင်မြင်ခဲ့ပြီး၊ တာကာ့ရာဇုက (ဂျပန်အမျိုးသမီးများသာပါဝင် ကပြသော ပြဇတ်)ပညာကျောင်းကို ဆက်လက်အောင်မြင်ပြီးတဲ.နောက် စင်မြင့်ဖျော်ဖြေပွဲများနဲ. ရုပ်ရှင်သရုပ်ဆောင်ခြင်းများကို  ၆နှစ်ကြာ လုပ်ခဲ.ပြီး၊ အနားယူခဲ့ပါတယ်။ အဲဒီနောက် ပထမအိမ်ထောင်နဲ.ကွဲပြီးနောက် အမေရိကကို ရောက်သွားခဲ.ပါတယ်။အမေရိကကိုရောက်တဲ. အချိန်မှာတော့၊ ဆန်ဖရန်စစ်စကို စတမ်ဖို.ဒ်တက္ကသိုလ်မှာစာသင်နေတဲ. ဟာ့တို ယာမာ့ ယူကီအိုနဲ. ဂျပန်စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ. မိယုကိစံတို. တွေ.ဆုံခဲ.ကြပါတယ်။ ၁၉၇၅ခုနှစ်မှာ သူတို.နှစ်ဦးလက်ထပ်လိုက်ကြပါတယ်။ သူတို.နှစ်ဦးမှာ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်။

တာကာ့ရာဇုက (ဂျပန်အမျိုးသမီးများသာပါဝင်သော ပြဇတ်)ကမင်းသမီးတစ်ယောက်ကနေ ဂျပန်နိုင်ငံရဲ. ဖတ်စ်လေဒီဖြစ်လာတာကတော့ ဂျပန်နိုင်ငံရဲ. သမိုင်းမှာ မိယုကိစံက ပထမဦးဆုံးဆိုရင်မမှားပါဘူး။ မိယုကိစံနဲ. တာကာ့ရာဇုကပြဇတ်မှာ စင်ပေါ်အတူတက်ကပြခဲ.ဘူးတဲ. ဟာ့ဆုခါ့ဇဲ ဂျွန် စံက
“မိယုကိစံကအမြဲတမ်း လူငယ်တစ်ယောက်လို သွက်လက်ဖျတ်လတ်နေပြီး အရင်ကတော့ မိတ်ကပ်လည်းသိပ်မလိမ်းပါဘူး၊ အခုတော့ တကယ့် လေဒီစတိုင်နဲ. ဖက်ရှင်လည်းကျနေပြီလေ”လို. ဆိုပါတယ်။ “မိယုကိစံရဲ. အိမ်မှာထမင်းသွားစားဘူးပါတယ်။ပါစတာ(အီတလီခေါက်ဆွဲ)လုပ်ကျွေးပါတယ်။ လက်ရာကလည်း တော်တော်ကောင်း တယ်”။

မိယုကိစံက ဂျပန်စားသောက်ဆိုင်မှာလုပ်ဘူးတဲ့အတွေ.အကြုံရှိပြီး “ဟာ့တိုယာမာ့ စားသောက်ဆိုင်မှ ကြိုဆိုပါတယ်” ဆိုတဲ. စာအုပ်အပါအ၀င် ဟင်းချက်နည်း စာအုပ်တော်တော်များများကို လည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

အဲဒီလို ယောက်မကိုင်ထမင်းဟင်းချက်ပြီး ကလောင်ကိုင်စာရေးတဲ. မိယုကိစံဟာ ပြီးခဲ.တဲ့ ရွေးကောက်ပွဲမှာတော့ ပါတီရဲ. အလုပ်ကိစ္စနဲ.နယ်လှည့်တရားပွဲများကို ၀န်ကြီးချုပ်လောင်း ဟာ့တို ယာမာ့ ယူကီအိုမသွားနိုင်ခဲ့တဲ. ဟို.ကိုင်းဒိုးလိုဒေသတွေကို  မိုက်ကရိုဖုန်းကိုင်ပြီး စည်းရုံးရေးဆင်းတရားဟောခဲ့ ပါတယ်။ အလုပ်တွေများတဲ. ကြားထဲကပဲ တာကာ့ရာဇုက အဖွဲ.၀င်ဟောင်းတွေရဲ.တွေ.ဆုံပွဲကိုလည်း မပျက်မကွက် တက်ရောက်နိုင်ပါတယ်။ အလုပ်တွေများလှတဲ. မိယုကိစံကို မိတ်ဆွေ ဖြစ်သူ  ဟာ့ဆုခါ့ဇဲ ဂျွန် စံက “ မျက်နှာထားကလည်းအမြဲချိုပြီး၊ ဘာသာစကားကလည်း ကျွမ်းကျင်၊ အပြောအဆိုကလည်းယဉ်ကျေးတော့ရှေ.လျှောက်အလုပ်တွေအရမ်းများလာတဲ.အခါ၊ ကျမ္မာရေးတော့ ဂရုစိုက်စေချင်တယ်”တဲ့။

မိယုကိစံက အမျိုးသမီးများတွေ.ဆုံဟောပြောပွဲတစ်ခုမှာ“ဘ၀ဆိုတာ ကိုယ်စိတ်ကူးတဲ.အတိုင်း ပုံပေါ်ပါတယ်“ဆိုတဲ. ခေါင်းစဉ်နဲ. မိန်.ခွန်းတစ်ခုပြောကြားခဲ.ပါတယ်။ ခင်ပွန်းသည်ပြောဆိုတဲ. စကားတစ်ခွန်း ဖြစ်တဲ. “ဖြစ်မယ်လို. ယုံကြည်ရင်တကယ်ဖြစ်မယ်။ ယုံကြည်မှု က အရေးကြီးဆုံးပဲ” ဆိုတာကို ထောက်ခံတဲ. အကောင်းမြင်ဝါဒ ကို ဖေါ်ပြသွားတာပါပဲ။

မာမီ မိယုကိ

တိုကျိုတက္ကသိုလ်ရဲ. ပါမောက္ခတစ်ယောက်ဖြစ်အောင်၊ သားတစ်ယောက်ကို ပြုစုပျိုးထောင်

ခဲ.တဲ. မိယုကိစံ က သူ.ရဲ. ခလေးပြုစုပျိုးထောင်ပုံ တစိတ်တဒေသကို “သားနှစ်တန်းကျောင်းသားအရွယ်လောက်အထိ ကျွန်မထင်တာကမှ အားလုံးအမှန်လို. ယူဆခဲ.တဲ. မုန်းစရာမိန်းမတယောက်ပေါ.။ ခပ်ဖြည်းဖြည်းနဲ. အေးအေးနေတတ်တဲ. သားကို ဒါလေးတောင်မရဘူးလားတို.၊ ယောက်ျားပဲ ပြတ်ပြတ်သားသား ဖျတ်ဖျတ်လတ်လတ်နေစမ်း” လို. စိတ်ဆိုးလိုက်မာန်လိုက်မဲလိုက်နဲ.ပေါ. ဆိုပြီးသူ.ရဲ. မိခင်ဘ၀ကို သတိတရ ပြန်ပြောပြပါတယ်။ အဲဒီအချိန်မှာ စာအုပ်တွေအများကြီးဖတ်ရင်းနဲ.မှ တဖြည်းဖြည်းသိလာရတာက “သားလေးက၊ သိမ်မွေ.အေးဆေးတဲ့ သဘာဝရှိတာပဲလေဆိုတာပါ”။ နောက်၊ သားကြီးလာတော့ “အမေအဲလိုပြောင်းလည်းသွားခဲ.လို. ကျွန်တော် အခုလိုလူတစ်လုံးသူတစ်လုံးဖြစ်လာရတယ်လို.” ပြောတယ်လေဆိုပြီး သူမရဲ.မိခင်ဘ၀အတွေ.အကြုံတွေ ကို ဖေါက်သည်ချပါတယ်။

လူမှုဆက်ဆံရေး

လူမှုဆက်ဆံရေးနဲ.ပတ်သက်ပြီးတော့ မိယုကိစံရဲ. အယူအဆက “လူအများကို အမြဲတမ်း ကျေးဇူးတင် တဲ.စိတ်ရှိဘို.က အဓိကအရေးကြီးဆုံးပဲ။ လူတွေဆီကဘာရမလဲလို. မျှော်လင့်တာထက်၊ ကိုယ်ကစပြီး လူတွေကို ဘာလုပ်ပေးနိုင်မလဲ ဆိုပြီး လူအများရဲ.ဆန္ဒကို ဖြည့်ဆည်းပေးရမယ်။ လူအများအကျိုးကို ဖြည့်ဆည်းရင်းနဲ. ကိုယ့်ရဲ. အလိုဆန္ဒတွေပြည့်ဝ လာတာပဲ။ မိယုကိစံက ဆက်ပြီး “ ငါ၊ လုပ်နိုင်မယ်လို. စိတ်က တွေးရင်၊ တကယ်လုပ်နိုင်ပါလိမ်.မယ်။ စိတ်ပြတ်သားပြီး ယုံကြည်မှုရှိလို.ကတော့ လူ.ဘ၀ဆိုတာ ကိုယ်မှန်းရင်မှန်းတဲ.အတိုင်း ဖြစ်တာပေါ. ၊ အဲဒါက ဘ၀ရဲ. သော့ချက်ပဲ”။
အိမ်ထောင်ရေး

ပထမအိမ်ထောင်နဲ.ကွဲဘူးခဲ.ရတာကိုလည်းမိယုကိစံက“လူ.ဘ၀မှာဖြစ်ပျက်တာတွေဟာဘယ်ဟာမှ၊ အလားဖြစ်သွားတဲ. အရာမရှိပါဘူး။ အားလုံး အကျိုးအကြောင်းဆက်စပ်မှု တွေရှိပါတယ်။ မကောင်းဘူးလို.တွေးရင် မကောင်းတာနဲ. အဆုံးသတ်ရလိမ့်မယ်။”

ခင်ပွန်းသည် ဂျပန်ဝန်ကြီးချုပ်လောင်းဟာ့တို ယာမာ့ ယူကီအို နဲ. အခြေအနေကိုတော့

ကျွန်မကို သူကပြောတယ်၊ “မင်းက ငါ့ရဲ. နေမင်းကြီးပဲတဲ.”။ ကျွန်မကိုလက်ထပ်တဲ. အချိန်တုန်းက “ယောက်ျားတွေက ကိုယ်လက်ထပ်မယ့်သူကို အပျိုတွေထဲက ရွေးတယ်။ ငါကတော့ မင်းကို အမျိုးသမီးထုအားလုံးထဲကရွေးတယ်” လို.ပြောပါတယ်ဆိုပြီး နှစ်ယောက်ရဲ.အခုအချိန်အထိ မပြောင်းလည်းတဲ. အချစ်ရှိန်ကိုလည်း ဖေါ်ထုတ်ပြောကြားသွား ပါတယ်။

အမေရိကန်နှင့်ဂျပန်

အမေရိကန်နဲ.ဂျပန်အကြားဘယ်လို သဘောထားရှိပါသလဲဆိုတော့ “အမေရိကားက သတင်းစာတွေမှာ ယခင်ဝန်ကြီးချုပ်ဟောင်း ကိုအိဇုမိဂျွန်အိချိ ကို ပါပီလေးလို.ရေးကြတယ်။ ဂျပန်နိုင်ငံရဲ. မွန်မြတ်ထူးခြားတာတွေကို ပိုပြီး ကမ္ဘာကသိအောင် ကြိုစားနိုင်မယ်ဆိုရင် အဲဒီလို အပြောအဆိုတွေကို ပြောင်းလည်းနိုင်မှာပါ”

စိတ်နယ်လွန်ဖြစ်ရပ်များနဲ. မိယုကိစံ

“ မီရှယ် အိုဘားမား (Michelle LaVaughn Obama) နဲ. ကားလ် ဘရူနီ( Carla Bruni-Sarkozy) တို.ရေ သတိသာထားနေပေတော့ မင်းတို. နှစ်ယောက်လုံးကိုကျော်တက်မယ့် ဖတ်စ်လေဒီအသစ်ကတော့ ပေါ်ထွက်လာပြီဟေ.” ဆိုကာ (၃)ရက်နေ.ထုတ် အင်္ဂလိပ်သတင်းစာ အင်ဒီပန်းဒန်.မှာတော့ “ ဂြိုလ်သားကမ္ဘာတောင်ရောက်ဘူးထားတယ်တဲ. နော်” လို.အစချီပြီး ဂျပန်ရွေးကောက်ပွဲ အနိုင်ရရှိတဲ.သတင်းတွေနဲ.အတူ မိယုကိစံရဲ.အကြောင်းတွေကို တွဲပြီးဖေါ်ပြထားပါတယ်။ အခုလို သတင်းစာက ပိုပိုမိုမိုရေးသားရတာ အကြောင်းရှိပါတယ်။

 မနှစ်က မိယုကိစံကိုယ်တိုင်ရေးသားထုတ်ဝေတဲ.“ ကျွန်မ ကြုံရ၊ ဘုံဘ၀က ထူးဆန်းထွေရာများ” စာအုပ်မှာ “ဟိုအရင်တုန်းက ကျွန်မ အိပ်ပျော်နေတုန်း ဂြိုလ်သားကမ္ဘာကို ရောက်သွားဘူးပါတယ်”တဲ. ။
သူရောက်သွားခဲ.တဲ. ဂြိုလ်သားကမ္ဘာရဲ. အကြောင်းကို ဆက်လက်ပြီး “ကျွန်မရဲ. ခန္ဒာကိုယ်က အိပ်ပျော်နေတဲ. အချိန်မှာ ကျွန်မရဲ. ၀ိဥာဉ်ဟာ တြိဂံပုံ ပုဂံပြားပျံစီးပြီး သောကြာဂြိုလ်ကိုရောက်သွားလေရဲ.၊ သောကြာဂြိုလ်ဆိုတာ အစိမ်းရောင်ရှိပြီး သိပ်လှတဲ.နေရာတစ်ခုပေါ.”လို. သောကြာဂြိုလ်ကို မိတ်ဆက်ရှင်းပြထားလေရဲ. ။ မိယုကိစံက သူ.ရဲ.စာအုပ်ထဲမှာ “အဲဒီအိပ်မက်ကိုမက်တုန်းက ကျမအရင်ခင်ပွန်းက အိပ်မက်ပဲ လို.ပဲပြောပါတယ်။ အခုခင်ပွန်းသာဆိုလို.ကတော့ အို၊ တကယ်ဆန်းကြယ်တာပဲ လို.ပြောမှာပါ” လို.ရေးထားပါသေးတယ်။

တကယ့်လက်တွေ. မှာ ကတော့  အခုလက်ရှိ ခင်ပွန်း ဂျပန်ဝန်ကြီးချုပ်လောင်း ဟာ့တို ယာမာ့ ယူကီအို ရဲ. နံမည်ပြောင်က “ဂြိုလ်သား” ။

ဇနီးသည်ဆီက အငွေ.အသက်ကြောင့်လားတော့မသိပါဘူး ခင်ပွန်းသည် ကို မိယုကိစံက သောကြာဂြိုလ် ကို အိပ်ပျော်နေတဲ.အချိန်ရောက်သွားဘူးတယ်လို. ပြောနေပါတယ်လို. ဆိုပြီး မေးကြည့်တော့ ဟာ့တို ယာမာ့ ယူကီအိုက“ ဟာ၊ ဟုတ်လားတယ်ကောင်းပါလား”ဆိုပြီး ရယ်ရယ်မောမော  ဖြေကြားသွားပါတယ်။

 ကျိုဒိုသတင်းဌာနနဲ.အင်တာဗျူးမှာတော့ ဒီနှစ်ထဲမှာ ဂျပန်ကိုလာဘို.အစီအစဉ်ရှိတဲ့ မီရှယ် အိုဘားမားနဲ.အတွက် ဘာများပြောစရာရှိပါသလဲဆိုတော့“ သူ.ကိုကြည့်ရတာသဘာဝဆန်ဆန်ရှိလှတယ်။ ကျွန်မနဲ.လည်း စိတ်နေသဘောထား ခံစားချက်တွေ တူမလားလို.၊ တွေ.ဘို.အခွင့်အရေးရှိရင် တွေ.ချင်ပါတယ်”။
ထူးထူးပေါက်ပေါက်  သူတို.နှစ်ယောက်

ဂျပန်နိုင်ငံရဲ. နိုင်ငံရေးသမားတစ်ယောက်ရဲ. ဇနီးသည်ဆိုတာ ရှေးရိုးအမွေအနှစ်ကိုထိန်းသိမ်းပြီး ရိုးရာဆန်ဆန် သေသေ၀ပ်ဝပ်နဲ. နေကြတယ်တဲ. သူတို.တွေကြားမှာ မိယုကိစံ ကတော့ နံမည်ကြီးပြီးရင်းကြီးတော့တာပါပဲ။ တီဗွီက အစီအစဉ်တွေမှာခဏခဏပါပြီး စိတ်နယ်လွန်ဖြစ်ရပ်ဆန်းလောက ကနေ နိုင်ငံရေးလောကအထိသူ.ရဲ. အကြောင်းတွေက ပြောစရာတွေက များလှပါတယ်။

ခင်ပွန်းဖြစ်သူရဲ. မဲဆွယ်တရားပွဲတွေမှာလည်း မိယုကိစံရဲ. တက်ကြွပြီး ရင်းနှီးမှုရှိတဲ. အပြုံးမျက်နှာက တကယ်ကို အရေးပါအရာရောက်တဲ. အခန်းကနေပါဝင်ခဲ.ပါတယ်။

အပတ်စဉ်ထုတ် “ဆန်းဒေး နေ.စဉ်”မှာ မိယုကိစံရဲ. က အရွေးခံအမတ်လောင်းများကို အားပေးတဲ. ပွဲတစ်ခုမှာ သူ.ကို လက်ကိုင်ဖုန်းနဲ. ဓါတ်ပုံရိုက်လာသူတွေရဲ.ရှေ.မှာ မိုက်ကယ်ဂျက်ဆင်ရဲ. မွန်းဝေါ့ခ် အကကို ပြန်ကပြတယ်လို. ဆိုပါတယ်။

အဲဒီလိုတွေလုပ်တတ်တဲ. မိယုကိစံကို ခင်ပွန်းသည် ဂျပန်ဝန်ကြီးချုပ်လောင်း ဟာ့တို ယာမာ့ ယူကီအိုကတော့“ အမြဲတမ်းထွန်းလင်းတောက်ပနေတဲ. ကျွန်တော့ရဲ. နေမင်းကြီး” လို. တင်စားပါတယ်။

ဟင်းချက်နည်းစာအုပ်မျိုးစုံကို ရေးသားထုတ်ဝေသလို၊ ခင်ပွန်းသည်ရဲ. ဖက်ရှင်ကြီးကြပ်သူလည်း ဖြစ်ပါတယ်။ ခင်ပွန်းသည်နောက်ကနေ ရှုတ်ပွနေတဲ. ဆံပင်တွေကို ရှင်းပေးသလို အ၀တ်အစားကိုလည်း မိယုကိစံ ကပဲစီမံပါတယ်။ ခင်ပွန်းသည်ကို လက်ချိပ်ပြီး စင်မြင့်လမ်းလျှောက်ပွဲကိုလည်းထွက်ခဲ့ဘူးပါတယ်တဲ.၊မိယုကိစံက ဘာမဆို သိချင်တတ်ချင် စိတ်ရှိပြီး သူမအတွက် အသစ်အဆန်းတွေမှန်သမျှ(ချဉ်ပတ်တည်တာအစ၊ ကြွေထည်ပစ္စည်း၊ အချုပ်အလုပ်အဆုံး)  စမ်းသပ်လုပ်ကြည့်တာလည်းဝါသနာပါပါတယ်။အခုလောလောဆယ်မိယုကိစံစိတ်ဝင်စားနေတာကတော့ ဟောလိဝုဒ်မှာ ရုပ်ရှင်ကားရိုက်ဘို.ပါ။ အဓိကသရုပ်ဆောင်ကတော့ အများသိကြတဲ.အတိုင်း တွမ်ခရုဇ်ပေါ.။ “ကျွန်မသူ.ကို ကောင်းကောင်းသိနေတယ်။ သူကလည်းကျွန်မကိုတွေ.ရင် “မတွေ.တာကြာပြီ”လို.ပြောပြီး နှုတ်ဆက်လာလိမ်.မယ် ထင်တယ်”။

မိယုကိစံရဲ.စိတ်နယ်လွန်ဆန်တဲ. အကြောင်းတွေထဲက တစ်ခုကတော့ တိုကျိုတီဗွီရဲ. အစီအစဉ်တစ်ခုမှာ “ကျွန်မနေမင်းကြီးကိုစားသုံးပါတယ်” လို.ပြောတော့ နားထောင်နေတဲ. အစီအစဉ်မှုးက ဘာပြန်ပြောရမှန်း မသိကြောင်နေခဲ.ပါတယ်တဲ. ။ အဲဒါကိုတောင် မိယုကိစံက လုံးဝအရေးမစိုက်ပဲ “ဘယ်လိုလုပ်ပြီးစားသလဲလို စဉ်းစားနေတာမဟုတ်လား၊ ဥပမာ၊ နေမင်းကြီးထွက်လာတယ်ဆိုရင် ဒီလိုမျိုး ဖဲ.ဖဲ.ပြီး ပလုပ်ပလောင်းစားပစ်လိုက်တာပေါ့။” ဆိုပြီး အပေါ်ကိုမော့ လက်နှစ်ဘက်က လေကိုဖဲ.ဖဲ.ပြီး သရုပ်ဆောင်တော့တာပါပဲ။ ကုန်ကုန်ပြောရင် “အခုတလော ကျွန်မခင်ပွန်းကတောင် ပလုပ်ပလောင်းနဲ. လိုက်စားနေပြီ”လို. ဆက်ပြောလိုက်ပါသေးတယ်။ အဲဒီမဂ္ဂဇင်းရဲ. အချပ်ပိုအထူးတွေ.ဆုံခန်းမှာလည်း ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်လောင်း က “ဂျပန်မှာက မျက်စိနဲ.မမြင်နိုင်တဲ. စိတ်နယ်လွန်ဖြစ်ရပ်မှန်တွေကို လေ.လာလိုက်စားမှု က အများကြီး နောက်ကျနေသေးတယ်။ ကိုယ်တိုင်ကနိုင်ငံရေးသမားတစ်ယောက်ဖြစ်နေတဲ. အတွက် ကိုယ့်တိုင်းပြည်ကို အဲဒီနယ်ပယ်နဲ.ပတ်သက်ပြီး လိုက်စားစေချင်တယ်”လို.ဆိုသွားပါတယ်။

နိုင်ငံရေအာဏာကို ရရှိသွားပြီဖြစ်တဲ. ဒီမိုကရက်တစ်ပါတီက ဂျပန်နိုင်ငံကို ဘယ်လို ပြောင်းလည်းပေးမလဲဆိုတာကို စိတ်ဝင်စားမှုနဲ.အတူ အရောင်အသွေးတစ်မျိုးနဲ. ဆန်းကြယ်လှတဲ့  ဖတ်စ်လေဒီရဲ. မယားဝတ်ငါးပါး ဘယ်လိုကျေပွန်မလဲ ဆိုတာကိုလည်း လူတွေက စောင့်ကြည့်နေကြလေရဲ.။
 ကိုးကားစာမျက်နှာများ


http://sankei.jp.msn.com/politics/situation/090831/stt0908311338005-n1.htm
http://sankei.jp.msn.com/world/america/090904/amr0909040914001-n1.htm
http://headlines.yahoo.co.jp/hl?a=20090831-00000077-scn-cn
http://www.chunichi.co.jp/shizuoka/ladies/h_ladies119.html
http://www.chosunonline.com/news/20090904000022
http://www.afpbb.com/article/politics/2637177/4527360

August 11, 2009

ရှီဇုအိုကာခရိုင် ငလျင်သတင်း

ဂျပန်နိုင်ငံငလျင်သတင်း
ဂျပန်နိုင်ငံ၊ တိုးကိုင်း(TOUKAI)ဒေသ အီဇု(IZU)အရပ်တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်
၂၀၀၉ခုနှစ်။ သြဂုတ်လ(၁၁)ရက်နေ.နံနက် ၅း၀၇အချိန်ခန်.တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်ခတ်ခဲ့သည်။ မိုးလေ၀သဌာနထုပ်ပြန်ချက်အရ ငလျင်ကြောအနက်မှာ ၂၀ကီလိုမီတာခန်.ရှိပြီး ငလျင်ပမာဏကို ဖေါ်ပြသော မက်ဂနစ်ကျုအရ ၆.၅(M)ခန်.ရှိကြောင်းတိုင်းတာရရှိကြောင်းသိရသည်။
ဤငလျင်ကြောင့် အီဇုအရပ်ကျွန်းများနှင့် ရှီဇုအိုကာခရိုင်တု.ိတွင် ဆူနာမီ လှိုင်းကြီးမည့် သတိပေးချက်များ ကို မိုးလေ၀သဌာနမှထုပ်ပြန် ကြေငြာထားသည်။
 ရှီဇုအိုကာ(SHIZUOKA)ခရိုင်တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်ခဲ့ပြီး၊ အဓိကလှူပ်ခတ်ခဲ့သောနေရာများမှာ အနက်တခုအပါအ၀င်ဖြစ်သည်။ ငလျင်ကြောင့် ကျည်ဆံရထားခရီးစဉ်အချို. ခေတ္တခဏပိတ်ထားခဲ.ရ ပြီး ပတ်ဝန်းကျင်မှ အဝေးပြေးကားလမ်းမများတစိတ်တဒေသကို မြေပြိုမှုကြောင့် ပိတ်ထားရဆဲဖြစ်သည်။
http://sankei.jp.msn.com/affairs/disaster/090811/dst0908110601003-n1.htm
မှတ်ချက်။ ။ရှီဇုအိုကာခရိုင်သည် တိုကျိုပြီးလျှင် ဂျပန်နိုင်ငံသို. ကျောင်းလာတက်သော မြန်မာကျောင်းသားများ ဒုတိယအများဆုံးနေထိုင်ရာဒေသဖြစ်သည်။ သို.သော်လည်း မြန်မာများထဲမှ ထိခိုက်ဒဏ်ရာရသတင်း မရရှိပါ။
အဓိကထွက်သော နေရာမှာ အီဇုဒေသ၏ နံမည်ကြီးထွက်ကုန်မှာ ၀ါဆာ့ဘိ ဖြစ်သည်။ ၎င်းကို ဂျပန်ရိုးရာအစားအစာဖြစ်သည့် ဆူရှီ၊ စာရှိမိတို.စားရာတွင် ပဲငံပြာရည်နှင့်အတူတွဲဘက်စားရသော အရာဖြစ်သည်။
ယခုလ၁၃ရက်နေ.မှစ၍ ဂျပန်နိုင်ငံ၏ “အိုဘွန်း”အားလပ်ရက်နှင့် နွေရာသီအားလပ်ရက်ဖြစ်သည့် အတွက် ထိုအရပ်ရှိ မိဘဘိုးဘွားများထံသို. ပြန်မည့်သူများအတွက် အဆင်မပြေမှုများကြုံတွေ.ရဘွယ်ရှိကြောင်းသိရှိရသည်။