ဒါပေမယ့် ခင်မင်တဲ့သူတွေရဲ့ဘလော့ကိုတော့အမြဲရောက်ပါတယ်။ ကွန်ပြူတာကနေမဖတ်ဖြစ်လည်း ဖုန်းကနေကြည့်ပါတယ်။ ကော်မန့်တွေလည်းမရေးဖြစ်ခဲ့ဘူး။
အဲဒါတောင်မှ ကျွန်မကိုသတိတရနဲ့ လာပြီးနှုတ်ဆက်သွားကြတယ်။ ဘလော့ကိုလည်းလာကြည့်သွားကြတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မဘက်က မနှုတ်ဆက်ဖြစ်ခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်။
ဘလော့မရေးဖြစ်ခဲ့ရတာကတော့ အကြောင်းတွေအမျိုးမျိုးကြောင့်ပါ။ အဲဒီထဲက အဓိကအကြောင်းကိုတော့ ပြောပြပါရစေ။