Showing posts with label နေ့စဉ်ဘ၀. Show all posts
Showing posts with label နေ့စဉ်ဘ၀. Show all posts

March 30, 2012

ဒီတစ်ခါလည်း ရိုးရိုးပဲမွေးလိုက်တယ်

နောက်ဆုံးရေးခဲ့တဲ့ပို့စ်ရဲ့ နေ့စွဲကိုကြည့်လိုက်တော့ ၂၀၁၁စက်တင်ဘာ။ အကြာကြီးပေါ့ စာမရေးဖြစ်ခဲ့ဘူး။
ဒါပေမယ့် ခင်မင်တဲ့သူတွေရဲ့ဘလော့ကိုတော့အမြဲရောက်ပါတယ်။ ကွန်ပြူတာကနေမဖတ်ဖြစ်လည်း ဖုန်းကနေကြည့်ပါတယ်။ ကော်မန့်တွေလည်းမရေးဖြစ်ခဲ့ဘူး။
အဲဒါတောင်မှ ကျွန်မကိုသတိတရနဲ့ လာပြီးနှုတ်ဆက်သွားကြတယ်။ ဘလော့ကိုလည်းလာကြည့်သွားကြတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မဘက်က မနှုတ်ဆက်ဖြစ်ခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်။
ဘလော့မရေးဖြစ်ခဲ့ရတာကတော့ အကြောင်းတွေအမျိုးမျိုးကြောင့်ပါ။ အဲဒီထဲက အဓိကအကြောင်းကိုတော့ ပြောပြပါရစေ။

August 26, 2011

ဘလော့ဂ်ဒေး ဆုတောင်း

ဘလော့ဂ်ဒေးအမှတ်တရ ရေးဘို့ပြောတဲ့ အစ်မရွှေစင်နဲ့ ကိုအောင် တို့ကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ဒီပို့စ်လေးကို ရေးလိုက်ပါတယ်။

ကျွန်မကျောင်းတက်နေချိန် ၂၀၀၄ခုနှစ်မှာ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တရုပ်နဲ့ ကိုရီးယားသူငယ်ချင်းတွေဟာ skype နဲ့ blog ကို အရမ်းစွဲနေကြတဲ့ အချိန်ပါ။ သူတို့ဆီက ဘလော့ဂ်ကို စသိရတာပါပဲ။သူတို့မှာအားတာနဲ့ ဓါတ်ပုံတွေတင်၊စာတွေရေး၊ ကော်မန့်တွေကိုဖတ်၊ တခါတလေမှာ ကျောင်းမှာကွန်ပြူတာအားလုံးသုံးနေချိန်မှာ ဘေးကကွန်ပြူတာမှာထိုင်နေတဲ့ ကျွန်မကို ခေါ်ပြီး ဓါတ်ပုံတွေပြတတ်သလို သဘောကျတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ (ကိုရီးယားဘာသာ/တရုပ်ဘာသာကနေ ဂျပန်လိုဘာသာပြန်ပြီးပြောပြတတ်ကြပါသေးတယ်။ ကျွန်မကိုလည်း မြန်မာလိုဘလော့ မရေးဘူးလားလို့မေးတတ်ပါတယ်။

ကျောင်းစာနဲ့ပတ်သက်ရင်လည်း  လိုအပ်တဲ့ အချက်အလက်တွေကိုလည်း သူငယ်ချင်းနိုင်ငံခြားသားတော်တော်များများက သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ ရှာဖွေနိုင်ကြတယ်။
 သူတို့ကိုကြည့်ပြီး သိပ်ကို အားကျသလို မြန်မာဘာသာနဲ့ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့်  ဘယ်တော့မှဖြစ်မလဲလို့  တွေးခဲ့မိဘူးပါတယ်။


မြန်မာစာကိုတော့ ၀င်းအင်းဝကို စပေါ်ကတည်းက သုံးခဲ့ပါတယ်။ အလုပ်ကိစ္စမှာ ဘာသာပြန်တဲ့ အလုပ်တွေလုပ်ရလို့ပါ။ ဒါပေမယ့် အင်တာနက်ပေါ်မှာတော့ မြန်မာစာနဲ့ ရှာလို့မရခဲ့ဘူးပေါ့။ ကျောင်းပြီးတဲ့နောက်မှာတော့  ဇော်ဂျီကို လူသုံးများလာတာသိပြီး ချက်ချင်းသူ့ကိုပြောင်းသုံးခဲ့ပါတယ်။ ဒီအချိန်မှာတော့ အင်တာနက်ပေါ်မှာပါ မြန်မာစာကို သုံးနိုင်လာတဲ့အတွက် အရမ်းအံ့သြ၀မ်းသာခဲ့ရတာပေါ့။

အိမ်ထောင်ကျတဲ့အခါမှာ ယောက်ျားက မြန်မာအင်တာနက်သတင်းတွေကို နေ့ညမပျက်ဖတ်နေရာက
မြန်မာဘလော့ တွေကို စသိခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ သတင်းဘလော့တွေကိုကြည့်ရာကနေ ကိုယ်ပိုင်အတွေးနဲ့ အတွေ့အကြုံတွေရေးတဲ့ ဘလော့ဂ်တွေကို ပိုစိတ်ဝင်စားလာမိပါတယ်။

အရင်တုန်းကတော့ဂျပန်ဘာသာနဲ့ရေးတဲ့ဘလော့တွေကိုပဲဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကလည်း သတင်းအချက်အလက်တွေရှာရင်းနဲ့ဖြစ်စေ နံမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ဘလော့ဂ်တွေကို ကြည့်ရင်းနဲ့ဖြစ်စေ ဖတ်ဖြစ်တာပါ။ ဒီလိုနဲ့ ဒီမှာနေရတဲ့အချိန်မြန်မာစကားနဲ့ မြန်မာစာကို သုံးဘို့ အခြေအနေက နည်းပါးလာပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်မမှာ သိသာတဲ့ အခက်အခဲရှိတာကို သတိပြုမိလာရပါတော့တယ်။ ကျွန်မက ကုမဏီမှာလုပ်နေရင်း ဘာသာပြန်ကုမဏီကို မှတ်ပုံတင်ထားတော့ ဘာသာပြန်အလုပ်တွေကိုလုပ်ပါတယ်။  တစ်ချို့စကားလုံးတွေကို မြန်မာလို ချက်ချင်း မစဉ်းစားနိုင်တာ တစ်ချို့အရေးအသားတွေဟာ ဂျပန်ဘာသာအတိုင်း စဉ်းစားပြီးရေးနေတာတွေကို တွေ့ရတော့ မြန်မာလိုစဉ်းစား မြန်မာလိုရေးတဲ့အကျင့်တစ်ခုခု
လုပ်ရတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။  တချိန်တည်းမှာပဲ အဲဒီအချိန်မှာ စဖတ်စပြုနေပြီဖြစ်တဲ့ မြန်မာဘလော့ဂ်တွေကို   အားကျပြီး ဘလော့ဂ်စရေးဖြစ်ပါတယ်။

ကျွန်မရဲ့ ဘလော့ဂ်မှာ စိတ်ထဲကရေးချင်တာနဲ့ သတိတရရှိတာ ကျွန်မသိထားတာကို သူများကိုလည်း သိစေချင်တာတွေကို ရေးပါတယ်။ စပြီးဘလော့ဂ်ရေးဘို့ မြန်မာဘလော့ဂါဟက်လ်ပ်ဒက်ခ်စ် ရယ် ဂျပန်လိုဘလော့ဂ်တွေရယ်ကို ဖတ်ပြီး ဘလော့ဂ်တစ်ခုလုပ်လိုက်ပါတယ်။ ပို့စ်ကလွဲပြီးဘာမှ မရှိတဲ့ ကျွန်မရဲ့ ဘလော့ဂ်ကို မိတ်ဆွေတစ်ယောက်ကိုပေးဖတ်တော့  စီဘောက်စ်၊ ကော်မန့်၊ ဗစ်ဇစ်တာကောင့်တင်း တွေထည့်ဘို့ ဖုန်းဆက်ပြောလာပါတယ်။ ဒါနဲ့ အဲဒါတွေကိုထည့်ဖြစ်ပါတယ်။


ဒါပေမယ့် ဘလော့ဂ်လစ်တွေ လင့်တွေကို မချိတ်ထားဘူး။ ကိုယ့်ကိုယ်ကို ထိမ်းတဲ့အနေနဲ့ပေါ့။ နို့မို့ဆိုရင် အဲဒါတွေကိုပဲဖတ်မိနေမှာ ဆိုပြီး။ ကိုယ်လည်း သွားချင်သလိုသွားတယ်။ လည်ချင်သလိုလည်တယ်။ ဖတ်ချင်သလိုဖတ်တယ်။ ကိုယ့်ဘလော့ဂ်လည်း ရေးချင်မှရေးတယ်။ ဖွင့်ချင်မှ ဖွင့်တယ်။ ဒီလိုလုပ်တာ ဘယ်ကောင်းမလဲ.................နော်....။ ကျွန်မမှာလည်း ကျွန်မရဲ့ ဘ၀ပေးအခြေအနေက ခွင့်ပြုသမျှလေးနဲ့မို့ပါ။ ခွင့်လွှတ်ကြပါလို့ ဒီနေရာကနေ ပြောပါရစေ။

တကယ်ကတော့ ဘလော့ဂ်တိုင်းလိုလို ကောင်းကြပါတယ် သို့သော်လည်းထူးဆန်းတာက အကောင်းတွေထဲမှာ တချို့ဘလော့တွေကိုတော့ နေ့တိုင်းနီးပါးကြည့်ချင်တယ်ဆိုတဲ့  ဘလော့ဂ်ဆိုတာတွေလည်း တစ်ဦးချင်းစီမှာ ရှိလာပါတယ်။
 ဒါဟာဘာကြောင့်လဲ။ (အဖြေက ရှည်မယ်ထင်ပါရဲ့)

ဘလော့ရေးတော့ ပို့စ်မှာ ကော်မန့်လာပေးတာကို သဘောကျပါတယ်။ ကျွန်မကိုယ်တိုင်လည်း ကော်မန့်တွေရေးရတာ ပျော်ပါတယ်။ ကိုယ်က သူသိအောင် အားပေးခွင့်ရလို့။ ခက်တာက ရလာတဲ့  ကော်မန့်တွေကိုပြန်ပြီး မတုန့်ပြန်နိုင်တာပါ။ ကျွန်မရဲ့ ဆင်ခြေကို နားလည်ပေးမယ်လို့ထင်ပါတယ်။ အိမ်အလုပ်၊ ရုံးအလုပ်၊ အောက်ဆိုက်ရတဲ့ အလုပ် (ဘာသာပြန်တာပါ) ၊ ကိုယ်ပိုင် လေ့လာချိန်၊ ၃နှစ်အရွယ် ခလေးတဘက် ဆိုတဲ့ အကြောင်းပြချက်တွေပါ။
ကဲ..... ကော်မန့်တွေ ကိုဖြုတ်ဘို့ရာကလည်း  မဖြစ်နိုင်ပြန်ဘူး။ တချို့ကော်မန့်တွေကအားဖြစ်စေသလို တချို့ကော်မန့်တွေကနေ ဗဟုသုတတွေ ပြန်ရတာတွေကြောင့်ပါ။

ဘလော့ဂ်ရေးသူမဟုတ်ပေမယ့်လည်း လာအားပေးသူတွေလည်းရှိပါသေးတယ်။ သိပ်ကို အမှတ်ရခင်မင်စရာ စာကြောင်းတိုတွေထားခဲ့တတ်ကြတယ်။

ကျွန်မကတော့ ကျွန်မရေးတာကိုဖတ်တဲ့သူအားလုံးကို ကျေးဇူးတင်တာပါပဲ။


ကျွန်မကလည်း အခြားဘလော့ဂါတွေကို သူတို့ရေးတာကိုဖတ်ရင်း ဓါတ်ပုံတွေကို ကြည့်ရင်း သူတို့ပေးတဲ့ နည်းတွေ သတင်းတွေရရင် သူတို့ရဲ့ ဘ၀ အစိတ်အပိုင်းတွေကို သိရတော့ အထင်ကြီးတာ အတူခံစားမိတာတွေ ဖြစ်တာပေါ့။

ဘလော့ဂ်လောက က ကျွန်မအတွက် အထောက်အကူတွေဖြစ်ပါတယ်။ဘလော့ဂါတွေနဲ့ စာလာဖတ်ပေးတဲ့သူတွေနဲ့ ဆက်သွယ်ခွင့်ရတာကိုလည်း ကြည်နူးမိတယ်။

ဟိုးအရင်က ဂျပန်ဘလော့ဂ်တွေချည်းဖတ်ခဲ့ရချိန်မှာ မြန်မာဘလော့ဆိုတာကို မျှော်လင့်မိခဲ့ဘူးတယ်။
အခုတော့  မြန်မာဘလော့ဂ်တွေက နှစ်လိုဘွယ်ရာများစွာနဲ့ ဘလော့ဂ်လောက တစ်ခုရယ်လို့တောင် အထင်ကရ တည်ရှိနေပါပြီ။

သို့သော်လည်း အမြဲတမ်း နှိုင်းယှဉ်ကြည့်မိတတ်တဲ့ အကျင့်နဲ့ ကျွန်မသတိထားမိတာလေးတစ်ခုကို ပြောပါရစေဦး။  ဂျပန်လူမျိုးတွေဟာ ကွန်ပြူတာသုံးသူ လူတိုင်းနီးပါး ဂျပန်စာကို သူတို့ကွန်ပြူတာမှာသုံးကြတယ်။ ၀င်းဒိုး ကလည်း ဂျပန်ဝင်းဒိုးဖြစ်နေတာက တစ်ပိုင်းပေါ့ရှင်။

ကျွန်မတို့တွေက အင်တာနက်ပေါ်မှာ မြန်မာစာကိုဖတ်ချင်တယ်ရယ်လို့၊  မြန်မာဘလော့ဂ်တွေကို
နေ့တိုင်းကြည့်ချင်နေကြတယ်ရယ်လို့၊ ဘလောဂ့်ဒေးရယ်လို့ ဖြစ်နေတဲ့ကာလမှာ အထူးသဖြင့် မြန်မာနိုင်ငံအပြင်ဘက်မှာရောက်နေတဲ့ မြန်မာလူမျိုးအချို့ကတော့
မြန်မာစာကို သူတို့စက်(ကွန်ပြူတာ)နဲ့ ဖတ်လို့မရဘူးဆိုတဲ့သူတွေ တော်တော်ရှိနေသေးတာကို အံ့သြစွာတွေ့ရ၊ သိရတာပါ။

အခုလို ဘလော့ဂ်ဒေး အထိမ်းအမှတ်မှာ ကျေးဇူးတရားနဲ့ ကြည်နူးမှုတွေကို သတိရမှတ်တမ်းတင်ရင်းနဲ့ အားနည်းမှုတစ်ခုအတွက်လည်း ရည်မှန်းဆုတောင်းလိုက်ပါတယ်။
“မဝေးတော့တဲ့ အနာဂါတ်မှာ မြန်မာဖေါင့် ကို မြန်မာလူမျိုးတွေပိုသုံးလာကြပါစေ”


ပုံကို အင်တာနက်က ကူးယူပါတယ်

July 25, 2011

ဖန်တီး

ကြံဖန်ချက်စားပြီး တစ်ယောက်တည်း အ၀တီးပစ်လိုက်တာကို အတိုကောက်အနေနဲ့ “ဖန်တီး”လို့ ရေးလိုက်တာပါ။



July 11, 2011

ကြက်ဆီပြန် ၀က်သားနီလန်

ဝါဆိုသင်္ကန်း (၂၀၁၁၊ဇူလိုင်လ၊ ၁၀ရက်၊ တနင်္ဂနွေနေ့)
 တိုကျိုကမြန်မာဘုန်းကြီးကျောင်း စုပေါင်းဝါဆိုသင်္ကန်းကပ်ပွဲကို သွားခဲ့ပါတယ်။
ဘုန်းကြီးကျောင်းရဲ့ ၀ါဆိုသင်္ကန်း ဖိတ်စာမှာရေးထားတဲ့ ၀ါဆိုသင်္ကန်းကပ်လှူခြင်းအကြောင်းကို ရေးထားတာကိုဖတ်ပြီး သွားမယ်လို့ အားခဲတာပေါ့။ (ဘလော့ဂ်မိတ်ဆွေ သဂျီး ကိုကိုမောင် ကလည်း အားပေးတယ်လေ)




June 15, 2011

love yourself

ကျွန်မရဲ့ အလှ ဂုရု နဲ့ မိတ်ဆက်ပေးပါရစေ။ သူကကျွန်မကို တပည့်အဖြစ်လက်ခံထားတာမဟုတ်ပေမယ့် ၊ ကျွန်မက သူ့ကိုဆရာတင်ထားတာပါ။ သူ့ကို ဆရာတင်တာ ကျွန်မတစ်ယောက်တည်းတော့ မဟုတ်ဘူး။
သူ့အလုပ်အကိုင်ကိုပြောရင် ဘယ်သူတွေကဆရာတင်ထားတာလဲ ဆိုတာသိရပါမယ်။ 

June 5, 2011

ဘူလ်တန်

တီဗွီကြည့်ရင်း အတွေးအမျိုးမျိုးနဲ့ စိတ်ထဲမှာ ထင်ကျန်နေတဲ့ အကြောင်းလေးကတော့ ဘူလ်တန် နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအကြောင်းပါ။ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဆိုပေမယ့်  နိုင်ငံရေး နဲ့ ဘာသာရေး အတွေးအခေါ်တွေအများကြီးပါနေပါတယ်။

ကမ္ဘာ့နံမည်အကြီးဆုံးဘုန်းကြီးကျောင်းများထဲက ဘူလ်တန်နိုင်ငံရဲ့ Tiger's nest

May 5, 2011

ရွှေရောင် ရက်သတ္တပါတ်

မေလ ပထမပါတ်မှာ အထိမ်းအမှတ်ပိတ်ရက် ၃ရက်ရှိနေလို့ Golden Week ဆိုပြီးခေါ်ကြတယ်။ ဒီနှစ်မှာတော့ ဧပြီလ ၂၉ရက်ကနေ မေလ၈ရက်နေ့အထိပိတ်တဲ့ ရုံးတွေလည်းရှိတယ်။ ကျွန်မရဲ့ ရုံးကတော့ အဲလိုမဟုတ်ဘူး။ ကြားရက်လေးတွေဖြစ်တဲ့ မေလ၂ရက်နဲ့ ၆ရက်နေ့တွေမှာရုံးတက်ရတယ်လေ။ ဘယ်ကိုမှ ခရီးမထွက်ဖြစ်သလို နေ့ချင်းပြန်ခရီးတွေလည်း မသွားဖြစ်ပါဘူး။ နေ့တိုင်း တီဗွီအစီအစဉ်တွေကြည့်ပြီး အိမ်သန့်ရှင်းရေးနဲ့ ဆောင်းတွင်းအ၀တ်တွေကိုသိမ်း နွေအ၀တ်တွေပြန်ထုတ် တာတွေလုပ်နေခဲ့ပါတယ်။
အထိမ်းအမှတ်ပိတ်ရက်ရယ် စနေတနင်္ဂနွေရယ်ဆက်ပြီး အခုလိုရက်ရှည်ဖြစ်နေလို့ ဂိုးလ်ဒင်းဝိခ် လို့ခေါ်တာပါ