May 29, 2010

ရိုးရိုးမွေးတာ နဲ့ ခွဲမွေးတာ

ဂျပန်မှာ ကလေးမွေးတဲ့ အခါ “ရိုးရိုး မွေး” တာ ဟာ ပုံမှန်ဖြစ်ပြီး ၊ မြန်မာပြည်မှာ ဆေးရုံမှာမွေးသမျှ အများစုဟာ “ ခွဲမွေးကြပါတယ်”။
ဆေးပညာ နဲ့ တိုးတက်မှုများစွာ ရှိနေတဲ့ ဂျပန်ပြည်မှာ ရိုးရိုး မွေးတာ က ပုံမှန်ဖြစ်ပြီး ၊ မီးသိပ်မလာ ၊ ဆေးဝါးမစုံလင်၊ ဆေးကုသခြင်းအာမခံ ကလေးသူငယ် နဲ့ သားသည်မိခင် ထောက်ပံ့မှု စံနစ်တွေ ဘာမှသေသေချာချာ မရှိတဲ့ မြန်မာပြည်မှာ ဘာကြောင့် “ခွဲမွေးတာ” ဟာ ပုံမှန်ဖြစ်နေရတာပါလဲ။

May 25, 2010

ဆယ်လယ်ဘု

“ဆယ်လယ်ဘု” ဆိုတာ ဂျပန်အသံထွက်ကို မြန်မာလိုရေးထားတာပါ။ အင်္ဂလိပ်လို celebrity/ celeb စကားလုံးကို ဂျပန်တွေဘယ်လိုသုံးပြီး ဂျပန်နိုင်ငံမှာ ဆယ်လယ်ဘုတွေကို ဘယ်လိုသတ်မှတ်ထားသလဲ ဆိုတာ ယေဘူယျ လေ့လာကြည့်မိပါတယ်။

May 24, 2010

စားသောက်ပုံ ယဉ်ကျေးမှု တိုးတက်ခြင်း နှင့် အထောက်အကူပစ္စည်းများ

ကျွန်မတို့ရဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်းမှာ အထောက်အကူပစ္စည်းများကို သုံးစွဲ တတ်တာကလည်း သူ့အတိုင်းအတာတစ်ခုအနေနဲ့ အရေးပါတယ်လို့ထင်ပါတယ်။

ရန်ကုန်မှာ ဟိုတုန်းက ကျွန်မရှိခဲ့စဉ်အခါကတော့ တစ်ခါသုံးတူ၊ ဖေါ့ နဲ့လုပ်ထားတဲ့ ထမင်းဗူး၊(ဆိုင်တွေကနေ ပါဆယ်ဝယ်တဲ့အခါရတဲ့) ၊ စားစာရာကော သောက်စရာပါထည့်သုံးနိုင်တဲ့ ကြွတ်ကြွတ်အိပ် တို့ပါပဲ။ အခုတော့ နောက်ထပ် အများကြီး လှပတိုးတက်နေပြီလို့ထင်ပါတယ်။

အခြားနိုင်ငံတွေမှာလည်း သူ့ နေရာနဲ့သူ ပစ္စည်းမျိုးစုံ ရှိပါလိမ့်မယ်။ ကျွန်မအနေနဲ့ ဂျပန်မှာ ကျွန်မအနီးအနား ကတွေ့ရတဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်း အထောက်အကူပစ္စည်းများ အကြောင်း ကို မိတ်ဆက်ချင်ပါတယ်။

May 10, 2010

သတင်း အချက်အလက် လုံခြုံရေး

ကျွန်မငယ်ငယ်က မွေးဖွားနေထိုင်ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် “လုံခြုံရေး”ဆိုရင် သံဆူးအခွေတွေချ၊ မီးပျက် (မီးဖျက်)။ လမ်းတွေပိတ်၊ ဖုန်းလိုင်းတွေဖြတ်၊ သေနတ်ကိုင်တဲ့အစောင့်တွေ မတ်တပ်ရပ်၊ သန်းခေါင်းစာရင်းတိုင်၊ သန်းခေါင်စာရင်းစစ်၊ ကားရပ်ပြီး ရှာခံရ၊ ပိုက်ဆံအိတ်ဖွင့်ပြီး ပြရဆိုတာမျိုးလောက်ပဲ သိခဲ့ရပါတယ်။

အခုပြောချင်တယ် “လုံခြုံရေး”ကတော့ အခုလက်ရှိ မျက်မှောက် ကမ္ဘာမှာ အရေးထားနေကြတဲ့ “သတင်း အချက်အလက်” လုံခြုံရေး နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကျွန်မရဲ့ နေ့စဉ် အလုပ်ထဲမှာ ကြုံတွေ့နေရတဲ့ အကြောင်းအရာတချို့ပါ။