May 29, 2010

ရိုးရိုးမွေးတာ နဲ့ ခွဲမွေးတာ

ဂျပန်မှာ ကလေးမွေးတဲ့ အခါ “ရိုးရိုး မွေး” တာ ဟာ ပုံမှန်ဖြစ်ပြီး ၊ မြန်မာပြည်မှာ ဆေးရုံမှာမွေးသမျှ အများစုဟာ “ ခွဲမွေးကြပါတယ်”။
ဆေးပညာ နဲ့ တိုးတက်မှုများစွာ ရှိနေတဲ့ ဂျပန်ပြည်မှာ ရိုးရိုး မွေးတာ က ပုံမှန်ဖြစ်ပြီး ၊ မီးသိပ်မလာ ၊ ဆေးဝါးမစုံလင်၊ ဆေးကုသခြင်းအာမခံ ကလေးသူငယ် နဲ့ သားသည်မိခင် ထောက်ပံ့မှု စံနစ်တွေ ဘာမှသေသေချာချာ မရှိတဲ့ မြန်မာပြည်မှာ ဘာကြောင့် “ခွဲမွေးတာ” ဟာ ပုံမှန်ဖြစ်နေရတာပါလဲ။

ကျွန်မသားလေးကို မွေးဘို့ နီးလာတဲ့အချိန်မှာ ရန်ကုန်က သူငယ်ချင်း (ကလေးအမေများ) နဲ့ ၊မေမေ (မေမေက ကျွန်မတို့မောင်နှမ၃ယောက်စလုံးကို ခွဲမွေးခဲ့ပါတယ်) ၊ အဒေါ်များ (အဒေါ်အပျိုကြီးများမပါ) က ခွဲမွေးဘို့ ဖုန်းနဲ့ တမျိုး၊ စာနဲ့ တစ်သွယ်မှာကြပါတယ်။

ကျွန်မက အားလုံးရဲ့ ပြောစကားကို “ဟုတ်ကဲ့၊ စိတ်ချပါ”လို့ပြန်ဖြေခဲ့ပါတယ်။

ကိုယ်ဝန်စရှိလို့ ဆေးရုံပြကတည်းက ဘယ်လိုမွေးမယ်လို့ ဆိုပြီး ကြိုတင်မစဉ်းစားခဲ့ပါဘူး။ ဒီဂျပန်မှကလေးမွေးဘူးတဲ့ သူငယ်ချင်းများကတော့ “ဂျပန်မှာ ရိုးရိုး ပဲ မွေးရတယ်” ဆိုတာကို ပြောပြကြပါတယ်။ ဆရာဝန်က မွေးဘို့နီးလာတဲ့ အချိန်မှာ ဗိုက်ခွဲမွေးဘို့ လိုအပ်တယ်ဆိုရင်ပြောပြလိမ့်မယ် ဆိုတာကိုလည်း ခွဲမွေးတဲ့ အတွေ့အကြုံရှိတဲ့ သူငယ်ချင်း အစ်မတစ်ယောက်ကပြောပြပါတယ်။

(ကျွန်မသိသလောက် )ရန်ကုန်မှာကတော့ ဆေးရုံမှာမွေးသမျှ ခွဲမွေးတာချည်းပါပဲ၊ နယ်ကဆေးရုံတွေမှာလည်း ခွဲမွေးတာများပါတယ်။ ကလေးမွေးရင် ခွဲမွေးရမယ် ဆိုသလိုဖြစ်နေကြပြီတဲ့။

ကျွန်ကိုယ်တွေ့ (ရိုးရိုး မွေးဖွားခြင်း) ကို အခြေခံပြီး ၊“ ဂျပန်မှာ ဘာကြောင့် ခွဲမမွေးတာလဲ” “မြန်မာပြည်ကဆေးရုံးတွေမှာ ဘာကြောင့် ရိုးရိုးး မွေးတာ နည်းသွားတာလဲ ” ဆိုတာတွေကို စဉ်းစားရင်းနဲ့ ဗိုက်ခွဲမွေး တာနဲ့ သဘာဝအတိုင်းမွေးတာ နှစ်ခုရဲ့ ကွာခြားချက်တွေကို လေ့လာခဲ့ပါတယ်။

ကျွန်မတို့ရဲ့ နုနယ်တဲ့ခန္ဒာကိုယ်ကို ခွဲစိတ်မှုကြီး တစ်ခုခံလိုက်ရတာဖြစ်ပါတယ်။ ခွဲစိတ်ပြီးချိန်နာကြင်မှုနဲ့။ အကောင်းပကတိရှိနေတဲ့ ခန္ဒာကိုယ် (၀မ်းဗိုက်) ကိုခွဲစိတ်ရတာပါ။

“ဘာကြောင့် ဗိုက်ခွဲမွေးတာကို ဂျပန်မှာ သိပ်မလုပ်တာလဲလို့” ဆရာဝန်ကိုမေးကြည့်တော့ ”အသက်ကယ်လောက်ဘို့ အထိလိုအပ်ရင် ဗိုက်ခွဲမွေးသင့်ပြီး၊ မလိုအပ်ဘူးဆိုရင်တော့ ဗိုက်ခွဲမမွေးပါနဲ့” တဲ့။

ရန်ကုန်က ( ကလေးနှစ်ယေက်ကို ခွဲမွေးဘူးတဲ့ )သူငယ်ချင်းများကတော့ ( ဗိုက်မနာဘူး၊ ကြည့်လေ အခုဘာမှမဖြစ်ဘူး၊ ကျန်းကျန်းမာမာ လှလှပပ၊ ပြီးတော့ ကိုယ်မီးဖွါးချင်တဲ့ နေ့ကောင်းရက်မြတ်လည်း ရွေးလို့ရတယ်ဟဲ့)တဲ့ ။ ပထမကလေးကို သဘာဝအတိုင်း မွေးပြီး နောက်ခလေးနှစ်ယောက်ကို ခွဲမွေးခဲ့တဲ့ သူငယ်ချင်းကတော့ “ခွဲမွေးတာက မမွေးခင် ဗိုက်သိပ်နာတယ်လေ။ မွေးပြီး တော့ နာရီပိုင်းတောင်မကြာဘူး ပေါ့ပါးကျန်းမာပြီး တကယ့်လူကောင်းပကတိပေါ့ဟယ်။ ခွဲမွေးတော့ မေ့ဆေးပေးလိုက်ကတည်းကမေ့သွားတာဘာမှမသိရဘူး။ မွေးပြီးတော့ လူမမာကြီးလိုပဲ။ တစ်လလောက်တော့ ခံရတယ်။ အခုတော့လည်း အားလုံးအကောင်းအတိုင်းပေါ့”

လွယ်လွယ်နဲ့ပြောရရင်တော့ “ခွဲမွေးတာဟာ ဗိုက်မနာဘူး” ဒါပဲပေါ့။

မလိုအပ်ပဲနဲ့ ခွဲစိတ်တာကိုလုပ်တဲ့အတွက် ခန္ဒာကိုယ်မှာ အနည်းနဲ့အများ ဆိုးကျိုး ကျန်ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ခွဲမွေးတာမှာ ကြိုတင်စီစဉ်ထားတဲ့ ခွဲမွေးခြင်း နဲ့ အရေးပေါ်ခွဲမွေးခြင်း ဖြစ်ပါတယ်။ ကျွန်မ အခု ပြောမယ့် ခွဲမွေးခြင်းက ကြိုတင်စီစဉ်ထားတဲ ခွဲမွေးခြင်းပါ။

ခွဲမွေးတယ်ဆိုတာကတော့ ခန္ဒာကိုယ်ရဲ့ အနောက်ဘက်ခြမ်းမျာရှိနေတဲ့ သားအိမ်ကို ခန္ဒာကိုယ်အရှေ့ဘက်ခြမ်းကနေ ခွဲစိတ်ဝင်ရောက်ရတာဖြစ်တဲ့ အတွက် ၀မ်းဗိုက်အရေပြား၊ ၀မ်းဗိုက်ကြွက်သား၊ ၀မ်းဗိုက်အိမ် အတွင်းက ကလီစာတွေအားလုံးနဲ့ ၀မ်းဗိုက်နံရံ (the abdominal wall) ကြားမှာရှိတဲ့ အလွှာပါး ကို ခွဲပြီးမှ ခန္ဒာကိုယ်အရှေ့ဘက်ခြမ်းရှိ ကိုယ်တွင်းအင်္ဂါအားလုံးကို ထိစပ်ကိုင်တွယ်ပြီးမှသာ
ဆီးအိမ်နော်ဘက်ကသားအိမ်ကို ခွဲပြီး ခလေးကို ထုတ်ယူရတဲ့ ခွဲစိတ်မှုပါ။ အဲဒီလို ကလေးကို ခွဲစိတ်ထုပ်ယူတဲ့ အတွက် သားအိမ်ပတ်ဝန်းကျင် ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို အနည်းနဲ့ အများ ထိတွေ့လှုပ်ရှားမှုတွေဖြစ်စေပါတယ်။ ဒီ့အတွက် နောက်ပိုင်းမှာ ဒဏ်ကျန်ခဲ့ နိုင်ပါတယ်။ နောက်တစ်ချက်က လူ့ကံဆိုတာ အမျိုးမျိုးဆိုတော့ ကံအကြောင်းမလှလို့ တစ်ချိန်ချိန်မှာ ဗိုက်ခွဲရမယ့် ခွဲစိတ်မှုမျိုးရှိခဲ့ရင် အရင်က ခွဲမွေးထားတဲ့အတွက် ခွဲစိတ်မှုကို အတိုင်းအတာတခုအနေနဲ့ ခက်ခဲစေပါတယ်။ အရင်ခွဲစိတ်ခဲ့တဲ့ နေရာကို ဒဏ်ဖြစ်စေပါတယ်။ ချုပ်ရိုးက အချိန်ကြာလာတာနဲ့ အမျှ ပျောက်သွားမှာဖြစ်ပေမယ့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများအပေါ် သက်ရောက်တဲ့ ဒဏ်က လုံးဝမကျန်ခဲ့ဘူးဆိုတာ ကတော့မဖြစ်နိုင်ပါဘူး။

တချို့မိခင်လောင်းတွေကတော့ အလွန်ကိုကြောက်တတ်သူ၊ နှလုံးရောဂါရှိသူတွေအတွက်ကတော့ ဒီလမ်းကိုမရွေးလို့မရပါဘူး။

ဒီလို အချက်တွေကြောင့် ဂျပန်မှာ ခွဲမွေးဘို့ မလိုအပ်သရွေ့ ရိုးရိုးမွေးစေတာပါပဲ၊

အဲဒါတွေအားလုံးကို သိပေမယ့် ခွဲမွေးတဲ့ နည်းကို ရွေးတယ်ဆိုရင်တော့ အောက်ဖေါ်ပြပါ အကြောင်းရင်းတွေ နဲ့ အနည်း ငယ် သို့ မဟုတ် လုံးဝ သက်ဆိုင်မယ်ထင်ပါတယ်။

၁။ ငွေကြေး၊ ၂။ မွေးနည်းဆေးပညာ၊ ၃။ သားဖွားဆရာမပညာ၊ ၄။ ကလေးသူငယ်ကျမ္မာရေး ဆေးပညာ

စတာတွေရဲ့ လိုအပ်မှု ချို့တဲ့မှု တွေပါ။

ဆက်လက်ပြီး ခွဲမွေးခြင်း နဲ့ပါတ်သက်တဲ့ မှတ်စုအတိုအထွာလေးကို ဖတ်ကြည့်စေချင်ပါတယ်။ 



၁။ လုံးဝ ရိုးရိုးမွေးနိုင်သည့် အခြေအနေမရှိသောမိခင်လောင်း

-သန္ဓေသား ချက်တိုင်နှင့် ဆက်သွယ်နေသော အင်္ဂါအစိတ်အပိုင်း (ချက်အူတိုင်အိမ်)သည် သားအိမ်ဝမွေးလမ်းကြောင်းကို ပိတ်သလိုဖြစ်နေခြင်း
-ခလေး၏ဦးခေါင်းကြီးမား၍ မွေးလမ်းကြောင်းကို မတိုးနိုင်ခြင်း-မိခင်လောင်း၏သားအိမ်ကျမ္မာရေးမကောင်းသည့်လက္ခဏာတွေ့ရခြင်း






၂။ ရိုးရိုးမွေးနိုင်သောအခြေအနေတွင်ရှိသော်လည်း ဆရာဝန်၏ဆုံးဖြတ်ချက်


(မိခင်လောင်း)


-အရှေ့တစ်ကြိမ်တွင် ခွဲမွေးထားခဲ့ခြင်း

-အမွှာခလေးဖြစ်နေခြင်း
- သားအိမ်အတွင်း သန္ဓေသားနေတဲ့ အင်္ဂါအစိတ်အပိုင်းက သားအိမ်ကနေ စော၍ကွာခြင်း
-သားအိမ်ခွဲစိတ်မှုခံထားဘူးခြင်း
-သွေးတိုးနှင့် အခြားရောဂါဝေဒနာခံစားနေရခြင်း စတာတွေဖြစ်ပါတယ်။


(သန္ဓေသား)-သားအိမ်တွင်း ခလေးကြီးထွားမှု နှေးကွေးခြင်း

-ခလေးငယ်အနေအထားမမှန်ခြင်း

-ခလေးခန္ဒာကိုယ်အတွက် စိတ်မချရခြင်း

- ခလေးငယ်အားဆက်သွယ်နေသည့် အူတိုင်ကွာလာခြင်း
စတာတွေဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ခွဲမွေးတာကိုကြုံဘူးတဲ့ မိခင်တွေကို “ခွဲမွေးရတော့မယ်လို့ သိတဲ့ အချိန်မှာ ဘယ်လိုခံစားရပါသလဲလို့မေးကြည့်တော့
လုံးဝမကြိုက်ဘူး ၅%
ဖြစ်နိုင်ရင် ခွဲမမွေးချင်ပါဘူး ၂၇%
ဘယ်လိုမှမနေပါဘူး ၃%
မတတ်နိုင်ဘူးလေ ၅၀%
ကိုယ်တိုင်ကလည်း ဆန္ဒရှိခဲ့ပါတယ် ၁၅% လို့တွေ့ရပါတယ်။

နောက်ဘယ်လိုခံစားခဲ့တယ်ဆိုမသိရပေမယ့် ခွဲမွေးခဲ့တဲ့ အထင်ကရ မိခင်တစ်ယောက်ကတော့ ဂျပန်ဘုရင်ရဲ့ ဒုတိယသားတော်ရဲ့ ဇနီးဟာ ကိုယ်ဝန်ရှိစဉ်ကတည်းက ကျမ္မာရေးလိုအပ်ချက်ကြောင့် ၄၁နှစ်မြောက် ဘုရင့်မိသားစုရဲ့ သားယောက်ျားလေးကို မွေးဖွားခဲ့ပါတယ်။
ကမ္ဘာမှာ ခွဲမွေးတာအများဆုံး နိုင်ငံတွေကတော့ မက်ဆီကို၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်ဝမ် နှင့် အာရှနိုင်ငံများဖြစ်ကြပါတယ်။


ရိုးရိုးမွေးတာ များတဲ့ နိုင်ငံတွေကတော့ ဆွီဒင်၊ ဂျပန်၊ မလေးရှားတို့ဖြစ်ပါတယ်။
ကျွန်မကိုယ်တွေ့ကတော့ ကလေးမီးဖွါးရတာ တကယ်ကို သက်စွန့်ဆံဖျားပါပဲ (ယောက်ျားဖေါင်စီးမိန်းမမီးနေ ဆိုတော့ )ဲ။ နာလိုက်တာ ဘယ်ပြောကောင်းမလဲ (မွေးတုန်းက လာစောင့်ပေးတဲ့ ချစ်သူငယ်ချင်းး ညီမလေး စုမွန် အသိ) ၊ ဒါပေမယ့် မီးဖွါးလိုက်ပြီးတဲ့ အချိန်မှာတော့ ကျွန်မအတွက် ဥပမာပေးလို့မရတဲ့ ခံစားမှု ကို ပျော်ရွှင်စွာခံစားလိုက်ရပါတယ်။
အတိုချုပ်ပြောရရင်တော့ ဘာနဲ့မှအစားထိုးမရတဲ့ ကျွန်မတို့ရဲ့ ရင်သွေးငယ်နဲ့ မိခင်လောင်းကိုယ်တိုင်ရဲ့ အသက်ကို ကာကွယ်ဘို့ကအဓိကပါပဲ။


ကိုးကား
http://www5a.biglobe.ne.jp/~withkumo/teiou-mametisikimokuzi2.htm

6 comments:

မြတ်နိုး said...

အမ..ခွဲမေးတာ မြန်မာပြည်မှာ ခေတ်မှီတယ်ထင်နေတာ။ ပီးတော့ ဆရာဝန်တွေကလဲ သေချာရှင်းမပြဘူးလေ။ ပိုက်ဆံရပီးရော လုပ်နေတာ။

ဒါပေမဲ့ ကျနော် မြန်မာပြည်မှာနေတုန်းက ဘယ်ဆရာဝန်လဲမသိဘူး။ ခွဲမွေးတာ မကောင်းဘူး။ နိုင်ငံခြားတွေမှာဆို အားမပေးဘူးလို့ရေးထားတာ ဖတ်ဘူးတယ်။တကယ်တော့ ခွဲမွေးတယ်ဆိုတာ မလိုအပ်ပဲနဲ့မွေးရင် မကောင်းဘူး။ ရိုးရိုးမွေးရင် ရေရှည်အတွက်ကောင်းတယ်။
ကျနော်သိသလောက် ခွဲမွေးသူဟာ အရပ်၅ပေအောက် သမား ဘာလို့ဆို ညှပ်ရိုးကျဉ်းလို့
ပီးတော့ သနေသား ပုံမှန်မဟုတ်သူပဲ ခွဲမွေးသင့်တာ။ စာအုပ်ထဲက ဖတ်တာတွေ လာရွတ်ပြသွားတာ။

khun thadar said...

မြန်မာပြည်မှာက လူနာကလည်းခွဲမွေးချင်တာပါသလို
ဆရာဝန်တွေကလည်း(အားလုံးကိုမဆိုလိုပါ) ပိုက်ဆံ၇လို့လား မြန်မြန်ပြီးအောင်လားတော့မသိဘူး ခွဲချင်ကြတယ်ထင်ပါတယ် အစ်မရယ်....
အသိဆရာဝန်တယောက် ခွန်နဲ့စကားပြောနေတုန်း ခုလူနာဗိုက်နာနေတာ သူကခွဲမွေးပေးလိုက်ချင်ပြီ ဒါပေမယ့် လူနာကမမွေးချင်ဘူးဆိုလို့ ညှပ်ဆွဲဘို့လုပ်နေတာတဲ့ အဲ့လိုပြောဖူးတယ်...
ပြီးတော့ သူငယ်ချင်းတယောက်ကပြန်ပြောပြတာ သူ့အမျိုးတယောက်စစ်ဆေးရုံမှာ ခွဲမွေးပြီး မကြာဘူး ချက်ချင်းဘဲ ချုပ်ရိုးပြန်ပြေလို့ ပြန်ချုပ်ရတယ်တဲ့။ အဲ့ဒါမျိုးဆိုကြောက်စရာကြီးနော်...အစ်မ နှစ်ခါနာကြီး။
ခွန်လဲ ကလေးအားကြီးချစ်မို့ ကလေးတော့တအားလို
ချင်တာဘဲ...ဟီး ကြုံလို့ပြောပြတာအစ်မး)း)း)

win latt said...

အမသူငယ်ချင်းပြောသလို ...“ အခုတော့လည်း အားလုံး အကောင်းအတိုင်းပေါ့...” ဆိုတာမျိုး လိုချင်ကြတဲ့ ရွှေမမ တွေ...ဖတ်ဖို့ လိုတဲ့စာကောင်းစာမွန်လေးပါ...။ဒီကိုလာရင် ဗဟုသုတတွေ အများကြီး ရတယ်..။ကျေးဇူးပါ...။
အားလုံးအကောင်းအတိုင်း ဖြစ်ကြပါစေ....။

သူကြီးမင်း (တုံးဖလား) said...

သဘာဝတရားအတိုင်း မွေးဖွားကြတာက ပိုကောင်းမယ်ထင်ပါတယ်။ အမပြောသလိုပေါ့လေ။ သဘာဝအတိုင်း မွေးဖွားဖို့ လုံးဝအခက်အခဲတွေ့မှ ခွဲမွေးတာဘဲ ဖြစ်သင့်ပါတယ်။ တောရွာတွေက မိခင်တွေကတော့ အခုထက်ထိ အေးအေးဆေးဆေးဘဲ သဘာဝအတိုင်းမွေးဖွားနေကြပါတယ်။ ကလေးလဲ များမှများဘဲ။းဝ)

mabaydar88 said...

ညီမရေ..

အခုမှပဲ လာဖတ်ဖြစ်ပါတယ်.. ခွင့်လွတ်ပါ..။

အမ ဒုတိယ ကလေး က ခွဲမွေးလိုက်ရပါတယ်.. အရမ်းခက်သလို ဗိုလ်နာနေတာလည်း ၇ ရက်လောက်ကြာသွားလို့ပါ..။ အမလည်း သဘာဝကို အရင်ကြိုးစားကြည့်စေချင်တဲ့ ဆန္ဒရှိတယ်.. တော်ကြာ တခြားအကြောင်း တခုခုရှိလို့ ခွဲ ရမယ်ဆိုရင် ကလေး ၃ ယောက်လောက်ကို ခွဲထားဖူးလို့ နောက်ထပ်ခွဲ စိတ်ရမဲ့ ဟာမျိုး လုပ်မရတော့ဘူးဆိုရင် ဒုက္ခနော်..။

ညီမ မြန်မာပြည်မှာ အများစုက ဆင်းရဲတယ်မလား.. ဆေးရုံမှာလည်း ချမ်းသာတဲ့သူလောက် ခွဲမွေးတာ မလား..။ တော်ရုံလူက မခွဲဘူးလို့ အမ ထင်ပါတယ်.. အထင်ပါညီမ..ရေ..။

လာလည်သွားတာ ကျေးဇူးနော်ညီမ..။ သုတပေးတာလည်း ကျေးဇူး. .ညီမလည်း အမနဲ့တူတယ်.. စကားပြောခြင်း...။ အမလည်း အပြင်မှာလူတွေနဲ့ တွေ့ရင် အင်မတန် စကားများပါတယ်..။

မဗေဒါ (၈၈)

Unknown said...

မမွန်ရေ

ကိုယ်တိုင် က ပထမ ခလေးကို တအားထွားနေတယ် ဆိုပီးခွဲ မွေးခဲ့ ၇ပါတယ် ။ပတ်ဝန်းကျင်ကလည်း တိုက်တွန်းတာ၇ယ် နောက်ဆ၇ာဝန် ကလည်းခွဲမွေးတော့ မနာဘုူးပေါ့ လို့ပြောတော့ နာ၇မှာကြောက်တာ၇ယ် ကြောင့် အလွယ်တကူပဲ ခွဲ ဖို့ ကို သဘောတူခဲ့ ပါတယ်
ဂျပန်မှာ အားလုံးက သဘာဝ ကြိုးစားပီး မွေးနေတာကို မြင်၇ဲ့ သားနဲ့ (ခလေးက မြန်မာပြည်မှာမွေးတာ)့  အလွယ်တကူ လက်ခံမှိလိုက်တယ်

ပထမခလေးခွဲ မွေးတော့  ဒုတိယ ခလေးလည်းခွဲ မွေး၇တော့ တာပေါ့ 
မထုးပါဘူးခွဲမွေးလည်ဲး ဆေးဝါးတွေကောင်းလို့  ဗိုက်ချုပ်၇ိုးကမနာတော့ ဟုတ်နေတာပေါ့ လေ နောက်ဆက်တွဲ က ခွဲတုန်ူးက ခါးကို အပ်အကြီးကြီးနဲ့ မေ့ ဆေးပေး၇ပါတယ် အဲ့ ဒါက ပြသနာစတာပါပဲ ၄၅ရက်ပြည့် တာနဲ့ ခါးက နာတော့ တာပဲ အတော်ခံ၇တယ်
နောက် ၆ လပြည့် လို့ ခ၇ီးတွေ ဘာတွေစထွင်တော့ ခ၇ီးဆောင်အိတ်ကို မသယ်၇ဲ တော့ တာပါပဲ အခံမသင့် လို့ အထဲ ကချူပ်၇ိုးများ ဘာဖြစ်မလည်း ဒဏ်များဖြစ်မလားဆိုတာတွေက အတော်ကို စိတ်ကသိကအောက်တွေဖြစ်တာကနေ ခုတလော ခွဲမွေးတဲ့ သူငယ်ချင်းတွေ ဆုံ၇င် ခါးနာတဲ့ ကိစ္စ ကို ခဏခဏ ပြောနေမှိတော့ တာပါပဲ နည်းနည်းလေးပင်ပင်ပန်းပန်းဖြစ်သွား၇င် ခါးက နာတော့ တာပါပဲ

နောက်တခုက ခွဲမွေူးတဲ့ သူတွေက ဗိုက်လေ့ ကျင့် ခန်းတွေ လုပ်၇င်လည်း ၇ိုး၇ိုးမွေးသူတွေ လို ဗိုက်က ၇ှပ်မနေတော့ ပဲ ခွဲထားတဲ့ ဒါး၇ာနေ၇ာက ထစ်နေတော့ တာပါပဲ
ခုနောက်ပိုင်း ပတ်ဝန်းကျင်က သူတွေကို ခလေးမွေး ရင် ၇ိုး၇ိုးမွေးဖို့  အမြဲံ တိုက်တွန်းမှိတယ်

အားပေးလျှက်