Showing posts with label ဖေဖေသို.ပေးစာ. Show all posts
Showing posts with label ဖေဖေသို.ပေးစာ. Show all posts

September 26, 2009

ယောကိုဟားမားချိုင်းနားတောင်း နဲ. ယောကိုဟားမားဆိပ်ကမ်း

ဖေဖေသို.
သမီတို.လည်း ပိတ်ရက်ရှည်(၅)ရက်ရဲ.နောက်ဆုံးနေ.မှာတော့ ယိုကိုဟားမား ကိုသွားခဲ့ကြပါတယ်။ ယိုကိုဟားမားရဲ. ချိုင်းနားတောင်းနဲ. ယိုကိုဟားမားဆိပ်ကမ်းကို သွားလည်ခဲ့တာပါ။ နှစ်နေရာစလုံးဟာ နေ.ခင်းကော ညခင်းပါ လူစည်ကားပြီး စိတ်ရော၊ ပတ်ဝန်းကျင်လေထုကော အပြောင်းအလည်းကို ရရှိစေမယ်. ပျော်စရာနေရာနှစ်ခုဖြစ်ပါတယ်။
ချိုင်းနားတောင်းကိုသွားရင်ရထားလမ်းမျိုးစုံနဲ.သွားနိုင်ပြီး ယိုကိုဟားမားကနေ တဆင့်ထပ်ပြောင်းစီးရပါတယ်။ ဘေးကပုံကတော့ ရထားစီးဘို.မြေအောက်ကိုဆင်းနေတဲ.ပုံပါ။ သားရဲ.လှည်းနဲ.ဆိုတော့ ဓါတ်လှေခါးမရှိတဲ.နေရာတွေမှာ စက်လှေခါးနဲ. ဆင်းပါတယ်။
ချိုင်းနားတောင်းနဲ. အနီးဆုံးဘူတာလည်း သုံးခုလောက်ရှိပါတယ်။ သမီးတို.ကတော့ အီချိခါ့ဝါ ဆိုတဲ.ဘူတာမှာဆင်းခဲ့ကြပါတယ်။ အဲဒီဘူတာရဲ.နံရံမှာလည်း ချိုင်းနားတောင်း နဲ. ပတ်သက်တဲ. အရုပ်တွေလည်းဆေးခြယ်ထားလို. သားငယ်လေးအတွက် စိတ်ဝင်စားစရာတစ်ခုပေါ.။ အီချိခါ့ဝါ ဘူတာကနေ ချိုင်းနားတောင်းကို ၅မိနစ်မရှိတရှိလမ်းလျှောက်ရပါတယ်။
 ချိုင်းနားတောင်းရဲ. အ၀င်လမ်းပေါက်တွေမှာ မုခ်ဦးအကြီးကြီးတွေနဲ. ချိုင်းနားတောင်းရောက်ပြီဆိုတဲ. စိတ်အပြောင်းအလဲဖြစ်စရာ မြင်ကွင်းတစ်ခုပါပဲ။
ရောက်သွားတဲ.အချိန်က နေ.လည်စာစားချိန်ဖြစ်လို. ဆိုင်တိုင်းဆိုင်တိုင်းမှာလူတွေကအပြည့်နဲ.တန်းစီ နေတာများပါတယ်။ ဆိုင်တော်တော်များများက အ၀စား၊တစ်ခါပြင်( Lunch Set Menu) တွေနဲ.  ကြိုက်ရာမှာစားလို.ရတဲ. မီနူးပုံစံတွေထားထားပါတယ်။     ပီကင်းဘဲကင်နဲ. ငမန်းတောင်ပါတဲ. ဟင်းတွေကိုတော့ ဆိုင်တိုင်းလိုလို တင်ထားကြပါတယ်။ လူတွေကလည်း ချိုင်းနားတောင်းရောက်ပြီဆိုမှတော့ ဘဲကင်နဲ. ငမန်းတောင်ကို စားကြတာကိုး။ နောက်ပြီး ဒီဂျပန်မှာက  ငမန်းတောင်ကို စားရင် အသားအရည်လှလို.ဆိုပြီး လူကြိုက်များကြပါတယ်။ ငမန်းတောင်ပါတဲ. ခေါက်ဆွဲပြုတ်။ ငမန်းတောင်ဟင်း၊ ဟင်းချို၊ အခုလည်း ချိုင်းနားတောင်းက စားသောက်ဆိုင်တွေရဲ. ဆိုင်းဘုတ်ကြည့်လိုက်ရင် ငမန်းတောင်ပါကို ပါတယ်။ သမီးတို.လည်း ဒီနေ.တော့ ထမင်းဘူးမယူလားဘူး ၊ ဟုတ်တယ်လေ ချိုင်းနားတောင် လာပါတယ်ဆိုမှ ၀ယ်စားတော့မယ် ဆိုပြီးတော့ပေါ့။ နောက်ထပ်ဆိုင်တွေကတော့ ဒမ်ဆမ်နဲ. ခေါကဆွဲပြုတ်ဆိုင်တွေပေါ.။ အ၀စားကို လည်းသိပ်မစားနိုင်တော့ တခါပြင်ပုံစံနဲ. ဆိုင်မှာဝင်စားကြပါတယ်။
  ဗိုက်ပြည့်သွားတော့ ဆက်ပြီး ချိုင်းနားတောင်းထဲမှာဆိုင်တွေကြည့်ပြီး လမ်းလျှောက်ကြပါတယ်။ တရုပ်တန်းရဲ.အငွေ.အသက်တွေအကုန်ရပါတယ်။ ခရီးသွားနိုင်ငံခြားသားတွေကော၊ ဂျပန်လူမျိုးတွေကော၊ တရုပ်လူမျိုးတွေကော ပြည့်ကြပ်စည်ကားနေပါတယ်။
သမီးတို.လည်းတရုပ်ကုန်စုံဆိုင်ကြီးတစ်ခုကိုဝင်ပြီးဈေးဝယ်ကြပါတယ်။ တရုပ်ဆိုင်ကုန်စုံဆိုင်ကြီးတွေကနေ သမီးဝယ်လေ့ရှိတာကတော့ ပုဇွန်ခြောက်၊ ငရုပ်သီးဟင်းချက်မှုန်.၊ နဲ. ငရုပ်သီးအတောင့်၊ ပဲငါးပိ၊ ဆေးဘဲဥ၊ ခေါက်ဆွဲခြောက်တို.ပါ။ ဒီနေ.တော့ ပုဇွန်ခြောက်ပဲဝယ်ပါတယ်။ အိမ်နဲ.နီးတဲ. ဆိုင်တွေမှာပဲ အ၀ယ်များပါတယ်။ ဈေးဝယ်ပြီးတော့ ယိုကိုဟားမားဆိပ်ကမ်းဘက်ကို ဆက်လျှောက်ခဲ.ကြပါတယ်။
တရုပ်တန်းကအထွက်မှာ လက္ခဏာဟောတဲ့ဆိုင်တွေ ကို တွေ.ရပါတယ်။
တစ်ချို.လက္ခဏာဟောတဲ့ဆိုင်ရှေ.မှာ စောင့်နေတဲ့လူတော်တော်များပါတယ်။ ပြီးတော့ ချိုင်းနားတောင်းကိုပတ်ကြည့်တဲ. အပျော်စီး သုံးဘီးကားတွေနဲ. လန်ချားတွေကိုလည်းတွေ.ရပါတယ်။ သုံးဘီးကားလေးတွေက တော်တော်လှပါတယ်။ သူ.ကားနံရံမှရေးထားတာက “ဂျပန်နိုင်ငံဧ။်အမြင့်ဆုံး ရှုမျှော်စင်အထပ်”တဲ.။ စာဖတ်ပြီး သုံးဘီးကားကို ထပ်ကြည့်မှ ပိုပြီးရီချင်စရာကောင်းတယ်။


ချိုင်းနားတောင်းကနေ ဆိပ်ကမ်းဘက်ကို လမ်းလျှောက်တဲ. လူတန်းကြီးကလည်း မနည်းမနောပါပဲ။
ဆိပ်ကမ်းဘက်ကိုရောက်တော့ ပြောင်းလည်းသွားတဲ. လေကောင်းလေသန်. ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်၊ လှပတဲ. ကောင်းကင်နဲ. ပင်လယ်။ ခေတ်မှီတဲ. သင်္ဘောကြီးတွေနဲ. သန်.ရှင်းတဲ. လမ်းပေါ်မှာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လတ်ဆတ်တဲ. လေရဲ. အထိအတွေ.နဲ. စိတ်ကြည်နူးစရာပါပဲ။



လူတော်တော်များများအုံပြီး ရီသံတွေကြားရတဲ. နေရာကို အနားကပ်ကြည့်လိုက်တော့ ထင်တဲ.အတိုင်းပဲ မျက်လှည့်ပွဲ။ အခုလိုမျက်လှည့်ပွဲတွေကို အပန်းဖြေနေရာတွေ လူသွားလူလာများတဲ. ဘူတာအနီးတွေမှာ မကြာခဏတွေ.ရပါတယ်။ မျက်လှည့်ဆရာတွေဟာ ဂျပန်လူမျိုးတင်မကပါဘူး နိုင်ငံခြားသားတွေလည်းရှိပါတယ်။ အဲဒီနိုင်ငံခြားသားတွေကတော့ ဂျပန်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီး ပရိတ်သတ်ကို တသောသောနဲ.ပွဲကျအောင်ကို အာဝဇန်းရွှင်ပါတယ်။ သမီးတို.လည်း ခဏ၀င်ကြည့်လိုက်ကြပါတယ်။

သားလေးက လမ်းလျှောက်ချင်လာတော့ မျက်လှည့်ပွဲကနေ ကမ်းနားတစ်လျှောက်ကို လေညှင်းခံလမ်းလျှောက်ကြပါတယ်။ ပင်လယ်ဘက်က သင်္ဘောကြီးတွေနဲ. ကောင်းကင်က မကြာမကြာဖြတ်သွားတဲ. လေယဉ်ပျံတွေကို ဓါတ်ပုံရိုက်တဲ.သူတွေကတန်းစီနေပါတယ်။ ကြည့်နေတဲ့လူတိုင်းလိုလိုက ကင်မရာတစ်လုံးနဲ. ကင်မရာမပါတဲ.သူကတော့ လက်ကိုင်ဖုန်းကလေးတွေနဲ. တချပ်ချပ် ခလုတ်နှိပ်ပြီး ရိုက်ကြတယ်၊ ဂျပန်လူမျိုးတွေက သိပ်ဓါတ်ပုံရိုက်ကြတာပဲ။



တဖြည်းဖြည်းနဲ.နေ၀င်သွားတာနဲ.အတူ မီးတွေလည်း တလက်လက် နဲ. စမြင်ရပါတယ်။ ယောကိုဟားမားဆိပ်ကမ်းရဲ. အခုလို လေညှင်းခံတဲ. ဘက်မှာတော့ ကြည့်ရှု လမ်းလျှောက်ဘို. နေရာလေးတွေအများကြီးလုပ်ထားပါတယ်။ ပင်လယ်ထဲကို ထုတ်ထားတဲ. သစ်သားတံတားကြီး၊ စားသောက်ဆိုင်တွေ၊ ကမ္ဘာပတ်ဇိမ်ခံသင်္ဘောကြီးတွေကို အနီးကပ်ကြည့်လို.တဲ. နေရာတွေနဲ. ကမ်းနားတစ်ခုလုံးကို လှပပြီး၊ခရီးသွားတွေနဲ. အတိုင်းတိုင်းအပြည်ပြည်ကလာသူတွေကို “ဒါကတော့ ယောကိုဟားမားဆိပ်ကမ်းပဲလို. ပြောစမှတ်ဖြစ်စေမယ့် ပိသုကာပညာတွေနဲ.မွမ်းမံဆောက်လုပ်ထားပါတယ်။

ကြီးမားတဲ. အဆောက်အဦတွေက အစ အလင်းအမှောင်ကို ခွဲပေးထာအဆုံး ရောက်ရှိလာတဲ.သူတွေကို ယောကိုဟားမားဆိပ်ကမ်းရဲ. သင်္ကေတတွေအဖြစ် အမြဲအမှတ်ရစေအောင် ပြင်ဆင်ထားပါတယ်တဲ.၊ ဒီလဟာပြင်လူသွားလမ်းမှာလည်း အခုလို လေးထောင့်အပြားလေးတွေကို တန်းစီပြီးအကန်.လေးတွေလုပ်ပြီး မီးထွန်းထားပါတယ်။ အကန်.လေးတွေဖြစ်နေလို. လေဟာပြင်ထဲမှာ လေတအားတိုက်လိုက်တာကို ခွဲထုပ်ပေးသလိုဖြစ်နေပြီး၊ အလင်းရောင်းကို သိပ်မလင်းလွန်းပဲ လဟာပြင်တစ်ခုကို အခန်းတစ်ခုသဘောမျိုးနဲ. အလင်းရောင်ပေးထားတာကို တွေ.ရပါမယ်။
 
ညမှောင်တဲ.အထိ ကမ်းနားမှာနေခဲ့ကြပြီး ချိုင်းနားတောင်းကို ပြန်လှည့်ခဲ့ကြပါတယ်။ ဒီတစ်ခါတော့ ညဘက်နည်းနည်းလည်းအေးလာလို ချိုင်းနားတောင်းရောက်တဲ. အထိမ်းအမှတ်အဖြစ် ပူပူနွေးနွေး ၀က်သားပေါက်စီဝယ်စားကြပါတယ်။  ပေါက်စီဆိုင်တွေအများကြီးပါပဲ။ သူနဲ.တွဲရောင်းတာကတော့ သာကူစေ့ကြီးတွေပါတဲ့ အအေးပါ။ လက်ဖက်ရည်အအေး၊ အုန်းနို.အချိုရည်အရသာအမျိုးမျိုးနဲ. သူ.ထဲမှာသာကူစေ့ကြီးတွေထည့်ထားတာပါ။ သာကူစေ့အသေးလည်းရှိပါတယ်။ သမီးတို.လည်း ၀က်သားပေါက်စီဆိုင်တွေထဲက လူတန်းရှည်ဖြစ်နေတဲ.ဆိုင်မှာ ၀င်စီပြီး ပေါက်စီစားသာကူသောက်ကြပါတယ်။ မိုးလည်းတော်တော်ချုပ်လာလို. အိမ်ကို ပြန်ခဲ့ကြပါတယ်။ မိုးချုပ်တယ်ဆိုတာကတော့ အချိန်ကိုပြောတာပါ။ ဂျပန်မှာညဘက်ဆို မီးတွေထွန်းတာများလွန်းလို. ကောင်းကင်ကြီးက အမြဲတမ်းလင်းလင်းကြီးဖြစ်နေပါတယ်။ မီးရောင်တွေဟပ်ပြီးလင်းနေတဲ. ကောင်းကင်ကိုကြည့်ပြီး ၊ တစ်ခါတစ်လေ မီးကြိုးလေးတစ်ကြိုးလောက် ယူပြီး ရန်ကုန်ဘက်ကိုသွယ်လိုက်ချင်တယ်လို.တွေးမိပါတယ်။ဘယ်ကိုပဲသွားသွား ဘယ်ကိုပဲရောက်ရောက် မှောင်နေတဲ.ရန်ကုန်ကိုတော့ အမြဲသတိရတယ်။နောက်အပါတ်ဆို ဘာလိုလိုနဲ. ရန်ကုန်မှာလည်း မိုးလကင်းလွတ် သီတင်းကျွတ်တော့မယ်နော်။ ဖယောင်းတိုင်လေးတွေနဲ. လင်းထိန်နေမှာပေါ.နော်။

September 22, 2009

တကာ့အို တောင်၊ ကေဘယ်ကား

ဖေဖေ
သမီးတို.မိသားစု သုံးယောက်၊ ဒီနေ. စက်တင်္ဘာ၂၀ရက်နေ.မှာ ကေဘယ်ကားနဲ. တောင်တက်ခဲ့ကြပါတယ်။ တောင်ရဲ.နံမည်က တကာ့အို Mt. TAKAO  ၊လို.ခေါ်ပါတယ်။



တောင်တက်တယ်ဆိုပေမယ့် ကေဘယ် CABLE CAR ကားစီးပြီး တောင်ပေါ်က ရှုခင်းကောင်းတဲ.နေရာအထိ လမ်းလျှောက်၊ ယူသွားတဲ. ထမင်းဘူးဖွင့်စား၊ ဓါတ်ပုံရိုက်၊ လေကောင်းလေသန်.ရှု ပြီး သဘာဝအလှခံစားပြီးပြန်လာကြတာပါ။ တကယ်တောင်တက်သလို တက်ခဲ့တာမဟုတ်ပါဘူး။

 
 
 

 တကာ့အိုတောင်က တိုကျိုကနေ ရထားနဲ. မိနစ်၅၀လောက်ပဲသွားရပါတယ်။ တိုကျိုနဲ. အနီးဆုံး  တောတောင်သဘာဝရှုခင်းအလှကို ခံစားနိုင်တဲ. နေရာလို.ပြောရမှာပေါ.။ တိုကျိုမြို.ရဲ. အချက်အချာ ရှင်းဂျုကု ကနေ ပြီး ရထားတဆင့်ထဲနဲ.လည်းသွားလို.ရပါတယ်။

 

တောင်ပေါ်ကိုကေဘယ်ကားနဲ.လည်း လမ်းတ၀က်နီးပါးအထိတက်ကြည့်လို.ရတာရယ်.၊ သမီးတို.လည်း ကေဘယ်ကား မစီးဘူးတာရယ်နဲ. အဲဒီကို.သွားခဲ့ကြပါတယ်။



အဲဒီ တကာ့အို တောင်ကေဘယ်ရထားလမ်း ဟာ ဂျပန်နိုင်ငံရဲ. ကေဘယ်ကားပြေးလမ်းတွေထဲမှာ အမြင့်ဆုံးနဲ. အမတ်ဆုံးလို. ပြောပါတယ်။
 ရထာားစထွက်ပြီးတောင်ပေါ် တက်တဲ. အချိန်ရုတ်တရက်ဆိုသလို မတ်သွားတာရယ်.၊ တောင်အောက်ဆင်းတဲ. အချိန် အောက်ကိုငိုက်ကသွားတဲ. အခါ စီးတဲ.သူတွေအားလုံး လန်.ပြီးအော်ကြပါတယ်။ သမီးတို.သွားတဲ့. အချိန်က ပိတ်ရက်ဖြစ်လို. ကေဘယ်ကားစီးဘို.တင် မိနစ်၃၀လောက်စောင့်ရပါတယ်။

 

လူအပြည့်နဲ. ကေဘယ်ကားခ တရွေ.ရွေ.နဲ.သွားနေတုံး ပြေးလမ်းတဘက်တချက်က တောတောင်ချောက်ကမ္ဘားတွေကိုကြည့်ပြီး စက်တစ်ခုခုဖြစ်သွားရင်လို.ကြံဖန်တွေးပြီး ကျောထဲကစိမ့်သွားအောင်ကြောက်မိပါတယ်။ စိးရတဲ့ အချိန်က ၆မိနစ်ထဲပါ၊ ရင်တထိတ်ထိတ်နဲ. ရှင်းပြတာကို နားထောင်လိုက်၊ ဘေးရှုခင်းတွေကို ကြည့်လိုက်နဲ. ခဏကလေးနဲ. ရောက်သွားပါတယ်။


အပေါ်ရောက်တော့ မြို.ဘက်ကိုပြန်မြင်ရတဲ.ရှုခင်းနဲ. တောင်တောင် သဘာဝအလှ၊ သန်.ရှင်းလတ်ဆတ်တဲ. လေအေးတွေက တကယ်ကို စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ တောင်ပေါ်မှာ လည်း နောက်ထပ်လည်ပတ်စရာတွေရှိပါသေးတယ်။  ယာ့ကုအိုအု ဘုရားကျောင်း၊ မျောက်ရွာ၊ ဘီယာမောင့် လို.ခေါ်တဲ. ဘီယာဂါးဒင်း၊ ဖူဂျီတောင်ကို လှမ်းကြည့်လို.ရတဲ. ရှုခင်းသာနေရာ။ ဆိုပြီး အမျိုးမျိုးပေါ့။


တောင်တက်လမ်းဆိုပေမယ့် အဓိကလမ်းမကြီးကို ကွန်ကရစ်ခင်းထားတော့လူတွေ အုပ်နဲ. ဆင်းလိုက်တက်လိုက်လုပ်နေပေမယ့် ဖုန်သိပ်မထဘူး။

 
လမ်းတစ်လျှေက်မှာ အစောင့်နတ်ရုတ်ကလေးတွေ၊ နတ်ကွန်း၊ သစ်ပင်တွေကို စာတမ်းထိုးထားသလို ဘယ်နေရာမှာမဆို သက်ဆိုင်ရာ သတင်းအချက်အလက်အားလုံးကို ပြည့် ပြည့်စုံစုံလမ်းညွှန်ရေးသားထားတာကိုတွေ.ရပါတယ်။


ဆိုင်တွေကလည်းလူစည်ပါတယ်။


စိတ်ဝင်စားစရာစာတမ်းလေးတစ်ခုလည်းတွေ.ခဲ.ရပါတယ်။ ဘာရေးထားတာလဲဆိုတော့၊ “အမှတ်တယများနဲ. အတူ သင့်ရဲ. အမှိုက်များကိုလည်း  တစ်ပါတည်း အိမ်ကိုပြန်ယူသွားပါ” တဲ.။
နောက်ပြီး အဲဒီမြို.လေးက အလှအပဘယ်လောက်ကြိုက်လည်းဆိုတာကိုလည်းတွေ.ခဲ့ရတယ်။ လမ်းက ရေမြောင်းအဖုံးကို သံဇကာကို “မို.မိဂျိ”လို.ခေါ်တဲ. အရွက်ပုံလေးနဲ.လုပ်ထားတယ်။ ရေမြောင်းအဖုံးအထိ တောင် ဂရုတစ်စိုက်အလှဆင်ကြရှာတယ်နော်။


သမီးတို.လည်း ပိတ်ရက်ရှည်မှာ နေ.တိုင်းထမင်းဘူးထုတ်ပြီး တစ်နေရာပြီးတစ်နေရာ လျှောက်လည်နေကြတယ်လေ။

September 21, 2009

အုအဲနို တိရစ္ဆာန်ရုံ

ဖေဖေ
နေကောင်းရဲ.လား၊ သမီးတို.မိသားစုသုံးယောက်လည်း နေကောင်းပါတယ်။ အခု သမီးတို.ဆီမှာ အခု အလုပ်ပိတ်ရက်ပေါ.။ ဒီနှစ် စက်တင်ဘာလ မှာ ၁၉ရက်နေ.ကနေ၂၃ရက်နေ.အထိ (၅)ရက်ဆက်တိုက် ပိတ်တယ်။ တစ်ရက်စီသီးသန်.ပိတ်ရက်တွေက တိုက်တိုက်ဆိုင်ဆိုင်ဆက်တိုက်ကျသွားပြီး(၅)ရက်ဖြစ်သွား တာ။  ဂျပန်မှာဒီလို လေးငါးရက်ဆက်တိုက် ပိတ်တာမျိုးက ပုံမှန်နှစ်စဉ်မေလမှာရှိတဲ. ဂိုးလ်ဒင်းဝိခ် Golden Week လို.ခေါ်တဲ. နားရက်ရှည်ပေါ.။ ဒီနှစ်မှာ
တော့ အခုလို စက်တင်ဘာလ မှာ ပိတ်ရက်ရှည်ထပ်ရတဲ့အတွက် ဒီပိတ်ရက်ရှည်ကို ဆေးလ်ဗားဝိခ် Sliver Week လို. နံမည်ပေးကြတယ်။ ပိတ်ရက်ရှည်ဆိုရင် ပြည်တွင်းပြည်ပခရီးတွေထွက်ကြပေမယ့် ဒီနှစ်ကတော့ သိတဲ့အတိုင်းပဲ နံမည်ကြီးတုတ်ကွေးကြောင့် ညအိပ်ခရီးကိုရှောင်ကြတဲ.လူတွေလည်းရှိတယ်။ သမီးတို.လည်း သားလေးကငယ် တော့ ခရီးရက်ရှည်ကိုရှောင်လိုက်တယ်။ ဒီနေ.တော့ သားလေးကို တိရိစ္ဆာန်ရုံကိုပထမဦးဆုံးအကြိမ် အလည်ခေါ်သွားတယ်။ သမီးတို.ရဲ. သူငယ်ချင်း တွေလည်းပါတယ်။ တိုကျို က အုအဲနို အရပ်မှာရှိတဲ. အုအဲနို တိရစ္ဆာန်ရုံကို သွားခဲ့ကြတယ်လေ။ အိမ်ကနေ မိနစ်၃၀လောက် သွားရတယ်။ မြေအောက်ရထားနှစ်ဆင့်စီးရတယ်။ ရထားကတော်တော်ချောင်တယ်။ ရထားဘူတာမှာ အရင်ဆုံးရထားမစီးခင် ဘယ်တွဲမှာစီးရင် ပြောင်းစီးရမယ့် လိုင်းကို အဆင်ပြေပြေသွားနိုင်မလဲဆိုတာကို ဘူတာမှာရှိတဲ. လမ်းညွှန်ဇယားမှာကြည့်ပြီးမှစီးတယ်။ကိုယ်လက်အင်္ဂါချို.ယွင်းမှုကြောင့် လွတ်လွတ်လပ်လပ် မသွားနိုင်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အလျှင်လိုသူတွေက ဒီလိုလမ်းညွှန်ကို ကြည့်ပြီးလိုရာကို ချောမွေ.လွယ်ကူစွာသွားနိုင်အောင် စီစဉ်ပေးထားတာပေါ.။
ရထားတွဲရဲ. လမ်းညွှန်ဇယားဘေးမှာ နားမလည်ရင်၊ အကူအညီလိုရင်ဘူတာစာရေးကိုခေါ်မေးလို.ရတဲ. အင်တာကောလ်ဖုန်းလည်းတပ်ဆင်ထားတယ်။ ဖုန်းက ပျက်မနေဘူး၊ဘယ်တော့ခေါ်ခေါ်ရတယ်လေ။
ဘယ်ဘက်ကပုံကတော့ ဘူတာရဲ.ပလက်ဖေါင်းပေါ.။ ထိုင်ခုံရဲ.ဘေးမှာ သောက်ရေ၊ရေနွေးကြမ်း၊ကော်ဖီနဲ. အခြားသောက်စရာအမျိုး စုံစုံလင်လင်ကို အပူ၊အအေး နှစ်မျိုးစလုံးကို ရောင်းတဲ.စက်ရှိတယ်။ မီးမပျက်တော့ အချိန်မရွေး အပူ၊အအေးကြိုက်တာရွေးပြီး ၂၄နာရီဝယ်ယူသုံးဆောင်နိုင်တယ်။






ရထားအစုန်လမ်းနဲ. အဆန်လမ်းကို ပလက်ဖေါင်းနှစ်ဘက်ကြားမှာ တွေ.ရတဲ့ပုံလေ။သမီးတို.ဘူတာကတောဘက်ကျတော့ ဘူတာက ခပ်ရှင်းရှင်းပဲ။ ပလက်ဖေါင်းရဲ. အစပ်က မျှားလေးတွေက တွဲပေါ်တက်ရမယ့် အပေါက်ရထားက အဲဒီအပေါက်နဲ. တဲ.တဲ.မှာ အမြဲရပ်တယ်။ အ၀ါရောင်အဖုအဖုလိုင်းကြီးကတော့ မျက်စိမမြင်တဲ.သူတွေ သူတို.ရဲ. တောင်ဝှေးနဲ.ထောက်ပြီးသိနိုင် အောင်လုပ်ပေးထားတာလေ။







အဲဒီလိုအဖုအဖုကလေးတွေနဲ.လမ်းအ၀ါကို ဘတ်စကားမှတ်တိုင်မှာကော လမ်းအတော်များများနဲ. အဆောက်အဦတွေမှာပါလုပ်ထားပေးတယ်။
သမီးတို.လည်းအူအဲနိုဘူတာအထိ ရထားနှစ်ခါပြောင်းစီးပြီးရောက်သွားတယ်၊
ဘူတာထဲကိုကြည့်ပါအုန်း။ သန်.ရှင်းနေပြီး အမှိုက်တစ်စမရှိဘူးလေ။ ဂျပန်မှာ ညစ်ပတ်ပြီး၊ အမှိုက်ကို စည်းမဲ.ကမ်းမဲ.ပစ်တဲ့နေရာတွေလည်းရှိပါတယ်။ ဒါပေမယ့် အများအားဖြင့်ကတော့ အလွန်ကိုသန်.ရှင်းပါတယ်။ လူတွေက စည်းမဲ.ကမ်းမဲ. အမှိုက်မပစ်သလို၊ သန်.ရှင်းရေးကိုလည်း အထူးဆောင်ရွက်တာတွေ.ရပါတယ်။ အဲလို သန်.ရှင်းရေးလုပ်တဲ.လုပ်ငန်းကို ကိုယ်ပိုင်လုပ်ငန်းတွေများတယ်။ အသက်ကြီးတဲ.သူတွေများတယ်။ .ပင်စင်ယူထားတဲ.သူတွေက ပြန်ဝင်လုပ်တာများတယ်။ နောက် အဲဒါက အချိန်ပိုင်းအလုပ်တွေများတယ်။ ဒီမှာက အသက်ကြီးလည်း အချိန်ပိုင်းအလုပ်တွေကို ဆက်လုပ်တာတော်တော်တွေ.ရတယ်။သန်.ရှင်းရေးလုပ်တဲ.သူတွေက တစ်ချိန်လုံး အလုပ်လုပ်တယ်။ မြောင်းကြားတဲ.အထိ လိုက်ကလော်ပြီး တံမြက်စည်းလှည်းတယ်။ မှန်က အစ၊ နံရံအဆုံးဖုန်သုတ်တယ်။ နေ.တိုင်းလုပ်တော့ ဘယ်ကိုကြည့်ကြည့် ဖိတ်ဖိတ်လက်နေတော့ တာပေါ.နော်။
ဘူတာကနေ တိရစ္ဆာန်ရုံကို လမ်းလျှောက်သွားတာ၅မိနစ်တောင်မကြာပါဘူး။ ၀င်ခက လူကြီးတစ်ယောက်ကို ယန်း၆၀၀ပေးရတယ်။










ညာဘက်က ပုံက တိရစ္ဆာန်ရုံ အ၀င်ဝမှာရိုက်ခဲ.တဲ.ပုံပေါ.။ နောက်ပြီး သူ.နေ.အလိုက် ပုဂ္ဂလိက လုပ်ငန်း အလိုက်လုပ်တဲ. ပွဲတွေလည်း ရှိတယ်။
ခလေးတွေစိတ်ဝင်စားအောင်လို. ပြထားတာတွေလည်းတွေ.ရတယ်။ ဖျော်ရည်သောက်တဲ.ဗူးခွံတွေကို ကြိုးနဲ.သီပြီး လှည်းမှာချိပ်တာတို.။ ဘယ်သူမဆို ကစားနိုင်တဲ. ဆပ်ပြာဘူဘောင်းကို လေနဲ.မှုတ်တဲ. စက်ကလေးကိုထားပေးထားတာတို.ကိုလည်းတွေ.ရတယ်လေ။ အ၀တ်တွေနဲ.ဘာကြီးမှန်းမသိတဲ. လုံးလုံးကြီးကို မော်တာနဲ.လေမှုတ်ပေးထားပြီး ခလေးတွေက အလုံးကြီးကို တွန်းလိုက်၊ ကိုယ်နဲ.တိုက်လိုက် နဲ. စိတ်ဝင်စားပြီး၊ ပျော်စရာဖြစ်အောင်လုပ်ပေးထားတာတွေလည်းရှိတယ်။
ဝင်ဝင်ချင်းမှာ ဆင်တွေကိုထားထားတယ်။ တိရစ္ဆာန်ရုံတွေမှာ လာကြည့်တဲ.သူတွေက အစာမကျွေးရဘူး။
ဘယ်နေရာကိုကြည့်ကြည့်သန်.ရှင်းပြီး။ အနံ.ဆိုးမရှိသလောက်ပဲ။







မျောက်ရွာကို တော့ ကျောက်ဆောင်တွေနဲ.သစ်ပင်၊ရေအိုင်တွေနဲ.
ဆောက်ထားတယ်။

ဒီလိုငှက်တွေကို ရန်ကုန်တိရစ္ဆာန်ရုံ မှာတွေ.ဘူးခဲ.သလိုပဲ။ တခြားအကောင်အထူးအဆန်း တွေလည်းတွေ.ခဲ.ရပါတယ်။ ညဘက်မှာကျက်စား တဲ. အကောင်တွေအတွက်ကို အမှောင်အခန်း သီးသန်.လုပ်ပေးထားတယ်။







တိရစ္ဆာန်ရုံထဲမှာ စိတ်ဝင်စားစရာ ရုပ်ထုတွေ၊ နားနေတဲ. နေရာ၊ အိမ်သာ၊ လက်ဆေးဘို.နေရာ၊ လက်ဆေး ဆတ်ပြာရည် ကအစထားပေးထားပါတယ်။
















တိရစ္ဆာန်ရုံထဲမှာ ကြာကန်အကြီးကြီးကလည်း သိပ်လှပါတယ်။






ရန်ကုန်ကတိရစ္ဆာန်ရုံလည်း သတိရ လာတယ်။ အခုလောက်ဆို အများကြီးတိုးတက်နေပြီပေါ.နော်။
တိုးတက်ပြီး ခလေးတွေအတွက် ဗဟုသုတနဲ. အမှတ်တရတွေ ဖြစ်စေမယ့် တိရစ္ဆာန်ရုံတစ်ခု ဖြစ်ပါစေလို. ဆုတောင်းလိုက်ပါတယ်။ သမီးကတော့ငယ်ငယ်က အခေါက်များစွား သွားခဲ့တဲ. တိရစ္ဆာန်ရုံကို တော့ အမြဲသတိရအောင်းမေ.လျှက်ပါပဲ။နောက်ပြီးတော့လူကြီးဖြစ်တဲ.အထိ တိရစ္ဆာန်ရုံ အမြဲသွားချင်ပြီး တိရစ္ဆာန်ရုံမသွားခင်နေ.မှာ အစာမျိုးစုံကို ဈေးကနေ၀ယ်ပြီး ပြင်ဆင်ယူသွားတတ်တဲ့. ဒေါ်လေးဇဇ်ကိုလည်း သတိရတယ်။