Showing posts with label အလည်အပတ်သွားခြင်း. Show all posts
Showing posts with label အလည်အပတ်သွားခြင်း. Show all posts

April 3, 2011

လည်လည်ထွက်ခဲ့တယ်

စနေနေ့က သားကို ကစားတဲ့နေရာတွေမပို့ရတာကြာပြီဖြစ်လို့ အိုမိုးတဲ့ဆန်းဒိုးမှာရှိတဲ့ ကလေးကိုယ်လက်လှုပ်ရှားကစားကွင်းကို သွားဖြစ်ခဲ့ပါတယ်။

အပူချိန်က ၁၈။ သာသာယာယာနဲ့ အပြင်ဘက်ထွက်လည်သူတွေလည်း ပြန်များလာပါပြီ။ 


September 26, 2010

တိုကျို၊ မြန်မာသီတင်းကျွတ်ပွဲ

တိုကျိုမြို့က မြန်မာသီတင်းကျွတ်ပွဲကို သွားခဲ့ပါတယ်။ နံမည်ကျော် “မင်္ဂလာဒိုးအဖွဲ့”ရဲ့ မင်္ဂလာရှိတဲ့ မြန်မာသီချင်းများကိုနားထောင်ရတာ ကြည်နူးစရာပါပဲ။ ဈေးဆိုင်တွေနဲ့ ၊ ပွဲလာတဲ့သူက သင်္ကြန်ပွဲလောက် မများလှပေမယ့်  ပွဲစည်ပါတယ်။ပွဲလာချင်ပေမယ့်  တနင်္ဂနွေလိုနေ့မျိုးမှာ အလုပ်လုပ်ရသူတွေ၊ ခွင့်မရသူတွေ၊ အခြားကိစ္စရှိသူတွေ မလာနိုင်လို့ လူနည်းရတဲ့အပြင်၊ မြန်မာသီတင်းကျွတ်ပွဲတို့ မြန်မာသင်္ကြန်ပွဲတို့ကို မြန်မာအစိုးရကလွှတ်လို့ ဂျပန်ရောက်နေကြတဲ့သူ အများစုကလည်း မလာကြပါဘူး။ အခြားနိုင်ငံတွေရဲ့ ပွဲတွေလို ကိုယ့်ရဲ့ နိုင်ငံတော်မြန်မာသံရုံးကကြီးမှုး ကျင်းပတဲ့ ပွဲမဟုတ်တာကြောင့်လည်း အခုမြင်ရတဲ့ အတိုင်းလူနည်းတာပေါ့နော်။


နှုတ်ခွန်းဆက်သီချင်း

September 23, 2010

လျောက်လည်ရသည့် အကြောင်းရင်း

 “ယော်ယောဂိ”ပန်းခြံမှာကျင်းပတဲ့ ဗီယက်နမ် ပွဲတော်ကိုသွားခဲ့ပါတယ်။ဒီပန်းခြံမှာ ကျင်းပလေ့ရှိတဲ့ ထိုင်းပွဲတော်ကိုလည်း သွားဖြစ်တာ၂နှစ်ရှိပါပြီ။  ဗီယက်နမ်ပွဲတော်ကိုတော့ ဒီတစ်ကြိမ်ကပထမဦးဆုံးပါ။
ယော်ယောဂိပန်းခြံ နဲ့ ဟာရာ့ဂျုကုကိုသွားရတာ ကျွန်မအတွက်တော့ လွတ်လပ်မှုနဲ့ အတူ၊ တည်ငြိမ်တဲ့ စိတ်ခံစားမှုကို ပုံစံတစ်မျိုးနဲ့  ရရှိပါတယ်။ ကျွန်မကိုယ်တိုင်လွတ်လွတ်လပ်လပ်ဘာမှမလုပ်ပေမယ့် ၊ ဒီလောက်ရှုတ်ထွေးစည်ကားတဲ့ နေရာမှာ ဘာကြောင့်များတည်ငြိမ်တဲ့ စိတ်ခံစားမှုကိုရရှိလည်းဆိုတာ ဟာရာ့ဂျုကု နဲ့ ယော်ယောဂိ ကို ရောက်ဘူးသူတွေကအံ့သြမှာပေါ့။ မရောက်ဘူးသူတွေကလည်း ဘယ်လိုနေရာမျိုးပါလိမ့်လို့ထင်ပါလိမ့်မယ်။
ယော်ယောဂိ ပန်းခြံ


June 25, 2010

ဒစ်စနေဆီး

ဒစ်စနေ ဆီး ဆိုတာကတော့ တိုကျိုကလွဲရင် ဘယ်မှာမှမရှိဘူးလို့ ညွန်းဆိုကြတယ်။ ဒစ်စနေဆီး အကြောင်းထက် ဒစ်စနေ ပျော်စရာကမ္ဘာတွေအကြောင်းပြောချင်ပါသေးတယ်။ သိပြီးသားဖြစ်နေရင်တော့ ကျော်ဖတ်ပေါ့နော်။ ဒစ်စနေကမ္ဘာကို ပျော်စရာကစားကွင်း(၇)ခုနဲ့တည်ဆောက်ထားတာ တစ်ကမ္ဘာလုံးမှာ ၅နေရာရှိပါတယ်။ အဲဒါတွေကတော့


June 23, 2010

ဒစ်စနေလန်း

တိုကျို ဒစ်စနေလန်း Tokyo Disney Land နဲ့ ဒစ်စနေဆီး Disney Seaကို သွားမယ်ဆိုရင် ဒစ်စနေအကြောင်းကို အနည်းငယ်သိပြီး၊ ဂျပန်စကားပြောတတ်၊ စာဖတ်တတ်မယ်ဆိုရင်ပိုပျော်ဘို့ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ ဂျပန်မှာ ဂျပန်စာကအဓိကလိုဖြစ်နေတာကိုး။ အဲလိုအဖေါ်တစ်ယောက်နဲ့သွားရင် ပိုပြီး အဆင်ပြေ ပျော်ဘို့ကောင်းပါတယ်။ တချိ့ကတော့ မဆိုင်ဘူးလို့ထင်မှာပေါ့ ။  ကျွန်မ ကျောင်းတက်တုန်းက နိုင်ငံခြားသားကော၊ဂျပန်သူငယ်ချင်းတွေကော ကျောင်းရဲ့ သက်သာဆိုင်က လက်မှတ်ဝယ်ပြီး တိုကျိုသွားဘို့ လူစုကြပါတယ်။ အသိသူငယ်ချင်းမတစ်ယောက်ကို အဖေါ်စပ်ဘူးပါတယ်။ သူက
“ အမလေး မမွန်ရယ် ကြွက်ကို အင်္ကျီဝတ်ထားတာများ ဒီလောက်ပိုက်ဆံ အကုန်ခံပြီးသွားကြည့်ရမယ်လို့” တဲ့။ မဟုတ်ဘူးလေ၊ တစ်နေကုန် စီးစရာ၊ ကြည့်စရာတွေလည်း အများကြီးပဲ။ ကာတွန်းကောင်တွေလည်းရှိတယ်လို့ပြောတော့ “တစ်နေကုန်တောင် ဟုတ်လား၊ ရပါတယ် နောက်ကျွန်မဘာသာ အားမှသတ်သတ်သွားပါတော့မယ်တဲ့” ။ မသိလည်း မတတ်လည်း မဖတ်တတ်လည်း သတ္တိတော့ ရှိတယ်။ ပါးစပ်ပါရွာရောက်လို့ အဆိုရှိတယ်မို့လား။ ကျွန်မတို့ မိသားစုလည်း သတ္တိရှိရှိနဲ့ ဒစ်စနေ တစ်ခွင်ပြဲပြဲစင် လည်ခဲ့တာလေးကိုပြောပါရစေ။



October 24, 2009

ပန်းပုရွာ

ကက်နက် ရဲ့ “လက်နှစ်ဘက်” Kenneth Armitage (England) 1916, Both Arms 1969-70

ခါနာ့ဂါဝါ ခရိုင်၊ ဟာ့ကိုနဲ မြို့မှာရှိတဲ့ “ပန်းပုရွာ” ဆိုတာဟာ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်စရာနေရာကောင်းတစ်ခုဖြစ်တဲ့အတွက် သွားရောက်ကြည့်ရှုခဲ့ပါတယ်။
ကျွန်မတို့တည်းတဲ့ ဟိုတယ်က ရှိရာ ဟာ့ကိုနဲ ပန်းခြံမှတ်တိုင်ကနေ The HAKONE Open-Air Museumကို ဘတ်စ်ကားနဲ. သွားခဲ့တာပါတာပါ။ ပန်းပုရွာ တည်ရှိတဲ့ ဟာ့ကိုနဲမြို့ ဟာဆိုရင် ဂျပန်နိုင်ငံရဲ့ ဥတုရာသီလေးမျိုးကိုလိုက်ပြီး  ပြောင်းလည်းခံစားနိုင်တဲ့ သဘာဝရှုခင်းတွေနဲ့ နံမည်ကျော်ကြားသလို၊ “ပန်းပုရွာ” ထဲကို ၀င်ရောက်ကြည့်ရှု ရတာလည်း ရင်သတ်ရှုမောစရာ အနုပညာလက်ရာပစ္စည်းတွေနဲ့ လူသိများပါတယ်။ ကမ္ဘာကျော် ပန်းပု၊ အနုပညာ လက်ရာပစ္စည်းများကို လဟာပြင် ကျယ်ကျယ်ထဲမှာ ခင်းကျင်းပြသထားတာကိုက အမြင်တစ်မျိုးနဲ့ ပိုပြီး စွဲစောင်မှုရှိနေသလိုပါပဲ။ ၁၉၆၉ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ. “ပန်းပုရွာ” ဟာ၊ ဂျပန်နိုင်ငံရဲ. လဟာပြင်ထဲမှာ ခင်းကျင်ပြသတဲ့၊ လဟာပြင် ပြတိုက် Open-Air Museum အမျိုးအစားထဲက ပထမဦးဆုံးသော ပြတိုက်လို့သိရပါတယ်။ သဘာဝမျက်ခင်းပြင်၊ နောက်ခံတောင်တန်း ၊ မိုးပြာရောင်းကောင်းကင် တို့ရဲ့ ပင့်မြှောက်၊ ကာရံ၊ ထွေးပိုက်ခြင်းကို ခံထားရတဲ. မျက်မှောက်ခေတ် ကမ္ဘာကျော်အနုပညာရှင်များရဲ. လက်ရာပေါင်း၁၂၀ကျော်ကို အစဉ်ထာဝရခင်းကျင်းပြသထားတယ်လို့ ဆိုပါတယ်။ အဲဒါတွေအပြင် “ပီကာဆို ခန်းမ” PICASSO Hall အပါအ၀င် အဆောက်အဦတွင်း ပြခန်း၅ခုကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ အထူးသဖြင့် လက်နဲ့ကိုင်တွယ်ထိတွေ့ဆော့ကစားနိုင်တဲ့ အနုပညာပစ္စည်းများရှိရာ ခလေးများအတွက် “ပိုက်ကွန်အိမ်”ကတော့ ခလေးများအတွက် မမေ့နိုင်စရာ အမှတ်တရအတွေ့ကြုံကို ရစေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ တစ်ချို့နေရာတွေမှာတော့ အနုပညာလက်ရာပစ္စည်းများကို ဓါတ်ပုံရိုက်ခြင်း အနားသို့ကပ်ခြင်း ကိုင်တွယ်ခြင်းများကို တားမြစ်ထားပါတယ်။ ရိုက်လာတဲ့ ဓါတ်ပုံအချို့ကို မိတ်ဆက်တင်ပြလိုက်ပါတယ်။ ကြည့်ရှုခံစားကြည့်ပါအုန်းနော်။
ပန်းပုရွာအ၀င် ဗဟိုမြက်ခင်းပြင်ကို အပေါ် ပတ်လမ်းမှ တွေ့ရပုံ။





 ဒီအနုပညာလက်ရာ ပန်းပုရုပ်ကတော့ လေအားနဲ့ လည်ပါတ်နေ ပါတယ်။
Nicolas Schoffer (1912-1992), Spatiodynamique (1954-1980)
နီကိုလပ်စ် ရဲ့ လက်ရာ “ဟင်းလင်းပြင် အင်အား”










သူတို့သုံးယောက်ကို စိတ်ဝင်စားလို့ ရှေ့ ကကော နောက်ကပါ ဓါတ်ပုံရိုက်လာပါတယ်။ 
Francisco Zuiga(Costa Rican) 1912-, Group in Front of the Sea(1984) ဖရန်စစ်စ်ကို ရဲ့ လက်ရာ“ ပင်လယ်ကမ်းခြေက အုပ်စု”တဲ့။

 Mastchinsky 1921 & Denninghoff  1923 (German), Sturm (1980)


Ryoji Goto (Japan) 1951-, Intersecting Space Construction 1978
လျောဂျိ ရဲ့ “ဆက်သွယ်ဖြတ်သန်းခြင်းရဲ့ လေဟာနယ် ဆောက်လုပ်ရေး”






 Masayuki Nagare (Japa) 1923-, Wind's Impression
မာဆာ့ယုကိ ရဲ့ “လေအဟုန်ကို သိမြင်ခြင်း”







Igor Mitoraj (Pole) 1994, Tete Endormie 1983
အီဂို ရဲ့“ အိပ်ပျော်နေသေ ဦးခေါင်းရုပ်”

 Santiago de Santiago Hernandez(Spanish) 1925-, Unidos
ဆန်တီဂို ရဲ့ “အပွေ့” 

Giuliano Vangi ( Italian) 1931, Grande Racconto 2004  ဂွါလီနို ရဲ့ “လူပြောများတော့မယ့် ဇတ်လမ်း”




October 23, 2009

အွန်းစမ်း

“ဟာ့ကိုနဲ”

ရုံးကနေ ခွင့်ရလို့“ဟာ့ကိုနဲ”ကိုသွားခဲ့ပါတယ်။ ခါနာ့ဂါဝါခရိုင် ဟာကိုနဲမြို. ဟာ၊ မီးတောင်အရပ်ဖြစ်တဲ့အတွက် ရေပူစမ်းတွေအများကြီးရှိပါတယ်။ တစ်မြို.လုံး မှာ၊ ရေပူစမ်းနဲ. ဟော်တယ်များနဲ. ပြတိုက်မျိုးစုံတို.ရှိတဲ. ခရီးသွားလည်ပတ်ရာနေရာတစ်ခုပါ။ ဒေသတစ်ခုလုံးက ခရီးသွားဧည့်သည်တွေပျားပန်းခတ်မျှနဲ. သဘာဝပတ်ဝန်းကလည်း တော်တော်လှပါတယ်။

တိုကျိုကနေ ကျည်ဆံရထားကို မိနစ်၃၀လောက်စီးပြီး၊ “အိုဒါ့ဝါရာ့ဘူတာ”ကိုသွားပါတယ်။ အဲဒီကနေမှ ဘတ်စ်ကားနဲ. ဟာ့ကိုနဲမြို.က တည်းမယ့်ဟော်တယ်ကိုသွားခဲ့ပါတယ်။တိုကျိုကနေမနက် ၉နာရီခွဲမှာထွက်ခဲ့တာ ဟော်တယ်ရှိတဲ. “ဟာ့ကိုနဲ ပန်းခြံ”ဘတ်စ်ကားမှတ်တိုင်ကိုရောက်တော့ နေ.လည် ၁နာရီခွဲပါ။
ဘတ်စ်ကားမှတ်တိုင်နေရာက ခရီးသွားတွေနားနေအပန်းဖြေရာလမ်းဆုံဖြစ်တော့ စားသောက်ဆိုင်၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင် တွေနဲ.စည်ကားနေပါတယ်။

ခပ်လှမ်းလှမ်းကိုကြည့်လိုက်ရင် “အာ့ရှိနော့ကို”ကန်ကြီးကိုတွေ.ရပြီး တစ်ဘက်မှာတော့“ခိုမာ့ဂါ့တာကဲ”
တောင်ကြီးနဲ. “ဖူဂျီတောင်”ကိုတွေ့ရပါတယ်။

ရောက်သွားတဲ.အချိန်ကတော့ ခရီးပမ်းလာလို့လားမသိပါဘူး။ သိပ်မချမ်းလှဘူးလို.ထင်ခဲ့တာ ညနေ၄နာရီလောက်ရောက်တော့ တော်တော်ကို ချမ်းလာပါတယ်။ အဲဒီကာားဂိတ်ကြီးတစ်ခုလုံးက ဆိုင်တွေအကုန်လုံးနီးပါးနေ၃နာရီလောက်မှာပိတ်ကုန်ပါတယ်။တောင်ပေါ်မြို.ဖြစ်လို.လားမသိပါဘူး။ အားလုံးစောစောပြန်ကုန်ကြတယ်ထင်ပါရဲ.။
ရောက်ရောက်ချင်းနေ.လည်စာစားကြပါတယ်။“အာ့ရှိနော့ကို”ကန်ကြီးထဲကို သင်္ဘောစီးချင်လို့စုံစမ်းကြည့်လိုက်တော့ နောက်ဆုံးအခေါက်က ညနေ၃နာရီ၂၀မှာထွက်မယ်လို့သိရပါတယ်။
တည်းမယ့်ဟိုတယ်ကို သွားပြီးပစ္စည်းတွေထားပြီး သင်္ဘောစီးဘို. ကားဂိတ်ကိုပြန်ထွက်လာကြပါတယ်။ ကန်ကြီးက ၇ စတုရန်းကီလိုမီတာကျယ်ပြီး အနက်ဆုံးနေရာမှာ ၄၅မီတာရှိတယ်လို.ဆိုပါတယ်။

“အာ့ရှိနော့ကို”ကန်ကြီးဟာ မီးတောင်ဒေသများမှာ ဖြစ်ပေါ်တတ်တဲ့ ချိုင့်ခွက်များမှာ ပတ်ဝန်းကျင်တောင်များကနေ စီးဝင်လာတဲ. မိုးရေများစုဝင်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ. Caldera Lake အမျိုးအစားဖြစ်ပါတယ်။ သင်္ဘောကြီးကနှစ်ထပ်ရှိပါတယ်၊ ခလေးနဲ.ဆိုတော့ အောက်ထပ်ရှေ့ဆုံးကထိုင်ခုံမှာနေရာယူပြီး စပီကာကနေရှင်းပြတာတွေကို နားထောင်ရင်း၊  ကန်ကြီးပါတ်လည်ကရှုခင်းတွေကို ငေးမောခဲ့ပါတယ်။    
တစ်ပါတ်ပြည့်ပြီး စီးတဲ့နေရာပြန်ရောက်တဲ့အထိမိနစ်၄၀ကြာခဲ့ပါတယ်။ စီးခဲ့တဲ့နေရာကိုပြန်ရောက်တော့ ကားဂိတ်မှာ ဆိုင်တွေအားလုံးပိတ်သွားပါပြီ။တော်တော်ကိုမှောင်သွားပါပြီ၊
ချမ်းလည်းချမ်းပါတယ်။ ဟိုတယ်ကိုရောက်တော့ မိသားစုသုံးယောက် ရေနွေးပူပူလေးသောက်ပြီး အိပ်လိုက်ကြပါတယ်။ ညဘက်ကိုတော့ဟော်တယ်က စားသောက်ခန်းမှာပဲ ညစာစားခဲ့ကြပါတယ်။ ညမအိပ်ခင်မှာ ဟော်တယ်မှာရှိတဲ. ဂျပန်လို “ရိုတန်းဘုရို”လို.ခေါ်တဲ. Open air hot springs မှာရေပူစမ်းစိမ်ကြပါတယ်။
ရေပူစမ်းစိမ်တာ ဂျပန်လူမျိုးတွေရဲ. ယဉ်ကျေးမှုတစ်ခုပါပဲ။ မီးတောင်ပေါများတဲ.နိုင်ငံဖြစ်တဲ့အတွက် ရေပူစမ်းတွေလည်း နိုင်ငံအနှံ့မှာရှိနေပါတယ်။ ဂျပန်လူမျိုးတို.ရဲ. ရေပူစမ်းစိမ်ပုံကတော့ သိကြတဲ့အတိုင်းပဲ။ ယောက်ကျားမိန်းမ သတ်သတ်စီ အခန်းခွဲထားတဲ. နေရာတွေမှာတော့ ဘာအ၀တ်မှမ၀တ်ရပါဘူး။မိသားစုလိုက်ဝင်လို.ရတဲ.နေရာတွေမှာတော့ ရေကူးဝတ်စုံတွေနဲ. ၀င်ကြပါတယ်။ ရေပူစမ်းထဲကို မ၀င်ခင်မှာ ရေချိုးရပါတယ်။ တစ်ကိုယ်လုံးသန်.စင်သွားပြီဆိုတော့မှ ရေပူကန်ထဲကို ၀င်ပါတယ်။ ရေပူစမ်းဆိုတဲ့အတိုင်း ကမ္ဘာမြေကြီးရဲ. အပူချိန်အရ ပူနေပြီး၊ ရေပူစမ်းတစ်ခုမှာ အနည်းဆုံးကမ္ဘာမြေကြီးရဲ. သဘာဝသတ္တုဓါတ်တစ်မျိုးပါဝင်နေပါတယ်။ သူ.ရဲ.အပူချိန်ကတော့ သာမာန်လူ.ခန္ဒာကိုယ်အပူချိန်ထက်မြင့်ပါတယ်။ ရေပူစမ်းမှာပါဝင်တဲ့ ဓါတ်သတတ္တုအမျိုးအစားနဲ. အပူချိန်ကိုလိုက်ပြီး ရေပူစမ်းအမျိုးအစားတွေကို ခွဲခြားတယ်လို့သိရပါတယ်။ အများသုံးရေပူစမ်းတွေမှာတော့ ၄၀ဒီဂရီ စင်တီဂရိတ်လောက်တော့ရှိနေပါတယ်။ ရေပူစမ်းစိမ်ခြင်းဖြင့် ကိုယ်ခန္ဒာကို သဘာဝအလျှောက် ကုထုံးတစ်မျိုး (Spa Therapy)နဲ. ကုစားသလို ကျမ္မာရေးအတွက်အထောက်အကူဖြစ်စေပါတယ်၊ ဒါပေမယ့်လူတိုင်း ရေပူစမ်းစိမ်တိုင်းကောင်းတယ် လို.တော့ မပြောနိုင်သလို တစ်ချို့ရေပူစမ်းတွေက လူခန္ဒာကိုယ်အတွက် မသင့်တော်တာလည်းရှိတယ်လို. သိရပါတယ်။ ရေပူစမ်းစိမ်တာကို အကြာကြီးလည်းမစိမ်သင့်ပါဘူး။ စိမ်ပြီးသွားတဲ့အခါမှာ ရေနွေးနဲ. ရေပြန်ချိုးတဲ.သူရှိသလို ရေနွေးနဲ..ရေပတ်တိုက်လို့လည်းရပါတယ်။
ရေပူစမ်းစိမ်ပြီး ချက်ချင်းသိရတာကတော့ အညောင်းအညာပြေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာပါ။
ဒီနေ.တစ်နေ.ကတော့ မနက်အိမ်ကထွက်ကတည်းက မြေအောက်ရထား၊ ကျည်ဆံရထား၊ ဘတ်စ်ကား၊ သင်္ဘောတွေကို စီးခဲ့ရတဲ. ခရီးပမ်းမှုတွေရော၊ နေ.တိုင်းရုံးမှာ အညောင်းမိခဲ့သမျှကို ရေပူစမ်းစိမ်ခြင်းနဲ. ကုစားပြီး မနက်ဖြန်ဆက်ပြီးလည်ပတ်ဘို.အတွက် စိတ်ကူးယဉ်ပြီး အိပ်ပျော်ခဲ့ပါတယ်။ နောက်နေ.နေ.လည် ၁၁နာရီမှာ ဟော်တယ်ကို အခန်းပြန်အပ်ပြီး ကားဂိတ်မှာ ဟာ့ကိုနဲ ဒေသ အမှတ်တရ လက်ဆောင်ပစ္စည်းတွေသွားဝယ်ပါတယ်။
လက်ဆောင်ပစ္စည်းဝယ်ပြီး ကားဂိတ်နဲ.ကပ်လျှက်မှာရှိတဲ. “မိုးပျံကြိုးရထား” rope way စီးဘို.လက်မှတ်ဝယ်၊ စီးဘို.အလှည့်ကိုတန်းစီစောင့်ရပါတယ်။ ကျွန်မတို.စီးခဲ့တဲ. “မိုးပျံကြိုးရထား” ကတော့ အမြင့် ၁၃၂၇မီတာရှိတဲ့ “ခိုမာ့ဂါ့တာကဲ”တောင်ကြီးရဲ့ထိပ်အထိတက်တဲ. လူ၃၀စီးရထားလုံးဖြစ်ပါတယ်။ ကြိုးလိုင်းအရှည်ကတော့ ၁၈၀၀မီတာရှည်ပြီး ၇မိနစ်နဲ. ပြေးဆွဲတာဖြစ်ပါတယ်။

ရထားလုံးကိုဆွဲတဲ. ကြိုးများကိုလည်း နမူနာပြသထားပါတယ်။ မြေပြင်ကနေ တဖြည်းဖြည်းမြင့်လာတာနဲ.အတူ၊ တအိအိတစ်ရွေ.ရွေ.နဲ. သွားနေတဲ. “မိုးပျံကြိုးရထား” ကိုစီးရတာ အသည်းတအေးအေးနဲ.ပေါ.၊ ဒါပေမယ့် ရထားမှာပါလာတဲ့ တွဲစောင့်ရဲ့ရှင်းပြတာတွေကို နားထောင်ပြီး ပတ်ဝန်းကျင်ကို ကြည့်ရတာကတော့ တကယ်ကို ထူးခြားတဲ့ အရသာပါပဲ။

တောင်ထိပ်ရောက်တော့ ဆင်းပြီး လျှောက်ကြည့်ရပါတယ်။
တောင်ထိပ်ကို ခရီးသွားများအတွက် ပြင်ဆင်ထားလိုက်တာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၃၂၇မီတာမှာရောက်နေတယ်လို.တောင်မထင်ရပါဘူး။ ကျယ်ဝန်းလှတဲ. ကွင်းပြင်ကျယ်၊ ရှုမျှော်စင်၊ ဘုရားကျောင်း၊ တောင်တက်လမ်းတွေကို လုပ်ထားတာ သိပ်ကို လှပပါတယ်။ အားလုံးထဲမှာ ကျွန်မအတွက် အကြိုက်ဆုံးရှုခင်းကတော့ “ဖူဂျီတောင်”ကို ဒီလောက်အမြင့်ကနေ ကြည့်မြင်ခွင့်ရတာကိုပါ။ တောင်ပေါ်ရောက်တဲ့အချိန်က မွန်းတည့် ၁၂နာရီဖြစ်လို. နေရောင်ခြည်ကိုလည်း လင်းလင်းထင်းထင်း ရရှိပါတယ်။ ဒါပေမယ့်လို့ အဲဒီအချိန်မှာ ၉ဒီဂရီစင်တီဂရိတ်ဖြစ်တဲ.အတွက် တစ်ချက်တစ်ချက်လေတိုက်တဲ့အချိန်တွေမှာ ကိုယ်ထဲအထိစိမ့်အေးသွားပါတယ်။ တောင်ပေါ်ကနေ ၁၂နာရီ၄၀မှာ “မိုးပျံကြိုးရထား” နဲ့ပြန်ဆင်းလာခဲ့ပါတယ်။ အဆင်းမှာ လည်း အတက်နဲ. အချိန်အတူတူ ၇မိနစ်ပါပဲ။ ဒီတစ်ခါပြန်အဆင်းမှာတော့ “မိုးပျံကြိုးရထား” ရဲ. အဆင့်မြင့်ပုံ၊ ဗဟိုထိန်းချုပ်စင်ရဲ. ခိုင်ခန်.ပုံ၊ ခရီးသွားသူတွေအတွက် အမှတ်ရစေမယ့် ပတ်ဝန်းကျင်အပြင်အဆင်တွေကို ကြည့်ပြီး ဘာလို့ ဒီလိုလုပ်ဘို.စိတ်ကူးရှိခဲ့ကြတာလဲ၊ ဘာလို.ဒီလောက်တောင် ကောင်းအောင်လုပ်ခဲ့ကြတာလဲ၊ဆိုတာကို တွေးမိပါတော့တယ်။ နောက်ပြီး အချိန်တိုင်းငလျင်လှုပ်နေတဲ့အပြင် ဒီလိုမီးတောင်ဒေသမှာ ဒီလိုမြင်တွေ့ရတာကိုကြည့်ရင်းနဲ. လူတွေရဲ့ ကြိုးစားမှုနဲ. နည်းပညာ၊ မိမိလုပ်တဲ့အလုပ်အပေါ်ထားရှိတဲ. ခံယူချက်၊ အများအတွက်စေတနာ ဆိုတာတွေကို စဉ်းစားကြည်နူးမိခဲ့ပါတယ်။
တောင်ခြေကားဂိတ်ကိုရောက်တော့ စားသောက်ဆိုင်ဝင်ပြီး နေ့လည်စာစားကြပါတယ်။ နေ့လည် ၁နာရီမှာဘတ်စ်ကားစီးဘို.အမီပါပဲ။ ဒီတစ်ခါသွားမယ့်နေရာကတော့ “ပန်းပုရွာ” ဆိုတဲ.နေရာပါ။ အဲဒီကိုရောက်သွားမယ့်အချိန်က နေ့လည် ၂နာရီခွဲပေါ.။ “ပန်းပုရွာ”ထဲမှာ ၁နာရီခွဲကြာလောက် လျှောက်ကြည့်ပြီးရင် ရထားနဲ. “အိုဒါ့ဝါရာ့ဘူတာ” ဘူတာကိုသွားပြီး ၊ “အိုဒါ့ဝါရာ့ဘူတာ” ကနေ ကျည်ဆံရထားစီးပြီး အိမ်ပြန်ကြရမှာပါ။ အခုခရီးစဉ်ရဲ. နောက်ဆုံးသွားလည်မယ့် “ပန်းပုရွာ” ကို လျှောက်ကြည့်ဘို. အတွက် ပျော်ရွှင်စွာခရီးဆက်ခဲ့ကြပါတယ်။

http://ja.wikipedia.org/wiki/%E4%BB%99%E7%9F%B3%E5%8E%9F%E6%B8%A9%E6%B3%89