February 4, 2013

ရန်ကုန်ကိုပြန်ခဲ့တယ်


၁၀လရှိပါပြီ။ ရန်ကုန်ကိုပြန်ရောက်တာ။
ရောက်ကာစ၆လလောက်ကို နေ့တိုင်းနီးပါးမိုးလင်းမိုးချုပ်အလုပ်လုပ်ခဲ့ပါတယ်။
ရန်ကုန်ကို ဂျပန်ကပြန်ရောက်တဲ့ အချိန်ကပေါ့၊
ညဘက်၈နာရီမှာရောက်ပြီး နောက်တစ်နေ့ မနက်မှာပဲအလုပ်စလုပ်ခဲ့တယ်။
အခုနေစဉ်းစားကြည့်ရတာ အရာအားလုံးကို အရှိန်အဟုန်တစ်ခုနဲ့လုပ်ခဲ့သလိုပါပဲ။
အရမ်းကိုပင်ပမ်းတယ်လို့ခံစားရတယ်။
ဘ၀မှာရေဆန်ကနေလှော်တာပဲများပါတယ်။ 

ဒီနေ့တော့ ကျွန်မရဲ့ အလုပ်နဲ့ ပတ်သက်ပြီး ကျေနပ်မှုတစ်ခုရခဲ့ပါတယ်။

လက်ရှိလုပ်နေတဲ့ ကုမ္ပဏီမှာ ပထမဦးဆုံးအလုပ်ခန့်ပေးနိုင်ခဲ့တဲ့ ၀န်ထမ်းအားလုံးနီးပါး (တစ်ယောက်ကတော့ သူ့ရဲ့တောင်းဆိုချက်နဲ့ ပြည်ပထွက်ခွင့်ကိုမဟာဘွဲ့ယူပြီးမှရွေးချယ်မှာဖြစ်ပါတယ်) ကို နိုင်ငံခြားOJTအစီအစဉ်များ အဆင်ပြေအောင်ဆောင်ရွက်နိုင်ခဲ့တဲ့နေ့ပေါ့။

ဟိုချီမင်းကိုသွားခဲ့တဲ့ ၄ယောက်၊ ဂျပန်ကိုသွားခဲ့တဲ့ ၂ယောက် အဖွဲ့တွေကလည်း အဆင်ပြေစွာပြန်ရောက်လာခဲ့ကြသလို၊ အိန္ဒိယသွားတဲ့ ၇ယောက်နဲ့ ဟနွိုင်းသွားတဲ့ ၂ယောက်ကလည်းမကြာခင်ခေတ္တခဏပြန်လာတော့မှာဖြစ်ပါတယ်။
နောက်ထပ်၂ယောက်လည်းဟိုချီမင်းကိုအရောက်သွားနိုင်ခဲ့ပြီး ဒီနေ့မနက်က ထိုင်းကို၎ယောက်ထွက်သွားခဲ့ကြပါတယ်။

အလုပ်လုပ်ရတဲ့အတွက်ပေးဆပ်ရတာတွေများပါတယ်။
ဒါပေမယ့် လူအများအတွက်တတ်နိုင်တဲ့ဘက်ကနေ ပေးဆပ်ရတဲ့အတွက် ကျေနပ်ဝမ်းသာပါတယ်။
အထူးသဖြင့် ကျွန်မရဲ့ အနီးနဲ့ အဝေးကနေ ကျွန်မအတွက်ရှိနေပေးသူတွေအားလုံကို ကျေးဇူးတင်ပါတယ်။

8 comments:

ြှု said...

မမွန်
ကြားရတာအရမ်းဝမ်းသာတယ်
အားလုံးအတွက်ရော
မမွန်လုပ်ခဲ့တဲ့တခုက ရလာဒ်ကောင်းတခုထွက်လာတာရော
မမွန်ပင်ပမ်းရကျိုးနပ်တာရောပေါ
တခါတလေ အချိန်တွေကစကားပြောပါတယ်
မမွန်အစစအရာရာအဆင်ပြေပျော်ရွှင်အောင်မြင်ပါစေ

ကဆနလ said...

မမွန်
အားလုံးအတွက်ရော
မမွန်လုပ်တဲ့အလုပ်တခုကရလာဒ်ကောင်းထွက်ပေါ်လာတာရော
တခါတလေအချိန်ကစကားပြောပါတယ်။
မမွန်အစစအရာရာအဆင်ပြေပျော်ရွှင်ချမ်းမြေ့အောင်မြင်ပါစေ
ညီမငယ်

MMYK said...

၁၀လအကြာမှာ ဘလော.မှာပြန်တွေ.ရတာရော ကိုယ်.ဝန်ထမ်းတွေအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ.တယ်ဆိုတဲ.အတွက်ရော ဝမ်ူးသာမိပါတယ် အစ်မ။

Unknown said...

ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အများအတွက်လဲ အလုပ်လုပ်ပေးနေတာကို ၀မ်းသာဂုဏ်ယူ ကြည်နူးမိပါသည်။

ညီလင်းသစ် said...

ဟော... ရန်ကုန်ကိုတောင် ပြန်ရောက်နေပြီလား?း)

ကျနော်က ဘလော့ဂ်မရေးတော့ဘူးတောင် ထင်နေတာ..၊ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာစွာနဲ့ အလုပ်တွေ လုပ်နေတယ်ဆိုတာ သိရလို့ ဝမ်းသာမိ ပါတယ် မကောင်းမွန်ဝင်းရေ..၊ မိသားစု အားလုံးလည်း နေကောင်းကြမယ်လို့ မျှော်လင့်ပါတယ်..၊ ဒီစာစုလေး တွေ့ရတာ တကယ်ပဲ ဝမ်းသာစရာပါ...။း)

Anonymous said...

ကောင်းရေ..
မမျှော်လင့်ပဲကောင်းပို့ စ်တင်ထားတာတွေ့ လိုက်တော့အံ့သြ၀မ်းသာစိတ်လှုပ်ရှားပြီး အပြေးလာဖတ်ခဲ့ပါတယ်။
အများအကျိုးဆောင်နိုင်ပါရစေဆိုတာကိုယ့်ရဲ့  ဆုတောင်းတစ်ခုလည်းဖြစ်ပါတယ်။ ထင်သလောက်မလုပ်နိုင်လို့ အားမရဖြစ်နေရတာပါ။
ကောင်းဆထက်တန်ပိုးတိုးပြီးအများအကျိုးဆောင်နိုင်ပြီး
ကိုယ်လိုရာပန်းတိုင်ကိုလည်းချောချောမောမောရောက်ရှိပါစေနော်။
အမြဲသတိတရချစ်ခင်နေသော..
အိုင်အိုရာ

seesein said...

ကြားရ ကြားရ ၀မ်းသာစရာ....အစစအရာရာ အဆင်ပြေပျော်ရွှင်ချမ်းမြေ့ အောင်မြင်ပါစေ.....ကောင်းကောင်း ဒီထက်ပိုပြီး လုပ်နိုင်ပါစေ....

ခင်မင်တဲ့
seesein

Shinlay said...

အစစ အဆင်ပြေတာကြားရလို့ ဝမ်းသာမိပါတယ်။
အောင်မြင်မှုတွေဆက်လက်ရရှိပါစေ။