Showing posts with label မေမေဂျပန်လာတုန်းက. Show all posts
Showing posts with label မေမေဂျပန်လာတုန်းက. Show all posts

August 5, 2009

မေမေ

ကျိုတိုမြို.က ရွှေကျောင်း (ကင်းခါ့ခုဂျိ)၁၃၉၄ခုနှစ်မှာမြတ်စွာဘုရားရဲ. အရိုးတော်ကို ဌာပနာပြီးဆောက်လုပ်ခဲ့တဲ. ကျောင်းတော်ဖြစ်ပါတယ်။ ကျောင်းတော်ကို ဆောက်ပြီးနောက် အကြီးစား ပြင်ဆင်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုလက်ရှိတွေ.မြင်ရတာကတော့ ၁၉၅၅ခုနှစ်မှာပြင်ဆင်ခဲ့တဲ့ပုံစံအတိုင်းပဲဖြစ်ပါတယ်။ (၃)ထပ်အဆောက်အဦးဖြစ်ပြီး ကြမ်းခင်း၊တိုင်၊ နံရံ၊မျက်နှာကြက်အားလုံးကို ရွှေချထားတာဖြစ်ပါတယ်။ နေသာတဲ့နေ.တွေဆိုရင် ရွှေရောင်တ၀င်းဝင်းနဲ.ပေါ.။ မျက်စိရှေ.က ရွှေကျောင်းကို ကြည့်ပြီး မြန်မာပြည်က ရွှေတိဂုံစေတီတော်နှင့် အမရပူရက ရွှေကျောင်း တို.ကို အရမ်းကိုသတိရပါတယ်။
ရွှေကျောင်းရဲ.ဓါတ်ပုံများထပ်မံကြည့်လိုပါကhttp://library.thinkquest.org/C006091F/chiri/jpn/token/kyoto/kinkakuji.htm