ဒါပေမယ့် ခင်မင်တဲ့သူတွေရဲ့ဘလော့ကိုတော့အမြဲရောက်ပါတယ်။ ကွန်ပြူတာကနေမဖတ်ဖြစ်လည်း ဖုန်းကနေကြည့်ပါတယ်။ ကော်မန့်တွေလည်းမရေးဖြစ်ခဲ့ဘူး။
အဲဒါတောင်မှ ကျွန်မကိုသတိတရနဲ့ လာပြီးနှုတ်ဆက်သွားကြတယ်။ ဘလော့ကိုလည်းလာကြည့်သွားကြတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မဘက်က မနှုတ်ဆက်ဖြစ်ခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်။
ဘလော့မရေးဖြစ်ခဲ့ရတာကတော့ အကြောင်းတွေအမျိုးမျိုးကြောင့်ပါ။ အဲဒီထဲက အဓိကအကြောင်းကိုတော့ ပြောပြပါရစေ။
![]() |
ဗိုက်ထဲကထွက်တာနဲ့ ဗိုက်ဆာလာတယ်ထင်ပါရဲ့ |
![]() |
ဒီထက်နေသားကျလာရင်တော့ အရင်လိုပြန်ရေးချင်ပါတယ်။အားလုံးကိုသတိရလျှက်...........
16 comments:
ဒုတိယသားလေး နာမည် ဘယ်လို ပေးထားလဲ အမ ... ပျော်စရာ မိသားစုပဲ ..
congratulations!
ဟောဗျာ.. ဒါ့ကြောင့်ကိုး...၊ ကျနော် လုံးဝ မသိခဲ့ဘူးဗျ၊း)
Congratulations ပါ မကောင်းမွန်ဝင်း၊ တကယ်ပဲ ဝမ်းသာပါတယ်ဗျာ..၊ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာ ရှိကြတယ်လို့ သိရတာလည်း စိတ်အေးစရာ ပါပဲ၊ ကလေးက ချစ်စရာ ကောင်းလိုက်တာ၊ လေးဦးမြောက် မိသားစုဝင်လေး အတွက် အားလုံးက ပျော်နေကြမှာ သေချာတယ်၊း)
ဘလော့ဂ်ကတော့ အချိန်ရမှ၊ အဆင်ပြေမှ ရေးပါဗျာ၊ မိသားစုက ပိုကြီးလာတော့ အရင်လို လွယ်ချင်မှ လွယ်မှာပေါ့..၊ ဒီ မင်္ဂလာ အခါသမယနဲ့အတူ တမိသားစုလုံး ကျန်းကျန်းမာမာ ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်နော်...။း)
မမွန်။
ကလေးကော မိခင်ကော ကျန်းကျန်းမာမာဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ဘာလိုလိုနဲ့ မမွန်လဲ ကလေးနှစ်ယောက် မိခင်ဖြစ်လာပြီပေါ့။ သားရတနာလေးတွေ မွေးဖွားပေးတဲ့ မမွန်အတွက် ဂုဏ်ယူမိပါတယ်။
မိသားစုအားလုံး ကျန်းမာချမ်းသာကြပါစေ။
အမ ကောင်းမွန်ဝင်းနဲ့ မိသားစု ကျန်းမာပျော်ရွှင် အစစ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ် ခင်ဗျာ..( ပြီးခဲ့တဲ့ ဂျပန်ငလျင် ဆူနာမီ ကာလမှ စပြီး မကောင်းမွန်ဝင်းရဲ့ ဒီဘလော့ကို တွေ့ခဲ့ တာပါ.. Post အသစ်များကိုလည်း တင်နိုင်ပါစေလို့ ဆုတောင်းပါတယ် အမရေ.. ) (nayonmoe@bohtein)
အိုး...ကောင်းရယ်..မင်္ဂလာရှိလိုက်တာ။
ကျန်းကျန်းမာမာရှိတဲ့အပြင်ချစ်စရာသားသားလေးတစ်ယောက်တိုးပြီးပြန်ရောက်လာလို့ ဝမ်းသာမိပါတယ်။
ဟုတ်တာပေါ့ဘယ်အားမလဲ။ ကျန်းမာရေးနဲ့ ခလေးတွေကိုဦးစားပေးပါ။
အမြဲခင်မင်သတိရနေတဲ့..
အိုင်အိုရာ
Congratulation Little sis!
Take care.I understand your condition very well.I've already passed it and face busy new one for a moment.This may good bye one for a while to home trip:)
Gyidaw
အိုး မမရေ ၀မ်းသာစရာသတင်းလေးပါပဲ
သိပ်လဲ အားကျမိပါတယ်
မကြာမကြာလာကြည့်ဖြစ်ပေမယ့် စာမချန်ဖြစ်မိဘူး
ခုလိုမင်္ဂလာသတင်းလေးကိုနှစ်သစ်ကူးခါနီးမှာ သိခွင့်ကြားခွင့် မြင်ခွင့်ရတဲ့အတွက် အင်မတန်မှ ၀မ်းသာမိပါတယ် .
မိခင်ရောကလေးပါ ကျန်းမာရွှင်လန်းကြပါစေ
ချစ်တဲ့
ဒိုးကန်
ကလေးက ချစ်စရာလေး...
congratulations!
သိဘူးတော့၊
သားလေးက ချစ်စရာလေး။
မေမေရော သားလေးပါ ကျန်းကျန်းမာမာမို့ ၀မ်းသာပျော်ရွှင်ရပါတယ်။
အို သားလေးနောက်တစ်ယောက်တောင် ရနေပြီဘဲ
ဒါကြောင့် ပျောက်နေတာကိုး
သတိတရ ရှိနေပါတယ်။ နောက်များမှာ အချိန်တွေရှိမယ်ဆိုရင် စာတွေ ပြန်ရေးဦးနော်။
ကလေးရော အမေရောကျန်းကျန်းမာမာရှိပါစေ..
ပျော်ရွှင်သော မိသားစုဘဝလေးကို တစ်သက်တာလုံး ပိုင်ဆိုင်ပါစေနော်။
မမွန်ရေ
ခုမှပဲလာလည်ဖြစ်တော့တယ်
တွေ့ပြီးမှဒီပို့စ်ကိုဖတ်ရတော့ဘာရေးရမှန်းမသိဘူးဖြစ်သွားတယ် :)))
မမွန်ရေ..ကလေးရော မိခင်ပါ ကျန်းကျန်းမာမာသိရလို့  ဝမ်းသာတယ်..အားမှ စာတွေရေးနော်..ကလေးငယ်သေးတော့ အလုပ်များပြီး ပင်ပန်းနေမှာပဲ..
မင်္ဂလာပါ..
မိသားစု အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်မာခြင်း ဖြင့် အစဉ်ထာဝရ ပြည့်စုံပါစေကြောင်း ဆုမွန်ချွေလိုက်ပါတယ် ခင်ဗျား...
ခင်မင်သတိရစွာဖြင့်
ကိုမျိုး (အညာမြေ)
Congratulations
Saund
Congratulations.
Post a Comment