ကျွန်မတို့မြန်မာနိုင်ငံမှာ ခက်ခက်ခက်ခဲ မစိုက်ပျိုးရပဲ၊ နိုင်ငံခြားဝင်ငွေရှာပေးနေတယ်ဆိုတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အခြားနိုင်ငံများမှာ လူကြိုက်များတဲ့ အစားအစာအဖြစ်၊ မရှိမဖြစ်တဲ့ အစားအစာအဖြစ်စားသုံးနေကြတဲ့ ပစ္စည်းတွေဟာ နိုင်ငံခြားဝင်ငွေရရှိနိုင်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေသိတဲ့အတွက် စီးပွါးရေးအမြင်ကျယ်တာမှန်ပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာကြောင့် ဒီပစ္စည်းတွေကို နိုင်ငံခြားက၀ယ်လိုအားကောင်းနေရသလဲဆိုတာရယ်၊ ဒီပစ္စည်းတွေကို မြန်မာနိုင်ငံသားများ ယခုထက်ပို၍စားသုံးသင့်တယ်ဆိုတာကို မြန်မာနိုင်ငံသားတွေ ပိုသိအောင်၊ စားစေချင်လာအောင် လုပ်ပေးဘို့လည်းလိုအပ်တယ်လို့မထင်ဘူးလားရှင်။
![]() |
ဝဥ ကနေ ချက်ပြုတ်စားသောက်ဘို့ ပြုလုပ်ပြီးသားရောင်းတဲ့ အခါ ဒီလိုပုံပါ |
မြန်မာနိုင်ငံက
ဝဥကို တရုပ်ပြည်နဲ့ ဂျပန်ကိုတင်သွင်း တဲ့ အကြောင်းကို အီလဲဗင်းဂျာနယ်တို့ ကုန်သွယ်ရေးက
အင်တာနက်စာမျက်နှာတွေမှာ ဖတ်ဘူးကြမှာပါ။ ဂျပန်က အင်တာနက်စာမျက်နှာတွေမှာလည်း
ဝဥနဲ့ ပတ်သက်ရင် မြန်မာဆိုတာကိုလည်း တဆက်တည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံသားတွေ
ဝဥစားသုံးမှုက ဂျပန်လူမျိုးတွေ နဲ့ ယှဉ်ရင် ပမာဏအလွန်ပင်နည်းမယ်ဆိုတာ ကိန်းဂဏန်းမပါပဲနဲ့
အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။ မြန်မာအင်တာနက်စာမျက်နှာပေါ်မှာ “၀ဥ ဆိုတာကို မသိဘူး”
လို့မေးတာတွေ တွေ့ရသလို၊ ဂျပန်လို အင်တာနက်စာမျက်နှာတွေမှာလည်း မြန်မာလူမျိုးများက
ပုံမှန်အားဖြင့် ၀ဥ စားသုံးခြင်းမရှိဘူးလို့ရေးထားကြပါတယ်။ တကယ်ကတော့ ၀ဥကို သိတဲ့သူတွေရှိသလို
စားတဲ့သူတွေလည်းရှိပါတယ်။ အများစုကတော့ တိုင်းရင်းသားတွေက မြန်မာလူမျိုးတွေထက်ပိုစားတယ်လို့သိရပါတယ်။
![]() |
ဝဥ ကို အလှအပ ပုံဖေါ်လှီးထားပုံ |
ဒါဖြင့် မြန်မာနိုင်ငံသားတွေထက် ပိုစားတယ်ဆိုတဲ့ ဂျပန်လူမျိုးတွေရဲ့စားသုံးမှုကနေ မှန်းဆကြည့်လို့ရမလားပဲ။
ဂျပန်လူမျိုးတစ်ယောက်က တစ်နှစ်ကို ပျမ်းမျှအားဖြင့် ၂ကီလို၊ တနေ့ကို (၆)ဂရမ်နှုန်းရှိတယ်တဲ့။
![]() |
စားချင်စဖွယ် ၀ဥ ဒုတ်ထိုး |
ဝဥ
စတင်ပေါက်ရောက်ခဲ့တာက အင်ဒိုနီးရှားကျွန်းဆွယ်ဘက်ကဖြစ်ပြီး၊ ဂျပန်နိုင်ငံကိုတော့ ခရာဇ်နှစ်၇၀၀
မတိုင်မီမှာ ကိုရီးယားနိုင်ငံဘက်ကနေ ဆေးဝါးအနွယ်အဖြစ်ဝင်ရောက်ခံရာကနေ၊ နာရာ့ ခေတ်မှာတော့
တရုပ်ပြည်ဘက်ကနေ ဆေးဝါးအဖြစ် စတင်ယူဆောင် စိုက်ပျိုးကာ စားသောက်နေပြီလို့သိရပါတယ်။
ရှေးခေတ် တရုတ်ဆေးကျမ်းများနဲ့ ဂျပန်ဆေးကျမ်းများမှာတော့ ၀ဥကိုစားသုံးခြင်းဖြင့် ဆီးကောင်းခြင်း၊
ခန္ဒာကိုယ်ဝမ်းဗိုက် (အူ၊ ဆီးအိမ်)အတွင်းက အစိုင်အခဲ၊ကျောက်စသည်တို့ကို ကြေသက်စေတယ်လို့ရေးထားခဲ့ကြတယ်တဲ့။
ဂျပန်ဆာမူရိုင်း အိုဒါ့ နိုဘုနာဂါ့ (1534~1582) ခေတ်မှာတော့ ဖေါယောင်ခြင်း၊
ဆီးကျင်ခြင်းတို့ကိုပျောက်ကင်းစေတဲ့ အစွမ်းရှိတယ်ဆိုပြီး ဆေးကုသခြင်းတွေမှာ သုံးလာခဲ့ပါတယ်။
![]() |
ဂျပန်ရိုးရာ စားစရာ “အိုဒန်း” ထဲက ၀ဥ ။ အလှပုံဖေါ်ထားပုံ |
ဝဥ=
ကွန်းညပ်ကု
တရုတ်နိုင်ငံဘက်ကနေ
ယူဆောင်စိုက်ပျိုးခဲ့တဲ့အတွက် ခန်းဂျီ့ စာလုံး “蒟蒻” ကို ဂျပန်ဘာသာနဲ့
“古迩夜久” ကိုနိယာ့ကု
ကတဖြည်းဖြည်းအသံပြောင်းလာပြီး
ကွန်းညပ်ကု ရယ်လို့ဖြစ်လာတယ်လို့ ရေးကြပါတယ်။
![]() |
ဝဥ ပွင့်များ |
ဝဥ
ရဲ့ အင်္ဂလိပ်လိုအခေါ်အဝေါ်တွေကတော့ သူ့ရဲ့ အပွင့်ပုံစံ ကိုကြည့်ပြီး အဲဒီအမည်တွေပေးခဲ့ကြတယ်လို့သိရပါတယ်။
![]() |
ဝဥ ပွင့် |
မကောင်းဆိုးဝါးလျှာ
「Devil's Tongue」တဲ့ ။ ဆင်ခြေ 「Elephant Foot」တဲ့။ (နံမည်တွေကြားတာနဲ့ စားချင်စိတ်ကုန်သွားပြီမို့လား)။
![]() |
ဝဥ စိုက်ခင်း |
ဘာသာရပ်ဆိုင်ရာ
ရုက္ခဗေဒအမည်ကတော့ Amorphophallus Konjac လို့ခေါ်ပါတယ်။
ဒါပေမယ့် မြန်မာလို “၀ဥ” ရဲ့ စကားလုံးရင်းမြစ်ကိုတော့ ကျွန်မမသိပါဘူးရှင်
။ သိရင်ပြောခဲ့ကြပါနော်။
အယ်ဒိုခေတ်မှာရေးသားပြုစုခဲ့တဲ့
“ယေားဂျေားကွန်” (မြန်မာလိုဆိုရင်တော့ ဥတုဘောဇနသင်္ဂဟကျမ်း လိုမျိုးပေါ့) မှာတော့ ဂျပန်ဘာသာနဲ့
“--ကွန်း” ပါတဲ့ အရာတွေစားရင် အားရှိလာမယ်လို့ရေးထားပါတယ်။ အဲဒီ“ -- ကွန်း” တွေကတော့
ဒိုင်းကွန်း
=မုန်လာဥ
လန်းကွန်း
= ကြာရိုး
ကွန်းညပ်ကု=
ဝဥ
တွေဖြစ်ပါတယ်။
![]() |
အပင်မှ ခူးဆွတ်ထားသော ၀ဥ |
ဂျပန်လူမျိုးတွေပြောလေ့ရှိတာကတော့
ရှေးခေတ်က အဲဒီလိုစကားလုံးနဲ့ မှတ်သားထားပေမယ့် အခုလို
သိပံ္ပ္ပ ခေတ်ရောက်တော့ အပေါ်ကသူတို့ပြောတဲ့ “-ကွန်း” ပါတဲ့ ဟာတွေအကုန်လုံးမှာ အမျှင်ပါတဲ့ သစ်ဥသစ်ဖုတွေဖြစ်နေတာကြောင့် ၀မ်းဗိုက်အတွက် ကောင်းတယ်ဆိုတာကို သက်သေပြနိုင်တာနဲ့ တစ်ထပ်တည်းကျနေလို့ ပိုမိုယုံကြည်စွာစားသောက်ကြပါတယ်။
သိပံ္ပ္ပ ခေတ်ရောက်တော့ အပေါ်ကသူတို့ပြောတဲ့ “-ကွန်း” ပါတဲ့ ဟာတွေအကုန်လုံးမှာ အမျှင်ပါတဲ့ သစ်ဥသစ်ဖုတွေဖြစ်နေတာကြောင့် ၀မ်းဗိုက်အတွက် ကောင်းတယ်ဆိုတာကို သက်သေပြနိုင်တာနဲ့ တစ်ထပ်တည်းကျနေလို့ ပိုမိုယုံကြည်စွာစားသောက်ကြပါတယ်။
ဝဥကို
ဒီအတိုင်းအပင်ကနေရတဲ့ အတိုင်းစားရင် ယားတတ်တယ်လို့ မြန်မာတွေကော ဂျပန်တွေကော ပြောကြပါတယ်။
ဒါ့ကြောင့် သူ့ကိုမှုန့်ညက်အောင်ခြေပြီး ရေနဲ့နှဲ၊ ကြိုချက်အအေးခံ ပုံသွင်းပြီး လိုရာအရသာ စားသောက်နည်းနဲ့စားသုံးကြပါတယ်။
တချို့ကတော့ အစိမ်းကိုရေနဲ့ နှဲ၊ ထုံးထဲ့ပြီး ရတဲ့ အနှစ်တွေကိုအအေးခံပုံသွင်းပြီးမှ
ပြုတ်တာလည်းရှိပါတယ်။
ဝဥ
ကို ယခင်ကထက်လူကြိုက်များလာတယ်လို့ ဂျပန်တွေကပြောကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အခုနောက်ပိုင်းသုတေသနပြုတွေ့ရှိချက်များအရ၊
ခန္ဒာကိုယ်အတွက် ဓါတ်သဘာဝမျှတစေသော အမျှင် (dietary fiber )များစွာပါရှိတဲ့အတွက်ကြောင့်
ဖြစ်ပါတယ်။ နောက်တစ်ခုက ကယ်လိုရီအလွန်နည်းတဲ့ အတွက်ကြောင့်ပါ။ ကယ်လိုရီ အလွန်နည်းပါဆိုတဲ့
ကျောက်ကျော (agar ) နဲ့ ယှဉ်ရင်တောင်မှ ၃၀ပုံ၁ပုံပဲပါပါတယ်။ ၀ဥ ကိုဓါတ်ခွဲကြည့်ရင်
သူ့အထဲမှာ ရေဓါတ်က ၉၇%ကျော် ဖြစ်ပြီး၊ ကျန်တာက ဂလူးကိုးစ် သကြားနဲ့ (glucose) မန်းနို့စ်
သကြား (mannose) တွေက ၂း ၃ သို့မဟုတ် ၁း ၂ နဲ့ ပါဝင်နေပါတယ်။ သူတို့တွေကြောင့် ၀ဥ
(၁၀၀)ဂရမ်မှာ ကယ်လိုရီဟာ (၇) လောက်ပဲပါဝင်နေတာဖြစ်ပါတယ်။ အထက်ကဖေါ်ပြခဲ့တဲ့ ဓါတ်သဘာဝမျှတစေသော
အမျှင်dietary fiber တွေကတော့ သွေးထဲက သကြားပါဝင်မှုနှုန်း (blood glucose level ) နဲ့ ကိုလက်စတရော
(cholesterol) တွေကို ထိန်းချုပ်ပေးတဲ့ အစွမ်းတွေရှိကြပါတယ်။
![]() |
ဝဥ နဲ့ လုပ်တဲ့ ဂျယ်လီ |
သူ့ကိုဟင်းအဖြစ်စားသုံးကြသလို
ဂျယ်လီ ( jelly ) လို့ခေါ်တဲ့ မုန့်ပဲသားရည်စာ အဖြစ်ပြုလုပ်ပြီး စားသုံးကြပါသေးတယ်။
![]() |
ခေါက်ဆွဲပုံစံ ၀ဥ ကို အရောင်အမျိုးမျိုးနဲ့ ၀ယ်ယူရရှိနိုင်ပါတယ် |
ပုံသဏ္ဌာန်တွေကတော့
လေးထောင့်အတုံး၊ အပြား၊ အလုံးများအပြင် ခေါက်ဆွဲကြာဇံတွေလိုစားသုံးနိုင်ဘို့ အမျှင်ပုံစံ
ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဂျပန်လို ၀ဥ ချက်နည်းက ရာနဲ့ချီပြီးများပါတယ်။
![]() |
ခေါက်ဆွဲပုံစံ နဲ့ ၀ဥ |
မြန်မာလိုစားလေ့ရှိတာကတော့
ဝဥ သုတ်ပါ။ နောက်ထပ်ဟင်းနည်းသစ်တွေအနေနဲ့ စားသောက်ဘွယ်ရာဟင်းချက်နည်းတွေတင်တဲ့ ဘလော့ဂ်တွေမှာ
ဆက်သွယ်နည်းယူရင် တီထွင်တင်ပြပေးကြလိမ့်မယ်လို့ထင်ပါတယ်။
![]() |
ဝဥ လုံးပြုတ် |
မြန်မာပြည်တွင်းမှာ
မြန်မာပြည်ထွက် ၀ဥ ကို စားဖြစ်အောင်စားစေချင်ပါတယ်။ အခုဆိုရင် ၀ဥ တင်ပို့နှုန်းက တစ်နှစ်ထက်တစ်နှစ်
မြင့်တက်လာနေပါပြီ။ မြန်မာနိုင်ငံရဲ့ ၀ဥ တင်ပို့နှုန်းကိုကြည့်ပါဦး။
၂ဝဝ၇-၂ဝဝ၈
ဘဏ္ဍာနှစ် = ၂၃ဝ.ဝဝ တန်
၂ဝဝ၉-၂ဝ၁ဝ
ဘဏ္ဍာနှစ် = ၄၈၈.၂၂ တန်
၂၀၁၀ခုနှစ်အတွက်ကတော့
ဇွန်လ (မူဆယ်၁၀၅မိုင်စခန်းတစ်ခုတည်းမှ ရက်၂၀အတွင်း)
= ၃၇ တန်၊ပါ။ရန်ကုန်ဘက်ကနေတင်ပို့တာမပါသေးပါဘူး။
တစ်နှစ်ထက်တစ်နှစ်
ဝဥ တွေ အများကြီးတင်ပို့နိုင်တာနဲ့ အတူ ၊ မြန်မာနိုင်ငံသားတွေရဲ့ ၀ဥ စားသုံးမှုလည်း
ဘယ်လိုအချိုးကျပြောင်းလဲနေမလဲဆိုတာကို သိချင်ပါသေးတယ်။
![]() |
ဝဥ နဲ့ လုပ်တာပါပဲ |
ဂျပန်နိုင်ငံမှာ
စီးပွါးရေးပညာရှင်တွေက မိမိတို့ကုန်ပစ္စည်းက စားသောက်ကုန်ဖြစ်တယ်ဆိုရင် ဒါကိုစားလို့
ဘယ်လိုအကျိုးရှိတယ်ဆိုတာကို နည်းမျိုးစုံ (ကျန်းမာရေး အရကော၊ အစားအသောက် ချက်ပြုတ်နည်းတွေနဲ့ကော
) နဲ့ စားသုံးသူကို ပညာပေးပါတယ်။ ကြော်ငြာတဲ့နည်းက ပညာပါတာလို့ပြောရမှာပေါ့နော်။ ကျွန်မကတော့ ၀ဥ မထုတ်လုပ် မရောင်းပေမယ့် ၊ ကျန်းမာရေးပညာ ဗဟုသုတအနေနဲ့
သိတာလေးကို ပြန်လည်မျှဝေလိုက်ပါတယ်ရှင်။
စိတ်ဝင်စားတယ်ဆိုရင်တော့ စိုက်ပျိုးရာနေရာတို့၊ စိုက်ပျိုးချိန်တို့၊ ဈေးနှုန်းတို့ကို အင်တာနက်ပေါ်မှာရှာကြည့်ပါနော်။
အင်တာနက်မှ ဓါတ်ပုံများကိုရယူပါတယ်။
ကိုးကားစာမျက်နှာများ
21 comments:
ဝဥအကြောင်းလာဖတ်တယ်...မစားဖြစ်တာအတော်ကြာ ပြီ
စူးနွယ်လေး
ညီမ ရေ
ညီမ ပြောမှဘဲ ဝဥ အကြောင်းကို စုံစုံလင်လင် သိသွားတယ်.. အမ ဝဥ ခေါက်ဆွဲပြား အနေနဲ့ လုပ်ထားတာဘဲ စားဘူးတယ်..
ချစ်ညီမ စည်းစိမ် ကတော့ နောက်နေ့သုတ်ကျွေးမယ် တအားကောင်းတယ်ပြောတယ်...
နောက်နေ့ကျ သေချာချက်စားကြည့်မယ် ဝဖူးချဉ်ရေ ကလည်း အရမ်းကောင်းတယ်
ပြောတယ်...
ညဈေးမှာ ဝယ်လို့ လွယ်တယ်
ကျေးဇူးညီမ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ရွှေခဲကောင်းကောင်းရေ
ဝဥ အကြောင်း သိရလို့ ကျေးဇူးပါ
စားသာစားနေတာ ကျန်းမာရေးနဲ့ပတ်သတ်လို့ ဘာမှ မသိဘူးရယ် အခုလိုလေးသိရတဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်
ဝဥသုတ်ထက် ၀ဖူးချဉ်ရေကြိုလေးစားရတာ ပိုကြိုက်ပါတယ် အဲဒီအပင်တွေ ပုတ်ရင် အရမ်းနံတယ်ဗျ စားလို့တော့ အရမ်းကောင်း
အခုတော့ မစားရတာ ကြာလှပေါ့
ခင်မင်တဲ့
seesein
ဝဥ စားတော့ စားဖူးတယ် မေ့တော့မေ့နေပြီ
အခုလို ရေးပြတော့ စားချင်စိတ်တောင် ပေါက်
လာတယ် :P
မရဘူး.. အခု ၀ဥ စားချင်တာ.. :D ၀ဥက ဒိုင်းယက်အတွက် ကောင်းတယ်ဆိုလို့ မကြာခဏစားနေတယ်။ အခုထိတော့ ၀ိတ် မကျသေးဘူး။
ကျနော်တို့မြို့မှာရှိတယ်
ဝတုံ လို့ခေါ်တယ်..။
သုတ်စားတယ်..။
ဟင်းချက်စားတယ်..။
အရင် မေမြို့ဈေးဟောင်းမှာ အလယ်တန်းမှာရောင်းတယ်..။
ဝတုံပြင်အကြီးဝိုင်းဝိုင်းကြီးကို လှီးပြီးချိန်ရောင်းတာ..။
ပေါက်
ကျွန်မတို့ကချင်ပြည်နယ်မှာလည်း ၀ဥတအားစားကြတယ်.. စိုက်လည်းစိုက်တယ်
မိတ်ဆွေတစ်ယောက်ကလည်း ပြောတယ်။ ဂျပန်တွေရဲ့ အစားအသောက်တော်တော်များများမှာ ၀ဥက မပါမပြီးဘဲတဲ့။ အခုတောင် သူက ကချင်ပြည်နယ်မှာ မြေဧကပေါင်းများစွာဝယ်ပြီး ၀ဥစိုက်နေပြီ.. ဒါတွေအားလုံး ဂျပန်က ၀ယ်မှာလေ.. ငွေလဲဂျပန်တွေက ထုတ်ပေးတယ်... ထွက်လာတဲ့ ဥတွေအားလုံးလဲ သူက ပြန်ဝယ်မှာ။ အဲဒီလိုပြောပြကတည်းက ၀ဥကိုစိတ်ဝင်စားနေတာ
အခု မကောင်းမွန်ဝင်းဆီမှာ ဖတ်ရတော့မှ ဂျပန်တွေ ၀ဥကိုဒီလိုလုပ်စားတယ် ဆိုတာ သိရတော့တယ်..
တစ်ရက်တော့ ၀ဥသုပ်အကြောင်း တင်မယ်နော်... ဒီမှာ ၀ဥတွေရှိတယ်..
ဝဥ အပင်နဲ့ အပွင့်ကို ခုမှ မြင်ဖူးတယ်အစ်မရေ။
ခွန်အရင်က ကွန်းညခု မစားဘူး။ နောက်မှ သူက
အစာအိမ်ကို သန်းရှင်းအောင်လုပ်ပေးတယ်ဆိုလို့
အိုဒန်းမှာပါတဲ့ ကွန်းညခု စမ်းစားကြည့်ရင်းနဲ့
စားဖြစ်သွားတာ။
ဟီး..... ကလေးလည်းမဟုတ်တော့ဘဲနဲ့ ဂျီးနည်းနည်းထူးတယ်။ ရေများများချိုးပေး
ရမယ်နဲ့တူတယ်နော်.. အစ်မ ;)
မမကောင်းမွန်ရေ
ဝဥအကြောင်းလာဖတ်သွားပါတယ်... ငယ်ငယ်ကတော့ အိမ်ကသုတ်ကျွေးတာ တခါစားဖူးတယ်... အဲအချိန်တုန်းက မကြိုက်ခဲ့ဘူး။ အခုပြန်တွေးကြည့်တော့ ရှောက်ရွက်နံ့လေးနဲ့ ငရုတ်သီးစပ်တာပဲ မှတ်မိတော့တယ်။ ငယ်ငယ်ကသာ အချိုသုတ်ကျွေးရင် ကြိုက်ခဲ့မယ်ထင်တယ်။ အခုတော့ အစပ်စားနိုင်ပြီဆိုတော့ ခုနေပြန်စားရင် ကြိုက်မလားမသိဘူး။ စင်္ကာပူမှာရော ဝယ်လို့ရလားမသိဘူးနော်....ရှာကြည့်ဦးမယ်။ :)
မမပုံတွေထဲက ဝဥတုတ်ထိုးလေးက စားချင်စရာလေး။ တကယ်ဆိုနော် ကိုယ့်တိုင်းပြည်က ထွက်တဲ့ အစားအသောက်တွေက အများကြီးပဲနော်။ အဲဒါတွေရဲ့ အကျိုးကျေးဇူးတွေကို လူတွေသိအောင် သေချာကျန်းမာရေးအသိမပေးနိုင်လို့ နီးရက်နဲ့ မစားဖြစ်တာတွေ၊ မစားရတာတွေ အများကြီးပဲနော်။
မလေးသွားလို့ ဆီအုန်းစိုက်ခင်းတွေမြင်ရင် အရမ်းစိတ်မကောင်ဘူး။ ကိုယ့်တိုင်းပြည်က ဆီထွက်သီးနှံတွေအများကြီး စိုက်နိုင်၊ ထွက်နိုင်ရဲ့သားနဲ့ ထွက်သမျှ နိုင်ငံခြားပို့ပြီး မလေးက ဒီဆီအုန်းတွေကို ပြန်သွင်းခံနေရလို့လေ။ လူတွေမှာ ကောင်းတာလေးတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တာလေးတွေကို ပြည်ပပို့ပြီး မကောင်းတာတွေ ပြန်စားနေကြရလို့ တွေးကြည့်ရင်အတော်လေးကို စိတ်မကောင်းဖြစ်မိတယ်...
မမကောင်းမွန်ရေ ပူးတေကို သတိတရရှိတဲ့ အတွက် အရမ်းဝမ်းသာပါတယ်... ပူးတေဒီတလော အလုပ်မှာ ပရောဂျက်တွေ ၃ ခုလောက် တပြိုင်ထဲကိုင်နေရလို့ ဒေါင်ချာဆိုင်းနေရပါတယ်...ဘလော့ပေါ်က အစ်ကိုတွေ အစ်မတွေအားလုံးကိုလဲ တကယ်ပဲ သတိရနေပါတယ်...
ပူးတေအလုပ်အားမှပဲ စာတွေ ပြန်ရေးမယ်နော်။ ရေးမယ်ဆိုပြီး အစပျိုးထားတာတွေအများကြီးပဲ။ အဆုံးမသတ်နိုင်ဘူးလေ။ တချို့ဟာတွေဆို ကိုယ့်ကိုယ် ဘာအကြောင်းရေးမလို့ အစရေးထားမှန်းတောင် မမှတ်မိတော့ဘူး.... :(
ဒါနဲ့ မမကောင်းမွန် ငါးပေါင်းလုပ်စားတယ်ဆို.. ပြီးတော့ ပူးတေရဲ့ နည်းဗျူဟာ ဗိုက်အဆာခံအောင်စောင့်ပြီးမှ ကိုယ်ချက်ထားတာကျွေးတဲ့နည်းကို အသုံးချတာ အောင်မြင်တယ်ဆို... ဒါဆို ပူးတေကို နည်းပညာဖြန့်ဝေပေးတဲ့အတွက် ဥာဏ်ပူဇော်ခပေးရမှာနော်... :D ချစ်လို့နောက်တာနော် မမ....
ခင်မင်စွာဖြင့် ပူးတေ
ဗဟုသုတ နဲတယ်လို့ပြောရမလားဘဲ
အိမ်က လည်းချက်မကျွေးတော့မသိဘူး
အမ ပြောမှ သိတယ် နောက်ကြုံရင် စားနိုင်တာပေါ့
မသိတာတွေသိသွားရလို့ ကျေးဇူးပါ
မရေ
ရေးထားတာစုံလင်နေတာပဲနော်
ကွန်းညကုကို ၀ဥမှန်းမက ရှင်းပြမှသိတော့တယ်။ :D အရသာ သိပ်မ၀င်လို့ မချက်တတ်တော့ သိပ်မစားတာ မ က ကျန်းမာရေးအတွက်ကောင်းကြောင်းသေချာရှင်းပြတော့ ခုကစပြီး များများစားမှဖြစ်မယ်။ ပြီးရင် ဟင်းတခွက်တင်မယ်နော်။ ကျေးဇူးအများကြီးနော် မ..
အမရေ.. ၀ဥလေးတွေ ပုံဖော်ထားတာက လှမှလှဘဲနော်။ မစားဘဲနဲ့ အလှကြည့်ထားရမလိုတောင် ဖြစ်မိတယ်။း))။
အဲ.. ကျနော်ကတော့ ၀ဥကို ကလေးတုန်းကထဲက မကြိုက်ခဲ့ဘူး။ အဲဒါဥကို ထိမိရင် ယားယံတတ်တယ်ဆိုလို့ ၀ဥပင်မြင်ရင် ဝေးဝေးကဘဲ ရှောင်နေခဲ့တယ်။ နောက်ပိုင်းတော့ မြို့ပွဲရုံတွေကတစ်ဆင့် တရုတ်ပြည်ဘက်ကို သွင်းဖို့ ၀ဥတွေကို တောနင်းပြီး ဖွေရှာကြတော့တာပါဘဲ။ ပိုက်ဆံရဖို့အတွက်လေ။
ဝဥမကြိုက်ပေမဲ့ အမတင်ထားတဲ့ ပုံလေးတွေကြည့်ပြီး နဲနဲတော့မြည်းကြည့်ချင်စိတ်ပေါက်နေတယ်။း)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အပွင့်ကတမျိုးပဲနော်။အစ်မကတော်တော်လေ့လာထားတာပဲ။အစ်မပြောမှဗဟုသုတတိုးတော့တယ်။ကျေးဇူးတင်ပါတယ်အစ်မ....
အမ်
မျှစ်ချင်လေးကို ငရုတ်သီးစပ်စပ်လေးနဲ့တော့ ချက်စားပြစ်လိုက်ချင်တယ်ဗျာ မစားဘူးတာကြာပီ
အစ်မ ပြောတဲ့ ကွန်းထဲမှာ
renkon ကျန်သေးတယ်လေ..ဟီးဟီး
renkon က ရင်ပြည့်လားဗျ
ကျွန်တော်က ယိုကိုဟာမားကပါ
တခြား ဂျပန်အကြောင်းရေးတဲ့ မြန်မာဘလော့တွေရှိရင် ပေးပါဦးခင်ဗျာ
အီးမေးက tun.thetnaing@gmail.com ပါ
အစ်မ ပြောတဲ့ ကွန်းထဲမှာ renkon ကျန်သေးတာပေါ့နော်..
renkon က ရင်ပြည့်မဲ့ပုံပဲ..သူကတော့ ဝမ်းမကောင်းလောက်ဘူး..
ကျွန်တော်က ယိုကိုဟားမားကပါအစ်မ
ဂျပန်အကြောင်းရေးတဲ့ တခြား မြန်မာဘလော့တွေရှိရင် ပေးပါဦးအစ်မ
အီးမေးက tun.thetnaing@gmail.com ပါ။
ကျေးဇူးအထူးတင် တယ် ဝဥအကြောင်း သိချင်နေတာ ..ဘာတွေ အသုံးဝင်လဲ ဆို တာ..အမတို့  မြို့  မှာ ဝဥတွေလှီးပြီး နေလှမ်း ထားတာ တွေ ခဲ့  လို့  မေးကြည့်  တာ ဂျပန်ကို ပို့  တယ် ဆို လို့  စိတ်ဝင်တစား လိုက် ရှာ နေတာ ..သူ ငယ် ချင်း တစ်ယောက် က ဒီလင့်  လေး ကို ပို့  ပေး ခဲ့  လို့  ဖက် ရတာ..ခု သိသွား ပြီ..
ကုန်ကြမ်း လိုချင် ရင် လဲ ဝယ်လို့  ရပြီ..လိုချင်သူ တွေ ရှိရင် ပြောပေး ပါ..ဝယ်ပေးနိုင်ပါတယ် လို့ .....
素晴らしい記事で
勉強になりました。
素晴らしい記事で
勉強になりました。
ဝဥ
အရောင်းအဝယ်ဒိုင်ဖုန်းနံပတ်သိရင်ပေးပါလား
Post a Comment