July 26, 2010

ဝယ် ရင် ကောင်းမလား

ရန်ကုန်ပြန်တော့ မေမေ့ကို အိမ်မှာဘာပစ္စည်းဘယ်မှာရှိလဲမေးတိုင်း “ဟဲ့ ၊ ခဏနေပါအုန်း ၊ ရှိတော့ရှိတယ် ဘယ်နားမှာလဲမသိဘူး” ဆိုပြီး ချက်ချင်း ဘာကိုမှ မမှတ်မိပါဘူး ။ တော်ကြာ “ လာစမ်းပါဦး ၊ ငါ့သော့တွဲ ဘယ်နားမှာထားမိမှန်း မသိလို့ ရှာပေးပါဦး ” ဆိုတာမျိုးလည်း ရှိပါသေးတယ်။

July 21, 2010

ဇူလိုင်လ ၁၉ရက်နေ့မှာ ရန်ကုန်ကပြန်ရောက်ပါတယ်

ဖေဖေနေကောင်းအောင်ဆုတောင်းပေးတဲ့ မိတ်ဆွေများအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်မအတွက်တကယ့်ကို အားဆေးတစ်ခွက်ပါပဲ။ ဖေဖေ ကတော့ ဆေးရုံကပြန်ဆင်းလာပြီး လူကြီးရောဂါဖြစ်တဲ့ အတွက်ကြောင့် သူစားချင်တာကျွေးပြီး သူစိတ်ချမ်းသာအောင်ထားရတဲ့ အခြေအနေပါ။ အိုမင်းနာမကျန်းဖြစ်နေတဲ့ အဖေ့ကိုထားခဲ့ရပြီး၊ အနီးကပ် မပြုစုနိုင်တဲ့အတွက် ကျွန်မစိတ်မကောင်းပါဘူး။ မြေးလေးကို ဂျပန်လိုနှုတ်ဆက်တဲ့ဖေဖေနဲ့ ၊ “ဖိုးဖိုး ချစ်တယ်”လို့ ပြုံးပြီးပြောတဲ့ ကျွန်မသားလေးကို ကြည့်ရတာ အကြည်နူးဆုံးပါ။ မိဘတွေဟာ သားသမီးတွေကို အချိန်တိုင်းသတိရနေပြီး အတူနေချင်ကြတာကို ပိုပြီးနားလည်သိခွင့်ရခဲ့ပါတယ်။ သူတို့ရဲ့ နောက်ဆုံးအချိန်တွေဆိုတာကို သိနေရတာကတော့ ............

July 2, 2010

တိန် ကို မကိန်ပါနဲ့

ကိုယ့်မိခင်ဘာသာစကားကို လူမျိုးခြားများက ပြောဆိုသုံးနှုန်းတာတွေကို ကြားရဖတ်ရတဲ့အခါမှာ သူနဲ့ ဆက်နွယ်တဲ့ စိတ်ဝင်စားစရာတွေ၊ ကျွန်မတို့ သတိမပြုမိတဲ့ အကြောင်းအရာတွေကို တွေ့ရှိလာရပါတယ်။
မြန်မာစာ မြန်မာစကား အလွန်ကိုကျွမ်းကျင်တဲ့ ဂျပန်သူငယ်ချင်းတွေနဲ့ အင်လေးကို အလည်သွားရင်း တွေ့ကြုံ ခဲ့ရတာတွေထဲက သတိရနေတဲ့ အကြောင်းအရာလေးကို ဥပမာအနေနဲ့ ရေးလိုက်ပါတယ်။