May 24, 2010

စားသောက်ပုံ ယဉ်ကျေးမှု တိုးတက်ခြင်း နှင့် အထောက်အကူပစ္စည်းများ

ကျွန်မတို့ရဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်းမှာ အထောက်အကူပစ္စည်းများကို သုံးစွဲ တတ်တာကလည်း သူ့အတိုင်းအတာတစ်ခုအနေနဲ့ အရေးပါတယ်လို့ထင်ပါတယ်။

ရန်ကုန်မှာ ဟိုတုန်းက ကျွန်မရှိခဲ့စဉ်အခါကတော့ တစ်ခါသုံးတူ၊ ဖေါ့ နဲ့လုပ်ထားတဲ့ ထမင်းဗူး၊(ဆိုင်တွေကနေ ပါဆယ်ဝယ်တဲ့အခါရတဲ့) ၊ စားစာရာကော သောက်စရာပါထည့်သုံးနိုင်တဲ့ ကြွတ်ကြွတ်အိပ် တို့ပါပဲ။ အခုတော့ နောက်ထပ် အများကြီး လှပတိုးတက်နေပြီလို့ထင်ပါတယ်။

အခြားနိုင်ငံတွေမှာလည်း သူ့ နေရာနဲ့သူ ပစ္စည်းမျိုးစုံ ရှိပါလိမ့်မယ်။ ကျွန်မအနေနဲ့ ဂျပန်မှာ ကျွန်မအနီးအနား ကတွေ့ရတဲ့ စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်း အထောက်အကူပစ္စည်းများ အကြောင်း ကို မိတ်ဆက်ချင်ပါတယ်။


စားသောက်ဆိုင်တွေကိုသွားရင် ကလေးတွေအတွက် အစားအသောက်တွေ အင်္ကျီကို
မပေကျံစေရအောင် သားရည်ခံ အရွယ်ထက် နည်းနည်းကြီးတဲ့ အေပရွန် (အစားအသောက်များ မပေကျံစေရန် ကာကွယ်ပစ္စည်း) လေးတွေပေးပါတယ်။ ပလပ်စတစ်နဲ့ လုပ်ထားလို့ ဆေးကြောပြီး အကြိမ်များစွာပြန်သုံးလို့ရပါတယ်။


အသားကင်ဆိုင်တွေမှာတော့ စားသုံးသူဧည့်သည်အားလုံးအတွက် စက္ကူနဲ့ လုပ်ထားတဲ့ တစ်ခါသုံး အေပရွန် (အစားအသောက်များ မပေကျံစေရန် ကာကွယ်ပစ္စည်း) ကို ပေးပါတယ်။

ဒါ့အပြင် သံဒယ်ဗန်းကို အပူပေးပြီး စားတဲ့ ဘာဂါ burger လို အစားအသောက်မျိုးကို လည်း ဗန်းဘေးမှာ အ၀ိုင်းလိုက် စက္ကူ အပတ်လေးနဲ့ ထုတ်ပေးပါတယ်။


နောက်ထပ်လည်းရှိပါသေးတယ်။ ဥပမာ- ထမင်းဘူးတွေမှာဆိုလည်း ဟင်းထည့်ဘို့ တစ်ခါသုံး အလူမီနီယမ်သား စက္ကူ ခွက်လေးတွေ ပလပ်စတစ်ခွက်လေးတွေကို သုံးကြတဲ့အတွက် ထမင်းဗူးထည့်ရတာ လှပအဆင်ပြေပြီး၊ သုံးစွဲကြည့်လေ ဘာကြောင့်ဒီလို ပစ္စည်းတွေသုံးရ ကောင်းမှန်း ပိုသိလေ ဆိုသလိုပါပဲ။

တစ်ခါသုံး ထမင်းဘူး ဟင်းဗူးများနဲ့ အချဉ်ရည် ငံပြာရည်တို့ကို ထည့်လို့ရတဲ့ဗူး၊ ခွက်ကလေးများကို လည်း ကြည့်ပါဦး။ သူတို့တွေကြောင့် အစားအသောက်ရဲ့ အရသာ ကို ထိမ်းထားနိုင်သလို၊ သယ်ဆောင်၊ သိမ်းဆည်းရတာလည်း အလွန်ကို အဆင်ပြေလှပါတယ်။

အခုလို စားသောက်ပုံယဉ်ကျေးမှု တိုးတက်ခြင်း အထောက်အကူပစ္စည်းများ ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ထုပ်လုပ်သုံးစွဲ နိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးမိပါတယ်။
ထမင်းဘူးတွေထဲမှာ အဲဒီလို တစ်ခါသုံးခွက်လှလှလေးတွေကို သုံးတဲ့အတွက် ကလေးငယ်တွေအတွက် ထမင်းကိုပိုပြီးစိတ်ဝင်စားလာစေသလို ကျမ္မာရေးနဲ့ညီညွတ်တဲ့အပြင် အရသာရှိရှိနဲ့ စားသုံးနိုင်ပါတယ်။

 နောက်ထပ်တစ်မျိုးကတော့ ပလပ်စတစ် တစ်ချောင်းထိုးခရင်းလေးတွေပါ။


စိတ်ဝင်စား အတုယူဘွယ်ရာ ယဉ်ကျေးမှုနဲ့ အထောက်အကူပစ္စည်းလေးတွေကို ကိုးကားရေးသားလိုက်ပါတယ်။

ဓါတ်ပုံများရယူရာ
http://image-search.yahoo.co.jp/search?

1 comment:

ယောနက်သန် said...

စိတ်ဝင်စားဖို့ကောင်းတယ်