ဒစ်စနေ ပျော်စရာကမ္ဘာ (၅)နေရာ
၁။ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်မှာတော့
(က)Anaheim မြို့မှာရှိတဲ့ Disneyland Resort (ဒစ်စနေလန်း)
(ခ) ကာလီဖိုးနီးယား အက်ဒဗန်းချား
၂။ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Orlando မြို့မှာတော့
Walt Disney World Resort :WDW
(က) Magic Kingdom:MK (ခ) Epcot (ဂ) Disney Hollywood Studios:DHS (ဃ)Disney's Animal kingdom:DAK
၃။ ဂျပန်နိုင်ငံတိုကျိုမြို့ အူရာ့ယာ့စု မှာတော့ (က) Tokyo Disney Land: TDL (ခ) Tokyo Disney Sea: TDS
၎။ ပြင်သစ်နိုင်ငံ ပါရီ မြို့မှာတော့ Disneyland Resort Paris (က) Disney Land (ခ) The Walt Disney Studios
၅။ ဟောင်ကောင်မှာတော့ Hong Kong Disneyland Resort (က) Hong Kong Disneyland
နံပါတ် ၆နေရာကတော့ ရှန်ဟိုင်းမှာ ဆောက်လုပ်မှာဖြစ်ပါတယ်တဲ့။ ဒစ်စနေ ကမ္ဘာ လည်စရာ(၁၁)ခုဟာ နေရာတွေနဲ့ လိုက်ပြီး ၀င်ကြေးတွေမတူကြသလို ပျော်စရာကစားကွင်းတွေကလည်း သူ့ ပုံစံနဲ့သူ စွဲမက်ဘွယ်တွေ အပြည့်နဲ့ပါပဲ၊ ပြောကြတာကတော့ တိုကျိုက ဒစ်စနေလန်းကို ဒစ်စနေ ကုမ္ပဏီကတိုက်ရိုက် စီမံအုပ်ချုပ်တာမဟုတ်ဘူးတဲ့။

ရထားပေါ်ကဆင်းတာနဲ့ ဒစ်စနေဆီး ထဲကိုခြေလှမ်းသွက်သွက်နဲ့ သားအမိသုံးယောက်ဝင်ခဲ့ကြပါတယ်။



၁။ Mediterranean Harbor ဥရောပတောင်ဘက် ပင်လယ်ဆိပ်ကမ်းမြို့ပုံစံယူထားတဲ့ ပျော်စရာကစားကွင်းတစ်ခုဖြစ်ပါတယ်။
၂။ American Waterfront အမေရိကရဲ့ ဆိပ်ကမ်းတစ်ခုပုံစံအတိုင်းပါပဲ။ အမှန်တကယ်က တိုကျိုဒစ်စနေပျော်စရာကမ္ဘာ နဲ့ တိုကျိုပင်လယ်တို့ကြားမှာ ရထားလမ်းတို့ လမ်းမကြီးတို့ခံနေတာပါ။ ဒါကို
ဒီကစားကွင်းထဲကကြည့်ရင် တိုကျိုပင်လယ်ကိုရောက်နေသလိုထင်ရအောင် ပုံစံယူဆောက်လုပ်ထားတာက ရင်သတ်ရှုမောဖြစ်စေပါတယ်။ နယူးယောက်ရဲ့ နာမည်ကြီး နေရာများဖြစ်တဲ့ Broadway တို့ Tin Pan Alley တို့ကိုပုံစံတူလုပ်ထားပါတယ်။ အမေရိကတိုက် အရှေ့မြောက်ဘက် မန်ဆာချူးဆက်ပြည်နယ်က ငါးဈေးကြီးကိုလည်းတွေ့နိုင်ပါတယ်။ တကယ့် သင်္ဘောကြီးအရွယ် ပုံစံတူသင်္ဘောကိုလည်း
ဒေါက်တင်ထား လို့ အထဲဝင်ပြီး ပြဇတ်ကြည့်မလား စားသောက်ဆိုင်မှာစားမလား သင်္ဘောအပြင်ဘက်ကုန်းဘောင်ပေါ်က တေးသရုပ်ဖေါ်ပြဇတ်ကိုပဲကြည့်မလား၊ စုံနေတာပါပဲ၊
၃။ Port Discovery ဒါကတော့၂၀ရာစု သိသိပံ္ပ၀တ္တုတွေထဲကပုံစံပါ။ အနာဂါတ် သင်္ဘောဆိပ်ကမ်း တစ်ခုပေါ့။ ကပ်လျှက်မှာရှိတဲ့ တိုကျိုပင်လယ်ကို နောက်ခံယူထားပါတယ်။
၎။ Mysterious Island ပြင်သစ်က နာမည်ကျော်စာရေးဆရာ Jules Verne ရဲ့သိပံ္ပ၀တ္တုထဲက
ကမ္ဘာတစ်ခုပုံစံ ထွင်ဆောက်ထားတာ
ပါ။ ဒီနေရာမှာ မီးတောင် (ကမ္ဘာကြီးရဲ့ အလယ်ဗဟို center of the earth )လည်းရှိပါတယ်။ ဒီမီးတောင်ထဲက ရိုလာကိုစတာကို စီးရတာကတော့ အသည်းနှလုံးတွေကောလူကော ပျံထွက်သွားမလောက် ကြောက်စရာကောင်းလှသလို အရမ်းလည်း ပျော်ဘို့ကောင်းပါတယ်။ ကလေးမပါပဲလူကြီးတွေ (လူကြီး ၂ယောက်)သွားတဲ့ အချိန်ဆို စီးဖြစ်အောင်စီးစေချင်ပါတယ်။
၅။ Mermaid Lagoon ကတော့ Little Mermaid
ရုပ်ရှင်ကိုပုံစံယူထားတာပါ။ ရေသူမလေးရဲ့ ပင်လယ်အောက်တိုင်းပြည် တစ်ခုပေါ့။

အလယ်ကောင်က မြစ်တစ်ခုစီးဆင်းနေလို့ ဟိုဘက်ဒီဘက် နှစ်ပိုင်းကွဲနေပါသေးတယ်။
၇။Arabian Coast
အာလာဒင် ရုပ်ရှင်ထဲက ဂျင်းနီနဲ့ အာလာဒင်မီးခွက်တို့ကို ဇတ်ကြောင်းခံပြီး အာရေဗီယမ်ယဉ်ကျေးမှု ထွန်းကားတဲ့ မြို့တမြို့ပုံစံတည်ဆောက်ထားပါတယ်။ သူ့ကစားကွင်း ဧရိယာထဲကိုဝင်သွားတာနဲ့ ကုလားဗျုံတီးသံတွေကြားရပြီး တခါတရံမှာ အိန္ဒိယလူမျိုးဝတ်စုံနဲ့ အမျိုးသမီးတွေ အာရပ်ဝတ်စုံနဲ့ အမျိုးသားတွေ လမ်းဖြတ်လျှောက်သွားရင်းနှုတ်ဆက်သွားတာကိုလည်း ကြုံနိုင်ပါသေးတယ်။ 

တကယ်လို့ ဒစ်စနေလန်း နဲ့ ဒစ်စနေဆီးကို မသွားရသေးဘူးဆိုရင် အဲဒီနှစ်ခုကို အခုလိုနှိုင်းယှဉ်ပြချင်ပါတယ်။
ဒစ်စနေဆီး က ဒစ်စနေလန်းမှာ မရနိုင်တဲ့ ဘီယာတို့ ၀ိုင်တို့ကို ၀ယ်ယူသုံးဆောင်လို့ရပါတယ်။ ညစာအတွက် စားသောက်ဆိုင်တွေကလည်း လူကြီးများအတွက်ပါ အဆင်ပြေနိုင်တဲ့ မီနူးတွေရှိတော့ ဒစ်စနေ လန်း ထက်စာရင် ဒစ်စနေဆီးက ပိုပြီး မိသားစုနဲ့ ကိုက်ပါတယ်။
အဲဒါအပြင် ဒစ်စနေဆီးမှာ မျက်လှည့်ပွဲလို လမ်းမမှာလုပ်တဲ့ ကြည့်ချင်ပွဲတွေလည်း တစ်ခုပြီးတစ်ခု ပြသပါတယ်။ လူငယ်လူရွယ်များ အနေနဲ့ကတော့ ဒစ်စနေလန်းကပိုကောင်းပြီး ၊ အေးအေးဆေးဆေး ကြည့်လိုက်အပန်းဖြေလိုက် အရသာရှိရှိစားလိုက် နဲ့ လည်ချင်ပတ်ချင်သူတွေ အသက်အရွယ်ကြီးသူတွေပါ ခေါ်သွားမယ်ဆိုရင် ကျွန်မကတော့ ဒစ်စနေဆီးကို သွားဘို့ တိုက်တွန်းပါတယ်။
ဒစ်စနေလန်း နဲ့ ဒစ်စနေဆီးက ဘယ်ဟာမဆို တစ်ရက်နဲ့
လည်လို့မလောက်နိုင်ပါဘူး။ ဒါ့အပြင် ရာသီအလိုက် ပွဲတွေကလည်း မတူတော့ ဘယ်အချိန်ပဲသွားသွား ရင်ခုန်ပျော်ရွှင်စရာ အပြည့်ပါပဲ။ ဒီတစ်ခါသွားလို့ ဆုံရင် ဓါတ်ပုံတူတူရိုက်ကြရအောင်နော်။
6 comments:
ဒစ္စနေဆီးပုံတွေကြည့် စာတွေဖတ်ပြီး အပျော်တွေ ကူးစက်သွားပါတယ်။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ နေရာဖြစ်မှာ သေချာတယ်။
သွားအုံးမှာ...
ဒါပေမယ့် ခုတော့ အလုပ်နဲ့နပန်းလုံးနေရတယ် ;(
လာလည်အုံးမယ် ၊ ထိုင်းထီပေါက်တဲ့အခါ ဟုတ်ကဲ့
အံဘွယ်ဘနန်းများ လာရောက်ဖက်ရှုမှတ်သားသွားပါ ကြောင်း........
ဒစ်စနေဆီးက အတွဲတွေအတွက်ဖြစ်ပီး ဒစ်စနေလန်းက ကလေးတွေအတွက်ဖြစ်ပါကြောင်း။
အရင်သွားတုန်းက ၂၀၀၆ ဆိုတော့ အပြည့်အစုံရေးလို့ရတော့ဘူး။
ဒစ်စနေလန်းကို ရောက်ဖူးတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ သွားလည်တာ။ ပျော်စရာတအားကောင်းတယ်။ အရင်က အချိန်တွေလွမ်းလိုက်တား)))
ဂျပန်က ဒစ်စနေဆီးအကြောင်း ဖတ်ရတာ ကောင်း
တယ်ဗျာ၊ ကျနော်တို့ဖက်က ဒစ်စနေဆီးက တော်တော်
သေးတယ်။
Post a Comment