June 14, 2010

သွေးခွဲတဲ့ စကားတွေ

နိုင်ငံအလိုက် လူမှုပတ်ဝန်းကျင်မှာ အကြားရအများဆုံးမေးခွန်းအမျိုးအစား တစ်ခုကို သတိထားမိပါတယ်။ မြန်မာဗုဒ္ဓဘာသာ များ ပတ်ဝန်းကျင်မှာတော့ “.......ဒါနဲ့ မိန်းခလေးက ဘာနေ့သမီးလဲ” “သူ က ဘာနေ့မွေးတာလဲဟင်” ဆိုပြီးတော့ပေါ့။ ဘာကြောင့်လဲ ဆိုတော့
“ဥသာစိန်ပန်း ဒန်းလှကိုရှာ ခိုက်ရန်မှာကား ဓမ္မာသောက အင်းဝရာဇာ မယှဉ်ရာတည်း။ ” လို့  မိမိတို့ရဲ့မွေးတဲ့ နေရက် နဲ့ လူတွေရဲ့ စိတ်နေစိတ်ထား အကျင့်စရိုက် ပေါင်းသင်းဆက်ဆံမှု၊ အိမ်ထောင်ဘက်၊ စီးပွါးဘက်တွေကို ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အယူအဆအတွေးအခေါ်များ ရှိနေလို့ပါပဲ။
အခြေခံအကြောင်းတရား၊ အခြေအနေ နဲ့ ယုံကြည်မှုတွေမတူပေမယ့် ၊ ဂျပန်မှာလည်း မေးတတ်ကြတဲ့မေးခွန်းးရှိပါတယ်။

ဂျပန်လူမျိုးတွေကတော့ “ဘာသွေးအမျိုးအစားလဲ” “ A လား” “......B တွေနဲ့ အလုပ်လုပ်ရကိုင်ရတာ ဒီလိုပဲ”ဆိုပြီး နေ့စဉ်လှုပ်ရှားကြတဲ့ လူမှုပတ်ဝန်းကျင်မှာ ပြောကြဆိုကြလေ့ရှိပါတယ်။ ။ အဲဒီလောက်ကို ဂျပန်လူမျိုးတွေဟာ လူတွေရဲ့ စိတ်နေစိတ်ထားအကျင့်စရိုက် ဟာ သူတို့ရဲ့ သွေးအမျိုးအစားနဲ့ ဆက်စပ်တယ်ဆိုပြီး အလွန်ကို စိတ်ဝင်စားကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်မတဲ့ လည်း သွေးအမျိုးအစားကြောင့်။ တဲ့ လည်း သွေးအမျိုးအစားကြောင့် ၊ မနက်ခင်း တီဗွီကလွှင့်တာတောင်မှ သွေးအမျိုအစားဗေဒင် ၊ ဥပမာ မြန်မာနိုင်ငံမှာဆိုရင်တော့ “ဒီနှစ်ထဲမှာ တနင်္လာသားတွေ ကျားမြှီးဆွဲတောင် ကျားကငြိမ် သွားလောက်အောင် အရှိန်အ၀ါများ တောက်မယ် ” ဆိုသလိုပေါ့။ ဒီနေ့ Bသွေး သမားတွေ ရုံးကို ရယ်ပြီးသွားလို့ကတော့ ၊ အထက်လူကြီး က“ ကြည် ”သွားမယ် ” တို့ပေါ့ ရှင်။


ဂျပန်လူမျိုး လူတိုင်းနီးပါး ဟာ ကိုယ့်သွေးအမျိုးအစားကို သိနေကြပြီး အချင်းချင်း စကားပြောဆိုတဲ့အခါမှာ စိတ်နေစိတ်ထားအကျင့်စရိုက်တွေကိုဆုံးဖြတ်ထင်မြင်ချက်ပေးတဲ့ အခါမှာလည်း သွေးအမျိုးအစားကို လက်ကိုင်ထားပြီး ဝေဖန်လေ့ရှိကြပါတယ်။

သွေးအမျိုးအစားတွေကို ၁၉၀၀ခုနှစ်မှာ သြစတေးလျနိုင်ငံ University of Vienna တက္ကသိုလ် ရောဂါဗေဒဘာသာရပ်သုတေသနလုပ်နေတဲ့ Karl Landsteiner (June 14, 1868 – June 26, 1943) ဆိုသူ စတင်တွေ့ရှိခဲ့ပြီး ၁၉၀၁ခုနှစ်မှာ သမိုင်းတွင်မယ့် သူ့ရဲ့ သုတေသနကျမ်းကို ထုတ်ပြန်ကြေငြာခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ သွေးအုပ်စု A, B နဲ့ C ဆိုပြီးရှိခဲ့ပါတယ်။သွေးထဲမှ A ခုခံနိုင်မှု ရှိတဲ့သွေးအုပ်စုကိုA သွေး ။ B ခုခံနိုင်မှုရှိတဲ့ သွေးအုပ်စုကို Bသွေး။ ဘယ်ခုခံမှုမှ မပါတဲ့ သွေးကို C သွေးအုပ်စုဆိုပြီး A, B, C  သုံးမျိုးပဲ ခွဲထုတ်နိုင်ခဲ့တယ်တဲ့။ ၁၉၀၂ခုနှစ်မှာတော့ A ခုခံနိုင်မှု နဲ့ B ခုခံနိုင်မှု နှစ်မျိုးစလုံးရှိတဲ့ ABသွေးအုပ်စုကိုတွေ့ရှိခဲ့ပြီး C အုပ်စုကိုလည်း Oသွေးအုပ်စုအဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၉၂၈ခုနှစ် မှာတော့ လူတွေမှာ A, B, AB, O သွေးရယ်လို့ သွေးအမျိုးအစား တွေကိုသတ်မှတ်ခဲ့ပြီး ၁၉၃၀ခုနှစ်မှာ Karl Landsteiner လည်း နိုဘယ်လ်ဆုရရှိခဲ့ပါတယ်။

ထပ်မံပြီး ၁၉၄၀မှာ Rhသွေးအမျိုးအစား ကိုတွေ့ရှိခဲ့ပါတယ်။ ဒီလိုသွေးအမျိုးအစားတွေကို ဖေါ်ထုတ်တွေ့ရှိနိုင်ခဲ့တဲ့ လူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်တဲ့ လမ်းမျိုးစုံပွင့်သွားခဲ့ရပါတယ်။ အခုပြောတဲ့ A,B,AB,O တို့ဟာသွေးနီဥ ထဲက သွေးအမျိုးအစားတွေကို တွေ့ရှိရာကနေ၊ သွေးဖြူဥထဲမှာလည်း သွေးအမျိုးအစားအမျိုးပေါင်းမြောက်များစွာရှိနေတာကို လည်း ထပ်မံသိရှိလာရပါသေးတယ်။ ဂျပန်လူမျိုးတွေရဲ့ သွေးအမျိုးအစားကိုကြည့်ရင် Aသွေး ၃၉%။ Oသွေး ၂၉%၊ Bသွေး ၂၂% နဲ့ ABသွေး ၁၀% လောက်စီရှိတာကို အကြမ်းအားဖြင့်တွေ့ရပါတယ်။

သွေးအမျိုးအစားတူအုပ်စုတွေကိုအများဆုံးတွေ့နိုင်တဲ့ ဂျပန်နိုင်ငံရဲ့ ဒေသတွေကိုလည်း ခွဲခြားတွေ့ရှိနိုင်ပါတယ်။ အဲဒီကနေတဆင့် ကမ္ဘာ့လူမျိုးစုများ ရွှေ့လျားဆင်းသက် ပုံကိုကောက်ယူမှတ်ချက်ချနိုင်ပါသေးတယ်။ ဥပမာ၊ လွန်ခဲ့တဲ့ နှစ်တစ်သန်းခွဲကျော်လောက်မှာ မွန်ဂိုလွိုက်လူမျိုးမျိုးနွယ်သစ်(Bသွေး)တွေ ဟာ ကိုရီးယားဘက်ကနေ ဂျပန်ကိုဝင်ရောက်ခဲ့တာကြောင့် ဟိုကိုင်းဒိုးဘက်မှာ Bသွေး အမျိုးအစားဂျပန်တွေကို အများဆုံးတွေ့နိုင်ပါတယ်။ အဲဒီလိုပဲ စပါးစိုက်ပျိုးမှု စတင်ခဲ့တဲ့သူ(Aသွေး) တွေဟာ တောင်တရုပ်ဘက်ကနေ ဂျပန်နိုင်ငံ ကျူရှူးကျွန်းဘက်ကို ၀င်ရောက်ခဲ့တဲ့အတွက် အဲဒီဒေသဘက်မှာတော့ Aသွေးအများစုကိုတွေ့ရတာဖြစ်တယ်လို့ ယူဆနိုင်ပါတယ်တဲ့၊ ဂျပန်လိုပဲ ကိုရီးယား ထိုင်ဝမ်စတဲ့ နိုင်ငံများမှာလည်း “သွေးအမျိုးအစားနဲ့ စိတ်နေစိတ်ထားအကျင့်စရိုက်”ကို ဆက်စပ်တွေးတော ပြောဆိုလေ့ရှိကြပါတယ်တဲ့။
အမှန်တကယ်တော့ သွေးအမျိုးအစားအုပ်စုတွေဟာ ဆေးကုသဘို့နဲ့ လူ့သားမျိုးနွယ်ဆင်းသက်ပုံအတွက် အရေးကြီးတဲ့ အထောက်အထားများဖြစ်ပေမယ့် လူတွေရဲ့ စိတ်နေစိတ်ထားအကျင့်စရိုက် နဲ့ ပတ်သက်တယ်ဆိုတာကို ဆေးပညာအရကော သိပံ္ပ ပညာအရပါ ဘာအထောက်အထားမှမရှိဘူးဆိုတာကို ဂျပန်လူမျိုးတွေလည်း ကောင်းကောင်းသိပါတယ်။ သို့သော်လည်း ဂျပန်လူမျိုးတွေဟာ ဒီကိစ္စကို စိတ်ဝင်စားမှုရှိကြပြီူးအစွဲအလမ်းရှိနေတာ ဟာ ဘာကြောင့်လဲဆိုရင် ၊ ဂျပန်နိုင်ငံမှာ လူမျိုးစုတွေမရှိတဲ့အတွက်ကြောင့် ဒီလို သွေးအုပ်စုလေးခွဲပြီး အချင်းချင်းနှိုင်းယှဉ်ပုံဖေါ်ကြတာကို အစဉ်အလာတစ်ရပ်လိုဖြစ်ခဲ့ရပါတော့တယ်လို့ ယူဆနိုင်ပါတယ် လို့ လည်း ဆိုကြပါတယ်။
သွေးအုပ်စုနဲ့ လူတွေရဲ့ အကျင့်စရိုက် ကံကြမ္မာတွေကို ဗေဒင်စာအုပ်အမျိုးစုံ အနေနဲ့ စာအုပ်ဆိုင်များမှာလည်း အများအပြားတွေ့ရှိနိုင်သလို ရောင်းရတဲ့ စာအုပ်အမျိုးအစားတွေလည်းဖြစ်ပါတယ်။ 
တချို့ကတော့ ဘယ်လောက်တောင် သွေးအမျိုးအစားနဲ့ အကျင့်စရိုက်ဆက်စပ်မှု ဘယ်လောက်သက်ရောက်မှုရှိသလဲဆိုတာကို ကွန်းဒုန်းရောင်းတဲ့ စက်မှာတောင် သွေးအမျိုးအစားအလိုက် ခွဲထားတာတွေ့နိုင်ပါတယ်။ ယုံကြည်မှုဆိုတော့လည်း သူ့နေရာနဲ့သူ ရှိကြမှာပါပဲနော်။
 စာဖတ်သူအနေနဲ့လည်း A,B,O,AB အုပ်စုထဲက တစ်ခုခုဖြစ်နေတဲ့အတွက်ကြောင့် အကယ်၍များဂျပန်လူမျိုးတွေနဲ့ ပါတ်သက်လာရင် “သွေးအမျိုးအစားနဲ့ စိတ်နေစိတ်ထားအကျင့်စရိုက်”ကို ဘယ်လို ယူဆဆုံးဖြတ်နိုင်သလဲဆိုတာလေးကို နှိုင်းယှဉ်ကြည့်ဘို့ ဥပမာလေးတွေနဲ့ မိတ်ဆက်လိုက်ပါတယ်။
အကျော်အမော် သွေးပိုင်ရှင်များ
Queen Elizabeth II ,  John Lennon Elvis,  Presley Liam ,Noel Gallagher, Paul Newman အကျော်အမော် သွေးပိုင်ရှင်များ
Adolf Hitler George Bush Senior Soseki Natsume Ringo Starr Britney Spears
အကျော်အမော် သွေးပိုင်ရှင်များ
Akira Kurosawa , Paul McCartney, Mia Farrow, Leonardo Di Caprio, Jack Nicholson
အကျော်အမော် AB သွေးပိုင်ရှင်များ
Jackie Chan, Marilyn Monroe ,John F Kennedy, Mick Jagger Alain Prost
ကောင်းကွက် နဲ့ ဆိုးချက်များ
Type A
Best traits: Earnest, creative, sensible
Worst traits: Fastidious, overearnest
Type B
Best traits :Wild, active, doer
Worst traits: Selfish, irresponsible
Type AB
Best traits :Cool, controlled, rational
Worst traits :Critical, indecisive
Type O
Best traits :Agreeable, sociable, optimistic

Worst traits :Vain, rude
ကျွန်မရဲ့ “သွေးခွဲ စကား ” ပို့စ်လေးကို ဖတ်ပြီးတော့ သွေးခွဲခြင်း၊ အငြင်းပွါးခြင်းများကို မပြုလုပ်ကြစေလိုပါကြောင်း အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် ရှင်။
အများသိကြတဲ့ ဆောင်ပုဒ်လေး
“ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်”
လို ချစ်ချစ်ခင်ခင် သွေးစည်းညီညွတ်ကြပါနော်။  

ကိုးကားစာမျက်နှာ http://www.geocities.jp/rootsdiscovery/bdr1.html 
http://en.wikipedia.org/wiki/Blood_types_in_Japanese_culture
http://ja.wikipedia.org/wiki/%E8%A1%80%E6%B6%B2%E5%9E%8B%E6%80%A7%E6%A0%BC%E5%88%86%E9%A1%9E 
http://sky.geocities.jp/soramitsuyamato/kanmonhakata/0217.html

9 comments:

နှင်းမိုး said...

ဖတ်သွားပြီ အမ ရေ...
ဘယ်သူခွဲခွဲ တို့မကွဲ...
အမြဲစည်းလုံးမည် နော်...
ခင်တဲ့
နှင်းမိုးမိုး

mabaydar88 said...

ညီမရေ..

လွန်ခဲ့တဲ့ ၂ နာရီလောက်က ချစ်သောသားကို သွားကြိုနေလို့ ချက်ချင်းမရောက်ဖြစ်..(ရှင်းလင်းချက်)..မော.. ဟဲ..။

စိတ်ဝင်စားတယ်ညီမရေ.. ဖတ်ရတော့ လူမျိုးတမျိုးရဲ့ အယူအဆ ကိစ္စတွေ ဟာ သူကျင်လည်ရာ လူ့အသိုင်းအဝန်းလေးထဲမှာ တော်တော် အရေးပါတယ်ဆိုတာ ပို နားလည်သွားပါတယ်..။

နောင်လည်း အဲလိုစိတ်ဝင်စားစရာတွေ ရေးဦး.. သုတတွေရတယ်.. ကိုယ်လည်း သူများကို ပြန်ပြောလို့ရတာပေါ့..။ ဒီလိုအသေးစိတ်လေးတွေက ထဲထဲဝင်ဝင်နေတဲ့ လူတွေက ပြောမှ သိရတာဆိုတော့ ပိုကောင်းတယ်..နောက်အထောက်အထားတွေလည်း ကိုးကားရေးတော့ ပိုတောင်ကြိုက်သွားပါသေးရှင်..။

စည်းလုံးပါ့မယ်လို့.. အမကတော့ ချစ်တာကိုပဲရှည်ချင်ပါတယ်..။ ဟိုအစကို တက်နိုင်သလောက်တိုချင်တယ်ညီမ..။ ဟဲ..။

ခင်တဲ့
မဗေဒါ (၈၈)

နတ်ဆိုးလေး said...

ကောင်းပါ့ဗျာ..
ဗဟုသုတလဲ အတော်စုံသကိုး..

စည်းလုံးခြင်းဟာ အင်အားပါပဲ

khun thadar said...

အစ်မရော...ဘာသွေးလဲဟင် :P
ဟုတ်တယ် သူတို့ကလူကိုသွေးအမျိုးအစားနဲ့ခွဲကြတယ်။
ခွန်တို့မြန်မာတွေလို ဘာနေ့မွေးလဲကျတော့ တယောက်မှ မသိတော့ဘူး။ တနိုင်ငံတမျိုးပေါ့အစ်မရယ်။
ခွန်တို့တွေ သူများမြေမှာသွေးစည်းကြမယ်နော်.... :)

ယောနက်သန် said...

သူ့ အစွဲအလမ်း နဲ သူပေါ့။ ဗဟုသုတ မှတ်သားရပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ဂျပန်လူမျိုးတို့ရဲ့ အယူအဆလေးတွေကို ကျနော်တို့ မြန်မာလူမျိုးများရဲ့ အယူအဆလေးတွေနဲ့ နှိုင်းယှဉ်တင်ပြထားတဲ့ စာရေးသူရဲ့ စေတနာကို ဖတ်ရင်းနဲ့ အတိုင်းသား မြင်တွေ့နေရတယ်....

အောင်ပ ကုလ ဆွေသား တော်ရင်း မိတ်ဖက်ခြင်း တဲ့။ ကျနော်တို့ မြန်မာအယူအဆ။ ဂျပန်တွေက သွေးအုပ်စုပေါ်မှာ အယူအဆထားပြီးတော့ စိတ်နေစိတ်ထား နဲ့ အခြေအနေကို ခန့်မှန်းကြတာ.... တရွာတပုဒ်ဆန်းပေါ့လေ...

ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်....
ဘေးပြောတာကို မယုံနဲ့...
သွေးပြောတာကို ယုံ... :P :P :P...

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

သူကြီးမင်း (တုံးဖလား) said...

မှတ်သားစရာပါဘဲ။ အခုလို ရှာဖွေပြီးတင်ပြပေးတာ ကျေးဇူးပါ။ သူ့ရိုးရာနှင့်သူ့ဒေသပေါ့လေ။

Zay Tar Yar said...

အိုသွေး ဗျို့ ဘာခုခံမှုမှမပါဘူးတဲ့ စလာကတည်းကစိတ် ၀မ်းကွဲချင်စရာ ပြန်ပြင်ပေးလို့မရဘူးလားဟင် ဖြစ်နိုင်ရင်
အိုသွေး ကိုအကောင်းများများလေးရေးပေးစေချင်ပါတယ်
ပါးရောဇေရော အိုသွေးတွေဖြစ်နေလို့ပါ ကျေးဇူးမမေ့ပါဘူး
ရွာကိုပြန်ရောက်ရင် ကောက်ညှင်းပေါင်းပေါင်းကြွေးပါ့မယ် .။

ကျော်နှင်းဆီလွင် said...

မရေ မင်္ဂလာပါ
ဒုတိယအကြိမ်လာလည်တာပါ
ဗဟုသုတပို့စ်လေးတွေအများကြီးမို့
တအားသဘောကျမိတယ်
ခင်ခွင့်ပြုနော်
:)