September 26, 2010

တိုကျို၊ မြန်မာသီတင်းကျွတ်ပွဲ

တိုကျိုမြို့က မြန်မာသီတင်းကျွတ်ပွဲကို သွားခဲ့ပါတယ်။ နံမည်ကျော် “မင်္ဂလာဒိုးအဖွဲ့”ရဲ့ မင်္ဂလာရှိတဲ့ မြန်မာသီချင်းများကိုနားထောင်ရတာ ကြည်နူးစရာပါပဲ။ ဈေးဆိုင်တွေနဲ့ ၊ ပွဲလာတဲ့သူက သင်္ကြန်ပွဲလောက် မများလှပေမယ့်  ပွဲစည်ပါတယ်။ပွဲလာချင်ပေမယ့်  တနင်္ဂနွေလိုနေ့မျိုးမှာ အလုပ်လုပ်ရသူတွေ၊ ခွင့်မရသူတွေ၊ အခြားကိစ္စရှိသူတွေ မလာနိုင်လို့ လူနည်းရတဲ့အပြင်၊ မြန်မာသီတင်းကျွတ်ပွဲတို့ မြန်မာသင်္ကြန်ပွဲတို့ကို မြန်မာအစိုးရကလွှတ်လို့ ဂျပန်ရောက်နေကြတဲ့သူ အများစုကလည်း မလာကြပါဘူး။ အခြားနိုင်ငံတွေရဲ့ ပွဲတွေလို ကိုယ့်ရဲ့ နိုင်ငံတော်မြန်မာသံရုံးကကြီးမှုး ကျင်းပတဲ့ ပွဲမဟုတ်တာကြောင့်လည်း အခုမြင်ရတဲ့ အတိုင်းလူနည်းတာပေါ့နော်။


နှုတ်ခွန်းဆက်သီချင်း



မုန့်ဈေးတန်း
နေ့လည်၁နာရီမှာမုန့်ဈေးတန်းကသိပ်မစည်သေးချိန်ပေါ့

ရာသီဥတုကသာယာလှပါတယ် 
မုန့်ဆိုင်တစ်ဆိုင်စီအရင်လျှောက်ကြည့်ပြီး စားဘို့စိတ်ကူးတဲ့နေရာကိုတော့ သေချာကြည့်ပါတယ်။
ဒန်ပေါက်သည်ကြီးက အရမ်းရောင်းကောင်းလို့ လက်ကိုင်ဖုန်းကို ခါးကြားထိုးတောင်ထားရတယ်နော်
စိတ်ဝင်စားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ဓါတ်ပုံရိုက်ခဲ့ပါတယ်။

 အကြိုက်ဆုံးကတော့
အကြော်စုံသုတ်။ ပုဇွန်ခွက်ကြော်သုတ် 
ရွှေရင်အေး(ကျွန်မက ဂျီးမများတတ်ပါဘူး၊ ဒါပေမယ့် မုန့်လက်ဆောင်းမပါလို့ မစားခဲ့ဘူး) 
စင်ပေါ်ကပွဲအပြင် မုန့်ဈေးတန်းမှာလည်း ရှမ်းအိုးစည်အကရှိသေးတယ်
ကနေတဲ့သူတွေကို သိတယ်လေ။ သွားစားတတ်တဲ့ ရှမ်းစားသောက်ဆိုင် ကများလား။
ပရိတ်သတ်က ရင်သတ်ရှုမောနဲ့ အားပေးကြတယ်
စိုင်းတာမာ့ကနေ ချဉ်ပေါင်ရွက်လာရောင်းတာလည်းရှိတယ်။တစ်ကီလိုကို ယန်း၈၀၀။အကုန်ရောင်းကုန်တယ်တဲ့။ရောင်းရငွေကလည်း ယန်း၅သောင်းကျော်တယ်ဆိုလား။
ကားနဲ့ရောင်းတဲ့ ချဉ်ပေါင်ရွက်

ကျွန်မကတော့ အခုလိုနိုင်ငံရပ်ခြားမှာ ကိုယ့်နိုင်ငံအစိုးရနဲ့သံရုံးရဲ့ ကူညီထောက်ပံ့မှုမရှိပဲနဲ့  မြန်မာအများစုအတွက် အမှတ်တရပွဲတွေကို ကျင်းပသူတွေနဲ့ တက်ရောက်သူတွေကို လေးစားတယ်လို့ပဲ ဆိုပါရစေ။


စကားမစပ် တစ်ခုလောက်ပြောပါရစေဦးနော်။

ဒီနေ့သွားတဲ့ ပွဲမှာ ဘလော့ရေးတဲ့ ညီမတစ်ယောက်နဲ့ တွေ့ဘူးလိုက်ရတယ်။ တခါမှမမြင်ဘူးပဲနဲ့ ပထမဆုံးချိန်းပြီးတွေ့လိုက်ရတာပါ။ တော်တော့်ကိုချောပြီး ချစ်စရာအရမ်းကောင်းပါတယ်။ သူ့အလှ သူ့အပြောတွေမှာ နစ်မြောပြီး ၊ ဓါတ်ပုံရိုက်ဖို့မေ့သွားခဲ့ပါတယ်။

မနက်ဖန်ရုံးတက်ဘို့အတွက်ပြင်ဆင်လိုက်ပါဦးမယ်။


11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

အမရေ...
ပျော်စရာကြီးနေမှာနော်။ ဓါတ်ပုံတွေကြည့်ပြီး သီတင်းကျွတ်ပွဲတော်ကြီးကို ကိုယ်တိုင်ပါဝင်လိုက်ရသလိုဘဲ။ အပျော်တွေကူးစက်သွားပါတယ်။ အမပြောတဲ့ ဘလော့ဂါက ချောချောလေးက ကျနော့်ညီမလေးနော် အမ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ngwelamin said...

အပေါ်က ပုံမှာ ဒန်ပေါက်ဆိုတာက ဒန်ပေါက်နဲ့မတူဘူးနော်
ဆီထမင်းနဲ့ တူတယ် ပုံတွေကြည့်ပြီးစားချင်တာတွေ
အများကြီးဘဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျပန်လာပြီး ချဉ်ပေါင်ရွက်လာရောင်းစားရမလား စိတ်ကူးတယ်..
ဂျပန်လာရင်တော့ မ လသာညရယ်၊ မြတ်နိုးရယ် ကောင်းမွန်ဝင်းရယ်ကို လာရှာမယ်နော်
ချဉ်ပေါင်တစ်စီးစီ လက်ဆောင်ပေးမယ်နော်
ဟီး... ထမင်းပြန်ကျွေးကြပါနော်..

ကိုအောင်(ပျူနိုင်ငံ) said...

ပွဲတော်က ပျော်စရာပါပဲ။

မြတ်နိုး said...

အမရေ..
မြန်မာပွဲကိုသိပ်လာချင်တာပေါ့..သိပ်ကိုလဲစည်ကားစေချင်တာပေါ့ အမရာ..။မြန်မာပွဲတိုင်းရဲ့ ဖြစ်ပျက်လေ့ရှိတဲ့ ပြသနာရယ် မြန်မာပွဲဆိုရင်လာထား ရန်ဖြစ်ကိုဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားများ မကြားလေရော့သလား.။ အများအားဖြင့် မြန်မာပွဲဆို ဂျပန်ရဲတွေ ပိုများနေတာရော သိပါရဲ့လားအမရေ..။
အမကိုမေးပါရစေ။ မကောင်းတဲ့ အမြင်ကပဲမေးတယ်လို့တော့ မယူဆစေချင်ဘူး။
အမက ဘယ်လိုကြောင့် မြန်မာပွဲဆို အစိုးရက လွှတ်တဲ့သူတွေ မလာဘူးလို့ ပြောနိုင်ရတာလဲအမ?????

မြတ်နိုး said...

အမ.. ကျနောို့မြို့မှာ မြန်မာတွေနည်းလို့ မြန်မာပွဲတွေ သိပ်လုပ်လေ့မရှိပါဘူး။ ဒါမဲ့ လွန်ခဲံတဲ့ ၂နှစ်က ကျနော် မြန်မာပွဲကို ရောက်ဖို့ အခွင့်ကြုံခဲ့လို့ နာဂိုယာကို ရောက်ခဲ့ပါတယ်။ အဲဒီရောက်ပီးချိန်ကစလို့ မြန်မာပွဲဆို နောက်ဝေါင်ဝေါင်ရှေးဖြစ်သွားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ..ကျနော့်အနေနဲ့ မြန်ာတွေရှိတဲ့ မြန်မာတွေစုတဲ့ပွဲကို ပထမဆုံးအကြိမ်ခြေချဖြစ်တဲ့ပွဲ ကျနော့်သူငယ်ချင်း အတော်များများ အစိုးရနဲ့ပက်သက်သူတွေရော မပက်သက်သူတွေရော က မသွားနဲ့ အမြဲရန်ဖြစ်တယ်ဆိုတဲ့စကားကို ဘေးထားပီးသွားခဲ့ပါတယ်။ သွားရခြင်းကလည်း တချက်ခုတ် ၂ချက်ပြတ်လေ။ အချိန်ပိုင်းအလုပ်တခုလုပ်ရင်းနဲ့ သွားဖြစ်တာပါ။
အဲဒီနှစ်ကစပီးတော့ မြန်မာပွဲကိုအရင်လုပ်နေကြနေရာကနေတခြားနေရာပြောင်းလုပ်ရတယ်တဲ့ ဘာဖြစ်လို့လဲဆိုတော့ မြန်မာတို့ပွဲဆို ရန်ဖြစ်နေကျမို့တဲ့အမရေ။ ပီးတော့ မြန်မာပွဲဆို ဂျပန်ရဲတွေအများကြီး အပြင်မှာစောင့်ရလေ့ရှိပါတယ်အမ .. ဒါတွေကို အမသိပါရဲ့လား?????
ပီးတော့ အဲဒီနှစ်က ကျနော့် နဲ့အတူ အစိုးရနဲ့မပက်သက်သူတွေရော ပက်သက်သူတွေရော တအုပ်ကြီး လာကြသလို နာဂိုယာမှာ ရှိကြတဲ့ အစိုးရနဲ့ မပက်သက်သူ ပက်သက်သူတွေ တအားပဲလာကြပါတယ် အမ။ အပြန်မှာတောင် ကျနော်က တိုကျိုက ဂျပန်အုပ်စုနဲ့ နာဂိုယာက မန္တလေးလို့ခေါ်တဲ့ မြန်မာထမင်းဆိုင်မှာ သွားစားပီး ညအိပ်ပီးမှ ပြန်ခဲ့ကြတာပါအမ။ အဲဒီ့အထိ အစိုးရနဲ့ မပက်သက်သူတွေရော ပက်သက်သူတွေရောပါပါတယ်အမ။ ဒါဆိုရင် အမရဲ့ ကောက်ချက်ကို ကျနော်မေးခဲ့တာအဖြေဖြစ်မယ်လို့ ထင်ပါတယ်။
နောက်တချက် ကျနော် ဘာကြောင့် နောင်မသွားချင်တော့လဲဆိုတော့ ပြောရရင် ကိုယ့်မြန်မာကိုယ်ပေါင်လှန်ထောင်းသလိုပါပဲ အမ။ မူးရူး သောက်စားနေတဲ့ မြန်မာတွေကြားမှာ.. ကျနော်သိပ်ကြောက်တယ်။ ကြားဖူးနားဝတွေနဲ့လဲ ကြောက်မိတယ်။ တကယ်လဲ ကျနော့်ရှေ့မှာ မြန်မာမလေးတယောက်ရဲ့ လက်ကို မြန်မာယောင်္ကျားတယောက်က ဆွဲပီး ခြုံဖုတ်ထဲခေါ်သွားတဲ့ ပြသနာဖြစ်ခဲ့တယ်။ အဲဒီကောင်မလေးရဲ့ သူငယ်ချင်းကောင်လေးက ကျနော့်ရဲ့ သူယငယ်ချင်းပဲ။ ဟို မြန်မာယောင်္ကျားကလဲ အတင်းပဲ အဲဒီကောင်မလေးက ကျနော့်ဘေးမှာ လူကြီးတွေအတင်းတားပီး လာထိုင်တာတောင်မှ ဟိုပုဂိုလ်က လာပီးသောင်းကျန်းနေတာ ပြန်တွေးလိုက်တိုင်းသွေးပျက်စရာပဲအမ။ အဲဒီအချက်ဟာ ကျနော့်ကို နောင်ဆို မြန်မာပွဲဆို ရှောင်ဆိုတဲ့ ဦးနှောက်က အချက်ပေးခဲ့တယ်အမ။
နောက်တချက် အဲ့ဒီပွဲမှာ မြန်မာတွေကိုချစ်တဲ့ ထိုင်းနယ်စပ်မှာ ရှိတဲ့ မြန်မာတွေရဲ့ ကလေးတွေမိန်းမတွေကို အမြဲကူညီပေးနေတဲ့အဖွဲ့တွေက မြန်မာသီချင်းကို မြန်မာဝတ်စုံဝတ်ပီး အားပါးတရဆိုနေချိန်မှာကျနော်တို့ မြန်မာတွေက သရုပ်ပျက်ဝတ်စုံဝတ်ပီး နိုင်ငံတကာသီချင်းကို တက်ဆိုနေတာ သူတို့မရှက်ပေမဲ့ ကျနော်တော့ ရှက်တယ်။ မင်္ဂလာဒိုးအဖွဲ့ကတော့ သရုပ်မပျက်ပေမဲ့ ..ကောင်းတယ်ထင်ပေမဲ့ ကျနော်လဲ အဲဒီ အမူးသမားပြသနာကိုကြောက်ပီး သေချာသတိမထားမိတော့ မပြောတတ်တော့ပါဘူး။
အစားအသောက်တွေကတော့ ကောင်းပါတယ်။
ဒွကြောင့်အမရဲ့ ကောက်ချက်က သိပ်ကိုတဖက်သက်ရာကျလို့ ဒီကော်မန့်ရှည်ကို ရေးရတာပါ။
များသောအားဖြင့်တိုကျိုက သင်္ကြန်ကို အစိုးရက လွတ်တဲ့သူတွေလဲ လာသိလု အစိုးရနဲ့လဲ လုံးဝမပက်သက်တဲ့ အမတို့လိုလူတွေလဲ တိတ်တဆိတ်လာလေ့ရှိတယ်။ လာပီး ပြန်ကြတာများတယ်။ မမူးခင် ရန်မဖြစ်ခင်ပေါ့။ အမရယ်.. မြန်မာပဲဟာ မြန်မာတို့ပွဲကို ဘယ်သူမလာချင်ရှိပါ့မလဲ။ ပီးတော့ မြန်မာ့အစားအစာတွေ ဘယ်သူမတမ်းတရှိပါ့မလဲ..။
တဆက်တည်းတောင်ပြောလိုက်ချင်သေးတယ်။ ကျနော် ဒီကို ရောက်စက ဘာမှမချက်တတ်တော့ တိုကျိုလာတိုင်း မြန်မာစာတွေကို ဘာဘာမှာ စားလေ့ရှိပါတယ်။ ဂျပန်ရောက် ကိုယ့်မြန်မာဆိုင်တွေဟဲ့ဆိုပီး သူတို့ကို တကယ်အထင်ကြီးခဲ့တယ်။ အဟက်.. မြန်မာတွေဟာ ဂျပန်ရောက်တာတောင်မှ ကိုယ့်မြန်မာအချင်းချင်းဆို ဈေးမရောင်းချင်တဲ့အချိုးနဲ့လေ.. ကျနော်အတော် စိတ်တိုသွားတယ်။.ကျနော်ဆိုတဲ့ လူကလဲ မြန်မာပြည်မှာကတည်းက အဲလိုအချိုးချီုးသူတွေဆို သူတို့ထက်ပိုအပေါ်စီးကပိုဆက်ဆံလေ့ရှိတဲ့သူလေ။ ပိုက်ဆံပေးစားတာ အလကားစားတာမဟုတ်ဘူးဆိုတဲ့ အပေါ်စီးကနေပဲဆက်ဆံတော့တယ်. ကျနော့်သူငယ်ချင်းနိုင်ငံခြားသားတွေခေါ်သွားလဲ ဒီလိုအချိုးတွေမို့လို့ ကျနော့်ဘလော့မှာလဲရေးခဲ့ပီးသလို ကျနော့်သယ်ချင်းကိုလည်းရှင်းပြတယ်..အေး ငါတို့မြန်မာဆိုင်တွေက ဆားဗစ်ကတော့ နင်မြင်တဲ့အတိုင်းပဲဟေ့ဆိုပီးပေါ့.. ခုဆိုတော်ရုံနဲ့ ဆက်ဆံရေးမကောင်းတဲ့ မြန်မာဆိုင်တွေဆို ခပ်ဝေးဝေးပဲ အမရေ..မြန်မာမို့လို့ အားတော့ပေးချင်ပါရဲ့ .. စိတ်မချမ်းသာလို့ မသွားတော့ဘူး.. ဆက်ဆံရေးကောင်းတဲ့ မြန်မာဆိုင်တော့ သွားလေ့ရှိပါတယ်။ ဒါမဲ့ ကိုယ်တိုင်လဲချက်တတ်နေပီဆိုတော့ ဒီလိုဆက်ဆံရေးမကောင်းတဲ့ဆိုင်တွေကို တာ့တာပဲအမ။
ဒါတွေအားလုံး ကိုယ်တွေ့ပါ.. အမလဲ သန်းခေါင်စားရင်း ကောက်ထားတာမဟုတ်လို့ အစိုးရက မလွတ်သူ လွတ်သူတွေ ဘယ်လောက်လာတယ်ဆိုတာ မသိနိုင်ဘူးဆိုတာ ပြောပြတာပါ။

အမကိုမကောင်းတဲ့ဖက်ကပြောတာမဟုတ်ပါဘူး.ကျနော်ခံစားခဲ့ရတဲ့ တွေ့ကြုံခဲ့ရတာကို ပြောပြတာပါ။

Khun Thadar said...

ခွန်ကတော့ နဂိုကတည်းက လူများတဲ့နေရာ
သိပ်မသွားတက်တာကြောင့် မသွားဖြစ်တာပါ။သွားရင်လဲ
အထဲဝင်ပြီးပျော်ရတာထက် ပျော်နေတဲ့သူတွေကို
အဝေးကြည့်ပြီး ပျော်နေတက်ပါတယ်။

အစ်မမြတ်နိုးကတော့ တခါဆို ဆိုသလောက်
ဖြစ်ခဲ့တာကလည်း ကြက်သီးထစရာဆိုတော့ ကိုယ်ချင်း
စာပါတယ်အစ်မရေ။

ps: モンお姉さん "တော်တော့်ကို" は全然そうじゃないですよ。次、知らないブロッガーと恥ずかしい過ぎて会えないかもよ~;D
 こんな顔  "တော်တော့်ကို" と
言うの???と 言われたらどうしよう お姉さん;P

また、3日のことも時間あったらメールくださいね~
それでは、またね~

SHWE ZIN U said...

ညီမ ကောင်းမွန်ဝင်း ရေ

ညီမ ရဲ့ စာတွေ အဲ မုန့်တွေကို ကြည့်သွားတယ် စားချင်စရာတွေ ကျေးဇူးပါ

ညီမ မြတ်နိုး ရဲ့ မန့်တာကိုလည်း သေချာဖတ်သွား တယ်

မြန်မာ တွေ စည်းလုံးစေချင်တယ် စည်းကမ်း ရှိစေချင်တယ်
ချစ်ချစ်ခင်ခင် နေကြတာ ကိုဘဲ မြင်ချင်တယ် ကြားချင်တယ် ညီမရယ် ဖတ်ပြီး စိတ်ညစ်သွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said...

တော်တော့်ကိုချောတဲ့ ဘလော့ဂါ ညလေး ဘယ်သူဆိုတာ ကွန်မန့်ဖတ်ပြီး သိလိုက်ပါပြီ ဟွန်းဟွန်း။ ကဲ.. ဘလော့ဂါ အချောအလှ ညီအစ်မနှစ်ယောက်မှ စာဖတ်လာတဲ့သူများကို မုန့်ကျွေးပါနော်။ သဘောကျသူ လက်ခုပ်တီးပါ ဖြောင်းဖြောင်ဖြောင်း လသာည အရင် တီးသွားပါတယ်း))

ကျန်တာအားလုံးထက် ဘူးသီးကြော် တအားစားချင်တာ...။ ဘယ်လိုလုပ်ရမလဲ ဟင် (!!)/

mabaydar88 said...

ညီမကောင်းမွန်ဝင်း

လာချင်ပါလည်း ခရီးဝေး ကျွေးမဲ့သူ မရှိပေ ... (သံစဉ်လိုလုပ်ပြီး ဆိုကြည့်နော် ..)ပေါနေတာ..။ ဆက်လက်ရှင်သန်နေတဲ့.. မွေးရာပါပိုး ကြီး.....။

ပျော်စရာပဲ... ကြည်နူးစရာပဲ..။ ဒီမှာတော့ အဲလိုအပြင်ဘက် ထွက် ကဲလို့ မရဘူး.. အထဲမှာ ပွဲတော်လုပ်တာမျိုး များပါတယ်ညီမရေ..။

အပြင်မှာ ဘလော့ဂါ ကိုတွေ့သွားတာ တော်တော်ချောတယ်လို့ ပြောတဲ့ ညီမလေးပုံကို ပြန်တင်ပါအုံးနော်..။ မမေ့ကောင်းဘူး..သိတယ် ကိုယ့်ထက် ချောလို့မတင်တာမလား.. ဟဲ.. နောက်တာ ဟုတ်ဖူး..။

မရောက်ဖြစ်တာ ကြာသွားတယ်.. ခွင့်လွတ်နော်.. ။

ပျော်ရွင်ပါစေ.. သားလေးနဲ့ စကားတွေ အများကြီးပျော်ပြီး ပင်ပန်းနွမ်းနယ် မူ ကို ပျော်ရွယ်ရင်မောဖွယ် အဖြစ် ပြောင်းလဲပြစ်နိုင်တဲ့ မိခင်ကြီးဖြစ်ပါစေလို့..။

ခင်တဲ့

Kyaw Hnin Se Lwin said...

ma mon yay,
お久しぶり~
そんなに写真が揃えてありがとう~
あの日忙しくて、行きたくても時間がなく行けなくて、色々見えて楽しそうですね。
何かの料理か揚げ物かを作って商店街に売りたくなりますね~~売りたいよりも遊びたい~~で~す。
素敵なブローガーってばれちゃって分かりました。丁寧でかなり可愛い子ですね。
インターネット昨日から使えるようになって、連絡遅れてごめんね。