March 11, 2011

လှုပ်ပြန်ပြီ

ဒုတိယအကြိမ် အရမ်းပါပဲ။
စိတ်ပူလိုက်တာ။
ဘယ်ကိုမှ ဆက်သွယ်လို့မရဘူး။
ရုံးခန်းထဲတော့ပြန်ရောက်ပါတယ်။
ရထားတွေမှ မသွားတော့ ဘယ်လိုလုပ်အိမ်ပြန်မလဲ။
ဒီလောက်ကြောက်စရာကောင်းအောင် လှုပ်တာ ပထမဆုံးပါပဲ။

9 comments:

Anonymous said...

ဟုတ်...
အစ်မ..
တီဗွီကလာတယ်..
ပထမဆုံး အစ်မကို သတိရမိတယ်..။
သတိထားပါအစ်မရေ..



ပေါက်

ညီလင်းသစ် said...

ဂျပန်ငလျင်က ဒုက္ခပေးရင် မလွယ်ဘူးနော်၊ မ,ကောင်းမွန်ဝင်းတို့ မိသားစု ဘာမှ ဘေးမသီ ရန်မခ ပါစေနဲ့လို့ ဆုတောင်းပါတယ်၊ စိုးရိမ်မှုတွေကလည်း အမြန်ဆုံး လွတ်မြောက်ပါစေ...။

Anonymous said...

ညီမ ကောင်းမွန်ဝင်း

အဆင်ပြေနေကောင်းပါစေ စိတ်ပူနေပါတယ်

ရွှေစင်ဦး

သူကြီးမင်း (တုံးဖလား) said...

အမ ကောင်းမွန်..
အဆင်ပြေလားမသိဘူး။ အခုထက်ထိ ရုံးခန်းထဲမှာလား။ ဘယ်လို အိမ်ပြန်မလဲ။ အမ ကလေးလေးကကော အိမ်မှာဘဲလား။ သတင်းထဲ ကြည့်ရတာနဲ့ စိတ်ပူတယ်။

သတိရှိရှိနဲ့နေနော်။

အဆင်ပြေပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

win latt said...

ညနေ ၅နာရီ ထဲက သတင်းထဲမှာ တောက်လျှောက် ပြနေတာ။တော်တော်အခြေအနေဆိုးတာပဲ။ဖုန်းဆက်ပြီးတော့ မေးချင်ပါတယ်။ သတိထားပါအမရေ...။ဘုရား အာရုံပြုပေါ့။ဘေးရန်ပါစေလို့ ဆုတောင်းပါတယ်။

Anonymous said...

၈ျပန်မှာေ၇ာက်နေသော မြန်မာအားလုံး နှင်. နိုင်ငံသူနိုင်ငံသား အပေါင်း ဘေး၇န်ကင်းကြပါစေလို.ဆုတောင်းပါတယ်

ကိုအောင်(ပျူနိုင်ငံ) said...

မကောင်းမွန်ဝင်းရေ ...
အခြေအနေတွေ ဘာထူးသေးလဲ
မနက်က အိပ်ယာက ထထချင်း ဒီသတင်းကြီး
ကြားရတာ စိတ်မကောင်းဘူးဗျာ ...

Anonymous said...

အခု ဘယ်လိုနေသေးလဲ
သတိရှိပါနော်

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

မကောင်းမွန်ဝင်းရေ
စိတ်ပူမိတယ်
အစစအရာရာ အမြန်ဆုံး အဆင်ပြေချောမွေ့သွားဖို့ မျှော်လင့်ပါတယ်.. တီဗီကနေတွေ့ရတဲ့ သတင်းတွေကြည့်ပြီး ထိတ်လန့်မိသလို တုန်လှုပ်မိတယ်..
အစစ ဂရုစိုက်ပါနော်..
အားလုံးဘဲ ဘေးရန်ကင်းကြပါစေ..