ပြီးခဲ့တဲ့ ဟီဂါ့ရှိနိဟွန်း ဒိုင်းဂျိရှင်း လို့ခေါ်တဲ့
အင်အားကြီးငလျင်ကြီးလှုပ်တဲ့အခါမှာ အချို့နိုင်ငံရပ်ခြား သတင်းလောကမှာ ဂျပန်နိုင်ငံရဲ့ဆောက်လုပ်ရေးအဆင့်အတန်းကိုချီးကျူုး
ရေးသားကြတာတွေ့ရပါတယ်။ ကျွန်မကိုယ်တိုင်လည်း ငလျင်တော်လည်းသံနဲ့အတူ မိုးထိမြင့်မားတဲ့
အဆောက်အဦကြီးတွေယိမ်းထိုးတာကို ကြည့်ပြီး အားလုံးပြိုကျလာမလားလို့ထင်ခဲ့မိပါတယ်။ မျက်စိရှေ့မှာမြင်ရတဲ့
အဆောက်အဦတွေရဲ့ ခိုင်မာမှုတွေကိုကြည့်ရင်း သူတို့နဲ့ ကျွန်မတို့ရဲ့ ကွာခြားချက်တွေကို
တွေးမိရေးမိပါတယ်။
အံ့သြစရာမြင်ကွင်းကို မြင်ကြရသူတွေပေါ့ |
တိုင်းတာမှုစံနစ်
တိုင်းပြည်နိုင်ငံအလိုက် အတိုင်းအတာစံနစ်တွေကွာခြားကြပါတယ်။ နည်းပညာတွေလည်းကွာခြားပါတယ်။
ပိဿုကာပညာမှာလည်း သူ့နိုင်ငံနဲ့သူ ထူးခြားလှပသပ်ရပ်ခန့်ထည်ကြပါတယ်။ ဒါပေမယ့်ကျွန်မတို့နိုင်ငံနဲ့
ဂျပန်နိုင်ငံရဲ့ အတိုင်းအတာစံနစ်ကွာခြားမှုမှာ သတိပြုမိတာတွေကိုပြောချင်ပါတယ်။
ဂျပန်နိုင်ငံမှာတော့ ခန္ဒာကိုယ်အလေးချိန်ကို
ကီလိုဂရမ်၊ အရှည်ကို ကီလိုမီတာ၊ အတိုင်းအတာတွေကို စင်တီမီတာ မီလီမီတာတွေနဲ့ သုံးပါတယ်။
ဒီအတိုင်းအတာတွေဟာ အတိုင်းအတာယူနစ်တွေထဲမှာဆိုရင် အသေးစိတ်တဲ့ ပမာဏတွေကိုတိုင်းတာဖေါ်ပြသလိုဖြစ်နေပါတယ်။
ဥပမာ ၁လက်မ = ၂.၅၄ စင်တိမီတာ ဖြစ်တဲ့ အတွက်ကြောင့် စံအတိုင်းအတာတွေတိုင်းတာတဲ့
အခါမှာ နည်းနည်းချင်းကွာဟမှုကနေ ပမာဏကြီးမားလာနိုင်ပါတယ်။ဥပမာ စပရိန်လို အနုစိတ်တိကျမှုလိုအပ်တဲ့
ပစ္စည်းတွေမှာ သိသာပါတယ်။ ဒါကြောင့်သူတို့ရဲ့ လက်ရာပစ္စည်းများဟာ တိကျမှုသပ်ရပ်မှုမှာ
အဆင့်မြင့်တာကိုတွေ့ရတာပါပဲ။
ဆောက်လက်စ Tokyo Sky Tree 634မီတာ(၂၀၈၀ ပေ) |
အသေးအမွှားကို ဂရုစိုက်ပုံ
အများသိကြတဲ့အတိုင်း ယေဘူယျသဘောနဲ့ပြောရရင်တော့ ဂျပန်လူမျိုးတွေက အလွန့်အလွန်အသေးစိတ်ပြီး
စာအုပ်ကြီးအတိုင်းတွေများပါတယ်။ အခုပြောတဲ့ပို့စ်ပါအကြောင်းအရာနဲ့ ဆက်စပ်ပြီးပြောချင်တာကတော့
ခဲတံအမျိုးအစား ခံတံကိုင်ပုံတွေကို သူတို့အရေးထားတာက ကျွန်မတို့နဲ့ ကွာခြားမှုတွေထဲက
တစ်ခုပါ။
အခုခေတ်မှာတော့ ကွန်ပြူတာနဲ့ အားလုံးလုပ်နိုင်ကြပြီဖြစ်သော်လည်း ယခင်ကတော့
ခဲတံကိုသုံးပြီး ပုံကြမ်းတွေရေးဆွဲခဲ့ကြတဲ့အခါမှာ ပုံဆွဲတဲ့ ခဲဆံလုံးပတ်ကို အတိအကျရွေးချယ်ခဲ့ကြတာကိုလည်း
တွေ့ရပါတယ်။
ဥပမာ။ ။ နိုင်ငံတကာသတ်မှတ်စံညွှန်းတွေလိုပဲ အနက်ရောင်ခံဆံအရောင် အနုအရင့်နဲ့ပတ်သက်ပြီး
JIS ကသတ်မှတ်ထားတာတွေကတော့ 6B、5B、4B、3B、2B、B、HB、F、H、2H、3H、4H、5H、6H、7H、8H、9H ဖြစ်ပြီး ခဲဆံရဲ့
လုံးပတ်ကိုလည်း 0.2mm、0.3mm、0.4mm、0.5mm、0.7mm、0.9mm စတဲ့ အမျိုးအစားများထဲက
ဂျပန်နိုင်ငံမှာတော့ 0.5mm ကိုလူသုံးများပြီး၊ ပြောရမယ်ဆိုရင်တော့ အယ်လ်ဖာဘက်ရေးတဲ့
နိုင်ငံများက 0.9mm ကိုအသုံးများပြီး
၊ ဂျပန် တရုတ် ကိုရီးယားနိုင်ငံတွေမှာတော့
0.5mm အောက် လုံးပတ်သေးတဲ့
ခဲဆံတွေကို လူကြိုက်များကြတာကို တွေ့ရပါတယ်။
ခဲဆံတစ်မျိုးတည်းကို ကိုင်တွယ်ပုံဒေါင့်ချိုးမတူတာနဲ့ မျဉ်းကြောင်းပုံစံအထူအပါး ကွာခြားတာကို ခွဲခြားပြထားတာပါ |
ခဲတံအပြင် ခဲတံကို ကိုင်ပုံကိုင်နည်းကိုလည်း ဂရုစိုက်ကြပါတယ်။
ခလေးတွေ ခဲတံကိုင်လေ့ကျင့်ဘို့ အကူပစ္စည်းကို အဲလိုရောင်းကြတယ် |
ခဲတံကို
ထောင်ကိုင်ပြီး ဆွဲတဲ့မျဥ်း နဲ့ စောင်းကိုင်ပြီး ဆွဲတဲ့မျဉ်း အထူအအပါးကွာနိုင်တာကြောင့်လည်း
ဖြစ်ပါတယ်။
အတွေ့အကြုံဆိုးများနဲ့ နည်းပညာကောင်းများ
ဂျပန်နိုင်ငံဟာ ငလျင်နိုင်ငံဖြစ်တဲ့ အတွက် တလှုပ်လှုပ်ဖြစ်နေတဲ့ မြေကြီးပေါ်မှာ
အဆောက်အဦတွေကို ဆောက်လုပ်ခဲ့တာ မွေးရာပါကျွမ်းကျင်မှုလို့တော့ ပြောလို့မရပါဘူး။
ဆောက်လုပ်ရေးအတတ်ပညာကိုအခြေခံပြီး နိုင်ငံရဲ့ သဘာဝနဲ့လိုက်လျောညီထွေဖြစ်ဘို့အပြင်
အတိတ်မှာကြုံတွေ့ရတဲ့ အတွေ့အကြုံများဆိုးများကနေ သူတို့ရဲ့ လူမျိုးပင်ကိုယ်စရိုက်တွေထဲက
ကောင်းတဲ့အချက်တွေ ကြောင့် တိုးတက်မှုတွေကို အားကျဘွယ်တွေ့ရှိရပါတယ်။
ငလျင်ကိုခံနိုင်တဲ့ တည်ဆောက်ပုံ၊ ကိရိယာ၊ နည်းပညာတွေကို တစထက်တစ တီထွင်ယူကြပါတယ်။
တီထွင်တဲ့ နည်းပညာကို တွေကို ဥပဒေတွေနဲ့ အတည်ဖြစ်စေပြီး လူမှူပတ်ဝန်းကျင်ကို
တိုးတက်စေပါတယ်။
သူတို့ရဲ့ ငလျင်နဲ့ပါတ်သက်တဲ့ တည်ဆောက်ပုံများနဲ့ အသုံးပြုခြင်းတချို့ကို
ဝေမျှပါရစေ။
အဆောက်အဦရဲ့ (လိုအပ်တဲ့)နေရာများစွာမှာ အထူလျှော့အားသုံး
ရာဘာ၊ အွိုင်းဒမ်ပါ (oil damper) စတဲ့ ကိရိယာများကို အထူးစီမံတတ်ဆင်ပြီး ငလျင်ရဲ့အင်အားကို
စုတ်ယူထားချေဖျက်ပါတယ်။
လှုပ်ခါမှုလျော့ပါးစေခြင်းတည်ဆောက်ပုံ နမူနာပုံစံ |
အမြဲတစေ အဆောက်အဦတွေကိုခိုင်ခံ့စွာဆောက်လုပ်တာနဲ့အတူ
ငလျင်ကြောင့် ပျက်စီးမှုနည်းအောင်ပြုလုပ်မှုဖြစ်ပါတယ်။
(ငလျင်ကြောင့် လှုပ်ရှားမှုကို ကာကွယ်တဲ့ တတ်ဆင်မှုတော့မဟုတ်ပါဘူး)။ အတိအကျပြောရရင်တော့ အဆောက်အဦရဲ့ တိုင်၊ယက်မ၊ ဘောင်တို့ကို ပိုမိုကြံ့ခိုင်စေပြီး အဆောက်အဦကိုယ်ထည်ရဲ့ အဆက်အစပ်ထောင့်ကန်အား( counterbrace)၊ အထောက်အကူသံထည်များ (reinforcing metal) ကို ခံနိုင်ရည်ပိုရှိအောင် ငလျင်ရဲ့ လှုပ်ခါမှုကိုပြန်လည်ခံထားနိုင်မှုအတွက်သုံးတဲ့ တည်ဆောက်မှုတစ်ခုဖြစ်ပါတယ်။
ထောင့်ကန်အား နဲ့ အထောက်အကူသံထည်များကိုထည့်သွင်းတည်ဆောက်ပုံ |
(ငလျင်ကြောင့် လှုပ်ရှားမှုကို ကာကွယ်တဲ့ တတ်ဆင်မှုတော့မဟုတ်ပါဘူး)။ အတိအကျပြောရရင်တော့ အဆောက်အဦရဲ့ တိုင်၊ယက်မ၊ ဘောင်တို့ကို ပိုမိုကြံ့ခိုင်စေပြီး အဆောက်အဦကိုယ်ထည်ရဲ့ အဆက်အစပ်ထောင့်ကန်အား( counterbrace)၊ အထောက်အကူသံထည်များ (reinforcing metal) ကို ခံနိုင်ရည်ပိုရှိအောင် ငလျင်ရဲ့ လှုပ်ခါမှုကိုပြန်လည်ခံထားနိုင်မှုအတွက်သုံးတဲ့ တည်ဆောက်မှုတစ်ခုဖြစ်ပါတယ်။
ငလျင်ဒဏ်လွတ် တည်ဆောက်ပုံ |
ဒါကြောင့် ဒီတည်ဆောက်မှုဟာ ငလျင်လှုပ်ခါမှုအတူ အဆောက်အဦလိုက်ပါလှုပ်ရှားမှုမဖြစ်စေတဲ့အတွက်
အဆောက်အဦဟာ ငလျင်ဒဏ်မခံရပါဘူး။ သို့သော်လည်း ဒီတည်ဆောက်မှုဟာ ကုန်ကျစရိတ်နဲ့ ထိမ်းသိမ်းမှုစရိတ်ကြီးမြင့်လှတယ်လို့သိရပါတယ်။
အထက်ဖေါ်ပြပါ တည်ဆောက်ပုံများအားလုံးဟာ ဘေးတိုက်လှုပ်ရှားမှုတွေကိုပဲ တန်ပြန်ကာကွယ်နိုင်ပြီး အထက်အောက်ဒေါင်လိုက်ကို ကာကွယ်မှုမရှိသလောက်ပဲလို့ဆိုကြပါတယ်။
ဂျပန်တစ်နိုင်ငံလုံး အခုပြောတဲ့ စံနစ်တွေနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။
အဲသလိုပဲ အဆောက်အဦအားလုံး စင်းလုံးချောမရှိပါဘူး။ ဒါပေမယ့် နတ်ဖန်ဆင်းသလို လက်ရာပြောင်မြောက်တာတွေလည်း
အများကြီးပါ။
သို့သော်လည်း ဟီဂါ့ရှိနိဟွန်း ဒိုင်းဂျိရှင်း လို့ခေါ်တဲ့
ငလျင်ကြီး မှာ ငလျင်ဒဏ်ထက် အပျက်အစီများစွာကို ဖြစ်ပွါးစေခဲ့တာကတော့ အမြင့် ၂၃.၂မီတာ၊
ကျယ်ပြန့်မှု ၄၅၀အထိရှိခဲ့တဲ့ ဆူနာမီရေလှိုင်းပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်အတွေ့အကြုံကနေ နည်းပညာသစ်များတီထွင်လာနိုင်ကြဘို့
ဂျပန်လူမျိုးတွေကို သဘာဝကစိန်ခေါ်မှုတစ်ခုဖြစ်ခဲ့ပါတော့တယ်။
စာကြွင်း
မြန်မာဘာသာနဲ့ရေးထားတဲ့ ဝေါဟာရတွေက မူရင်းဂျပန်ဘာသာမှ ကျွန်မစိတ်ကြိုက်ဘာသာပြန်စကားလုံးများဖြစ်ပါတယ်။ဓါတ်ပုံများကို အင်တာနက်မှကူးယူပါတယ်။
8 comments:
ဟုတ်တယ်နော်၊ အဲဒီတုန်းက မိုးပျံအဆောက်အဦးတွေ ရဲ့ ခံနိုင်ရည်ကို တကမ္ဘာလုံးက အံ့အားသင့်ကြရတယ်၊ မြေပြင်ကနေ အလွတ်ဆောက်တဲ့ တတိယ မော်ဒယ်လ် က ပထမဟာနဲ့ ယှဉ်ရင် ၄ ဆကနေ ၈ ဆလောက်အထိ ပိုများနေတယ်၊ အတော် ဈေးကြီးတာပဲ...။
စနစ်ကျပြီး ဇွဲလုံ့လရှိတဲ့လူမျိုးတွေမို့ မကြာခင်မှာ အားလုံး အဆင်ပြန်ပြေသွားမယ်လို့ ယုံကြည်ပါတယ်..
ချီးကျူးလေးစားဖို့ကောင်းတဲ့လူမျိုးတွေပါဘဲ.
အဆောက်အဦးဆောက်ပုံလေး ဗဟုသုတ ရတယ် ကျေးဇူးပါ မကောင်းမွန်ဝင်းရေ
အစစအဆင်ပြေပါစေနော်
အစ်မကောင်းမွန်ဝင်းရေ... စိတ်ဝင်စားစရာ သေချာရေးပြသွားလို့ အရမ်းကျေးဇူးတင်ပါတယ်။ ညီမလည်း စာအုပ်ကြီးအတိုင်း လုပ်တာကို သဘောကျတတ်တော့ ဂျပန်တွေ အနုစိတ်နိုင်ပုံတွေ စည်းစနစ်ကျပုံတွေ ကို အမြဲအားကျခဲ့တာပါ။ သူတို့လို တိုးတက်ခိုင်မာချင်ရင် သူတို့လိုပဲ စေ့စပ်သေချာတတ်ရမှာပါ။
မရေ
အသေးစိတ်ရေးထားလို့သိပ်သဘောကျတာပဲ
အစစအရာရာအဆင်ပြေပါစေနော်
စိတ်ဝင်စား၊ဗဟုသုတရစေပါတယ်။ခဲတံကိုင်နည်းလေ့လာသွားပါတယ်။
ကျေးဇူးတင်ပါတယ်။
ဗဟုသုတ လာဖတ်သွားပါတယ်
စူးနွယ်လေး
အမရေ...
ဂျပန်နိုင်ငံရဲ့ ငလျင်ဒဏ်ခံနိုင်အောင်ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေအားလုံးဟာ... ဆောက်လုပ်တဲံ့နှစ်ပေါ်မူတည်ပီး ခိုင်ခံမှုကွာပါတယ်။
ပီးတော့ ရွှေ့ရှားမူနဲံအတူ လိုက်ပါရွေရရှားနိုင်အောင် Ridge Frame နဲ့ structure ကိုတည်ဆောက်ပါတယ်။
နောက် သံဖရိမ်နဲ့ ယက်မတွေ တိုင်တွေမှာ Shear strenth ကိုခံနိုင်အောင် အဲ့အထဲမှာ Stirrup တွေများများထည့်ပါတယ်။
ဒါ့အပြင် Tension Stress နဲ့ ဦးစားပေးတည်ဆောက်ပါတယ်။
သို့သော်... အဲလိုခံနိုင်အောင်ဆောက်ခြင်းဟာ ပြေးဆင်းချိန်ရအောင်လို့ စံချိန်စံညွှန်းနဲ့အညီဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒါကြောင့် အထပ်အမြင့်အဆောက်အဦနေတော့မယ်ဆိုရင် .. ဘယ်နှစ်ခုနှစ်ကဆောက်ခဲ့သလဲဆိုတာ အင်မတန်အရေးကြီးပါတယ်။ နှစ်နောက်ကျလေ နည်းပညာပိုမိုကောင်းမွန်ပါတယ်။ ငလျင်ဒန်ကြောင့် ခံနိုင်ရည်အးကို ပိုပိုမြင့်ပီးတည်ဆောက်လို့ ဖြစ်ပါတယ်။
အမရေ.. ဂရုစိုက်ပါ..နုတ်ဆက်ခဲ့ပါတယ်.. ကျနော် ပြန်လိုက်ပါဦးမယ်
အစစဂရုစိုက်ပါ
မြတ်နိုး
သို့သော်..ဂျပန်ပြည်က အထပ်နိမ့်အဆောက်အဦတွေ အတော်များများ ဆောက်လုပ်မုပိုင်းမှာ အားနည်းပါတယ်။
အထူးသဖြင့် ၁ထပ် ၂ထပ်မှာ ခံနိုင်ရည်အားကို သိပ်ဂရုမစိုက်လို့ အံ့သြမိပါတယ်။
မြတ်နိုး
အစစအရာရာ ဂရုစိုက်ပါ အမရေ..
Post a Comment