March 17, 2011

မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်း

ခန့်မှန်း၍ မရသော ဧရိယာအကျယ်အ၀န်းကြီးမားစွာဖြင့် မီးပျက်နိုင်ခြေရှိကြောင်း အရေးပေါ် သတင်းထုတ်ပြန်
စက်မှုစီးပွါးကုန်သွယ်ရေးဝန်ကြီး ခိုင်းအိအယ်ဒါ့



စက်မှုစီးပွါးကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ခိုင်းအိအယ်ဒါ့ က ၁၇ရက်နေ့မှာ “ပိုမိုဆိုးဝါးလာတဲ့ အအေးဒဏ်ကြောင့် လျှပ်စစ်အင်အားလိုအပ်မှုပမာဏ ရုတ်တရက်မြင့်တက်ခြင်းဖြင့် ယနေ့ညမှာ ခန့်မှန်း၍ မရသော ဧရိယာအကျယ်အ၀န်းဖြင့် မီးပျက်နိုင်ခြေရှိကြောင်း နဲ့ ယခုထက်ပိုပြီး မီးအားချွေတာကြဘို့” ပြောကြားရင်း  အရေးပေါ် သတင်းထုတ်ပြန်လိုက်ပါတယ်။

သတင်းနဲ့အတူကျွန်မတို့ကုမဏီကလည်းဝန်ထမ်းတွေကို ညနေ၅နာရီမှာ အိမ်ပြန်ဘို့ ၀န်ထမ်းအားလုံးကိုမေးလ်ပို့ပါတယ်။ ကုမဏီကထွက်တာနဲ့ လမ်းပေါ်မှာ အိမ်ပြန်ကြတဲ့ ကုမဏီဝန်ထမ်းတွေကလမ်းနဲ့ အပြည့်ပါပဲ။ ဘူတာကို သွက်သွက်လျှောက်ခဲ့ပါတယ်။ မြေအောက်ထဲ က ဘူတာပလက်ဖေါင်းမှာလည်းလူတွေအပြည့် ၊ ဆိုက်လာတဲ့ ရထားကလည်း ကြပ်နေပေမယ့် အမြန်တက်စီးခဲ့ပါတယ်။
ရုတ်တရက် အရေးပေါ် ထုတ်ပြန်ချက်တွေကလည်း လူတွေကို တန့်လှန့်နေသလိုပါပဲ။

အခုတော့ အိမ်ပြန်ရောက်ပြီး ညနေစာစားပြီးသွားပါပြီ။
ကိုးကားသတင်း

1 comment:

Shinlay said...

အားလုံးသိခွင့်ရနေလို့ ကျေးဇူးတင်ပါတယ်။