March 14, 2011

စိုးရိမ်စရာတွေ


အခြေအနေတွေက ဆိုးဝါးလာတယ်လို့ပြောနိုင်ပါတယ်။




မနက်အစောပိုင်းသတင်းမှာ ပထမဦးဆုံး ဂျပန်နိုင်ငံမိုးလေ၀သဌာနက ပြင်ဆင်ချက်ထုတ်တာပါ။
၁၁ရက်နေ့ က ငလျင်ဟာ M8.8 လို့ဆိုခဲ့ပေမယ့် အဲဒါကို M 9.0 လို့ပြန်လည်ထုတ်ပြန်ကြေငြာပါတယ်။

ဂျပန်နိုင်င မိုးလေ၀သဌာနရဲ့ အဆိုအရ မြေလွှာပြတ်ရွှေ့မှု ၃ခုဟာဆက်တိုက်ဆိုသလို တွန်းတိုက်မိရာကနေ ငလျင်ဖြစ်ပေါ်ခဲ့ပါတယ်တဲ့။ မက်ဂနီကျု ၉အဆင့် အထိ အင်အားကြီးတစ်ခု ဖြစ်သွားရတာက ခန့်မှန်းခြေ  အရှည်၅၀၀ကီလိုမီတာရှိတဲ့ မြေလွှာပြတ် ၃ခုဟာ ၅မိနစ်ကြာလောက်အထိ ဆက်တိုက်လှုပ်ရှားတဲ့ အတွက် တွန်းတိုက်မှုတွေကြောင့်ပါတဲ့။

ကမ္ဘာ့ အင်အားကြီးငလျင်အဆင့် ၉ ရောက်သွားတဲ့ ဒီငလျှင်လှုပ်ခတ်ပြီးချိန်မှာ ဂျပန်နိုင်င မိုးလေ၀သဌာနအနေနဲ့ သြစတေးလျ၊ ဖင်လန် အပါအ၀င် ကမ္ဘာ့ဒေသ ၄၀ကလှုပ်ခတ်ခဲ့ဘူးတဲ့ ငလျင်များကို အခြေခံပြီး နောက်ဆက်တွဲ ငလျင်ဖြစ်ပေါ်ခြေကို တွက်ဆကြည့်ကြပါတယ်။ အဲဒီမူလ အခြေခံပုံစံတွေနဲ့ လုံးဝမတူတဲ့ နော်ကဆက်တွဲငလျင်တွေ ဆက်လက်လှုပ်လာတဲ့ အခါမှာ မိုးလေ၀သဌာနအနေနဲ့ ရှုတ်ထွေးလှတဲ့ ငလျင်ကြောရဲ့ ထူးခြားမှုကို သတိပြုတွေ့ရှိခဲ့ကြပါတော့တယ်။
အဲဒီအချိန်အတွင်းမှာပဲ နောက်ဆက်တွဲငလျင်ကြီးများလည်း ဆက်တိုက်ဆိုသလို ဖြစ်ပွါးလာပါတော့တယ်။
ကမ္ဘာ့ အရပ်ရပ်နဲ့ ဂျပန်နိုင်ငံရဲ့ ယခင်မှတ်တမ်းများနဲ့ သွေဖယ်ထူးခြားတဲ့ ငလျင်ကြောဖြစ်ကြောင်းသိရှိလာတဲ့ အချိန်မှာတော့ ဂျပန်နိုင်င မိုးလေ၀သဌာနရဲ့ ငလျင်ခန်းမှန်းသတင်းထုတ်ပြန်ရေးဌာနမှုး က “ ဒီလို ရှုတ်ထွေးလှတဲ့ ငလျင်ကြောဟာ ဆိုးဝါးပြီး သိဘို့ခက်ခဲလွန်းလှပါတယ်။ ပြောရမယ်ဆိုရင် ဒါမျိုးကို ပထမဦးဆုံးအကြိမ် တွေ့ရှိရခြင်းဖြစ်ပါတယ်” လို့ ရိုးသားစွာ ကြေငြာလိုက်ရပါတယ်။

ဒါ့ကြောင့်ပါဘဲ နောက်ဆက်တွဲငလျင်အခြေအနေနဲ့ ဆူနာမိလှိုင်းများကို ဘယ်လိုမှခန်းမှန်းတွက်ရှိလို့မရနိုင်အောင်ဖြစ်နေပါတယ်။ ပုံမှန်အားဖြင့် ငလျင်လှုပ်ပြီးပြီးခချင်း ဆိုသလို ဆူနာမိရေလှိုင်းဟာ ရောက်မလာနိုင်သော်လည်း အခုဖြစ်ပါးခဲ့သမျှမှာတော့ ငလျင်သတင်းထုတ်ပြန်ပြီးပြီးချင်းမှာပဲ ကြီးမားလှတဲ့ ဆူနာမိရေလှိုင်းများဟာ ရေလှိုင်းအနေနဲ့ကော ရေကြီးတဲ့သဘာဝကိုကောပူးတွဲယူဆောင်လာခဲ့ပါတယ်။ 
အခုနောက်ပိုင်း ၃/၄ရက်အတွင်းမှာကိုပဲ နောက်ထပ် အင်အားကြီးငလျင်လှုပ်ခတ်နိုင်ခြေရှိတယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကငလျင်ကြီးကနေစလို့ အခုအထိလည်း တချိန်လုံးနီးပါးလှုပ်တဲ့ ငလျင်ကို ခံစားထားရတဲ့ လူအများဟာ နောက်ဆက်တွဲအင်အားကြီးငလျင်ရှိတာကို ကြားရတဲ့ အတွက် တကယ်ကို ရတက်မအေးနိုင်ပါဘူး။

ဂျပန်လူမျိုးအများစုကတော့ ငလျင်ထက် အဏုမြူလျှပ်စစ်ဓါတ်အားစက်ရုံရဲ့ပေါက်ကွဲမှုကို ပိုပြီးသွေးပျက်နေကြပါတယ်။ ဖြစ်ပါးခဲ့တဲ့ ဖုကူရှီးမားခရိုင်မှာ အဏုမြူလျှပ်စစ်ဓါတ်အားစက်ရုံ ၂ ခုရှိပြီး။
ဓါတ်အားပေးစက်ရုံ ၁ မှာ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁၊၂၊ ၃၊၄၊ ၅၊ ၆၊၇ ဆိုပြီး ၇ခုရှိပါတယ်။
ဓါတ်အားပေးစက်ရုံ ၂ မှာ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁၊၂၊ ၃၊၄၊ ဆိုပြီး ၄ခုရှိပါတယ်။

ဓါတ်အားပေးစက်ရုံ ၁ မှာ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၄၊ ၅၊ ၆၊၇ ကို မူလကတည်းက ပြင်ဆင်စစ်ဆေးမှုအတွက် ပိတ်ထားတဲ့ အတွက် ၁။၂။၃ ကိုပဲလည်ပတ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပေါက်ကွဲမှုမှာ ဓါတ်အားပေးစက်ရုံ ၁ မှာ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင် ၁ဖြစ်ပြီး။ အခု တာဝါတိုင် ၃က ပေါက်ကွဲကာနီးဖြစ်နေပါတယ်။ ပေါက်ကွဲတယ်ဆိုရာမှာ တာဝါတိုင်ရဲ့ ဗဟိုမှာရှိတဲ့ အဏုမြူတွေကို အအေးခံတဲ့ ရေအေးပေးကန်တွေက အအေးပေးမှုချို့ယွင်းပြီး အဏုမြူများသိုလှောင်ရာ ကန်ကို ၀န်းရံထားတဲ့ ပတ်ဝန်းကျင် ကန်တွေမှာ ဟိုက့်ဒြိုဂျင်တွေ ၀ပ်လာပြီး ပေါက်ကွဲတာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့တာဝန်ခံအတွင်းရေးမှူးက အဏုမြူတွေတော့ ပေါက်မထွက်နိုင်ဘူးလို့ပြောတာဖြစ်ပါတယ်။ သို့သော်လည်း တာဝါတိုင်၁ပေါက်ကွဲမှုမှာ အနီးဒေသမှာ နေထိုင်သူများကို တိန်းရှောင်စေခဲ့ပေမယ့် ။ ဒီနေ့ တိန်းရှောင်လာသူများထဲမှာ ရေဒီယိုသတ္တိကြွအဆိပ်သင့်လာသူ  ရာဂဏန်းချီတဲ့ အရည်အတွက်ကိုတွေ့ရှိကြောင်းကြေငြာသွားပါပြီ။
ဒီလိုလူတွေဟာ အနည်းနဲ့အများ ကင်ဆာရောဂါမျိုးဖြစ်ပွါးမှုနဲ့ အသက်အန္တရယ်အထိ ထိခိုက်နိုင်ပါတယ်။
ဒီနေ့မှာပဲ ဓါတ်အားပေးစက်ရုံ ၁ မှာ အဏုမြူဓါတ်အားသိုလှောင်ရာတာဝါတိုင်၃ဟာလည်း အလားတူပေါက်ကွဲနိုင်ခြေ မြင့်မားလာကြောင်းကြေငြာထားပါတယ်။

မနက်ဖန် ၁၄ရက်နေ့မှာတော့ အလှည့်ကျ လျှပ်စစ်မီးဖျက်တောက်မှုလုပ်ပါတယ်။တစ်ခါဖြတ်ရင် ၃နာရီနီးပါးပါ။ တစ်ချို့နေရာမှာ တစ်ကြိမ်ထဲဖြစ်ပေမယ့် ကျွန်မနေတဲ့ ရပ်ကွက်က ၂ကြိမ်ဖြစ်နေပါတယ်။
ဒီနေရာမှာ အလှည့်ကျမီးပျက်မည့် ဧရိယာနှင့် အချိန်ဇယားကိုကြည့်နိုင်ပါတယ်။


စားသောက်ကုန်တွေကတော့ တစ်ချို့အရာတွေ (အသင့်စားခေါက်ဆွဲခြောက်၊ ထမင်း၊ ဆန်ပြုတ်၊ ရေ၊ ရေနွေး၊ ဂျု့စ်များ) ကို တစ်ခုသို့မဟုတ်နှစ်ခုထက်ပိုမ၀ယ်ရပါဘူး။ ဆန်လည်းဝယ်လို့မရတော့ပါဘူး။
တစ်ချို့နေရာတွေမှာ ဓါတ်ဆီဆိုင်တွေပိတ်ထားပါတယ်။ကျွန်မတို့ရပ်ကွက်က ရေအခုထိမရသေးပါဘူး။
ငလျင်လည်းလှုပ်နေတုန်းပါပဲ။

ကိုးကား

5 comments:

သူကြီးမင်း (တုံးဖလား) said...

အမကောင်းမွန်ဝင်း..
အိပ်လို့ကော ကောင်းကောင်းရရဲ့လား။ စိတ်ပူချင်စရာကြီး။ ဒီပို့စ်တင်တာတောင် မနက်ဖက်ရောက်နေပြီ။ စိတ်ချလက်ချ အိပ်ပျော်နိုင်ကြရဲ့လားမသိဘူး။

အခုလို အခြေအနေကြားက သတင်းလေးတွေ မျှဝေးပေးလို့ ကျေးဇူးနော်။

အားလုံး ဘေးရန် ကင်းကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညီလင်းသစ် said...

ကြားရတာ တကယ်ပဲ ရတက်မအေးစရာ ဖြစ်သလို စိုးရိမ်စရာလည်း ကောင်းလှပါတယ်ဗျာ၊ ဒီဒုက္ခတွေကို အခုလို အဝေးကြီးက တွေးကြည့်ရုံနဲ့တင် ဆိုးရွားလှတာ တွေးမိတယ်၊ ကိုယ်တိုင် ခံစားကြုံတွေ့နေရသူတွေ အတွက်ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပါဘူး၊ အခြေအနေ တွေ အမြန်ဆုံး တည်ငြိမ်လာပါစေလို့ ဆုတောင်းပါ တယ်..။

Anonymous said...

အမကောင်းမွန်ဝင်း
အမ ကဂျပန်ဘယ်မှာနေတာပါလဲ။

သွေးသစ္စာ said...

ငလျှင်သတင်းများကို ဗဟုသုတများဖြင့် စိတ်ဝင်စားစရာ ကောင်းအောင် တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်... အစ်မတို့ မိသားစုလဲ ဘေးရန်ကင်းကွာကြပါစေ... ကျန်းမာချမ်းသာ ကြပါစေဗျာ..

Anonymous said...

သတင်းတွေဖတ်ပြီး ကြည့်ပြီး
စိတ်မကောင်းဘူး..။
သတိထားပါ အစ်မရေ..။
ရေမလာတော့ ဘယ်လိုနေကြလဲ..။


ပေါက်