March 19, 2011

မြေလွှာအရည်ပျော်ခြင်း


ကျွန်မတို့ရပ်ကွက်ရေမလာတဲ့ အကြောင်းကို ပြောပြပါရစေ။

မြေလွှာအရည်ပျော်ခြင်း


ကျွန်မနေတဲ့မြို့ကလေးက တိုကျိုဒစ်စနေလန်းနဲ့ ဒစ်စနေဆီး တို့ရှိရာမြို့ကလေးဖြစ်တော့ မြို့က ၀င်ငွေကောင်းတဲ့ ပိုက်ဆံရှိတဲ့မြို့လို့ပြောရင်လည်းရပါတယ်။တိုကျိုပင်လယ်အော်နဲ့ ဆက်စပ်နေတဲ့ မြို့ကလေးဖြစ်ပြီး မြို့ကွက်ပြင်ဆင်ပုံနဲ့ မြို့ကပေးတဲ့ ၀န်ဆောင်မှုတွေကလည်းကောင်းပါတယ်။  
ချယ်ရီပန်းပွင့်ချိန် မြို့ရဲ့ အလှ

တကယ်တော့ ဒီမြို့က မြန်မာလိုပြောရရင်တော့ “ဖို့မြေ” နဲ့ တည်ဆောက်ထားတာပါ။ မြန်မာနိုင်ငံမှာပြောတဲ့ “ဖို့မြေ” က ကျင်း၊ချိုင့်တွေကို မြေပြင်ညီဖြစ်အောင်လုပ်ထားတာဖြစ်ပေမယ့် ဂျပန်က “ဖို့မြေ”ကတော့ ပင်လယ်ဘက်ကိုမြေဖို့ယူပြီးမြို့တည်တာပါ။ ဥပမာ အိုဆားကား က ခန်းဆိုင်းလေယဉ်ကွင်းကလည်း ဖို့မြေ ပါပဲ။
မြေလွှာအရည်ပျော်ခြင်း အဖြစ်တွေ့ရတဲ့ ရွှံ့ရည်များနဲ့ ပျော့ကျသွားတဲ့ မြေကြီး

ပြီခဲ့တဲ့ ၁၁ရက်နေ့က အင်အားကြီးငလျင်ကြောင့် ကျွန်မတို့မြို့မှာ မြေလွှာအရည်ပျော်ခြင်းဖြစ်ပါတယ်။ ဒီလိုမြေလွှာအရည်ပျော်ခြင်းကြောင့် ဓါတ်ငွေ့ပိုက်လိုင်းများပြတ်တောက်ခြင်း ရေမလာခြင်း လမ်းနဲ့ မြောင်းများ မှာရွှံ့များတက်လာခြင်း မြေပြင်ပေါ်မှာ တွင်းချိုင့်များခွက်ဝင်ခြင်းတို့ဖြစ်ရတာပါ။
ဒီလိုမျိုးပုံစံကိုလည်းတွေ့ရတယ်

သတင်းများမှာပါတာကတော့ မြို့တော်ဝန်က ၁၄ရက်နေ့မှာစတင်ခဲ့တဲ့ အလှည့်မီးဖြတ်တဲ့ အစီအစဉ်ထဲမှာ ဒီမြို့ကို ဖြစ်နိုင်ရင်မထည့်ဖို့ သွားရောက်အသနားခံတယ်လို့သိရပါတယ်။ သူအဲလိုသွားပြောတာ ကျေးဇူးတင်ပါတယ် အများနဲ့ဆိုတော့ ဘာတတ်နိုင်မှာလဲလေ။မီး/ရေ/ဂက်စ် ခဏပြတ်တာ ဒီလိုပဲခံရမှာပါပဲ။
မြို့ထဲမှာချက်ချင်းသန့်ရှင်းရေးလုပ်ယူကြရတယ်

မြေလွှာအရည်ပျော်ခြင်းဆိုတာက ငလျင်ကြီးလှုပ်လို့ မြေအောက်မှာရှိတဲ့ သဲ၊ မြေအောက်ခံကြမ်းပြင်တို့က အရည်အဖြစ်ပြောင်းလဲသွားတာပါ။ ငယ်ငယ်ကတော့  ဒစ်စ်ကာဗာရီ တို့ဘာတို့မှာကြည့်ဘူးခဲ့ တယ်လို့ထင်ပါတယ်။
သားလေးကို ပြနေကျဆေးခန်းနားမှာ လူသွားလမ်းပလက်ဖေါင်းက အဲလိုရွှံ့ရည်တွေဖုံးသွားတယ်

အတိုဆုံးပြောရရင်တော့ “ မြေကြီး”  ကနေ  “ရွှံ့စေးရည်” ပြောင်းသွားတာပါ။ အနည်းငယ်ဆိုရင်တော့ စိုးရိမ်စရာမရှိဘူးပေါ့။ တွေးကြောက်မယ်ဆိုရင်တော့ စိုးရိမ်မိမှာပဲလေ။

ကိုးကားသတင်း 

ဓါတ်ပုံများကို အင်တာနက်ကကူးယူပါတယ်။

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ငလျှင်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက ကြောက်ဖို့ကောင်းတယ်နော်
ခုချိန်ထိ မပြီးနိုင်ဖြစ်နေတယ်.
အစိုးရိမ်ဆုံးကတော့ နျူကလီယာစက်ရုံကြီးအတွက်ပါဘဲ
အားလုံး ကံကောင်းကြပါစေ.
အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ...

ညီလင်းသစ် said...

သေသေချာချာ တည်ဆောက်ယူခဲ့တဲ့ မြို့မှာတောင် ဒီလိုဟာတွေ တွေ့ရသေးတယ်နော်..၊ ငလျင်ရဲ့ ပြင်းအားက တွေးကြည့်ရင် ကြောက်ဖို့ကောင်းလိုက်တာ..။

Anonymous said...

ညီမ ရေ

သတင်းတွေ ငလျှင် အကြောင်းတွေ တင်ပြပေးနေတဲ့ အတွက် ကျေးဇူးပါ
ဘေးကင်းပါစေ အရာရာ အဆင်ပြေပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရွှေပြည်သူ (ShwePyiThu) said...

ငလျင်ရဲ့ နောက်ဆက်တွဲကို ကြည့်ချင်းအားဖြင့် ဘယ်လောက်တောင် လှုပ်သွားလဲလို့ တွေးမိပါတယ်။

အစ်မတို့ မိသားစုနဲ့ ဂျပန်နိုင်ငံကလူတွေ အားလုံး ဘေးကင်းကျန်းမာ ကြပါစေ...