August 31, 2009

ဂျပန်ရွေးကောက်ပွဲရလဒ်

ဂျပန်ရွေးကောက်ပွဲရလဒ်နှင့် ဘာ့ကြောင့် ဒီရွေးကောက်ပွဲကို စိတ်ဝင်စားကြတာလဲ

တစ်ကမ္ဘာလုံးကအားရုံစိုက်နေတဲ့ ဂျပန်နိုင်ငံရဲ. ရွေးကောက်ပွဲအဖြေကတော့ တော့ထွက်လာပါပြီ၊
အတိုက်အခံများဘက်မှ အပြတ်အသတ်အနိုင်ရရှိခြင်းဆိုတဲ. ခေါင်းစဉ်နဲ. သတင်းနဲ.မီဒီယာတွေမှာ ၃၁ရက်နေ.မနက်စောစောပိုင်းမှာ ထုတ်လွှင့်ပြန်ကြားနေတာကတော့ အလုပ်များတဲ. ရက်သတ္တပါတ်ရဲ.အစ တနင်္လာနေ.လိုမနက်မျိုးမှာ တစ်စုံတစ်ရာအင်အားတခုဖြစ်စေတဲ. သတင်းတစ်ခုလိုပါပဲ။
မနေ.ကကျင်းပခဲ.တဲ. ၄၅ကြိမ်မြောက် ရွေးကောက်ပွဲရဲ. ဆန္ဒမဲပေးရာနှုန်းကို ကောက်ယူရရှိတဲ. စာရင်းဇယားများကနေ သိရှိရတာကတော့ ၆၉.၂၈ရာခိုင်နှုန်းနဲ. ပြီးခဲ.တဲ. ၂၀၀၅ခုနှစ် ရွေးကောက်ပွဲက ၆၇.၅၁ ရာခိုင်နှုန်းကို ၁.၇၇ရာခိုင်နှုန်းကျော်လွန်ခဲ.ပါတယ်။ ယခုကျင်းပတဲ. ရွေးကောက်ပွဲမဲပေးပုံစံနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ ၁၉၉၆ခုနှစ်နောက်ပိုင်း ဆန္ဒမဲပေးမှုများထဲက ရာခိုင်နှုန်းအမြင့်ဆုံးအခြေအနေကို ရောက်ရှိ ခဲ.တယ် လို.ပြောရပါမယ်။
အနိုင်ရရှိသွားတဲ. ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ

ပါတီသက်တမ်း ၅၅နှစ်ကြာသက်တမ်းရှိပြီး၊ အထင်ကရနိုင်ငံရေးသမားများအများဆုံးပါဝင်တဲ. လစ်ဘရယ်ဒီမိုကရက်တစ်ပါတီရဲ. နိုင်ငံရေးအာဏာဟာ ၁၉၉၈ခုနှစ်မှာ ပါတီ၎ခုကနေ ဖွဲ.စည်းဖွဲ.ပေါ်ပေါက်လာတဲ. ဒီမိုကရက်တစ်ပါတီရဲ.လက်ကိုရောက်ရှိမှာဖြစ်ပါတယ်။ ဒီ.အတွက် ဂျပန်ပြည်တွင်းရဲ. ဝေဖန်မှုနဲ. ဘယ်လိုဖြစ်လာမလဲဆိုတဲ. သံသယတွေကတော့ အနည်းနှင့်အများပေါ်ထွက်နေပါတယ်။
အမေရိကန်ဈေးကွက်နဲ. ငွေကြေးလောကရဲ.မှတ်တမ်းမှတ်ရာများမှာ ဂျပန်နိုင်ငံဒီမိုကရက်တစ်ပါတီရဲ. နံမည်ဟာ မှင်အရောင်က မခြောက်သေးဘူးလို.ပြောရမလို သူ.ရဲ. သမိုင်းကသိပ်မနက်နဲသေးပါဘူး၊ အမေရိကန်ဈေးကွက်ရဲ. လေ့လာသူများထဲမှာ ဂျပန်နိုင်ငံမှာ လက်ဝဲ၀ါဒီအစိုးရပြောင်းအုပ်ချုပ်လည်း စီးပွါးရေးနည်းဗျူဟာတွေကတော့ သိသိသာသာ ပြောင်းလဲမှာမဟုတ်ပါဘူးလို. ဆိုတဲ.သူရှိသလို၊ အနိုင်ရပါတီနဲ.ဖွဲ.စည်းတဲ. အစိုးရသစ်ရဲ. စီးပွါးရေးပေါ်လစီကို အရေးတကြီး နဲ. အမြန်ဆုံးလေ့လာ သုံးသပ်ဘို.လိုတယ် လို. ဆိုသူများလည်းရှိပါတယ်။
တရုတ်နိုင်ငံ ရဲ. ၃၁ရက်နေ.မှာ ထုတ်ဝေတဲ. သတင်းစာအသီးသီးမှာတော့ ဒီမိုကရက်တစ်ပါတီရဲ. အပြတ်အသတ်အနိုင်ရရှိမှုကို ကြီးကြီးကျယ်ကျယ် ဖေါ်ပြထားပါတယ်။
၁၉၇၂ခုနှစ် တရုတ်ဂျပန်သံတမန်ပုံမှန်ဆက်ဆံရေးကို စတင်လိုက်ကတည်းက တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ကို အဘက်လုပ်ပြီး ဆက်ဆံလာခဲ့လိုက်တာ အဲဒီနိုင်ငံရေးအာဏာ က နေ.ချင်းညချင်းဆိုသလို ပြီးဆုံးသွားခဲ့တာကို အံ.သြစွာလက်ခံလိုက်ရတယ်လို.ဆိုပါတယ်။ ဆက်လက်ပြီး ဒီမိုကရက်တစ်ပါတီရဲ.လက်ထက်မှာ ဂျပန်နိုင်ငံ ဘယ်လိုရှေ.ဆက်မလဲဆိုတာကိုလည်း ပိုမိုစိတ်ဝင်စားနေကြပုံရပါတယ်။
သတင်းစာတွေရဲ. အရေးအသားကိုကြည့်မယ်ဆိုရင် “ အုပ်ချုပ်ရေး အလံပြောင်းပြီ” “ တစ်မိုးသစ်ပြီ ” “ဒီမိုကရက်တစ်ပါတီရဲ. သမိုင်းတွင်မယ့်အောင်ပွဲ” လို. ဖေါ်ပြထားကြပါတယ်။ အထူးသဖြင့်ကတော့ “အုပ်ချုပ်ရေးအာဏာအပြောင်းအလဲ”ကို စာလုံးကြီးတွေနဲ. ကော်လံအပြည့် တင်ထားပြီး အသေးစိတ်ဝေဖန်ထားကြပါတယ်။
တရုတ်ဂျပန်နှစ်နိုင်ငံဆက်ဆံရေးနဲ. ပတ်သက်လို.ကတော့ “ကြီးမားတဲ. ဆက်ဆံရေးတိုးတက်ပြောင်းလဲ သွားတာမျိုးတော့ မရှိလောက်ပါဘူးလို. နိုင်ငံပိုင် သတင်းဌာန
ဆင်ဝှါ ( Xinhua News Agency )က သုံးသပ်ထားပါတယ်။
ထို.အတူကိုရီယားနိုင်ငံမှာလည်း ဂျပန်နိုင်ငံရဲ.ရွေးကောက်ပွဲသတင်းကို ရုပ်မြင်သံကြားသတင်းတွေကနေ အချိန်နဲ. အလိုက် ဆက်တိုက်ထုတ်လွှင့်နေခဲ့ပါတယ်။ ကိုရီးယားလူမျိုးraninimhaဆိုသူရဲ. ဘလောက်မှာ ရေးထားတာ ကတော့ “စီးပွါးရေးကလည်း မကောင်း၊ အလုပ်မဲ. ကလည်းများတဲ. အချိန်မှာ၊ လုပ်ငန်းရှင်ကုမ္ပဏီတွေဘက်ကရပ်တည်တဲ. လစ်ဘရယ်ဒီမိုကရက်တစ်ပါတီနဲ. မကျေနပ်တာတွေ များလာတဲ. ဂျပန်နိုင်ငံသားတွေရဲ. အကြားမှာနောက်ဆုံးတော့ ဒီလိုပြောင်းလဲသွားရတာပါပဲ။ ဂျပန်တွေအတွက်တော့ နောင်ခါလာနောင်ခါဈေး ဒီမိုကရက်တစ်ပါတီကမှ နည်းနည်း မျှော်လင့်ချက်ရှိသေး ဆိုတဲ့ပုံပဲ။
အဓိကအနေနဲ. ကိုရီးယားဂျပန်ဆက်ဆံရေးနဲ. ပတ်သက်ပြီးပြောရရင်တော့ ဂျပန်ရဲ. အာရှနိုင်ငံများကို ကိုလိုနီ လုပ်သွားဘူးတာတွေ၊ ဒုတိယကမ္ဘာစစ်အပေါ်ထားရှိတဲ. သဘောထားတွေက ( လက်ယာဝါဒီ ၊လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ) ထက်တော့ အနိုင်ရသွားပြီဖြစ်တဲ. အတိုက်အခံပါတီဘက် ကမှ ပွင့်လင်းရိုးသားတဲ. သဘောရှိသလားလို.ထင်မိတယ်။ အများအားဖြင့်တော့ ဂျပန်နိုင်ငံက သူဘယ်လို ရှေ.ဆက်သွားမယ်ဆိုတာကို စောင့်ကြည့်ရတာကိုက စိတ်ဝင်စားစရာတစ်ခုပါပဲ။
အခုလောလောဆယ်မှာတော့ ကြိုတင်ခန်.မှန်းဘို.ခက်တဲ. အနိုင်ရပါတီနဲ. အစိုးရသစ်ရဲ. ခြေလှမ်းတွေကို ဂျပန်ပြည်သူပြည်သားများတင်မကပါဘူး တစ်ကမ္ဘာလုံးက လည်း အထူးအာရုံစိုက် လေ့လာစောင့်ကြည့်နေကြပါတယ်။

သတင်းအချက်အလက်များကို အောက်ပါစာမျက်နှာများမှ ကိုးကားပါသည်။
http://dailynews.yahoo.co.jp/fc/domestic/election/
http://news.searchina.ne.jp/disp.cgi?y=2009&d=0831&f=national_0831_011.shtml

No comments: