August 11, 2009

ရှီဇုအိုကာခရိုင် ငလျင်သတင်း

ဂျပန်နိုင်ငံငလျင်သတင်း
ဂျပန်နိုင်ငံ၊ တိုးကိုင်း(TOUKAI)ဒေသ အီဇု(IZU)အရပ်တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်
၂၀၀၉ခုနှစ်။ သြဂုတ်လ(၁၁)ရက်နေ.နံနက် ၅း၀၇အချိန်ခန်.တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်ခတ်ခဲ့သည်။ မိုးလေ၀သဌာနထုပ်ပြန်ချက်အရ ငလျင်ကြောအနက်မှာ ၂၀ကီလိုမီတာခန်.ရှိပြီး ငလျင်ပမာဏကို ဖေါ်ပြသော မက်ဂနစ်ကျုအရ ၆.၅(M)ခန်.ရှိကြောင်းတိုင်းတာရရှိကြောင်းသိရသည်။
ဤငလျင်ကြောင့် အီဇုအရပ်ကျွန်းများနှင့် ရှီဇုအိုကာခရိုင်တု.ိတွင် ဆူနာမီ လှိုင်းကြီးမည့် သတိပေးချက်များ ကို မိုးလေ၀သဌာနမှထုပ်ပြန် ကြေငြာထားသည်။
 ရှီဇုအိုကာ(SHIZUOKA)ခရိုင်တွင် အင်အား၆နီးပါးရှိသော ငလျင်လှုပ်ခဲ့ပြီး၊ အဓိကလှူပ်ခတ်ခဲ့သောနေရာများမှာ အနက်တခုအပါအ၀င်ဖြစ်သည်။ ငလျင်ကြောင့် ကျည်ဆံရထားခရီးစဉ်အချို. ခေတ္တခဏပိတ်ထားခဲ.ရ ပြီး ပတ်ဝန်းကျင်မှ အဝေးပြေးကားလမ်းမများတစိတ်တဒေသကို မြေပြိုမှုကြောင့် ပိတ်ထားရဆဲဖြစ်သည်။
http://sankei.jp.msn.com/affairs/disaster/090811/dst0908110601003-n1.htm
မှတ်ချက်။ ။ရှီဇုအိုကာခရိုင်သည် တိုကျိုပြီးလျှင် ဂျပန်နိုင်ငံသို. ကျောင်းလာတက်သော မြန်မာကျောင်းသားများ ဒုတိယအများဆုံးနေထိုင်ရာဒေသဖြစ်သည်။ သို.သော်လည်း မြန်မာများထဲမှ ထိခိုက်ဒဏ်ရာရသတင်း မရရှိပါ။
အဓိကထွက်သော နေရာမှာ အီဇုဒေသ၏ နံမည်ကြီးထွက်ကုန်မှာ ၀ါဆာ့ဘိ ဖြစ်သည်။ ၎င်းကို ဂျပန်ရိုးရာအစားအစာဖြစ်သည့် ဆူရှီ၊ စာရှိမိတို.စားရာတွင် ပဲငံပြာရည်နှင့်အတူတွဲဘက်စားရသော အရာဖြစ်သည်။
ယခုလ၁၃ရက်နေ.မှစ၍ ဂျပန်နိုင်ငံ၏ “အိုဘွန်း”အားလပ်ရက်နှင့် နွေရာသီအားလပ်ရက်ဖြစ်သည့် အတွက် ထိုအရပ်ရှိ မိဘဘိုးဘွားများထံသို. ပြန်မည့်သူများအတွက် အဆင်မပြေမှုများကြုံတွေ.ရဘွယ်ရှိကြောင်းသိရှိရသည်။

No comments: