May 23, 2011

အဓိပ္ပါယ် များစွာ ရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်

မိ။ ။ ဂျပန်ရုပ်ရှင်တို့ စာအုပ်တို့ သိတာတွေများရှိပါသလား။


စု။ ။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပေမယ့် တစ်ကားလောက်ပြောဆိုရင်တော့ ကျွန်မအတွက် တော့ သိပ်ကိုအနုပညာမြောက်တဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားက ကျွန်မရဲ့ ပထမဦးဆုံးအကြိမ်ကြည့်ဘူးတဲ့ ဂျပန်ကားပါ။ ပြောပြရင်..............မင်းတော့ ရယ်တော့မှာပဲ။


မိ။ ။ ဘယ်လိုရုပ်ရှင်မျိုးပါလိမ့်။
စု။ ။ ကျွန်မငယ်ငယ်တုန်းကပေါ့ ၃ကားဆက်တိုက်ကြည့်ဘူးတယ်။ အဲလိုပြောရတာလည်း ကျွန်မအမေက ဗမာပြည်ကို ရုပ်ရှင်ကားတွေသွင်းခဲ့ဘူးတယ်။ လူထုဖျော်ဖြေရေးအဖြစ် နဲ့ပေါ့။ အဲဒီတုန်းက ဂျပန်ရုပ်ရှင်ကားတွေကိုလူတွေကြည့်ရအောင်ဆိုပြီးတော့ပေါ့။ အဲဒီမှာ ကြည့်ဖူးခဲ့တာပဲ။၃ကားထဲက ၂ကားက စစ်ကားပေါ့။ နောက်တစ်ကား ကတော့ ကျွန်မအတွက် စိတ်လှုပ်ရှားမမေ့နိုင်ဖြစ်ခဲ့ရတဲ့ကားပါ။ အဲဒီကားကတော့ “ဂေါ်ဇီလာ” တဲ့။

မိ။ ။ငယ်သေးလို့ဂေါ်ဇီလာကို ကြည့်ပြီးကြောက်ခဲ့တာလား။
စု။ ။ကြောက်တာထက်၊ စိတ်ဝင်စားစရာ ဇတ်လမ်းဖြစ်ခဲ့တဲ့အတွက် ကောင်းကောင်းမှတ်မိခဲ့တယ်လို့ထင်ပါတယ်။ 
ဒါနဲ့..... ဂေါ်ဇီလာရဲ့ ပထမဆုံး ကားကြည့်ဖူးလား။

မိ။ ။ မကြည့်ဖူးပါဘူး။
စု။ ။ ဂေါ်ဇီလာ ပထမကား ဇတ်လမ်းကို သေချာမှတ်မိနေလို့ နည်းနည်းပြောပြမယ်။ရုပ်ရှင်ရဲ့ အစက  ဂေါ်ဇီလာက ပင်လယ်တဲကနေပေါ်လာပြီး  မြို့ကို ရစရာမရှိအောင်ဖျက်ဆီးတာကနေ ဆိုတာကိုတော့ သိမယ်ထင်ပါရဲ့၊ ဒီကားမှာ သိပ္ပံ ပညာရှင်တစ်ယောက်လည်းပါတယ်။ သူက ကျွန်မမှတ်မိသလောက်သူက တော်တော်လေး ကြည့်ကောင်းသူတစ်ယောက်ပေါ့။ (ရယ်လျှက်)၊ ကျွန်မကခလေးမျက်စိနဲ့ကြည့်တယ်ဆိုတော့လည်းနော်။ သိပ္ပံပညာရှင်က ဒေါက်တာဘွဲ့ရတစ်ဦးပေါ့။ သူက သူတီထွင်ထားတဲ့ အင်မတန်ကို အဖျက်အင်အားကောင်းလှတဲ့ နည်းပညာကိုပိုင်ဆိုင်တဲ့ ဖန်တီးမှုပစ္စည်းကို သူ့နဲ့ စေ့စပ်ထားသူ ကို ပြတာပေါ့။ “ဒီကိရိယာအကြောင်းကို ဘယ်သူ့ကိုမှ မပြောပြရဘူး” လို့ နှုတ်ပိတ် ပြောဆိုပြီးပေါ့။ သူ့နဲ့စေ့စပ်ထားသူကလည်း ဒီလျှို့ဝှက်ချက်ကို ထိမ်းထားတာပေါ့။ ဒါပေမယ့် ဂေါ်ဇီလာက မြို့ကိုဖျက်ဆီးတဲ့အပြင် လူတွေကိုလည်း သေကြေပျက်စီးစေတယ်။ ရှိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နိုင်တာပဲ။ ဒီမှာ သိပ္ပံပညာရှင်နဲ့ သူ့စေ့စပ်ထားတဲ့ အမျိုးသမီးတို့က စဉ်းစားမိတယ်။ “တီထွင်ထားတဲ့ ကိရိယာ ဟာ ကြောက်မက်ဖွယ် လက်နက်အဖြစ်အသုံးချလို့ရနိုင်တယ်၊ တကယ်လို့များဒါကို လူတွေကိုအသိပေးလိုက်ရရင်တော့ စစ်တပ်အတွက်အသုံးချခံရတော့မှာပဲ၊ တကယ်က ဒါကို လူတွေကိုကာကွယ်စောင့်ရှောက်ဘို့အတွက်ဖြစ်သင့်တဲ့ ကိရိယာပဲဖြစ်ရမယ်မဟုတ်လား” ဆိုပြီးတော့ပေါ့။ ဒါကြောင့် ဒီကိရိယာကို အသုံးချဘို့ရာ ဒီလို ဂေါ်ဇီလာကိုနှိမ်နင်းဘို့လွဲပြီး တခြားမရှိဘူး။ ”ဆိုပြိး ပေါ့။ ပြီးတော့ အဲဒီ တိုက်ပွဲကိစ္စအတွက်နဲ့ပဲ သူတို့မှာ ရတက်မအေးနိုင်ရှာဘူး။ 

မိ။ ။ခလေးတွေအတွက် ရုပ်ရှင်လို့ထင်ထားတာ။ တကယ့် နက်နဲတဲ့ဇတ်လမ်းဖြစ်နေတယ်နော်။
စု။ ။ ဟုတ်တာပေါ့။ တကယ့်ကို ကောင်းတဲ့ ရုပ်ရှင်ပါ။ အဲလိုနဲ့   သိပ္ပံပညာရှင်ဟာနောက်ဆုံးတော့ သူ့ရဲ့ကိရိယာကိုသုံးပြီး ဂေါ်ဇီလာကို နှိမ်နင်းနိုင်ခဲ့တဲ့ အပြင် စစ်တပ်ရဲ့ အသုံးချမှုမခံရအောင် သူ့ကိုယ်သူလည်း အဆုံးစီရင်လိုက်တော့တယ်။ လူတွေကိုကာကွယ်ဘို့ တိုင်းပြည်ကိုကာကွယ်ဘို့ သူလုပ်ခဲ့တာပေါ့နော်။ ဒီရုပ်ရှင်ရဲ့ နိဂုံးက ကျွန်မအတွက် သိပ်ငယ်သေးတဲ့အရွယ်ဖြစ်ခဲ့ပေမယ့် စဉ်းစားစရာတွေ အများကြီးပေးခဲ့တယ်။ သူတီထွင်ထားတဲ့ ကိရိယာရဲ့ လှို့ဝှက်ချက်ကို ထိမ်းသိမ်းဘို့ ကာ အရေးကြီးတယ်ဆိုပေမယ့် အဲဒီလိုအခြေအနေမျိုးမှာ အဲဒီလိုစဉ်းစားဆုံးဖြတ်ခဲ့တာဟာ မိမိတစ်ဦတည်းအတွက်ကတော့ ပြည့်စုံချင်ကောင်းပြည့်စုံလိမ့်မယ် ဆိုတာကို သတိပြုမိခဲ့တယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်မှု တစ်ခုထဲလား လို့ထင်မိတယ် ။ ဒီဇတ်လမ်းဟာ ကျွန်မ အသက်၁၀နှစ် ၁၁နှစ်လောက်မှာ ကြည့်ခဲ့တာပေမယ့် အခုထက်ထိကောင်းကောင်းမှတ်မိ နေပါသေးတယ်။ ဂေါ်ဇီလာကြီး မြို့ကိုဖျက်ဆီးတာထက် သိပ္ပံပညာရှင်ရဲ့ ခေါင်းမာတဲ့ ဆုံးဖြတ်ချက် ကိုရွေးချယ်လိုက်တဲ့ သူ့ရဲ့ ရတက်မအေးခဲ့ရတဲ့ သောက ကိုစိတ်ထဲမှာ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ရတာပါ။ 

မိ။ ။ တကယ်ပါပဲရှင်၊ ကျွန်မကတော့ ဒီဂေါ်ဇီလာရုပ်ရှင်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆီက သိရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားမိခဲ့ပါဘူးရှင်။
စု။ ။ ဟုတ်မှာပါ။ အချိန်တွေတောင် လင့်ကုန်ပြီ။ တကယ်လို့ အချိန်ရှိရင် နောက်၂နာရီလောက်လဲ ဆက်ပြောလို့ရပါတယ်။ (ရီလျှက်)

မိ။ ။ ၇နှစ်ခွဲကြာနေအိမ်အကျယ်ချုပ်ကျခံပြီး ၁၀နှစ်ကြာမှပြန်တွေ့ခွင့်ရတဲ့ သားငယ် ကင်မ် နဲ့ တွေ့ရတဲ့ အချိန်က အကြောင်းကို ပြောပြလို့ရမလား။၁၀နှစ်ကြာကွဲနေရာက ပြန်ဆုံတဲ့အချိန်မှာ သားအမိနှစ်ယောက် ဘာတွေများပြေခဲ့ကြလဲဆိုတာ သိလို့ရမလားရှင်။
စု။ ။နေအိမ်အကျယ်ချုပ်လွတ်မြောက်ပြီးတော့ တယ်လီဖုန်းနဲ့ စကာပြောဆက်သွယ်တာရှိခဲ့တော့ တွေ့တွေ့ချင်းမှာပြောတဲ့စကားက “ ဟယ်လို” ဖြစ်နေတယ်လေ။ (ရယ်လျှက်)
နောက်ပြောတာပါ။ အင်း .... တကယ်ပြန်တွေ့ကြတဲ့ ဒီဇင်ဘာလ အထိ တယ်လီဖုန်းအကြိမ်ပေါင်းများစွာ ပြောဖြစ်ခဲ့ကြပါတယ်။ ပြန်တွေ့တော့လည်း ပြောလိုက်ကြတာ စုံနေတာပါပဲ။ မတွေ့ဖြစ်ခဲ့ကြတဲ့ အချိန်အတွင်း နှစ်ယောက်စလုံးမှာ ဘာတွေဖြစ်ခဲ့ကြတယ်ဆိုတာ တစ်ခုမကျန်ပါပဲ။
မိ။ ။ မတွေ့နိုင်ခဲ့ရတဲ့ ကာလအတွင်း ကင်မ် ဟာ အသက် ၂၀လောက်ကနေ ၃၀လောက်အထိဖြစ်သွားတော့ သူ့ရဲ့ အသွင်အပြင်က အစ အများကြီးပြောင်းလဲသွားခဲ့တယ် မဟုတ်ဘူးလား။
စု။ ။ ပြောတဲ့အတိုင်းပါပဲရှင်။ နေအိမ်အကျယ်ချုပ်ကလွတ်တော့ ကင်မ်ရဲ့ဓါတ်ပုံတွေကို နှစ်ချီပြီး  တောက်လျှောက်သိမ်းထားပေးခဲ့တဲ့ သူငယ်ချင်းဆီက ဓါတ်ပုံတွေကို ကြည့်ရပါတယ်။ ဒါကြောင့် ပြန်တွေ့တွေ့ချင်းသူ့အသွင်အပြင်နဲ့ပတ်သက်ပြီး အဲလောက်အထိတော့ မအံ့သြပါဘူး။ လူတေစ်ယောက်အတွက်  အရေးပါလှတဲ့ အသက်အပိုင်းအခြားမှာ ဖြစ်ခဲ့တယ်ဆိုတာ တကယ်မှန်ပါတယ်။  တစ်ခုတော့ရှိတယ် လူကိုထိခိုက်စေနိုင်တဲ့ ဆေးလိပ်သောက်တာကိုတော့ လုံးဝရပ်ပစ်စေချင်တယ်။ 

မိ။ ။ ရှည်ကြာလှတဲ့ နေအိမ်အကျယ်ချုပ်ကာလတွေကိုဖြတ်သန်းပြီး နောက်ဆုံးပြန်လည်လွတ်မြောက်လာခဲ့ရပါပြီ။ ပြင်ပလောကနဲ့ 
ပြန်လည်ဆွက်သွယ်မိတဲ့အခါမှာ အံ့သြမိခဲ့ရဆုံး အပြောင်းအလဲကိုပြောပြပါ။ အင်တာနက် နဲ့ လက်ကိုင်ဖုန်းတွေများလား။
စု။ ။ ဟုတ်တာပေါ့ .. အဲဒါတွေလည်းပါပါတယ်ဆိုပေမယ့် ကျွန်မအတွက် အရမ်းကို အံ့သြစရာဖြစ်ခဲ့ရတာကတော့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အသက်၂၀အရွယ် လူငယ်တွေပါဝင်လာကြတာပါပဲ။

မိ။ ။ အီဂျစ် နဲ့ လစ်ဗျား တို့မှာ အရပ်သားတွေကနေ ကြီးမားတဲ့ လှုပ်ရှားမှု ကိုဖြစ်ပေါ်စေပြီး အစိုးရအာဏာကို ဖြုတ်ချပစ်နိုင်ခဲ့တယ်ဆိုတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီတခါတော့ ဗမာပြည်ပဲထင်ပါရဲ့ လို့ ဆိုတာတွေလည်း ရှိကြပါတယ်။
စု။ ။ ဘယ်လိုပြောမလဲ.....။ အဖြေကရှင်းရှင်းလေးပါ။ သိပ်ကိုလွယ်တဲ့ အဖြေပါ။ အဲလိုပြောကြတာ ၁၉၈၈ခုနှစ်လောက်က ဗမာပြည်နဲ့ အသွင်တူတဲ့ အစိုးရဆန့်ကျင်မှုလိုပါပဲလို့ပြောရမယ်ထင်ပါတယ်။  ဒါပေမယ့် လူတွေကမေ့နေတာကို ပြန်လည်သတိရစေတဲ့ အတွက်ကျေးဇူးတင်ရမယ်။ ဗမာပြည်မှာဖြစ်သွားခဲ့တာက လူထုကို သေနပ်နဲ့ပစ်ခဲ့တာပါ။ အီဂျစ်မှာ အဲလိုမဟုတ်ပါဘူး။ လုံးဝမတူပါဘူး။ လစ်ဗျားကျတော့ စစ်တပ်က ပြည်သူဘက်ကို သေနပ်ပြောင်းလှည့်ပါတယ်။  ဆိုလိုတာက စစ်တပ်တစ်တပ်လုံးကလုပ်တာတော့ မဟုတ်ပါဘူး။ လစ်ဗျားက အခုအခြေအနဟာ ပြည်တွင်းစစ်လို့ ပြောရမယ်ထင်တယ်။ 

မိ။ ။ အီဂျစ်မှာဖြစ်ပွါးခဲ့တဲ့ လှုပ်ရှားမှုဟာ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတွေကို အသုံးချပြီး ဆက်သွယ်လှုပ်ရှားသွားခဲ့လို့ ။ဒါတွေကို  လှုပ်ရှားမှုရဲ့ ပင်မလို့ပြောကြတယ်။ 
စု။ ။ ဟုတ်တယ်။ ကျွန်မလည်း အင်တာနက်သုံးခွင့် ရလို့ ဖေ့စ်ဘွတ်တွေသုံးကြည့်ဘို့စိတ်ကူးရှိပါတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေက အဲဒါလုပ်ဖို့အထိ အချိန်က မရနိုင်သေးဘူးဖြစ်နေတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ၀က်ဗ်ဆိုက် လုပ်နိုင်ခဲ့ပါပြီ။ ၀ဗ်ဆိုက်ကို လွတ်လွတ်လပ်လပ် ၀င်ရောက်ကြည့်ရှု ဘို့ လည်း လွယ်မယ်ထင်ပါတယ်။ www.nldburma.orgပါ။ 

မိ။ ။ ဒီနေ့ အတွက် အခုလို အချိန်ရှည်လက်ခံပေးတာ အရမ်းကိုကျေးဇူးတင်ပါတယ်။ အခက်အခဲပေါင်းများစွာကို ဖြတ်သန်းကျော်လွှားနိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ စကားလုံးတွေမှာ အဓိပ္ပါယ်များစွာရှိနေမယ်ဆိုတာ ယုံကြည်ပါတယ်။
စု။ ။ ကျွန်မကလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြောင်း အမြဲခေါင်းထဲမှာရှိပါတယ်။ ဘယ်လောက်ပဲ ဝေးကွာနေပါစေ ဂျပန်နိုင်ငံသူနိုင်ငံသားတွေနဲ့ ထပ်တူထပ်မျှ အတူခံစားရှိနေပါတယ်။ ဒီအခက်အခဲတွေကို ဂျပန်လူမျိုးတွေကတော့ အောင်မြင်စွာကျော်လွှားနိုင်ကြမယ်ဆိုတာကို ယုံကြည်ပါကြောင်း မင်းကနေတဆင့် စကားလက်ဆောင်ပါးပါရစေ။


စာကြွင်း။ ။  ဆောင်းပါးဘာသာပြန်လို့ပြီးပါပြီ။ ဒီိဆောင်းပါးရဲ့ ပို့စ်များကို လာရောက်ဖတ်ရှုသူများ နဲ့၊ တကူးတက အားပေးနှုတ်ဆက်ရေးသားပေးကြသူ ချစ်မိတ်ဆွေများအားလုံး ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ 

ဖြည့်စွက်ချက်။ ။ ဂေါ်ဇီလာ ရုပ်ရှင်အကြောင်း ၀ီကီရဲ့ လင့်ခ်ကို ထည့်လိုက်ပါတယ်။
ရုပ်ရှင်ကိုတော့ သေချာအောင် မကြည့်ရသေးပေမယ့် ရှာလို့ရတဲ့ အထဲက  ဖြစ်နိုင်မယ့်လင့်ခ်ကို တင်လိုက်ပါတယ်။တစ်ကားလုံးပါမပါလည်းမကြည့်မိသေးပါဘူး။
 ရုပ်ရှင်လင့်ခ်
သိတဲ့သူများရှိခဲ့ရင်လည်း မျှဝေပေးခဲ့ကြပါ။

9 comments:

ညီလင်းသစ် said...

ဂေါ်ဇီလာ ရုပ်ရှင်ကို အန်တီစု မှတ်မိနေပုံက အံ့သြစရာပဲ၊ သာမန်ကြည့်ရင် ကလေးတွေအတွက်လို့ ထင်ရတဲ့ ရုပ်ရှင်တစ်ခုကို သူမြင်တဲ့ ရှုထောင့်က စိတ်ဝင်စားဖို့ ကောင်းတယ်၊ အဆုံးထိ ဘာသာပြန်ပေး တဲ့ မ,ကောင်းမွန်ဝင်းကိုလည်း ကျေးဇူးတင်ပါတယ်..။

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ ဂေါ်ဇီလာ ဇာတ်ကားကြီး ကြည့်ချင်လိုက်တာ။ လင့်ခ်ရှိရင် ပေးခဲ့ဦးနော် အမ။

မရောက်တာ ကြာသွားတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ခင်မင်လျက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂေါ်ဇီလာကားကြည့်ဖူးပေမဲ့ အန်တီစုလို အတွေးမျိုး မတွေးခဲ့မိဘူး
သူက သိပ်ကို ထက်မြက်တဲ့ အမျိုးသမီးဘဲနော်
လေးစားအားကျမိတယ်
ဘာသာပြန်ပေးတာ ကျေးဇူးသိပ်တင်ပါတယ် မကောင်းမွန်ဝင်းရေ

ကိုအောင်(ပျူနိုင်ငံ) said...

ဘာသာပြန်ပေးတာ ကျေးဇူး မကောင်းမွန်ဝင်း ...

SHWE ZIN U said...

စိတ်ဝင်စားစွာဖတ်သွားပါတယ်
ကျေးဇူးပါ ညီမရေ

လသာည said...

ဂေါ်ဇီလာကားတွေ ခဏခဏကြည့်မိပေမယ့် အခုလိုမျိးတခါမှ မတွေးဖူးဘူး။

မမွန်.. ရှာဖွေတင်ပေးတာ ကျေးဇူးအများကြီး တင်မိတယ်..။

Anonymous said...
This comment has been removed by a blog administrator.
win latt said...

အရမ်းကောင်းတဲ့ တန်ဘိုးရှိသော post များအတွက် အရမ်းကို ကျေးဇူးတင်ရပါကြောင်း....
အမရေ...
အလုပ်ကလဲမအား...လူမှုရေးတွေကလဲ များ...
အတစ်ခါတစ်လေ အလည်လာမအားတာနဲ့ စာကောင်းတွေ လွတ်သွားတယ်ဗျာ....

win latt said...

အရမ်းကောင်းတဲ့ တန်ဘိုးရှိသော post များအတွက် အရမ်းကို ကျေးဇူးတင်ရပါကြောင်း....
အမရေ...
အလုပ်ကလဲမအား...လူမှုရေးတွေကလဲ များ...
အတစ်ခါတစ်လေ အလည်လာမအားတာနဲ့ စာကောင်းတွေ လွတ်သွားတယ်ဗျာ....