May 22, 2011

တေးမသီတဲ့ငှက် ကို ဘယ်လိုလုပ်မလဲ

မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအချိန်မှာ စိတ်အ၀င်စားဆုံးအရာကိုပြောပြလို့ရနိုင်မလား။ 


ကျွန်မစိတ်အ၀င်စားဆုံးအရာကတော့ ၊အခြားနိုင်ငံများကလူတွေကို အခု ဗမာပြည်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာတွေကို ပြည့်ပြည့်စုံစုံသိစေချင်တာပါပဲ။

စု။  ဗမာနိုင်ငံသားတွေဆီမှာပဲ အာရုံရောက်နေတာ မဟုတ်ပါဘူး။ ဗမာနိုင်ငံအပြင်အခြား နိုင်ငံအားလုံးက လူတွေက ဗမာနိုင်ငံမှာဘာတွေဖြစ်ပျက်နေတာလည်းကို ပြည့်ပြည့်စုံစုံ သိစေချင်ပါတယ်။  ရှေ့ဆက်ဘာတွေဖြစ်လာဦးမယ့် အရာတွေကိုလည်းပါပါတယ်။ ကျွန်မတို့က မျက်လှည့်ဆရာတွေ မဟုတ်တော့လည်း နောက်ကိုဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။
သို့သော်လည်း သာမန်လူတွေ သာမာန်အတိုင်းနေထိုင်စားသောက်နိုင်ဘို့ ဘာတွေလိုအပ်သလဲ.....၊
ကျွန်မတို့ရဲ့ တိုင်းပြည် ဘယ်ကိုဦးတည်နေပြီလဲ.......၊
အစိုးရဆိုတာကလည်း အဲဒါတွေကို လမ်းမှန်ရောက်အောင် လုပ်မပေးလို့မရပါဘူး...... အဲဒါကြောင့် အခုအချိန်မှာ ကျွန်မတို့ ဘာတွေလုပ်ဘို့လိုအပ်သလဲ..........၊ ဒီတိုင်းပြည်နဲ့ ပတ်သက်ရင် ကောင်းသည်ထက်ကောင်းတဲ့ အနာဂါတ်ကို ဦးတည်နိုင်ဘို့အတွက် အရေးကြီးဆုံးက ဘာလဲ........ဆိုတာတွေကို စဉ်းစာဘို့ အားလုံးအတူတူပဲဖြစ်နေရမယ်.......

မိ။ ။ဒီဆောင်းပါးဟာ ဂျပန်လူမျိုးတွေအတွက် ဗမာပြည်အကြောင်းကို နည်းနည်းလေးပဲဖြစ်ဖြစ် သိလာစေဘို့ အကြောင်းရင်းလည်းပါပါတယ်။ ဗမာပြည်တွင်းကအကြောင်းအရာတွေကို ဂျပန်မှာထုတ်လွှင့်တယ်ဆိုတာ တခါတရံ လောက်ပါ။ ရှက်ရှက်နဲ့ ၀န်ခံရရင် ကျွန်မကိုယ်တိုင်လည်း ၂၀၀၈ခုနှစ် ဟာရီကိန်း ၀င်ရောက်ခဲ့တယ်ဆိုတာတောင် ဒီဗမာပြည်ထဲရောက်မှ သိရတယ်။ 
စု။ ။ ၂၀၀၈ခုနှစ် ဟာရီကိန်းလား။ လူ၂သိန်းကျော်လောက် အသက်ဆုံးရှုံးခဲ့ရတယ်။ မီဒီယာတွေရဲ့ တင်ပြမှုမှာ ပြသနာရှိတာလည်းပါမှာပါ။ ဗမာပြည်မှာ ဂျာနယ်လစ်စ် လူဦးရေကလည်း အလွန်နည်းလို့ ထုတ်ဝေမှုပိုင်းအားနည်းတာလည်း မဆိုသာဘူးပေါ့။ ၂၀၀၈ခုနှစ်ထက်စာရင် သိပ်ပမာဏမကြီးပေမယ့် မနှစ်ကလည်း ဗမာပြည် အနောက်ပိုင်းမှာ ဟာရီကိန်း နဲ့ အပျက်အဆီးတွေရှိခဲ့ပါတယ်။ ဗမာနိုင်ငံမှာဟာရီကိန်း ခဏခဏ၀င်ရောက်နေပါတယ်။ ဂျပန်မှာတော့ ဆူနာမီ ခဏခဏ ရှိတယ်လို့သိရတယ်။ တကယ်လဲ အဲလိုပဲလား။

မိ။ ။ ဆူနာမီ ဆိုတဲ့ဂျပန်စကား ကို သာသုံးစွဲထားတာသာကြည့်ပါတော့ရှင်။ တခြားနိုင်ငံတွေထက်စာရင် ဆူနာမီ ရဲ့ဘေးဒုက္ခအခံရဆုံးဟာ ဂျပန်နိုင်ငံပဲလို့ထင်ပါတယ်။
စု။ ။ ကျွန်မရဲ့ ဂျပန်ဘာသာဆရာကပြောတယ်။ ဂျပန်တွေမှာ အကြောက်ရဆုံး ၄ခုရှိတယ်တဲ့ ။ အဲဒါ.... ငလျင် ရယ်..............
မိ။ ။ ငလျင်၊ မိုးကြိုး၊ မီး၊ တိုင်ဖူးမုန်တိုင်း  ကိုပြောတာထင်တယ်....
စု။  ။ ဟုတ်တယ် အဲဒါ ကိုပြောတာ၊  သတိရပြီ။ ဒါနဲ့ ဘာကြောင့် မိုးကြိုး ကို ကြောက်ရတာလဲ။
မိ။ ။ မိုးကြိုးပစ်ရင် အသက်ပါသွားနိုင်တယ်၊ မီးထလောင်စေတယ်၊ အဲဒါတွေကြောင့်လို့ထင်ပါတယ်။
စု။ ။ ဒါဖြင့် ၄ခုထဲမှာဘာလို့ ဆူနာမီ မပါတာလဲ။
မိ။ ။ ဆူနာမီ ဆိုတာ ငလျင်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဘေးအန္တရယ်ပါ။ ဒါကြောင့် ငလျင်ထဲမှာ ပါပြီးသားဖြစ်နေလို့ လို့ ထင်ပါတယ်။
စု။ ။ အော် ... ဒီလိုလား။ နောက်ဆုံးက“ အိုယာ့ဂျိ” ဆိုတာကတော့ ရယ်စရာအဖြစ် ဖြစ်နေတယ်ဆိုပေမယ့် တကယ်တော့ ဒီဆိုစကားဟာာ ဂျပန်လူမျိုးတွေ တွေ့ကြုံရတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဓါတ် ကိုထင်ဟပ်စေတဲ့ ဆိုစကား ဆိုပြီး သိထားခဲ့ရလို့  မှတ်မိနေမိတယ်။

မိ။ ။ ဘယ်သူပြောပြလို့သိတာပါလဲ၊
စု။ ။ အင်္ဂလန်မှာနေတုန်း ကသင်ဘူးတဲ့ ဂျပန်ဆရာဆီကလေ။ အဲဒီဆရာပြောပြခဲ့တာ။ အကြောင်းအရာလေးတစ်ခုကိုပြောရင်းနဲ့ တချို့ဂျပန် တင်စားမှုစကားလုံး ဆိုရိုးများဟာ ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်နှလုံးကို ဖေါ်ကြူးတင်ပြဘို့ သိပ်ကိုကောင်းတယ်တဲ့။ ငှက် နဲ့ပတ်သက်ပြီးလည်း ဆိုစကား ရှိသေးတယ်... အိယဲယာ့စုက နောက်ဆုံးပြောသွားတဲ့စကားလေ။ သုံးယောက်လေ........... ပထမဦးဆုံးတစ်ယောက်က ရက်စက်လိုက်တာနော်...........
မိ။ ဟိုတိုတိုဂိစု ငှက်နဲ့ပါတ်သက်တဲ့ “တေးမသီတဲ့ငှက်၊ သတ်ပစ်လိုက်မယ်” “တေးမသီတဲ့ငှက်၊ တေးသီအောင်သင်ပေးမယ်” “တေးမသီတဲ့ငှက်၊ တေးသီတဲ့နေ့အထိစောင့်မယ်” ဆိုတာလား။
စု။ ။  ဟုတ်တယ် ဟုတ်တယ်။ “သတ်မယ်” “ ကြိုးစားလုပ်ယူမယ်”“ စောင့်မယ်” ဆိုတဲ့ တွေးခေါ်ကိုင်တွယ်ပုံနည်းလမ်း ကိုပြောတာမဟုတ်လား။ အဲဒီ ရှိုးဂွန်း ၃ယောက်ရဲ့ ဘ၀နောက်ခံက သူတို့ သုံးယောက်ရဲ့ တွေးခေါ်ကိုင်တွယ်ပုံတွေမှာ ထင်ဟပ်နေတာပဲဆိုတာကို ပညာရလိုက်တယ်။

မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ကကောအဲဒီ သုံးမျိုးထဲက ဘယ်လိုပုံစံမျိုးပါလဲ။ 
“တေးမသီတဲ့ငှက်၊ သတ်ပစ်လိုက်မယ်”ဆိုတဲ့ ပုံစံမျိုးမဟုတ်တာတော့ ကျွန်မသိပါတယ်။
စု။ ။ ဟုတ်တယ် အဲဒါတော့လုံးဝမဖြစ်နိုင်ဘူး။
မိ။ ။“တေးမသီတဲ့ငှက်၊ တေးသီအောင်သင်ပေးမယ်”မျိုးလား။
စု။ ။ ဘယ်လိုမျိုးပါလိမ့်........... “တေးသီအောင်သင်ပေးမယ်” ရယ် “ တေးသီတဲ့နေ့အထိစောင့်မယ်” နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ (ရီလျှက်)။ အဲ... ဒါပေမယ့် နေဦး.....။ “တေးသီတဲ့နေ့ အထိစောင့်မယ်” ပုံစံနဲ့တော့နည်းနည်းကွာမလားမသိဘူး။ 
စောင့်နေရုံ ပဲ နေဘို့ကတော့ ကျွန်မအနေနဲ့ သိပ်လက်မခံနိုင်ဘူးထင်တယ်။ ဘာမှမလုပ်ပဲ နဲ့ အခြေအနေတွေပြောင်းသွားတာစောင့်ရုံနဲ့ ဘာမှမဖြစ်နိုင်ဘူး မဟုတ်ဘူးလား။ ဗုဒ္ဓဘာသာမှာတော့ ဒီလိုရှိတယ်။ တစ်စုံတစ်ခုနဲ့ပတ်သက်ပြီး အောင်မြင်ဘို့အတွက် အဓိကကျတဲ့ အရာ၎ခုရှိတယ်။ 
၁၊“ဆန္ဒ” တကယ်လိုချင်ရမယ်၊ ၂၊“၀ီရိယ”ကြိုးစားအားထုတ်ရမယ်၊ ၃၊“စိတ္တ”မှန်ကန်တဲ့စိတ်ထားတတ်ရမယ်၊၄၊ “ပညာ”ဗဟုသုတဥာဏ်ရှိရမယ် တဲ့။ ဆိုတော့ကာ နံပါတ်၂ အရ၊ ဘာမှမလုပ်ပဲစောင့်နေဘို့ကတော့ မအောင်မြင်နိုင်ဘူး။ ဒါတွေအားလုံး ရိုးရိုးလေးတွေနော်။
ပထမ ဘာလိုချင်လဲစဉ်းစားရမယ်၊ ပြီးတော့ အဲဒါကို ဘာမှမလုပ်ပဲ ထိုင်စိတ်ကူးယဉ်နေရုံနဲ့ မရတဲ့ အတွက် အလုပ်လုပ်ရမယ် ကြိုးစားမယ်၊ ပြီးတော့ စိတ်က ဆုံးဖြတ်ချက်ချရမယ် ရည်မှန်းချက်အတွက် အာရုံးစူးစိုက်မှုမရှိရင် စိတ်ပါဝင်မှုနည်းလာမယ်။ နောက်ဆုံးအနေနဲ့က လိုချင်တာကိုရယူတဲ့ နေရာမှာ ဘယ်လိုလုပ်ရင်ရမလဲဆိုတာကို သိတဲ့ ပညာဥာဏ်လိုတယ်။ဒီအကြောင်းအရာတွေဟာ  သိပ်လက်တွေ့ကျလွန်းလို့ လူတွေ သတိမပြုမိပဲ ဖြစ်နေကြတာများတယ်။ ကျွန်မကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်မိသားစုမှာမွေဖွားကြီးပြင်းခဲ့ပေမယ့် အသက်ရလာမှ ဒါကို သိပ်လက်တွေ့ကျလွန်းတဲ့ အကြောင်းအရာဖြစ်တယ်ဆိုတာကို သိလာရတာပါ။

 
မိ။ ။ ဂျပန်ရုပ်ရှင်တို့ စာအုပ်တို့ သိတာတွေများရှိပါသလား။
စု။ ။ ရုပ်ရှင်သိပ်မကြည့်ဖြစ်ပေမယ့် တစ်ကားလောက်ပြောဆိုရင်တော့ ကျွန်မအတွက် တော့ သိပ်ကိုအနုပညာမြောက်တဲ့ ရုပ်ရှင်ရှိတယ်။ အဲဒီကားက ကျွန်မရဲ့ ပထမဦးဆုံးအကြိမ်ကြည့်ဘူးတဲ့ ဂျပန်ကားပါ။ ပြောပြရင်..............မင်းတော့ ရယ်တော့မှာပဲ။


စာကြွင်း။ ။ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသို့ နှုတ်ဆက်စကား

6 comments:

Nyi Linn Thit said...

တေးသီငှက် အကြောင်းက ရိုးရိုးလေးပေမယ့် တွေးစရာ တွေပါတယ်နော်၊ ကျနော်ကတော့ ငှက်ကလေး တေးသီ တတ်လာတဲ့ နေ့အထိ စောင့်ပြီး သင်ပေးမယ်...။း)

Anonymous said...

မကောင်းမွန်ဝင်းရေ
ဒီဆောင်းပါး စတင်ကတည်းက စောင့်ဖတ်နေတယ်။
ကျေးဇူးပါ..။


ပေါက်

လသာည said...

မမွန်..

ရောက်စ်...

အဲဒါလေး ဖတ်ရင်း မမွန်တောင် သတိရလိုက်သေးတယ်..

Anonymous said...

ကောင်းကောင်း
ရွှေခဲအော်ခံနေရအုံးမယ်နော

ခင်မင်တဲ့
စစ

Anonymous said...

I ask myself how to handle the situation of singing bird:)
Gyidaw

Anonymous said...

စိတ်က ဆုံးဖြတ်ချက်ချရမယ် ရည်မှန်းချက်အတွက် အာရုံးစူးစိုက်မှုမရှိရင် စိတ်ပါဝင်မှုနည်းလာမယ်........ တဲ့။

လောလောဆယ်တိုက်ဆိုင်နေလိှု့..

စူးနွယ်လေး