December 8, 2009

ရွှေတုံးငွေတုံးကိုစားသုံးခြင်း

ဖက်ထုပ် ဆိုတာ ရွှေတုံး ငွေတုံး ကနေလာတာကိုး

မြန်မာလို ဖက်ထုပ် လို့ခေါ်တဲ့ တရုပ်အစားအစာ  ကို သိကြသူ၊ ကြိုက်ကြသူ မနည်းပါဘူး။ မြန်မာပြည်မှာတော့ ဖက်ထုပ်ကြော် ဖက်ထုပ်ဆီချက် ကတော့ ဆီချက်ခေါက်ဆွဲဆိုင်တွေနဲ့ တရုပ်စားသောက်ဆိုင်တွေ၊ တရုပ်တန်းတို့မှာ ၀ယ်ယူစားသောက်နိုင်ပါတယ်။


ဖက်ထုပ်ကို တရုပ်လူမျိုးတွေ နှစ်သစ်ကူးအချိန်မှာ အိမ်တိုင်းလိုလိုမှာလုပ်စားကြတယ်လို့သိရပါတယ်။

ဖက်ထုပ် လုပ်ပုံကတော့ နှဲထားတဲ့ ဂျုံကို လက်တ၀ါးစာ အပြားကလေးလုပ်ပြီး၊ အသား၊ ပုဇွန်၊ ကြက်သွန်မိတ် မိမိကြိုက်နှစ်သက်ရာ ဌာပနာအဖြစ်ထည့်ပြီး  ထုပ်ရတာဖြစ်ပါတယ်။ ဖက်ထုပ်ကို အပြုတ်၊ အကြော်၊ အမျိုးမျိုးချက်ပြုတ်စားသောက်နိုင်ပါတယ်။


တရုပ်အမျိုးသမီးများ အချက်အပြုတ်ကျွမ်းကျင်မှုကို ဖက်ထုပ်၊ ထုပ်ပုံကိုကြည့်ပြီး သိနိုင်တယ်လို့လည်းဆိုပါတယ်။စိတ်ဝင်စားစရာကောင်းတာက ဖက်ထုပ်ပုံက အမှတ်တမဲ့ အနေနဲ့ ဒီလိုပဲ ကြည့်ကောင်းအောင် ထွင်ပြီးထုပ်ထားတယ်လို့ထင်ခဲ့ပါတယ်။


 ဒီဖက်ထုပ်ရဲ့ နဂိုမူလပုံစံက  တရုပ်လူမျိုးတွေ ရှေးခေတ်က ငွေကြေးအဖြစ် သုံးခဲ့တဲ့ ၊ရွှေတုံး၊ ငွေတုံး လေးတွေကို ပုံစံယူထားတာလို့သိရပြီး၊ အတိတ်နမိတ်ကောင်းအောင် တရုပ်နှစ်သစ်ကူးမှာ သူ့ကို စားကြတယ်ဆိုတဲ့ စိတ်ဝင်စားစရာအကြောင်းကို သိရပါတော့တယ်။

ဖက်ထုပ် dumpling ကို နိုင်ငံပေါင်းစုံ ဒေသပေါင်းစုံမှာ ပုံစံမျိုးစုံ အခေါ်အဝေါ် အမျိုးမျိုး နဲ့ စားသောက်ပုံမျိုးစုံတွေ့ရပါတယ်။


အသင့်စားသုံးနိုင်တဲ့ အအေးရိုက်ထားတဲ့ ဖက်ထုပ်မျိုးစုံကိုလည်း ၀ယ်ယူစားသုံးနိုင်သလို၊ ဆိုင်မှာ ပူပူနွေးနွေး စားသောက်တာကလည်း တစ်မျိုး အရသာရှိလှပါတယ်။  အချိန်ရ၊ လမ်းကြုံရင် ဖက်ထုပ်စား လိုက်အုန်းမယ်။
 

ဓါတ်ပုံများကူးယူရာနေရာ
http://ja.wikipedia.org/wiki/%E3%82%AE%E3%83%A7%E3%83%BC%E3%82%B6

4 comments:

win latt said...

ကိုရီးယားမှာလဲ ခုံခုံမင်မင်စားသုံးကြတယ်ဗျ။
စားလို့လဲကောင်းပါ့။
စီကာပတ်ကုံး ရေးတတ်တယ်...။
ဘက်စုံတော်ပါပေ့...။
ချူကာဟမ်နိသာ...။

တောင်ပေါ်သား said...

ဂျုံနဲ့ခေါက်ဆွဲကို အဓိကစားတဲ့ မြောက်ပိုင်းသားတွေသာ နှစ်သစ်ကူးမှာ ဖက်ထုပ် စာုးကတာပါ။ အခြားဒေသက တရုတ်တွေမှာတော့ ဒီလို အလေ့အထ မရှိပါဘူး။

Myanmar Good Knowledg Co., Ltd said...

ကိုတောင်ပေါ်သားရေ၊
အခုလို လိုအပ်တာပြောပြပေးတာကျေးဇူးတင်ပါတယ်။
နောင်ကိုလည်း လာလည်ဘို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ကိုတောင်ပေါ်သားရဲ့ နောက်ကိုလိုက်တာ အဆင်မပြေဘူးဖြစ်နေတယ်။ နောက်ထပ် ကိုတောင်ပေါ်သားတစ်ယောက်ဆီရောက်သွားပါတယ်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

နေမကောင်းဖြစ်နေလို့ လည်လည်မလာဖြစ်တာ။ ရွှေတုံးငွေတုံးတွေ ပေးနေမှ နောက်ကျသွားတယ်။
စင်ကာပူမှာတော့ ဖက်ထုပ်က နေရာတိုင်းလိုလိုမှာ ရတယ်လေ။ ခဏခဏလဲ စားဖြစ်ပါတယ်။ အသင့်လုပ်ပြီးသားတွေလဲ ပေါမှပေါ။
အဖေစင်ကာပူ အလည်လာတုန်းကတော့ ဖက်ထုပ်လုပ်ဘို့ အသင့်လုပ်ထားတဲ့ ဂျုံပြားလေးတွေထဲ ပုဇွန်အကောက်လိုက်ထည့်လိပ်ပြီး ကြော်စားကြတာ.. ကောင်းမှကောင်း.....

ခင်မင်စွာဖြင့်
ကိုမျိုး