November 9, 2009

သူတို့ရဲ့ နိုင်ငံတော်သီချင်း



君が代は
千代に八千代に
さざれ石の
巌(いわお)となりて
苔(こけ)のむすまで
君が代, 日本の国歌
 အင်္ဂလိပ်စာလုံးနဲ့ အသံထွက်တွေကိုရေးမယ်ဆိုရင်တော့
Kimi ga yo wa
Chiyo ni
Yachiyo ni
Sazare ishi no
Iwao to narite
Koke no musu made


သီချင်းခေါင်းစဉ်က “ခိမိဂါ့ယော” ဖြစ်ပါတယ် ။ “ခိမိဂါ့ယော” ဆိုတဲ့ အဓိပါယ်ကတော့ “အရှင်မင်းရဲ့ ကမ္ဘာ” ဆိုတာကို ကဗျာဆန်တဲ့ စကားလုံးနဲ့ ဖွဲ့သီထားတာဖြစ်ပါတယ်။ဒီသီချင်း ကို သက္ကရာဇ်၁၈၈၀ခုနှစ် မှာ ဂျပန်နိုင်ငံတော်သီချင်း အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၉ခုနှစ် မှာ၊ ဂျပန်အစိုးရက နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်း ဥပဒေနှင့်အတူ ပြန်လည်ပြဌာန်း အတည်ပြုထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ၁၀ရာစုလောက်က ဂျပန်နိုင်ငံမှာ စတင်ခဲ့တယ်လို့ ယူဆရတဲ့ ရှေးဟောင်းကဗျာအမျိုးအစားများထဲမှ “တန်းခါ့”လို့ခေါ်တဲ့ ကဗျာတိုအမျိုးအစား တစ်ပုဒ်ပါ။

ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံတော်သီချင်းတွေထဲမှာ ရှေးအကျဆုံးဖြစ်တယ်လို့ ဖတ်ရပါတယ်။ ဒီသီချင်းကို အင်္ဂလိပ်လိုဘာသာပြန်ဆိုခဲ့တဲ့ အင်္ဂလိပ်လူမျိုး ဂျပန်သုတေသနပညာရှင် မစ္စတာ ဘာစီလ် ဟော ချိန်ဘာလင် (၁၈၅၀-၁၉၃၅) Basil Hall Chamberlain က အောက်ပါအတိုင်း အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခဲ့ပါတယ်။

A thousand years of happy life be thine!
Live on, my Lord, till what are pebbles now,
By age united, to great rocks shall grow,
Whose venerable sides the moss doth line.

နောက်ထပ်နားလည်လွယ်တဲ့ အင်္ဂလိပ်လို ဘာသာပြန်လေးကတော့
May your reign
Continue for a thousand, eight thousand generations,
Until the pebbles
Grow into boulders
Lush with moss

သီချင်းထဲမှာပါတဲ့ “စာဇာ့ရက် ကျောက်စရစ်လေး”တွေက နှစ်တွေကြာလာတာနဲ့အမျှ ပိုသေးငယ်သွားတာမဟုတ်ပဲ ဒီလိုကျောင်ဆိုင်ခဲကြီးဖြစ်လာတာကို ဂျပန်တို့ ယုံကြည်တဲ့ ပုံပြင်များရှိသလို အထူးအမြတ်လည်းထားကြပါတယ်။ တိုကျိုမြို့ “ရှီမိုဂါ့မို ဘုရားကျောင်းမှာရှိတဲ့ ကျောက်ဆိုင်ခဲကြီး ဓါတ်ပုံကိုလည်း ပူးတွဲတင်ပြလိုက်ပါတယ်။

ကျွန်မအနေနဲ့ ဒီသီချင်းကို မြန်မာလို ဘာသာပြန် ခံစားထားတာလေးကိုလည်းဖတ်ကြည့်ပေးပါအုန်းနော်။
♪ ♪ ♪
ငါတို့ရဲ့ အရှင်၊ မိုးအောက်သခင် ဘုရင်မင်း ၊ ရာကျော်သက်တော်ရှည်ပါစေ။ ♪ ♪ ♪
ယခုမြင်ရ သေးလှကျောက်စရစ်ငယ် ကျောက်တောင်ကြီးသို့ဖြစ်မယ်။ ♪ ♪ ♪
ရာသီနှစ်ပြောင်း ကျောက်အပေါင်းဝယ် ကုဋေထူထပ် မှော်ရေညှိတို့ကပ်တွယ်။ ♪ ♪ ♪
ထိုချိန်သို့တိုင် တန်ခိုးခိုင်မာ နှစ်ပရိစ္ဆေကြာ သင်္ချေကမ္ဘာတည်ပါစေ။ ♪ ♪ ♪

ကျမ်းကိုးစာမျက်နှာ http://ja.wikipedia.org/wiki/%E5%90%9B%E3%81%8C%E4%BB%A3 http://ja.wikipedia.org/wiki/%E5%90%9B%E3%81%8C%E4%BB%A3

http://en.wikipedia.org/wiki/Kimigayo

1 comment:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သူတို့ဆီက နိုင်ငံတော်သီချင်းကလဲ ကျနော်တို့ဆီကလို ကမ္ဘာမကြေ..တွေ ဘာတွေလဲ မပါဘူး.. :P...
ဒို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးလိုက်ရတာ တုန်လို့...
..ငါတို့ရဲ့ အရှင်၊ မိုးအောက်သခင် ဘုရင်မင်း။ ရာကျော်သက်တော် ရှည်ပါစေ။
..ငါတို့ရဲ့အရှင်၊ နေပြည်တော်မှ ဘုရင်မင်း ရာကျော်သက်တော် ရှည်ပါစေ။

ခင်မင်စွာဖြင့်
ကိုမျိုး