October 31, 2009

who's top who's not

ဘယ်သူက “ထိပ်စီး” ဘယ်သူက “ဘိတ်ချီး”


ကမ္ဘာ့ အကြွယ်ဝဆုံးနိုင်ငံ နံပါတ် ၁ က ဖင်လန်နိုင်ငံ၊ ဂျပန်နိုင်ငံကတော့ နံပါတ် ၁၆ (အာရှမှာတော့ နံပါတ် ၁ တဲ့)။


၂၀၀၉ခုနှစ်အောက်တိုဘာလ ၂၆ရက်နေ့မှာ ပုဂ္ဂလိက သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ လက်ဂါတမ်မ် သုတေသနအဖွဲ့ကနေ ၂၀၀၉ခုနှစ်အတွက် “လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” နှိုင်းယှဉ်ချက် သုတေသနစစ်တမ်း ကို ထုတ်ပြန်ကြေငြာလိုက်ပါတယ်။


ဒီသုတေသနပြုချက်ဟာ ကမ္ဘာ့လူဦးရည်ရဲ့ ၉၀%ကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၄၀ရဲ့ ပထ၀ီအနေအထား၊ စီးပွါးရေးတိုးတက်မှု ဒီမိုကရေစီလွတ်လပ်ခွင့်၊ လူနေမှု အဆင့်အတန်း စတာတွေကို မူတည်ပြီး လေ့လာစစ်တမ်းကောက်ယူမှုကရရှိတဲ့ ကိန်းဂဏန်းများဖြစ်ပါတယ်။
နှိုင်းယှဉ်ဇယားရဲ့ ထိပ်ပိုင်းနေရာကို ယူထားတဲ့ နိုင်ငံများကို ကြည့်မယ်ဆိုရင် နံပါတ် ၂နေရာကို ဆွစ်စ်နိုင်ငံ၊ နံပါတ် ၃ နေရာကို ဆွီဒင်နိုင်ငံ၊ နံပါတ် ၄ နေရာကို ဒိန်းမတ်နိုင်ငံ၊ နံပါတ် ၅ နေရာကို နော်ဝေးလ်နိုင်ငံ နဲ့ မြောက်ဥရောပနိုင်ငံများကိုတွေ့ရမှာဖြစ်ပါတယ်။ သြစတြေးလျားနိုင်ငံကနံပါတ် ၆၊ကနေဒါနိုင်ငံက နံပါတ် ၇၊ အမေရိကန်နိုင်ငံကနံပါတ် ၉နဲ့ အင်္ဂလန်နိုင်ငံက နံပါတ် ၁၂ တို့ဖြစ်ကြပါတယ်။
အာရှဘက်ကိုကြည့်ရင်တော့ ဂျပန်က နံပါတ် ၁၆နေရာကနေ ဦးဆောင်နေပြီး၊ ဟောင်ကောင်နိုင်ငံက နံပါတ် ၁၈၊ စင်္ကာပူနိုင်ငံက နံပါတ် ၂၃၊ ထိုင်ဝမ်နိုင်ငံက နံပါတ်၂၄ နေရာတွေနဲ့ ဒီ၂၀၀၉ခုနှစ်မှာ နေရာယူထားကြပါတယ်။ စီပွါးရေးတိုးတက်မှုကို အထင်ကရပြောင်းလည်းပစ်မယ်လို့ ကြွေးကြော်ထားတဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံကြီးကတော့ နံပါတ် ၇၅နေရာကို ရောက်နေပါတယ်။


လက်ဂါတမ်မ် သုတေသနအဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဒေါက်တာ ၀ီလီယမ် အင်ဗိုးဒင် ကပြောတာကတော့ “အာရှနိုင်ငံအသီးသီး ရဲ့ နံပါတ်စဉ်တွေကို ကြည့်မယ်ဆိုရင် နံပါတ်စဉ် အောက်ဘက်ပိုင်းက နိုင်ငံတွေအလိုက် ဒီမိုကရေစီဝါဒ နဲ့ တစ်ဦးချင်းစီအလိုက် လွတ်လပ်ခွင့် နှင့်ပါတ်သက်တဲ့အပိုင်းတွေမှာ အမှတ်ကျသွားတဲ့အတွက်ကြောင့် အခုလိုအောက်ဘက်ပိုင်း ရောက်ရတာပါ။ အာရှ နိုင်ငံအတော်များများ ဟာ စီးပွါးရေး အခြေခံ အုပ်မြစ်တွေက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သုတေသနစစ်တမ်းရဲ့ ဓနကြွယ်ဝ မှုဟာ ငွေကြေးတစ်ခုတည်းကို ကိုယ်စားပြုတာမဟုတ်ပါဘူး ။ ”
အောက်ဘက်မှာ “ထိပ်စီး” နိုင်ငံ ၂၀နဲ့ “ဘိတ်ချီး”၁၀ နိုင်ငံ ကို ဖေါ်ပြထားပါတယ်။


TOP TWENTY COUNTRIES
1. Finland
2. Switzerland
3. Sweden
4. Denmark
5. Norway
6. Australia
7. Canada
8. Netherlands
9. United States
10. New Zealand
11. Ireland
12. United Kingdom
13. Belgium
14. Germany
15. Austria
16. Japan
17. France
18. Hong Kong
19. Spain
20. Slovenia


BOTTOM TEN COUNTRIES
95. Kenya
96. Algeria
97. Tanzania
98. Nigeria
99. Pakistan
100. Cameroon
101. Central African Republic
102. Yemen
103. Sudan
104. Zimbabwe
“လက်ဂါတမ် ဓနကြွယ်ဝ ကိန်းဂဏန်းများ ” သုတေသနစစ်တမ်းးအရ တွေ့ရှိရသည့် “အဓိက သော့ချက်” များကိုလည်း သော့ချက် ၉ခုနဲ့ရှင်းပြထားပါတယ်။ အထက်ဖေါ်ပြပါ နံပါတ်စဉ် ဟာ ရှုထောင့်ပေါင်းစုံကနေ ယေဘူယျအနေနဲ့ အကောင်းဆုံးကိုထိပ်ဆုံးကစပြီး စီသွားတာဖြစ်ပါတယ်။ နံပါတ်စဉ်အားလုံးဟာ တသသမတ်တည်း အပေါ်အောက်ဖြစ်နေတာမဟုတ်ပါဘူး။ ဥပမာ။ စီးပွါးရေး အခြေခံအုပ်မြစ်များ ( တိုးတက်မှုအခြေအနေ ၊ ဒုတိယတန်းစား စီးပွါးရေးအဆောက်အဦများဧ။် အကျိုးသက်ရောက်မှု)။ ပညာရေး (ပညာသင်နိုင်မှု၊ အဆင့်မြင့်ပညာရေးအခြေအနေ၊ လူသားရင်းမြစ် ပျိုးထောင်ရေး။ အနာဂါတ်အလားအလာ)။ စီးပွါးရေးလုပ်ငန်းများ ခံယူချက်နှင့် စွန့်စားတီထွင်မှု (ပတ်ဝန်းကျင်နှင့် သဟာဇာတဖြစ်ခြင်း၊ လုပ်ငန်းအသစ်များနှင့် ကူးသန်းရောင်းဝယ်ရေး တို့၌ အမြင်ကျယ်မှု နှင့် အတွေးအခေါ်သစ်ရှိမှု)၊ အစိုးရအုပ်ချုပ်ရေး ( ရိုးသား ၍ အရည်အချင်းရှိသော အစိုးရ၊ လုံခြုံနွေးထွေးသော ဥပဒေအာဏာများရှိခြင်း၊ ကုန်ထုပ်လုပ်မှုအားကောင်းသော နိုင်ငံသားများ ဖြစ်ခြင်း) ။ ကျန်းမာရေး ( လူဦရည်နှင့် ကျန်းမာရေးနှင့်ညီသော နေထိုင်မှု အခြေအနေ)၊ တစ်ဦးချင်းစီလွတ်လပ်မှု ( ပုဂ္ဂလိက လွတ်လပ်ခွင့် နှင့် နေထိုင်မှုဘ၀ကို ရွေးချယ်နိုင်ခြင်း)။ လုံခြုံမှု (လူသားအတွက် အခွင့်အလမ်းများ ရရှိစေသည့် လုံခြုံသော ပတ်ဝန်းကျင်)။ လူမှူပတ်ဝန်းကျင် (ယုံကြည်စိတ်ချရသည့် ဆက်ဆံမှုကြောင့် ရရှိသည့် ခိုင်မာသည့် အဖွဲ့အစည်းများ ရှိနိုင်မှု )စတာတွေနဲ့လိုက်ပြီး နိုင်ငံအလိုက် ထပ်မံ အသေးစိတ်ခွဲခြား သုတေသနပြုထားပါတယ်။ 


မူရင်း ဇယား ပါ။ လက်ဂါတမ်မှ ထုတ်ပြန်သော အင်္ဂလိပ်လို သတင်းလွှာ ပါ။ အွန်လိုင်းဂျပန်လို သတင်းတို ပါ။
မိမိစိတ်ဝင်စားသောနိုင်ငံ တစ်ခုချင်းကိုသော်၎င်း နိုင်ငံနှစ်ခုကိုသော်၎င်း၊ ကြိုက်နှစ်သက်ရာ ယှဉ်တွဲလေ့လာနိုင်ပါတယ်။ လက်တွေ့နှိုင်းယှဉ် ကြည့်ချင်တယ် စာမျက်နှာ ရဲ့ ညာဘက် အောက်နားက Compare countries ဆိုတဲ့ နေရာမှာ နိုင်ငံတွေကို ရွေးပြိး Go ကိုနှိပ်လိုက်ကြည့်လိုက်ပါ။ 

ကျွန်မစိတ်ဝင်တာနဲ့  လက်တွေ့နှိုင်းယှဉ်ကြည့်လို့ ရလာတဲ့ပုံပါ။ ပါဝင်တဲ့နိုင်ငံတွေကတော့  ဒိန်းမတ်ကနေဒါ ဂျပန်စင်္ကာပူ တို့ပါ။ပုံမှာတွေ့မြင်ရသလိုပါပဲ နိုင်ငံအလိုက် သက်ဆိုင်ရာ သူ့အားသာချက်နဲ့ သူ ရှိတာတွေကိုလည်း  လေ့လာသိရှိနိုင် ပါတယ်။

 ဒီပို့စ်ရဲ့မူရင်း အင်တာနက်စာမျက်နှာကိုဖတ်ပြီး ၊ ဒီပို့စ်လေးကို ရေးလိုက်အပြီးမှာ ကျွန်မလည်း အနည်းငယ်အနားယူဖို့အတွက် မျက်စိစုံမှိတ်ပြီး သီချင်းတပုဒ်ကိုညည်းလိုက်မိပါတယ်။ သီချင်းလေးက


“ဆင်းရဲခြင်း….လွတ်ကင်းအောင်……လမ်းပြဆောင်ပါမည်၊ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့အမျိုးသားတိုင်းပြည် မွဲတဲ့သူ လှူဒါန်းနိုင်မည် ၊ ကျောင်းဆောက်ခါ ဘုရား-----ပါတည်၊ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ တို့ မ တဲ့ကိန်းဆိုက်မည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည် တို့နဂါးနီ၊ …. နေရေးနဲ့စားသောက်ရေးမှာ မနှေးအောင်ပင်ချောင်လည် ရမည်၊ …. လူမွဲများစိတ်ချမ်းသာအောင် ကြံဆောင်မည် တို့နဂါးနီ၊ …………ဘာသာရောင်သာသနာရောင် ထွန်းလင်းပြောင်မည်၊ ကောင်းစားမည် တို့နဂါးနီ ရွှေမိုး ငွေမိုးရွာမည်…… သိဒ္ဓိအဖုံဖုံ လုံခြုံစေမည် နေ့စဉ်ညစဉ် ဖိုဠ်မထိုးပဲ………အကျိုးပေးနိုင်မည်”
သီချင်းက အစီအစဉ်မကျဘူးဖြစ်နေတယ်နော်။

စာကြွင်း။ ။ ရေးတာတွေများပြီး အဓိက ကိုမေ့သွားတယ်။
ကျွန်မကို ဒီအကြောင်းတွေကို သိနားလည်အောင် မွေးဖွားကြီးပြင်းစေခဲ့တဲ့ ကျွန်မတို့ရဲ့ အမိမြေကတော့ သုတေသနစစ်တမ်းမှာ ပါဝင်ခဲ့မယ်ဆိုရင် ဘယ်နံပါတ်လောက်များဖြစ်မလဲလို့ တွေးမိပါတယ်။
“ဘိတ်ချီး”ဆိုတဲ့စကားလုံးကို “ထိပ်စီး”နဲ့ လိုက်အောင်တွဲပြီးသုံးထားတာဖြစ်ပါတယ် သီးခံပြီးဖတ်ပေးပါ။

2 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

သုတေသန စစ်တမ်းမှာ ပါဝင်ခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ ရတနာခုနှစ်သွယ် တကယ်ပင်စုံညီပြီး ရွှေမိုး..ငွေမိုး တွေ နေ့ညမပြတ် ရွာသွန်းဖြိုးနေတဲ့ အမျိုးသားတိုင်းပြည်ကြီးကတော့ ဖြင့် ဘယ်နိုင်ငံ နှင့် ယှဉ်ယှဉ် "ထိပ်စီး" နဲ့ လိုက်ဖက်တဲ့ နေရာတစ်ခုတော့ ခိုင်ခိုင်မာမာ ရပ်တည်နေမှာ မလွဲဧကန် အမှန်ဖြစ်မှာပါ..


ခင်မင်စွာဖြင့်
ကိုမျိုး

ခရေညို said...

မှတ်သားထားပါ့မယ် မမွန်ရေ
တကယ်ကိုစိတ်ဝင်စား စရာကောင်းပါတယ် တရုပ်နိုင်ငံက အဆင့် ၇၅ ဆိုတော့ ဝမ်းသာသလိုတော့ရှိသား။ ဟိ
အမိမြေအတွက်တော့ စိတ်မကောင်းစရာ ဖြစ်မိပါတယ်