October 1, 2009

နှစ် ၆၀ (၂)


ဈေးကွက်စီးပွါးရေးစံနစ်အောက်မှာ အရှိန်အဟုန်နဲ. ခုန်ပျံတက်ခဲ့တယ် 
“ နောက်ပိုင်းကာလ နှစ်၃၀”

ပထမပိုင်းနှစ်၃၀ မှာကျင့်သုံးခဲ့တဲ့ ဆိုရှယ်လစ်စံနစ်ကိုမအောင်မြင်ဘူးဆိုတာကို သဘောပေါက်သွားပြီး၊ ၁၉၇၈ခုနှစ် ဒီဇင်ဘာလမှာကျင်းပခဲ့တဲ့ အစည်းအဝေးကို အကြောင်းပြုပြီး တိန်.ရှောင်ဖိန်ရဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ ကနေ တရုတ်နိုင်ငံဟာ ဈေးကွက်စီးပွါးရေးနဲ. ပုဂ္ဂလိကပိုင်ကုန်ထုတ်လုပ်မှု နဲ. အရင်းရှင်စီးပွါးရေး အမဋေရဲ.ရင့်သန်ပေါက်ဖွားမှုကို အားကြိုးမာန်တက် ပျိုးထောင်ပါတော့တယ်။
ပထမဆုံးလယ်ယာကဏ္ဍကို ကြည့်မယ်ဆိုရင် ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒရဲ. ကနဦးအစ မှာဖွဲ.စည်းခဲ့တဲ. တောင်သူလယ်သမားအစည်းအရုံးကြီးကို ဖျက်သိမ်းပြီး မိသားစုကန်ထရိုက်စံနစ် တွေကိုစတင်လုပ်ပိုင်ခွင့်ပေးပါတယ်။ စက်မှုကဏ္ဍဘက်မှာဆိုရင်လည်း လွတ်လပ်စွာပိုင်ဆိုင်ထုတ်လုပ်ခွင့် (လုပ်ငန်းရှင်များကိုယ်တိုင်ကြီးကြပ်ခွင့်)အောက်ကနေ၊ အမြတ်ပေါ်အောင်စီမံခန်.ခွဲနိုင်လာကြပါတယ်။ စီးပွါးရေးကဏ္ဍအသီးသီးရဲ. အဓိကမဏ္ဍိုင်အားလုံးဟာ အမြတ်အစွန်းကို ရည်ရွယ်ထုတ်လုပ်လာကြတဲ. အတွက် တရုတ်နိုင်ငံစီးပွါးတက်မှု အရှိန်အဟုန်ကတော့ သိသိသာသာပြောင်းလဲလာပါတော့တယ်။
 ၁၉၈၉ခုနှစ် တီအန်နမ်မန်ရင်ပြင် အရေးအခင်း ကို ကြုံတွေ.လိုက်ရချိန်မှာတော့   “ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ” က  ခေတ္တရပ်တန်.သွားခဲ့ပါတယ်။  ဒါပေမယ့်လို.၁၉၉၂ခုနှစ် တိန်.ရှောင်ဖိန်က တောင်ဘက်အရပ်များသို.ခရီးထွက်ပြီး ဒေသန္တရမိန်.ခွန်း “နန်းဂျွန်းခိုးဝါ့” Nanxun Jianghua မြွက်ကြားတဲ. ကျေးဇူးနဲ.ပြန်ပြီးတံခါးဖွင့်လိုက်ကြပြန်တယ်။




ဒီတစ်ခါမှာတော့ ပိတ်ပြီးပြန်ဖွင့်တဲ.တံခါးကြောင့် အရှိန်တောင်ရနေသေးတယ်။ အဲဒီနှစ်ရဲ.နှစ်ကုန်ပိုင်းမှာ တရုတ် ကွန်မြူနစ် ပါတီ နှစ်ချုပ်ပါတီညီလာခံကြီးကို ခမ်းနားစွာကျင်းပခဲ့နိုင်သေးတယ်။ “ဆိုရှယ်လစ်စံနစ် ဈေးကွက်စီးပွါးရေး” ဆိုတဲ. ရည်မှန်းချက် ပန်းတိုင်ကို စိုက်ထူနိုင်ခဲ့ပါကြောင်း ကြေငြာရင်းနဲ. ပါတီညီလာခံကြီးကို အောင်မြင်စွာနိဂုံးချုပ်နိုင်ပါတယ်။ တဆက်တည်းမှာပဲ တစ်ဦးချင်းစီရဲ. ၀ယ်ယူစားသုံးနိုင်မှု၊ ကုန်ထုပ်လုပ်မှု၊ အလုပ်လုပ်နိုင်စွမ်းအား၊ မြေယာ၊ ရင်းနှီးမြှုပ်နှံမှု၊ အသီးသီးမှာ ဘယ်နေရာကိုကြည့်ကြည့် အစိုးရရဲ.စီမံကိန်းများ စီမံခန်.ခွဲအကောင်အထည်ဖေါ်မှုများအားလုံးမှာ ဈေးကွက်စီးပွါးရေး ရဲ. ကဏ္ဍဟာ မရှိမဖြစ်အရေးပါတဲ. ၀င်ရိုးသဖွယ်နဲ. အရှိန်အဟုန်ကြီးမားစွာနဲ. လည်ပတ်နေပါတော့တယ်။

ဈေးကွက်စီးပွါးရေးရဲ. တိုးတက်မှုနဲ.အတူ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုလုပ်ငန်းများနဲ. ပြည်တွင်းစီးပွါးရေးလုပ်ငန်းများကဲ့သို.သော နိုင်ငံပိုင်အစိုးရပိုင်မဟုတ်တဲ. လုပ်ငန်းများက အောင်မြင်လာတော့၊ ၁၉၉၀နှစ်များနောက်ပိုင်းကာလမှာ အစိုးရရဲ.ကျန်ရှိနေသေးတဲ.၀န်ကြီးဌာနပိုင် လုပ်ငန်းများကိုပါ အရပ်သားပိုင်တွေအဖြစ်ပြောင်းလဲလာပါတော့တယ်။ ကုန်ထုတ်လုပ်ငန်းရဲ. အင်္ဂါရပ်ဖြစ်တဲ. လုပ်အားနဲ. အမြတ်အစွန်းဘယ်ဘက်ကမှ အဆင့်မမြင့်တဲ. အစိုးရရဲ.နိုင်ငံပိုင်လုပ်ငန်းများအားလုံး အကျိုးအမြတ်နဲ. အဆင့်အတန်းမြင့်မားတဲ. ပုဂ္ဂလိကပိုင်လုပ်ငန်းတွေအဖြစ် ပြောင်းလည်းကုန်ကြပါတယ်။ အဲဒီတော့ တရုတ်နိုင်ငံစီးပွါးရေးရဲ. ထုတ်လုပ်မှုစွမ်းအားဟာ မြင့်မားလာနေပါပြီ။

 အခုလို စီမံကိန်းစီးပွါးရေး planned economy နဲ. ကုန်ထုတ်လုပ်မှု means of production ကို ပြည်သူပိုင်လုပ်တဲ့ခေတ် “ပထမပိုင်းနှစ်(၃၀)” နဲ. ဆန်.ကျင်ဘက်။ ဈေးကွက်စီးပွါးရေးခေတ် “နောက်ပိုင်းကာလ နှစ်၃၀” တို.ကိုယှဉ်ကြည့်မယ်ဆိုရင် လူဆိုတာ ကိုယ့်အတွက်ကိုအကျိုးအမြတ်သိပြီးလိုချင်ကြတဲ.သူတွေဖြစ်တယ်ဆိုတဲ့ အဆိုကိုထုတ်ပြန်ခဲ့တဲ့ စီးပွါးရေးပညာဖခင်ကြီး  Adam Smith သတ်မှတ်တဲ့နံမည်ကျော် invisible hand of God ဆိုတဲ့စကားကို သဘောပေါက်မြင်လွယ်လာမှာပါ။ လူထုလုပ်အားနဲ. သယံဇာတကိုပိုင်ဆိုင်မှုထက် ထူးချွန်ပြောင်မြောက်တဲ.သူတွေ ဘယ်လောက်ရှိပြီး သယံဇာတတွေကို ဘယ်လို အကျိုးရှိစွာအသုံးချတတ်မှု ကသာလျှင် အရည်အချင်းပြည့်တဲ.အစိုးရကောင်းတစ်ခုဖြစ်တယ်ဆိုတာကို တရုတ်နိုင်ငံ သိရှိလာပါတော့တယ်။ သိသာတဲ. သက်သေကတော့ ၁၉၇၉ မှ ၂၀၀၈ခုနှစ်အထိ နှစ်၃၀အတွင်း နှစ်စဉ် GDP တိုးတက်မှုနှုန်းဟာ ၉.၈%၊ တစ်ဦးချင်းစီရဲ.  GDP တိုးတက်မှုနှုန်းဟာ ၈.၆%၊  နှစ်ခုလုံးကတော့ “ပထမပိုင်းကာလ နှစ်၃၀” ထက် အပြတ်အသတ် တိုးတက်လာတာပေါ.။ (နိုင်ငံတော်စာရင်းအင်းဗဟိုအဖွဲ.၊ ပြည်သူ.စီးပွါးရေး အထွေထွေစာရင်း အချက်အလက်ထုတ်ပြန်ရေးအဖွဲ.ဧ။် “တရုတ်နိုင်ငံဗဟိုစာရင်းဇယားများ ၂၀၀၉ခုနှစ်”)

နိုင်ငံရေးအသွင်ပြောင်းမှုသည် အဓိကရှေ.လုပ်ငန်းစဉ်
“လာမည့် နှစ်၃၀”

နှစ်၃၀ချီပြီး အသွင်းကူးပြောင်းရတဲ. တရုတ်နိုင်ငံဟာ ယေဘူယျအားဖြင့်တော့ ပြည်သူလူထုရဲ. စားဝတ်နေရေး ကောင်းမွန်လာခဲ့တယ်။ နိုင်ငံတကာအလယ်မှာ တရုတ်နိုင်ငံရဲ.ရပ်တည်မှုက ခန်.ထည်လာတယ်။ တဘက်မှာတော့ ပြည်သူလူထုရဲ. ၀င်ငွေအဆင့်ကွာဟချက်ကြီးမားမှု၊ သဘာဝပတ်ဝန်းကျင် ပြသနာများရဲ. ဆိုးဝါးပွါးများလာမှု ၊ အစိုးရ၀န်ထမ်းများရဲ. လဒ်စားအကျင့်ပျက်မှု တို.ကို တရုတ်နိုင်ငံသူနိုင်ငံသားများ ရင်ဆိုင်ရပါတော့တယ်။ တရုတ်နိုင်ငံရဲ. အခုလို မနှစ်မြို.စရာ ပြသနာတွေကရဲ. အရင်းခံကတော့ ၊ ဈေးကွက်စီးပွါးရေး ဆိုပြီး တံခါးတွေဖွင့်ပြီးပိုင်ဆိုင်မှုလွတ်လပ်တဲ.အရင်းရှင်ဝါဒကို လက်ခံကျင့်သုံး တဲ. စီးပွါးရေးစံနစ်နဲ.  တရုတ်နိုင်ငံအစိုးရရဲ. တစ်ပါတီတည်းနဲ. အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေတဲ. နိုင်ငံရေးရဲ. မအပ်စပ်ရာနှစ်ခုကို ပြည်သူပြည်သားတွေ လက်ခံနေရလို.ပါပဲ။ အဲဒီတော့ နိုင်ငံရေးကို အသွင်ပြောင်းဘို.ပဲလိုပါတယ်။ အဲဒီအာဏာရှင်အစိုးရမင်းမူနေတာကို မပြောင်းလည်းရင် ခုနကပြသနာတွေကို မဖြေရှင်းနိုင်ပါဘူး။ ၂၀၀၇ခုနှစ်၊ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ. ပါတီညီလာခံမှာ သမ္မတ ဟူကျင်းတောင် ရဲ.မိန့်ခွန်းမှာ ဒီမိုကရေစီ ဆိုတဲ့စကားလုံးကို အကြိမ်၆၀ထက်မနည်း ထပ်ခါတလဲ ပြောမိသွား လောက်အောင် နိုင်ငံရေးအသွင်ပြောင်း မှုကို အဓိကရှေ.လုပ်ငန်းစဉ်အဖြစ် ဇောင်းပေးလာတာကိုတွေ.ရပါတယ်။

နိုင်ငံရေးအာဏာနဲ. စီးပွါးရေးအကျိုးအမြတ်ကို ရရှိနေသူတွေအတွက်တော့ အငိုအလွမ်း အကြမ်းအရမ်းတွေနဲ. ကိုယ့်ဇတ်လမ်းကို ကိုယ်ကပဲတစ်ခန်းရပ် မလား ၊ နောက်ပိုင်းဇတ်မှာတော့  အဓိကသရုပ်ဆောင် “ဒီမိုကရေစီ”ကတော့   တရုတ်နိုင်ငံရဲ. နိုင်ငံရေးအသွင်ပြောင်းမှုမှာ မရှိမဖြစ် လျာထားခံနေရပြီလေ။


http://news.searchina.ne.jp/disp.cgi?y=2009&d=0928&f=column_0928_001.shtml
http://news.searchina.ne.jp/disp.cgi?y=2009&d=0625&f=national_0625_005.shtml&pt=large
http://news.searchina.ne.jp/disp.cgi?y=2009&d=0702&f=national_0702_001.shtml&pt=large
http://j.peopledaily.com.cn/2006/07/03/jp20060703_61123.html

No comments: