September 29, 2009

နှစ်၆၀

နှစ်၆၀
ကျွန်မရဲ. ဖေဖေဟာ ကမ္ဘာ့နိုင်ငံရေးနဲ.ပတ်သက်တဲ.အကြောင်းအရာတွေကို
သိပ်စိတ်ဝင်စား ပါတယ်။ ရန်ကုန်မှာဖေဖေက ထမင်းစားပြီဆိုတာနဲ. ထမင်းစားပွဲ မှာ ကမ္ဘာ့နိုင်ငံအသီးသီးက အကြောင်းအရာတွေကို အားရပါးရပြောပြ တတ်ပါတယ်။ ကျွန်မက အဲဒီအကြောင်းအရာတွေ (ကမ္ဘာ့နိုင်ငံရေး) ကိုစိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ဖေဖေကပြောဖန်များတော့ တစ်ချို. အကြောင်းအရာတွေကို အနည်းအကျဉ်းတော့ မှတ်မိပါတယ်။ ရေးတေးတေး မှတ်မိနေတဲ. အကြောင်းအရာတွေကတော့ ကမ္ဘောဒီးယားက ပိုပေါ့ အစိုးရအကြောင်း၊ ဆိုင်ဂုံမြို.အကြောင်း၊ မော်စီတုန်း၊ တိန်.ရှောင်ဖိန်၊ ဂိုဗာချော့၊ ဆူဟာတို၊ အရာတိုလာခိုမေနီ၊ မာဂရက်သက်ချာ၊ အီဗရာဟင်လင်ကွန်း၊ အကွီနို၊ သီဟာနု၊ နာကာ့ဆိုနဲ ယာဆုဟိရိုဲ၊ တနာကာ့ ခါ့ကုအဲ၊ အိုဘုချိ ခဲအိဇိုး၊ တီအန်နန်မန်ရင်ပြင် အကြောင်းတွေပေါ.။ဖေဖေ ပြောခဲ့တာတွေကတော့ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ကျွန်မကတော့ သိပ်မမှတ်မိ တော့ပါဘူး။ မှတ်လည်းမထားမိခဲ့တာပါပါတယ်။ ဖေဖေက မနက်တိုင်းညတိုင်း ဘီဘီစီနဲ. ဗွီအိုအေကို မပျက်မကွက်နားထောင်တယ်။ (ဟိုအရင်ခေတ်က) သတင်းစာကို (လုပ်သား၊ကြေးမုံ၊ မြန်မာ့အလင်းတို.ကို စာမျက်နှာ၂၊၃၊ဆိုရင် တစ်လုံးမှမကျန်အောင် ဖတ်တယ်)၊ဒေါက်တာတင်ထွန်းဦးရဲ. သုတစွယ်စုံ မဂ္ဂဇင်းကိုကြိုက်တယ်။ ရေဒီယိုကနေ မောင်ဆုရှင်ရဲ. ဆောင်းပါးလာရင် ရေဒီယိုနားကို ခေါင်းကပ်တဲ.အထိ အနားမှားကပ်ပြီးနားထောင်တယ်။ အခုပြန်စဉ်းစားကြည့်ရင် ဖေဖေက ကမ္ဘာ့ နိုင်ငံရေးသတင်းပေါင်းစုံကို သိနေတာဟာ ဘွဲ.လွန်အတွက် ကျမ်းပြုသလောက်ကို လေ့လာလို.ပဲ လို.ထင်ပါတယ်။ နားထောင်တယ်၊ မှတ်စုစာအုပ်တွေမှာ ရေးမှတ်တယ်၊ တစ်ခါတစ်လေ ကျွန်မကိုအားတဲ.အချိန်တွေမှာ ပြောပြတယ်။ဒါပေမယ့် ဘယ်နိုင်ငံရေးပါတီ (အဲဒီတုန်းကတော့ မ.ဆ.လပေါ.) အလုပ်မှမလုပ်ဘူး။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များပြီး ကူညီတတ်ပါတယ်၊ ဒါပေမယ့် ဘာအသင်းအဖွဲ.မှ မ၀င်ဘူး။ သူက အရင်ကတပ်မတော်သားပါ။ စစ်သားဆိုတာ… ယောက်ျားဆိုတာ…. ဆိုပြီး ကျွန်မရဲ.မောင်နှစ်ယောက်ကို ဆုံးမတတ်ပါတယ်။ သူ.ရဲ.တပ်မတော်ကို သိပ်ဂုဏ်ယူပါတယ်။ ကျွန်မ ငယ်ငယ်တုန်းကတော့ ကျွန်မကိုသိပ်ရင် စစ်သီချင်းတွေအမျိုးစုံဆိုသိပ်ပါတယ်။ ကျွန်မအဒေါ် ဒေါ်လေးမူက “အမလေး၊ ကိုကိုနီရယ် ခလေးသိပ်တာ၊စစ်သီချင်းနဲ.သိပ်ရတယ်လို.”လို.သဲသဲလှုပ်ပြောရင်၊ ဖေဖေက “သမီးက စစ်သီချင်းကြိုက်တယ်”လို.ပြန်ပြောတယ်ဆိုတာ ကြီးလာတော့ သိရပါတယ်။ ကျွန်မလည်းခုချိန်အထိ စစ်သီချင်းတော်တော်များများကို ရနေပါသေး တယ်။ ကျွန်မကို မင်္ဂလာဒုံစစ်ဆေးရုံမှာ မွေးခဲ.ရတာကို လည်းအမြဲဂုဏ်ယူပြီးပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဖေဖေက ၁၉၈၈နောက်ပိုင်း မှာတော့ စစ်တပ်က အကြောင်းကို အရင်ကလောက် မပြောတော့ပါဘူး။

အခုတော့ ဖေဖေ့မှာ နားထောင်စရာ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ဒီဗွီဘီတွေအပြင် ရုပ်သံကနေတောင်ကြည့်လို.ရနေပြီ၊ မှတ်စု ကတော့ သိပ်မရေးနိုင်တော့ ဘူးပေါ.။ လောလောဆယ် လက်ကလည်း ချော်လဲလို.ကျိုးသွားသေးတယ် တဲ.လေ။ ကျွန်မရေးတဲ. ပို.စ်တွေကိုတော့ ရန်ကုန်မှာ သူငယ်ချင်း KAye က တစ်မျက်နှာမကျန် ပရင့်ထုပ်ပြီး ဖေဖေ့ကို သွားပေးပေးပါတယ်။ ဒါ့ကြောင့် မကြာခင်ကျရောက်တော့မယ့် တရုတ်နိုင်ငံ တည်ထောင်ခြင်း အနှစ်၆၀ပြည့် အကြောင်းအရာနဲ.ပတ်သက်တဲ. ဆောင်းပါး တစ်ခုကို အင်တာနက်မှာ တွေ.တာ နဲ. ဘာသာပြန်လိုက်ပါတယ်။

နိုင်ငံတော်စီးပွါးရေးမူဝါဒသစ်
စီးပွါးရေးအသွင်ပြောင်းခေတ်မှနိုင်ငံရေးအသွင်ပြောင်းခေတ်ဆီသို.
ခုလာမယ့် အောက်တိုဘာလ(၁)ရက်နေ.ဟာ တရုပ်နိုင်ငံရဲ. တရုတ် ကွန်မြူနစ်နိုင်ငံတော် တည်ထောင်ခဲ့တာ နှစ်(၆၀)ကိုရောက်ရှိခဲ့ပါပြီ။ အဲဒီ နှစ်(၆၀)ကို မော်စီတုန်း (၁၈၉၃-၁၉၇၆) ကအာဏာရှင်ဆန်ဆန်ကြီးစိုးခဲ့တဲ. “ပထမပိုင်းနှစ်(၃၀) ” နဲ. တိန်.ရှောင်ဖိန် (၁၉၀၄-၁၉၉၇)ရဲ. လမ်းညွှန်မှုကို စခဲ့တဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ Policy of reform and of opening doors ရဲ.“နောက်ပိုင်းကာလ အနှစ်(၃၀)” ဆိုပြီး အကြမ်းအားဖြင့်ခွဲကြည့်နိုင်ပါတယ်။ စီးပွါးရေးနည်းဗျူဟာအရ ကြည့်မယ်ဆိုရင်တော့၊ ဆိုရှယ်လစ်ဝါဒထက် အရင်းရှင်ဝါဒ က သာလွန်ကောင်းမွန်တယ်ဆိုတာကို သက်သေသာဓက အနေနဲ. တရုတ်ပြည်ရဲ. စီးပွါးရေးတိုးတက်မှုဟာ စီမံကိန်းစီးပွါးရေး planned economy နဲ. ကုန်ထုတ်လုပ်မှု means of production ကို ပြည်သူပိုင်အဖြစ်ပြုလုပ်ခဲ.တဲ. ပထမပိုင်းနှစ်(၃၀) မှာ နလံမထူနိုင်ခဲ့ပဲ။ ဈေးကွက်စီးပွါးရေး market-oriented economy နဲ. ပုဂ္ဂလိကပိုင်စံနစ် private ownership system ကို ကျင့်သုံးခဲ့တဲ. နောက်ပိုင်းကာလ အနှစ်(၃၀) က အရှိန်အဟုန်နဲ. ခုန်ပျံတက်ခဲ့တာကို တွေ.ရပါမယ်။

သို.သော်လည်း စီးပွါးရေးတိုးတက်မှုနဲ.အတူ ရရှိလိုက်ရတာတွေကတော့ ၀င်ငွေ အဆင့်ကွာဟချက်ကြီးမားမှု၊ သဘာဝပတ်ဝန်းကျင်ပြသနာများရဲ. ဆိုးဝါးပွါးများလာမှု တို.ရဲ. ရှုတ်ထွေးမှုတွေကလည်း ထင်ရှားပေါ်လွင် လာပါတယ်။ ဒါတွေကို ပြုပြင်ဘို.ကတော့ ဒီမိုကရေစီဝါဒကို အခြေခံတဲ. နိုင်ငံရေးအသွင်ကူပြောင်းတာကို မလွဲမသွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ. ဖြတ်သန်းခဲ.ပြီးတဲ. နှစ်၃၀က စီးပွါးရေး အသွင်ကူပြောင်းမှုကရလာတဲ. ကောင်းကျိုးတွေကို အုတ်မြစ်သဖွယ်အခြေခံပြီး နောက်ထပ်ရှေ.ဆက်ဖြတ်သန်းမယ့် နှစ်၃၀ကိုတော့ နိုင်ငံရေး အသွင်ကူးပြောင်း ခြင်းနဲ. စွမ်းစွမ်းတမံ ချီတက်ရမှာဖြစ်ပါတယ်။

စီမံကိန်းစီးပွါးရေး planned economy အောက်မှာနလံမထူနိုင်ခဲ့တဲ. “ပထမပိုင်းနှစ်(၃၀)”

၁၉၄၉ခုနှစ် တရုတ်နိုင်ငံရဲ. ကွန်မြူနစ်အသွင်ပြောင်းကာလမှာ စီမံကိန်းစီးပွါးရေးကို စတင်ကျင့်သုံးခဲ.ပြီး၊ ပုဂ္ဂလိကပိုင်တွေအားလုံး ဖျက်သိမ်းခဲ့ရပြီး အမြတ်ငွေကိုရည်မျှော်တဲ. ထုပ်လုပ်မှု၊ ကူသန်းမှုတို.လည်း ပိတ်ပင်ခံခဲ့ရ ပါတယ်။ လက်တွေ.မှာ ပြည်သူပိုင် (နိုင်ငံပိုင်) အဖြစ်နဲ. အသင်းအဖွဲ.ပိုင် (အလုပ်သမားအစည်းအရုံး၊ သမ၀ါယမ) တွေကလွဲရင် ရင်းနှီးပိုင်ဆိုင်ခွင့်ကို အသိအမှတ်မပြုပါဘူး။ အဲဒီလို ပြည်သူပိုင် စံနစ်ရဲ. အောက်မှာပဲပြည်သူတွေကဆင်းရဲလာပြီးအဲဒီနိုင်ငံပိုင်စံနစ်ရဲ.အောက်မှာပဲ နိုင်ငံရဲ. သယံဇာတကို ပြည်သူတွေခံစားခွင့်က နည်းပါးခဲ့ရတော့တာပါပဲ။ “ လူထုအားကစားလှုပ်ရှားမှု” တို. “ရိုးရာယဉ်ကျေးမှုထိမ်းသိမ်းရေးအစီအစဉ်” တို.လို လှုပ်ရှားမှုတွေဆိုတာလည်း လုပ်လိုက်သေးတယ်။ ဒါပေမယ်. တကယ့် စီးပွါးရေးစီမံကိန်းကလည်း လမ်းတ၀က်မှာ လမ်းပျောက်နေခဲ့တော့တယ်။ ၁၉၅၃ကနေ ၁၉၇၈အတွင်း ပြည်တွင်းထုပ်ကုန်ပမာဏ (GDP,gross domestic product ရဲ.တိုးတက်မှုနှုန်း၆.၁%၊ လူဦးရည်တိုးတက်မှုနှုန်းနဲ.  GDP တိုးတက်မှုကို အချိုးကကြည့်မယ်ဆိုရင် ၄.၀%မှာ ရပ်တန်.နေခဲ့ပါတယ်။ (နိုင်ငံတော်စာရင်းအင်းဗဟိုအဖွဲ.၊ ပြည်သူ.စီးပွါးရေးအထွေထွေစာရင်း အချက်အလက်ထုတ်ပြန်ရေးအဖွဲ.ဧ။် “တရုတ်နိုင်ငံသစ်နှစ်၅၀မြောက် ရင်းနှီးမြှုပ်နှံမှုစာရင်း။ ၁၉၉၉ခုနှစ်ထုတ်စာရင်းဇယားမှကိန်းဂဏန်းများ)

ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒရဲ. ဒီဇိုင်နာကြီးဖြစ်တဲ. တိန်.ရှောင်ဖိန်က ဒီ ပထမပိုင်းနှစ်၃၀နဲ.ပတ်သက်ပြီး (“နိုင်ငံရေးဘက်မှာတော့ ဒီမိုကရေစီဘက်ကို ဦးတည်ပြီး၊ စီးပွါးရေးဘက်မှာတော့ ပြည်လည် တည်ထောင်ရေး ကို ကျင့်သုံးမယ်၊ ၁၉၈၅၊ဧပြီလ၊၁၅ရက်နေ. ” )၁၉၉၃ခုနှစ်တွင် တရုတ်နိုင်ငံစာပေဗိမာန်မှ ထုတ်ဝေသည့် တိန်.ရှောင်ဖိန်မှတ်တမ်း၊ အတွဲ၃၊ အခုလို မိန်.ဆိုကြေငြာခဲ့ပါတယ်။

“ကျွန်တော်တို.တိုင်းပြည်ပြန်လည်ထူထောင်ခဲ့တဲ.နောက်ပိုင်း ၊ လယ်ယာစိုက်ပျိုးရေးကို မြေယာဖေါ်ထုတ် ရေးနဲ. စုပေါင်းထွန်ယက်စိုက်ပျိုးရေး ကို အကောင်အထည်ဖေါ်ခဲ့ပါတယ်။ မြို.ပြအနေနဲ. ကတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုစံနစ် ကုန်သွယ်စက်မှု လုပ်ငန်းများ နဲ. ဆိုရှယ်လစ်စံနစ်ရဲ. အသွင်ကူးပြောင်းခြင်းကို တပြိုင်တည်း ကျင့်သုံးဆောင်ရွက်ခဲ့ရာမှာ နှစ်မျိုးစလုံး အခြေအနေကောင်းခဲ့ပါတယ်။ အဲဒီလိုအချိန်မှာပဲ၊ ၁၉၅၇ခုနှစ်နောက်ပိုင်း အစွန်းရောက်လက်ဝဲ ultraleftism တွေထွက်ပေါ်လာပြီး တစတစဆိုသလိုပဲ အင်အားကြီးထွား လာပါတော့တယ်။ ၁၉၅၈ခုနှစ်မှာတော့ “လှုပ်ရှားမှု နှစ်” တစ်နှစ်အဖြစ်နဲ. ၀ုန်းကနဲကို ထကြွလာခဲ့ပြီး လူထုလူ.ဘောင်အဖွဲ.အစည်း people's commune အသွင်ယူနဲ. လှုပ်ရှားလာပါတော့တယ်။ “ပထမ ကြီးမားကျယ်ဝန်းတဲ. အတိုင်းအတာရှိရမယ်၊ ဒုတိယ လူထုပိုင်ဆိုင်မှုရှိရမယ်” ဆိုတာကို အားပေးတဲ.အခါမှာ ၊ ၀ိုင်းလုပ်ဝိုင်းစား လို.ဆိုပြီး ပေါ်ထွန်းလာတဲ. အကျိုးအမြတ်ကို အားလုံးခွဲဝေစားသောက်မယ် ဆိုရင်းက ထွက်ပေါ်လာတာကတော့ “ အလုပ်လုပ်ကြိုးစားသူမကြိုးစားသူ အချိန်တန် ဒီလခပဲ” ဆို တဲ. အမှားတရားကြီးပါပဲ။ ယဉ်ကျေးမှု ဘက်မှာဆိုလည်း “ရိုးရာယဉ်ကျေးမှုထိမ်းသိမ်းရေးအစီအစဉ်”က ပြောလောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ၁၉၇၆ခုနှစ် “လေးယောက်ဂိုဏ်း Gang of Four ” အပြို အကွဲနောက်မှာ ၂နှစ်လောက် ကို အစွန်းရောက်လက်ဝဲတွေရဲ. တယူသန်မှုနဲ. နောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်း စမ်းတ၀ါးဝါးနဲ.လမ်းပျောက်ခဲ့ ရပါသေးတယ်။ ဒီလိုနဲ.နေလာလိုက်တာ ၁၉၇၈ခုနှစ်အထိ ပါပဲ။ အဲဒီတော့ လယ်သမားနဲ. အလုပ်သမားထုတွေရဲ. ပိုင်ဆိုင်မှုဟာ ၁၉၅၈ကနေ ၁၉၇၈အထိ အနှစ်၂၀အတွင်းဘာမှ မယ်မယ်ရရ မတိုးတက်ပဲ စားဝတ်နေရေးအဆင့်အတန်းဟာ စံအဆင့်ကနေ အောက်မှာ ရောက်သွားပါတော့တယ်။ထုတ်ကုန်မြင့်မားမှုဆိုတာလည်းရေရေရာရာ မရှိတော့ တိုးတက်တယ်လို. မယူဆနိုင်ပါဘူး။ ၁၉၇၈ခုနှစ် နိုင်ငံသားတစ်ယောက်ရဲ. ကုန်ထုတ်လုပ်နိုင်မှု ပမာဏ GNP:Gross National Product ဟာ အမေရိကန်ဒေါ်လာ ၂၅၀တောင် မပြည့်ပါဘူး။ အဲဒီနှစ် နှစ်ကုန်ပိုင်းမှာကျင်းပတဲ. ကွန်မြူနစ်ပါတီ ပါတီတွင်းပုံမှန်အစည်းအဝေး မှာ ၊ ကျွန်တော်တို. ခေါင်းအေးအေးနဲ. စဉ်းစားပြီး၊ လက်ရှိအနေအထားကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်မယ် ဆိုရင်၊ ၁၉၇၈ခုနှစ် အထိ တရုတ်နိုင်ငံ တည်ထောင်းပြီး အနှစ်၃၀အတွင်း အောင်မြင်မှု အကျိုးရလဒ်က အင်မတန်ကြီးမားပါတယ်လို. ပြောနိုင်ပေမယ့် စီမံကိန်းချခဲ့တဲ. လုပ်ငန်းတွေကိုတော့ အောင်မြင်စွာအဆုံးမသတ်နိုင်ခဲ့ဘူးလို.ပဲ အနှစ်ချုပ်ရမှာ ဖြစ်ပါတယ်။ ”

၁၉၇၈ခုနှစ် အထိ တရုတ်နိုင်ငံ တည်ထောင်းပြီး အနှစ်၃၀အတွင်း အောင်မြင်မှု အကျိုးရလဒ်က အင်မတန်ကြီးမားပါတယ်လို. ဆိုတာကို ၊ ဘိန်းစစ်ပွဲ (Opium War ၁၈၅၆ )နောက်ပိုင်း မှာ အချုပ်အချာအာဏာပိုင် ဖြစ်လာတာကို ပါထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ တိန်.ရှောင်ဖိန်ရဲ.“ပထမပိုင်း နှစ်၃၀”ကို လက်ခံနိုင်တဲ. သုံးသပ်ချက်လို.ပဲပြောရတော့မှာပေါ.။

မှတ်ချက်
မူရင်းဆောင်းပါးရှင်ကတော့ The Chinese University of Hong Kong မှာပညာသင်ကြားခဲ့ပြီး The University of Tokyo မှာ စီးပွါးရေးပညာ ဒေါက်တာဘွဲ. ရခဲ့တဲ. တရုပ်လူမျိုး  “ခန်း ရှိယူး” ပါ။ ဆောင်းပါးကို အင်တာနက်စာမျက်နှာ
http://news.searchina.ne.jp/disp.cgi?y=2009&d=0928&f=column_0928_001.shtml
မှ ဘာသာပြန်ထားပါတယ်။
ဓါတ်ပံများကိုရယူတဲ.နေရာကတော့ http://news.searchina.ne.jp/disp.cgi?y=2009&d=0625&f=national_0625_005.shtml&pt=large

http://news.searchina.ne.jp/disp.cgi?y=2009&d=0702&f=national_0702_001.shtml&pt=large

No comments: