May 21, 2011

SPIRIT

ဗမာနိုင်ငံရဲ့ ကံကြမ္မာကတော့ ဗမာပြည်သူပြည်သားတွေရဲ့ စိတ်ဓါတ်နဲ့အားမာန်အပေါ်မှာမူတည်ပါတယ် 




မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ခုနှစ်စက်တင်္ဘာလ လကုန်ပိုင်းလောက်မှာ လုပ်ဖေါ်ကိုင်ဘက်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခြင်း၊ လူထုရဲ့ ထောက်ခံမှုကို သူမတူအောင်ရရှိခြင်းတွေနဲ့ အတူ စစ်အစိုးရရဲ့ နေအိမ်အကျယ်ချုပ်မှုတို့ကိုကျခံခဲ့ရတယ်။ အဲဒီနောက် ကုလသမဂ္ဂဖိတ်ကြားမှုကို စစ်အစိုးရအနေနဲ့ အသိအမှတ်ပြုပုံက တိုင်းပြည်ကထွက်သွားပြီးရင် ပြန်ဝင်လာခွင့်မရှိဘူးတဲ့။ ဒီလိုအပေးအယူဆန်တဲ့ ခွင့်ပြုမှုမျိုးကို  ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်ထဲမှာနေပြီး ဆက်လက်တိုက်ပွဲဝင်မယ့် လမ်းကိုပဲရွေးချယ်ခဲ့တယ်။ ပြီးတော့လည်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိသားစု ကို မြန်မာနိုင်ငံတွင်းဝင်ခွင့်ပိတ်ပင်တဲ့  အထိတောင်လုပ်ခဲ့လို့ ၉၉ခုနှစ်မှာခင်ပွန်းသည်ရဲ့ နောက်ဆုံးခရီး ကိုတောင် နှုတ်ဆက်ခွင့် လေး မရလိုက်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလို ခါးသီးလှတဲ့ ကံကြမ္မာကို ဘယ်လိုလက်ခံရင်ဆိုင်ခဲ့ရပါသလဲ။
စု။ ။ လက်ခံရင်ဆိုင်ခဲ့တာ မဟုတ်ပါဘူး။ “ရွေးချယ်ခဲ့တာ” လို့ပြောချင်ပါတယ်။ လူတွေမှာဘယ်လိုမှ ရွေးချယ်လို့မရတဲ့ ကံကြမ္မာဆိုတာရှိပါတယ်။ ဥပမာ၊ ဂျပန်မှာကြုံတွေ့လိုက်ရတဲ့ ငလျင်နဲ့ ဆူနာမီလို သဘာဝဘေးအန္တရယ် လိုမျိုးပေါ့။ နောက်ပြီး မင်းရဲ့ ဘ၀မှာဖြစ်ပျက်မယ့်အရာတွေကို လည်း ဘယ်သူကမှ ကြိုတင်မှန်းဆလို့မရသလို၊ ရွေးချယ်သတ်မှတ်ပေးလို့လည်းမရပါဘူး။ ဒါပေမယ့် အဲဒီဖြစ်ပျက်မှုတွေကို ဘယ်လိုရင်ဆိုင်မယ်သွားမယ်ဆိုတာကိုတော့ မင်းကရွေးချယ်ခဲ့တာတွေ လို့ထင်ပါတယ်။ ခုနစကားကိုပြန်ဆက်ရရင် ဂျပန်လူမျိုးတွေက ဒီငလျင်နဲ့ ဆူနာမီကို သဘာဝရဲ့ မတရားနှိပ်စက်မှုရယ်လို့ မပြောကြပဲ၊ အကောင်းဆုံးနည်းနဲ့ ရင်ဆိုင်ဖြေရှင်းသွားဘို့ အလုပ်လုပ်ကြပါတယ်။ ရင်ဆိုင်ဖြေရှင်းနည်းတွေကို ရွေးချယ်သွားနိုင်တာ အင်မတန်ကို မြင့်မြတ်တဲ့ အရည်အချင်းလို့ ထင်ပါတယ်။ ၈၉ခုနှစ် ကျွန်မဗမာနိုင်ငံကို   ပြန်လာတဲ့အချိန်၊ နိုင်ငံရေးအပြောင်း အလဲ တွေဖြစ်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲတွေထဲကို ကျွန်မကိုယ်တိုင်က ပါဝင်ဘို့ ကျွန်မကိုယ်တိုင်က ရွေးချယ်ခဲ့တာပါ။  ဘာမှမတတ်နိုင်ပဲ ပါဝင်လိုက်ပါခဲ့ရတာမျိုး မဟုတ်ပါဘူး။ အဲဒီအထဲမှာ ပါသွားအောင်ကျွန်မကိုယ်တိုင် ၀င်ခဲ့တာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်တာနဲ့ အခြားအရာအားလုံးကို လည်း ကျွန်မကိုယ်တိုင်က  ရွေးချယ်ခဲ့တာတွေပါပဲ၊

မိ။ ။ ဒီရွေးချယ်မှုဟာ အချိန်တွေရှည်ကြာညောင်းလှသလို၊ တခါတရံမှာလည်း ခါးသီးခက်ထန်တဲ့ တိုက်ပွဲတွေလည်းဖြစ်ခဲ့ရမှာပေါ့
စု။ ။ အဲဒီလိုရွေးချယ်တဲ့ အချိန်တုန်းကတော့ ခက်ခဲဒုက္ခများတဲ့ ရွေးချယ်မှုလို့ မတွေးခဲ့ပါဘူး။ လက်တွေ့မှာ အခြေအနေတွေခက်ခဲပြီး ဒုက္ခရောက်နေခဲ့တာတောင် “အခြေအနေတွေက ခက်ခဲပြီး ဒုက္ခရောက်လိုက်တာ၊ဒါဖြင့်  ရှေ့ကိုကောဘယ်လိုဆက်လှုပ်ရှားသွားမလဲ” လို့တော့  တွေးခဲ့တယ်။ 

မိ။ ။ ဒေါ်အောင်ဆန်းစုကြည် အရင်ကတည်းက “ဗမာပြည်ရဲ့တော်လှန်ရေးဟာ လူထုရဲ့ စိတ်ဓါတ်နဲ့ အားမာန် အပေါ်မူတည်တယ်”လို့ ခဏခဏပြောလာခဲ့ပါတယ်။ တော်လှန်ရေးအတွက် ဘယ်လို စိတ်ဓါတ်နဲ့ အားမာန် မျိုးလိုအပ်တယ်ဆိုတာကို ဂဃနဏ ပြောပြလို့ရမလား
စု။ ။ တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ မိမိကိုယ်တိုင် က တော်လှန်ရေးကို ဆင်နွှဲရမှာ ဖြစ်ပါတယ်။ အဲလိုမျိုးပါ ။ ဗမာလူမျိုးတွေက အပြောင်းအလဲကို မျှော်လင့်နေကြတယ်။ ဒါပေမယ့် လူအများစုက ဒီမိုကရေစီရဲ့ လှုပ်ရှားမှုထဲမှာ ကိုယ်ပါသွားမှာကို ကြောက်နေတာကတော့ အမှန်ပါပဲ။ အဲဒီထဲမှာများပါသွားလို့ကတော့ အဖမ်းခံရမလား၊ အလုပ်ပြုတ်မလား၊ မိသားစုအထိ နှိပ်စက် ဒုက္ခပေးခံရမလားဆိုတဲ့ ကြောက်မက်ဘွယ်ရာတွေအပြည့်။ အရင်ဆုံး အဲဒီအကြောက်တရားတွေကို ပျောက်သွားမယ့် အတွေးအမြင်တွေ မပြောင်းလဲလို့ မရပါဘူး။  တော်လှန်ရေးဆိုတာ ပြောင်းလဲယူရမှာပါ။ ကြီးမားတဲ့ ပြောင်းလဲယူမှုပါ။ အဲဒီပြောင်းလဲယူမှုကို  လူထုတစ်ရပ်လုံး တစ်ဦးစီတစ်ဦးစီကနေ လုပ်ရမှာဖြစ်ပါတယ်လို့ ပြောချင်တာဖြစ်ပါတယ်။ ဆိုကြပါစို့ “မနက်ဖန်ကစပြီး ဗမာပြည်ကို ဒီမိုကရေစီနိုင်ငံပြောင်းပြီ”လို့ အစိုးရက ကြေငြာတယ်ပဲထားပါတော့။ ဒီလိုဖြစ်လာတဲ့ ဒီမိုကရေစီဆိုတာ ရေရှည်မတည်တံ့နိုင်ပါဘူး။ ကျွန်မတို့ တစ်ဦးချင်းတစ်ယောက်ချင်း ရဲ့ စိတ်ဓါတ်တွေ ပြောင်းလဲမသွားသ၍ ဒီမိုကရေစီနိုင်ငံကို တည်ထောင်လို့မရဘူးလို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ရဲ့ ရှင်သန်ရပ်တည်မှုတွေ ကို ပြောင်းလဲမသွားသ၍  အဲဒါနဲ့ထိုက်တန်တဲ့ အရာတွေကို မရနိုင်ပါဘူး။ အားလုံးထဲမှာ အရေးအကြီးဆုံးအချက်က တော်လှန်ရေးကို ဆင်နွှဲမှာ ကျွန်မတစ်ဦးတည်းမဟုတ်သလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တစ်ဖွဲ့တည်းလည်းမဟုတ်ပါဘူး၊ အခြားမည်သူတစ်ဦးတစ်ယောက် မှလည်း မဟုတ်ပါဘူး။ လူတိုင်း က ၊မိမိကိုယ်တိုင်က ဆင်နွှဲရမှဖြစ်ပါတယ် ဆိုတာကို လူထုအားလုံး သိနားလည်ဘို့ဖြစ်ပါတယ်။
တော်လှန်ရေးဆင်နွှဲသူဟာ တစ်ယောက်တည်းတော့ မဟုတ်သလို၊  အဖွဲ့အစည်းနဲ့ လူထုအားလိုတယ်ဆိုတာကတော့အထူး ပြောစရမလိုပါဘူးပေါ့လေ။ မိတ်ဆွေအပေါင်းအသင်း နဲ့ ပတ်ဝန်းကျင်ရဲ့ ထောက်ပံ့ကူညီမှုရဲ့ အရေးပါမှုကိုတော့ ငြင်းပယ်ဘို့စိတ်ကူးမရှိပါဘူး။ နိုင်ငံတကာရဲ့ ကူညီမှုထောက်ပံ့မှုလည်းလိုအပ်ပါတယ်။ ဂျပန်နိုင်ငံအပါအ၀င် အာရှနိုင်ငံအသီးသီးရဲ့ ကူညီထောက်ပံ့မှု၊ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှု တွေက အရေးကြီးတဲ့ အခန်းကဏ္ဌမှာ ရှိတယ်လို့ထင်ပါတယ်။ 
သို့သော်လည်း အရင်းစစ်တော့ အမိမြေက ဆိုသလို၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ယုံကြည်ချက်(သန္ဒိဌာန်) လိုအပ်ပါတယ်။ လူတွေဟာာ ဘ၀ကို  ရှေ့ဆက်လျှောက်လှမ်းနိုင်ကြပါတယ်။ ဂျပန်နိုင်ငံမှာ အဲဒီအချက်ကို သိသာစွာတွေ့ရပါတယ်။ ဂျပန်နိုင်ငံဟာ ဒုက္ခမျိုးစုံကို ကြုံတွေ့ရတဲ့ နိုင်ငံပါ။ ဒါတွေကို ကျော်ဖြတ်ပြီး အခုလို တိုးတက်တဲ့ နိုင်ငံအဖြစ်ကို ရောက်လာနိုင်ခဲ့တယ်မဟုတ်လား။ ဒုတိယကမ္ဘာစစ်ကြီးပြီးလို့ ဆင်းရဲဒုက္ခတွေကို အဆိုးဝါးဆုံးခံစားခဲ့ရတာကိုတောင် ကျော်လွှားအောင်မြင်နိုင်ခဲ့တယ်။ အဲဒီလို သမိုင်းတွင်တဲ့ အတွေ့အကြုံ နဲ့ ထက်သန်တဲ့ ဇွဲလုံ့လကြောင့် ဂျပန်လူမျိုးတွေအတွက် “ ဖြတ်သန်းအောင်မြင်နိုင်ခြင်း” ဆိုတဲ့ မိမိကိုယ်ကို  ယုံကြည်ချက် တွေရှိလာရတာပါပဲ။ နောက်ထပ် တစ်ကြိမ် ဒါကို သေချာပေါက် အောင်မြင်အောင်စွာ လုပ်နိုင်လိမ့်မယ်ဆိုတာကို လူထုအားလုံးက သိနေကြတယ်။ 

မိ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုအချိန်မှာ စိတ်အ၀င်စားဆုံးအရာကိုပြောပြလို့ရနိုင်မလား။ 

စာကြွင်း။ ။ ဒီနေ့ နည်းနည်းတိုသွားတယ်။


4 comments:

Shinlay said...

စောင့်ဖတ်နေပါတယ်။ ကျေးဇူးပါ။

Thetmar said...

I like to read it.waiting for....................pls allow me to share to others.Thz

လသာည said...

မမွန်...

သတိရနေတယ်။
ဖတ်ပြီး ကွန်မန့်မရလို့ အခုမှ ရတယ်။ ကြက်တောင်ပံကြော်လေးလည်း သတိရနေတယ် :D

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ဝင်စားတယ်
ဘာသာပြန်ပြီးတင်ပေးတာ ကျေးဇူးပါ
ဆက်ပြီးစောင့်ဖတ်ပါမယ်