July 25, 2011

ဖန်တီး

ကြံဖန်ချက်စားပြီး တစ်ယောက်တည်း အ၀တီးပစ်လိုက်တာကို အတိုကောက်အနေနဲ့ “ဖန်တီး”လို့ ရေးလိုက်တာပါ။




အကြောင်းက ဒီလိုပါ။ ကျွန်မအကြိုက်  ဇရစ်ရိုး ကို ဒီမှာဝယ်လို့မရနိုင်ဘူးလေ။ ဒီတော့ ဇရစ်ရိုး ချဉ်ရည်ဟင်းတို့ ဇရစ်ရိုးအစပ်ကြော်တို့ကို စားချင်တော့ ကြံဖန်မိပါတယ်။





ဂျပန်မှာ စမ်စိုင်း (山菜)လို့ခေါ်တဲ့ အရွက်တွေရှိပါတယ်။ သူ့ပုံတွေကို အင်တာနက်ကနေ ကူးပြီးတင်ပေးလိုက်ပါတယ်။



ဇရစ်ရိုးပုံစံ နဲ့တူသယောင်ယောင်ရှိတာကတော့ အရိုးရှည်ရှည် နဲ့ ထိပ်ကအညွန့်လေးတွေ ခွေလိပ်နေတဲ့ စမ်စိုင်း ပါ။

မြန်မာပြည်က ဇရစ်ရိုးက ၀ါးလိုက်ရင် သွားနဲ့ကိုက်လိုက်တဲ့ အခါမှာ ရှရှမွမွလေးဖြစ်ရပါတယ်။ ဒီ စမ်စိုင်းကတော့ အဲလိုမဖြစ်ပါဘူး။
 စူပါမားကက်တွေမှာ ပြုတ်ပြီးသားအိတ်လေးတွေနဲ့ရောင်းပါတယ်။


ဂျပန်တွေ စမ်စိုင်း ကိုစားနည်းလည်းအမျိုးမျိုးပါပဲ။ ခေါက်ဆွဲနဲ့စားသလို၊ ထမင်းချက်တဲ့အထဲ  အခြား ဟင်းသီးဟင်းရွက်များနဲက အတူ ထည့်ချက်နည်းလည်း ရှိပါတယ်။  အဲဒါတွေကို စားရင်းကနေ မြန်မာလို ချက်စားဘို့ စိတ်ကူးပေါ်လာတာပါ။

အထုတ်ကိုဖေါက်ရေသွန်။ ပြီးရင်တရိုးစီကို ထိပ်ကနေလက်နဲ့ မျှင်ပြီးအချောင်းလေးတွေဖြစ်အောင် နွှင်ပါတယ်။ နောက်သူ့ကိုရေအေးနဲ့ ဆေးပြီး ရေကိုညှစ်ထုတ်လိုက်ပါတယ်။

ကြက်သွန်ဖြူ/နီ၊ ငရုတ်သီးတို့ကို ဆီသတ်ပြီး။ ခုနက အသင့်ပြင်ထားတဲ့ စမ်စိုင်း ကို  ဒယ်အိုးထဲထည့်မွှေပါတယ်။ နှံ့သွားအောင်မွှေနေရင်းက ပုဇွန်ခြောက်မှုန့်၊ ငံပြာရည်၊ အချိုမှုန့်တို့ကိုထည့်ပါတယ်။ အားလုံးကျက်တဲ့အနံ့မွှေးလာရင် မန်ကျည်းသီးမှည့် အနှစ်ကို သင့်တော်သလိုထည့်ပြီး မီးအေးအေးနဲ့ ဆက်ကြော်ပါတယ်။ဆီပြန်တဲ့ အသံလေးဒယ်အိုးထဲက ထွက်လာရင် မီးဖိုပေါ်ကချလို့ရပါပြီ။


ကျွန်မလိုပဲ အစားထိုးဖန်တီးမှုတွေလုပ်ကြမယ့် အိမ်ရှင်မတွေရှိကြမှာပါ။ အချိန်ရရင်  ဝေမျှခဲ့နော်။


22 comments:

Anonymous said...

ညီမ ကောင်းမွန်ဝင်းရေ

အမ တို့ ကတော့ ဒီနေ့ ဇရစ်အစစ်ကြော်စားတယ်နော် ညီမ ရဲ့ အစားထိုးဇရစ်လေးလည်း ကောင်းမှာပါနော်

ခင်မင်တဲ့
ရွှေစင်ဦး

ညီလင်းသစ် said...

သိပ်ကောင်းတဲ့ အိုင်ဒီယာပဲ မ,ကောင်းမွန်ရေ...၊ လူကြံရင် ထရံတောင် သွားကြားထိုးတံ ဖြစ်သေးတာပဲ ဆိုတော့ စမ်စိုင်းလည်း ခံနိုင်ရိုးလား..၊း) ဓါတ်ပုံ ကြည့်ရတာ အတော်လေး ကောင်းမှာ သေချာတယ်...။

လသာည said...

ဖန်တီး..ကို (တစ်ယောက်တည်း တီးနေတာလား အခု (*=*)) လာကြည့် ကူစားသွားတယ်း)))

စူးနွယ်လေး said...

ဗမာပြည်မှာကြော်စားကြတဲ့ ဒရင်ကောက် (ဍ္ဍ)အရွက်လေးတွေနဲ့တူတယ်နော်..သေချာတော့မသိ ဘူး။ ဒရင်ကောက်ကို မမြင်ရတာ သိပ်ကြာသွားလို့ :P

Shinlay said...

ကျမလည်းဇရစ်ကြိုက်ပါတယ်။ ကြော်စားစား၊ချဉ်ရည်ချက်စားစား ကြိုက်ပါတယ်။
ဒီမှာတော့မတွေ့ မိသေးပါဘူး။

Mandy said...

http://meemee-nage.blogspot.com/

ဒရင်ကောက်ရွက်ကို ဒီမှာကြည့်လို့ရတယ် တူလားတော့မသိဘူး

...အလင်းစက်များ said...

နည်းနည်းတော့ ပျော့တော့တော့ ဖြစ်သွားမှာပေါ့နော်အစ်မ... စရစ်ရိုးဆို ရှတတနဲ့  ဆတ်တတ်တတ်လေးကိုး ..... ဒါပေမယ့်... စားကောင်းမယ့်ပုံပါပဲ။

Iora said...

ကြည့်ရတာ ဒရင်ကောက်ညွန့် နဲ့ တူတယ်။
ကိုယ် ဒရင်ကောက်ညွန့် ကိုတော့မြန်မာပြည်မှာစားဘူးပါတယ်။ ချင်းတောင်မှာ ကွင်းဆင်းတုန်းကဆို အဲဒီအညွန့် တွေခူးပြီး ကြော်၊ သုတ်၊ ပြုတ်၊ ဟင်းချို နေ့ တိုင်းနီးနီး လုပ်စားကြတယ်။ ဟင်းရွက်မရှိလို့ လေ။ စားလို့ လည်း အရမ်းကောင်းပါတယ်။ ခု ကိုရီးယားကအထုတ်တထုတ်ဝယ်ထားတာရှိတယ်။ သုတ်စားမယ်ဆိုပြီး။ လုပ်စားအုန်းမှဘဲ။ စားချင်လာပြီ ဖန်တီးကို ကြည့်ပြီး ဖန်..တီး.. အုန်းမှဘဲ။ ကျေးဇူး..ကျေးဖူး။ ဇရစ်လည်းကြိုက်တယ်လေး

Anonymous said...

It must be delicious.I also like Zayit sour soup.Feeling jealous to both Shwezin and you.There's no Zayit and Samsai:(
Gyidaw

Anonymous said...

ဟုတ်ပ
ဒရင်ကောက်လေးတွေ
ဒီမှာတော့ ဒရင်ကောက်ရှိလို့သိတယ်လေး)
ကြံကြံဖန်ဖန်လုပ်စားပြီး စားလို့ကောင်းတယ်ဆို စိတ်ချမ်းသာတယ်မဟုတ်လား


ချော

seesein said...

ဇရစ်တွေ ရမယ် ရမယ် လတ်လတ်ဆတ်ဆတ် ဇရစ်တွေနော် တစီးမှ ၁၀၀ ထဲ ၁၀၀ ထဲ ၂၀၀ဖိုး ယူရင် သုံးစီး သုံးစီး ရပ်ကြည့်နေလို့ ကုန်သွားရင် တာဝန်မယူဘူးနော် ၀ယ်ထား ၀ယ်ထား ဈေးသည် အော်သံကြားလို့ ၂၀၀ ဖိုးကြီးများတောင် ၀ယ်ပစ်လိုက်တယ် ကုန်အောင်စားစေဗျာ ဖန်တီးလေးလဲ ကောင်းမှာဘဲ
ခင်မင်တဲ့
စစ

မိုးယံ said...

ဖန်တီးတဲ့ ဒိုင်ဒီယာကိုတော့ လေးစားသွားပြီ။

ဒီမှာလည်း ဘာထူးလည်း ဟိုဟာ အစားထိုး ဒီဟာ အစားထိုးနဲ့ စားနေရတာပါပဲ အစ်မရယ်။

ကျော်နှင်းဆီလွင် said...

မမွန်ရေ
လုပ်စားဦးမှပဲ
ညီမလဲအမြဲတွေ့ပြီး ဘယ်လိုလုပ်စားရမှန်းမသိတာနဲ့ ခုတော့အတော်ပဲ
:))

သူကြီးမင်း (တုံးဖလား) said...

သူကြီးမင်းတို့ တုံးဖလားအနောက်ဖက်က လျှိုထဲမှာ ဇရစ်တွေ ပေါမှပေါဘဲ။ သတိတောင် ရသွားပြီ။း))

မမွန်ချက်ထားတာက စားချင့်စဖွယ်လေး။ နိပွန်လာရင် ချက်ကျွေးခိုင်းဦးမှ။း))

ခင်မင်လျက်

Unknown said...

ဒရင်ကောက်ညွန်.လေးတွေ ရန်ကုန်မှာ ၁စည်းတစ်ရာနဲ. ၃စီးဝယ်စားတာ တစ်ခါကြော် ၂ယောက်စာတောင်မရဘူး။ ဒီမှာ ဝယ်စားရတာပိုတန်တယ် မကောင်းမွန်။ အဆင်ပြေရင်သုပ်စားကြည်.ဦးမယ်။

SHWE SHWE WIN said...

မမွန်တယောက် အဝတီးပစ်လိုက်တာ ဘာ အစားစာဘာလိမ့် ဆိုပြီး စာတ်ပုံကြည့်ပြီး ထုတ်လိုက်တဲ့ အဖြေကတော့ ဝက်ခေါက်ပြုတ်သုပ် ( သို့ ) ငါးသလဲထိုးကြော် ၊ ငှက်ပျောအူပင်ပြုတ်သုပ်... ..ဟဟဟဟဟ ...တက်တက်စင်အောင်လွဲ...

ှဗီယက်မှာတော့ အရွက်စုံရတယ် အမရေ ကျွန်မလည်း ကြော်စားလိုက်အုံးမယ် #

Swant said...

အဲ့ဒါ ဝါလဘီ လို့ခေါ် တဲ့ စန်းစိုင် ပါ.. ညီမ အိမ်ရဲ့ နောက် က တောင် မှာ Spring ဆို အများကြီး ပေါက် တယ်.. အဲ့ဒီ အချိန်ဆို စန်းစိုင် အမျိုးမျိုး ပေါက် လာပြီ.. ကိုဂို့မိ လို့ခေါ် တဲ့ စန်းစိုင် ဆို စားလို.အရမ်းကောင်းတယ်..တောက် တာမရှိဘူး..ဖုခိ ဆိုတဲ့ စန်းစိုင်ရဲ့အရိုးဆို ကြာရိုး အရသာနဲ့ တပုံထဲမို့ဟင်းခါးချက် သောက်ရင် ဂွတ် ရှယ် ပါပဲ စန်းစိုင် တော် တော်များများ က တောက်တတ်တာ မို. ဂျပန်တွေ ဒီအတိုင်း မစားပဲ baking soda or ပြာ နဲ့ တနေကုန် ပြုတ်ပြီးမှ စားကြတာပါ.. မကောင်းမွန် ရဲ့ပြုပ်ပြီးသားအထုတ် က safe လည်းဖြစ် အချိန်ကုန် လည်းသက်သာတာ မို.အကောင်းဆုံးပါ.. ဒီတခါ ဝါလဘီ ကို မကောင်းမွန် လိုချက်စားကြည့်ဦးမယ်..

Cameron said...

အမရေ..အဲဒီထိပ်က အကောက်လေးတွေပါတဲ့ အရွက်ကို ရှမ်းပြည်မှာတော့ ဋရွက်လို့ခေါ်တယ်..။ ခရမ်းချဉ်သီးလေးနဲ့ ခပ်ရွှဲရွှဲလေးကြော်စားကြတယ်..။

Cameron said...

အဟီးးး ဆောရီး ဍရေးတာ တတလင်းချိပ်နဲ့မှားသွားတယ်..။

ကိုအောင်(ပျူနိုင်ငံ) said...

မကောင်းမွန်ဝင်း :D
ဘလော့ဒေးအတွက် အမှတ်တရ ရေးပေးဖို့ ခင်မင်စွာ တက်ဂ်(tag) ထားပါတယ် ...

မဒမ်ကိုး said...

ထူးထုးဆန်းဆန်း နည်းရသွားပါတယ်
အမကောင်းမွန်ရေ..
ခင်တဲ့
မဒိုးကန်

Anonymous said...

ဒရင်ကောက်အရွက်ကိုတော့ သိတယ်..။
အဲ့စမ်ဆိုင် ဆိုတာ ဒီမှာရှိတယ်.။
အဲ့စမ်ဆိုင်ဆိုတာ ဒရင်ကောက်အရွက် ပဲမဟုတ်လားး.။

ဇရစ်ရိုးဆိုတာတော့ မသိ..။


ပေါက်