February 11, 2011

တစ်ခါက နှင်း ၊ ဒီနေ့လည်း နှင်း


ဒီနေ့ နှင်း
ဂျပန်နိုင်ငံအနှံ့အပြားလိုလိုမှာ နှင်းတွေကျပါတယ်။ တိုကျိုဘက်မှာတော့ ဒီဆောင်းမှာ သေချာစကျတဲ့  နှင်းလို့ပြောရမှာပေါ့။ အစပိုင်းတော့ ရေများတဲ့ နှင်းမိုးတွေပါ။ တဖြည်းဖြည်းနဲ့ ရေပါတာနည်းတဲ့ နှင်းတွေဖြစ်လာပြီး နှင်းပွင့်လေးတွေလည်း ပေါ့ပါးလွင့်ဝိုက်ပြီး အကျများလာပါတယ်။ ဒီနှင်းတွေကို ပထမဆုံးမြင်ဘူးခဲ့တဲ့ အချိန်ကိုလည်း သတိမိပါသေးတယ်။
ဒီတက္ကသိုလ်မှာကျောင်းသူဘ၀နဲ့ နှင်းကို စမြင်ဘူးခဲ့ရတယ်





ပထမဆုံးနှင်း

ကျတာကိုတော့ ကျောင်းဝင်းထဲက နိုင်ငံခြားသားကျောင်းသားအဆောင်မှာနေရတဲ့ အချိန်ပါ။ ည၁၀နာရီလောက်မှာနှင်းတွေအရမ်းကိုထူနေအောင် ကျနေတော့ သူငယ်ချင်းတရုတ်မလေးက ဖုန်းနဲ့ မက်ဆေ့ဂ်ျလှမ်းပို့လာတယ် ကျောင်းရှေ့ကွင်းကိုသွားကြည့်ရအောင်တဲ့ ။ ကျွန်မလည်း လိုက်မယ်ဆိုပြီး သူငယ်ချင်း၅ယောက် အဆောင်ကထွက်လာကြတယ်။ အေးလိုက်တာ ဒါပေမယ့် ဘ၀မှာပထမဆုံးမြင်ဘူးတဲ့ ထိတွေ့ဘူးတဲ့နှင်းဆိုတော့ ပျော်နေပါတယ်။ သူငယ်ချင်းတွေအားလုံးက နှင်းကျတဲ့နိုင်ငံကပါ။ သူတို့က ကျွန်မကို ကြည့်ပြီး သဘောကျနေခဲ့ကြပါတယ်။
မှောင်နေတဲ့ ည နဲ့ ဖြူနေတဲ့ နှင်းကိုကြည့်ရတာ ငိုချင်မယ်ဆိုလည်း ငိုစရာပဲလေ
 ကျောင်းရှေ့ကွင်းကိုရောက်တော့ တခြားကျောင်းသားတွေလည်း ရှိပါတယ်။ တစ်ချို့တွေက နှင်းတွေကို တိတ်တဆိတ် ခံစားတယ် တချို့ကတော့ စကားလေးပြောလိုက်ဆိုလိုက်နဲ့ကြည့်လိုက်ပေါ့။ ကျွန်မကတော့ဘာအကြောင်းမှ မရှိပဲ မျက်နှာကအလိုလိုပြုံးပြီး ပျော်သလိုဖြစ်နေခဲ့တယ်။  သူငယ်ချင်းထဲက တစ်ချို့ကတော့နှင်းတွေကို ကြည့်ရင်းငြိမ်သွားပြီး ကောင်းကင်ကျလာတဲ့ နှင်းတွေကိုမော့ရင်းကြည့်နေတဲ့ မျက်လုံးကမျက်ရည်တသွင်သွင် စီးသူတွေလည်း ရှိခဲ့တယ်။ သင်ရတဲ့ စာတွေခက်ခဲမှု၊ ကျောင်းလခအတွက် အချိန်ပိုင်းအလုပ်လုပ်ရတာပင်ပမ်းမှု အိမ်လွမ်းမှုတွေက ရင်ထဲမှာ အမြဲမွမ်းကြပ်နေရတာတွေ မျက်ရည်အဖြစ်နဲ့ အံထွက်လာတာပါပဲ။ကျွန်မလည်း ဘ၀တူချင်းပေမယ့် နှင်းမမြင်ဘူးတဲ့ နေရာကလာတော့ နှင်းကိုကြည့်ပြီး မလွမ်းမိပဲ ပျော်မိနေတာ ငိုနေတဲ့သူဘေးမှာရှိတော့ သိပ်မပြုံးနိုင်ပဲ ခဏကြာ ကျွန်မကိုယ်တိုင်လည်း မျက်ရည်ကျလာပါတယ်။ သူများဆီက အငိုကူးတယ်ဆိုပေမယ့် ကိုယ်ရင်ထဲ့ အပျော်ကတော့ ပျောက်မသွားပါဘူး။
ဒုတိယအကြိမ်မြောက် နှင်း
ကတော့  ကျွန်မကျောင်းတက်နေတဲ့မြို့မှာ နှင်း အကြီးအကျယ်ကျတဲ့ နှစ်ကို ကြုံတွေ့ ရတာပါ။
လွန်ခဲ့တဲ့ နှစ်၅၀လောက်ကလည်း အဲဒီလိုပဲ အကြီးအကျယ်ကျခဲ့ဘူးတယ်လို့ သတင်းတွေက ကြေငြာပါတယ်။ ကျွန်မကတော့ ဂျပန်မှာကျောင်းတက်တုန်း ဒီလိုမြို့မှာ ဒီလို သမိုင်းတင်တဲ့နှင်းကျတာနဲ့ကြုံ တယ်ဆိုပြီး ကြံဖန်ပျော်ပြန်တာပါပဲ။

တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က အချိန်ပိုင်းအလုပ်လုပ်တဲ့ ကော်ဖီဆိုင်ကို မနက် ၆နာရီခွဲအရောက်သွားခဲ့ပါတယ်။ သိတဲ့ အတိုင်း နာဂိုယာမြို့ဆိုတာက မြေအောက်ရထားအဓိကသုံးစွဲမှုများတဲ့ မြို့ဆိုတော့ ကော်ဖီဆိုင်ကိုတော့ မြေအောက်ရထားနဲ့ အချိန်မီရောက်ပါတယ်။
အိမ်ရှေ့လမ်းမက အဲလိုဖြစ်တဲ့ အထိ နှင်းကျခဲ့တာတောင် မနက်စောစော အချိန်ပိုင်းအလုပ်ကို ရောက်အောင်သွားခဲ့တယ်လေ

ဒါပေမယ့် မြေပေါ်သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်ကုန်လို့ အဲဒီနေ့က ကော်ဖီဆိုင်မှာ ဧည့်သည်မရှိသလောက်ပါပဲ။ ကျွန်မကတော့ စားပွဲထိုးတဲ့ အလုပ်ဆိုတော့ အလုပ်လုပ်ရင်း ပြတင်းပေါက်ကမြင်ရတဲ့ နှင်း တွေကိုကြည့်ပြီး တပြုံးပြုံးနဲ့ပေါ့။ အလုပ်လုပ်ရင်လည်း ပြုံးပြုံးလေးနေရတော့ ပါးစပ်ကို စိလို့မရအောင်ပါပဲ။ ကော်ဖီဆိုင် စားဖိုထဲမှာအလုပ်လုပ်တဲ့ ဂျပန်အဖိုးကြီးကတော့ ကျွန်မကိုကြည့်ပြီး စပါတယ်။ “နင်ကြားဖူးလား ငါတို့ဂျပန်မှာ  နှင်းကျတာကို ကြည့်ပြီး ပျော်တဲ့သူ နှစ်မျိုးရှိတယ်တဲ့ ၊ ကလေးရယ်၊ ခွေးရယ်” တဲ့။ ကျွန်မ အဲလိုပြောကြတာကိုသိပါတယ် ဒါပေမယ့်  ကျွန်မကလည်းပြန်ပြောတာပေါ့  ဒီစကားပြောတဲ့ ဂျပန်တွေက ခေတ်ဟောင်းကလူတွေ သူတို့က နှင်းမကျတဲ့ နိုင်ငံက ကျောင်းသားတွေဟာ
လည်း နှင်းကျတာတွေ့ရင်ပျော်တတ်တယ်ဆိုတာ မသိကြဘူးလေ။ ဒါကြောင့် အဲဒီဂျပန်စကားကို ပြန်ပြောင်းပြော၊ သိလား”လို့။

ဒါနဲ့ပဲ
နှစ်စဉ် နှင်း 
နဲ့ တွေ့ကြုံရတဲ့ အကြိမ်တွေများလာခဲ့ပေမယ့် ဘာရယ်မှန်းမသိတဲ့ အပျော်ကိုတော့ အခုထိ ရင်ထဲမှာ ဖြစ်ပေါ်ခံစားလို့ရတုန်းပါပဲ။ ဒီလိုနဲ့ နောက်ပိုင်းမှာ ဒီနှင်းတွေကို ယောက်ျားနဲ့ ဖြတ်သန်းခဲ့ရပြီး အခုနှစ်ပိုင်းမှာတော့ သားလေးပါအနားမှာအတူရှိပြီး ဆောင်းတစ်ခုရဲ့ ပထမဆုံးကျတဲ့ နှင်းတွေကို ကြည့်ပြီး စကားပြောကြည်နူးမိရတယ်။
ဒါကတော့ မနက်ကအင်တာနက်သတင်းမှာ ပါတဲ့ ပုံပါ


ဘ၀ဆိုတာတော့ နွေမိုးဆောင်းတွေကို အကြိမ်ကြိမ်ဖြတ်သန်းနေရတာပဲပေါ့။ ခုရောက်နေတဲ့ နိုင်ငံကတော့ အမိမြေထက် ကြမ်းတမ်းတဲ့ ရာသီဥတုဒါဏ်တွေရှိသလို ဒါတွေကို ကြံ့ကြံ့ခံနိုင်ဘို့ စိတ်နှလုံးကော ခန္ဒာကိုယ်ပါ ကျမ်းမာဘို့လိုပါတယ်။  ကိုယ်စိတ်နှလုံးကျမ်းမာ မှလည်း ရာသီဥတုနဲ့ ဘ၀ရဲ့ အလှအပရသတွေကို ပျော်ရွှင်ကြည်နူးစွာခံစားနိုင်မှာလေ။

သူငယ်ချင်းတွေနဲ့ လုပ်ခဲ့တဲ့ ခွေးပုံနှင်းပစ်တိုင်းထောင်လေးပေါ့



နောင်ကိုလည်း နှင်း
တွေကို ကြည့်ပြီး အခုလိုပဲ အမှတ်တရစကားတွေနဲ့ သတိတရရှိနေချင်ပါတယ်။ 


နောင်ကိုလည်း ဒီ နှင်းတောတွေကို ဖြတ်သန်းရဦးမှာ

နှင်းကျတာကိုကြည့်ပြီးသာမငိုတာ ကျွန်မကျောင်းတက်ချိန်က ခေတ်စားခဲ့တဲ့ ဂျပန်သီချင်းတစ်ပုဒ်ကို နားထောင်ရင်တော့ နှင်းမမြင်ရလည်း ငိုပစ်တာပေါ့။သီချင်းက နာကာ့ရှိမာ့ မိကာ့ ရဲ့ “ယူးကိ နော့ ဟာနာ့” တဲ့။ သီချင်းစာသားတွေက နင့်ကနဲ နေအောင်ခံစားရလို့ပါ။
のびた人陰(かげ)を舗道にならべ
 夕闇のなかを君と歩いてる
 手をつないでいつまでもずっと
 そばにいれたなら
 泣けちゃうくらい

 風が冷たくなって
 冬の匂いがした
 そろそろこの街に
 君と近付ける季節がくる

 今年、最初の雪の華を
 ふたり寄り添って
 眺めているこの瞬間(とき)に
 幸せがあふれだす
 甘えとか弱さじゃない
 ただ、君を愛してる
 心からそう思った
  君がいるとどんなことでも
 乗りきれるような気持ちになってる
 こんな日々がいつまでもきっと
 続いてくことを祈っているよ 

 風が窓を揺らした
 夜は揺り起こして
 どんな悲しいことも
 僕が笑顔へと変えてあげる

 舞い落ちてきた雪の華が
 窓の外ずっと
 降りやむことを知らずに
 僕らの街を染める
 誰かのためになにかを
 したいと思えるのが
 愛ということを知った

 もし、君を失ったとしたなら
 星になって君を照らすだろう
 笑顔も涙に濡れてる夜も
 いつもいつでもそばにいるよ

 今年、最初の雪の華を
 ふたり寄り添って
 眺めているこの瞬間(とき)に
 幸せがあふれだす甘えとか弱さじゃない
 ただ、君とずっと
 このまま一緒にいたい
 素直にそう思える

 この街に降り積もってく
 真っ白な雪の華
 ふたりの胸にそっと想い出を描くよ
 これからも君とずっと…

သီချင်းစာသား အင်္ဂလိပ်လိုဘာသာပြန်က ဒီနေရာမှာပါ။
ဓါတ်ပုံတစ်ချို့ကို အင်တာနက်က ကူးယူပါတယ်။



9 comments:

Anonymous said...

နှင်း ပုံပြင်ဖတ်သွားပါတယ်
နှင်း မြင်ရင် ပျော်တယ်နော အတူတူပဲ

ခင်မင်တဲ့
seesein

သူကြီးမင်း (တုံးဖလား) said...

ဒီဘက်က နှင်းတွေ အဲဒီဘက်ရောက်သွားပြီထင်တယ်။ မြင်ရတာတော့ ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကြာလာတော့လဲ နဲနဲ အမြင်ကပ်လာတယ်။ နှင်းကို ပြောတာပါ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညီလင်းသစ် said...

ဒီမှာတော့ မကြုံစဖူး ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ နှင်းလုံးဝ မရှိဘဲ ဖြစ်နေတယ်၊ Ski station တွေ တော်တော်များ များလည်း ပိတ်ထားရတယ်၊ မြို့ပြနှင်းတွေက ကျခါစ ရက်မှာ ကြည့်လို့ကောင်းတာတော့ အမှန်ပါပဲ၊ နောက်ရက်တွေကျတော့လည်း ကားမီးခိုးတွေနဲ့ ညစ်ထေးထေး ဖြစ်သွားတာပါပဲ၊

သီချင်းလေး ကြိုက်တယ်..။

SHWE ZIN U said...

ကောင်းမွန်ဝင်း လေး

နှင်းနဲ့ အတူထာဝရပျော်ရွှင်နိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ငယ်ကတည်းက မြူနဲ့ပဲ ရင်းနှီးခဲ့တာ..။
အခုနေတဲ့နိုင်ငံရဲ့ တချို့နေရာတွေ နှင်းကျတယ်ဆိုပေမဲ့
ကိုယ်မှ မသွားနိုင်တာ..။
ကျနော်နေတဲ့နေရာကျ နှင်းမကျတဲ့နေရာ.။
နှင်းကို မနှစ်ကမှ စတွေ့ဖူးတာ..။

ပေါက်

win latt said...

ိနှင်းတွေကျတာတော့ ဒီနှစ် ပိုများတယ်အမရေ။။
ဒီမှာလဲ အရမ်းကျတယ်။
မနေ့ကအထိ ကျတုံးပဲ။

ကျော်နှင်းဆီလွင် said...

မရေ
နှင်းတွေကြားကပဲ လာဖတ်သွားပါတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ခရီးထွက်နေလို့ ခုမှ နှင်းကလေးတွေကိုလာကြည့်သွားပါတယ်
ကိုယ်တိုင်လည်း နှင်းတွေကို အပြင်မှာတခါမှ မမြင်ဖူးတော့ မြင်ကြည့်ချင်ပါသေးတယ်
ပျော်မှာသေချာတယ်နော်
ဒါပေမဲ့ အေးတာကိုတော့ ကြောက်တယ်..
နေကောင်းတယ်ဟုတ်
အေးနေတယ်ဆိုတော့ ကျန်းမာရေး ဂရုစိုက်နော်
ခင်တဲ့
မချော

လသာည said...

နှင်းလေးတွေမြင်တိုင်း နှင်းထူထူကို ငေးရင်း ကော်ဖီပူပူ သောက်လမ်းလျှောက်ချင်တာ အမြဲပဲး)))