October 1, 2010

အပေါ်စီးက


ရန်ကုန်ကို သတိရပြီး ဇူလိုင်လမှာသွားခဲ့တုန်းက ရိုက်လာတဲ့ ဓါတ်ပုံတချို့ကို  ပို့စ်တင်လိုက်ပါတယ်။

အဝေးကဖူးမြင်ရတဲ့ ရွှေတိဂုံ ဘုရား


ကျွန်မရန်ကုန်ကို ခဏရောက်နေချိန်မှာ၊ တစ်ရုံးထဲအတူ အလုပ်လုပ်ဘူးတဲ့  ကျွန်မရဲ့ တိုးတိုးဖော် ချစ်ညီမလေး နှစ်ယောက်က ထမင်းစားဘို့ဖိတ်ပါတယ်။

ဒီလိုသစ်ပင်တွေ နောင်လည်းအမြဲကျန်ရှိနေချင်သေးတယ်
ပြန်ရောက်ကတည်းက ဖေဖေ့ကျမ္မာရေးအခြေအနေကြောင့် အိမ်အတွက်ဈေးဝယ်တာကလွဲလို့ ဘယ်မှမသွားဖြစ်တဲ့ အချိန်၊ သူတို့က မြို့ထဲက ဆာကူရာတာဝါအပေါ်ထပ်မှာ ထမင်းစားဘို့ ဖုန်းဆက်လာတော့ ဈေးကြီးလို့အားနာပေမယ့် မြို့ထဲဘက်ကိုသွားချင်တာနဲ့ သွားစားခဲ့ပါတယ်။
အောင်းဆန်းကွင်းကိုလည်းအ၀းကနေလှလှပပတွေ့ရပါတယ်

စားသောက်ဆိုင်က ကျွန်မအကြိုက်အပြင်အဆင်နဲ့၊ အစားအသောက်တွေကလည်း အရသာကောင်းပါတယ်။ အပြင်ဘက်ကို ကြည့်လိုက်တော့ ပတ်ပတ်လည်ကလည်း ရန်ကုန်မြို့ကို လှပစွာတွေ့ရလို့ စိတ်ကြည်နူးခဲ့ရပါတယ်။
ငယ်ငယ်တုန်း (အနားက)ခဏခဏဖြတ်သွားခဲ့ရဘူးတဲ့ ၀န်ကြီးများရုံး
 နေရာအနှံ့မရောက်ခဲ့ရတော့  အဝေးကမြင်ရတဲ့ ဓါတ်ပုံတွေပဲ ရိုက်ယူခဲ့တယ်။ 

ခေါင်းမိုးရောင်စုံတွေနဲ့ မှတ်မိတာတွေရှိသလို မသိတာတွေလည်းရှိပါတယ်
 ဗိုက်လည်းဝ စိတ်လည်း ကျေနပ်စရာ ကောင်းလှပါတယ်။ အကောင်းဆုံးကတော့ ချစ်ညီမလေးနှစ်ယောက်နဲ့ အလွမ်းပြေတွေ့ရပြီး သားကသူတို့နှစ်ယောက်ကို မှတ်မိနေလို့ ပြန်တွေ့ရတာ ပျော်နေတာကိုပါ။
ဒီဘက်ကမ်းကတိုက်အိမ်တန်း၊ ဟိုဘက်ကမ်းက သစ်ပင်အုပ်နဲ့လယ်ကွင်းလမ်း၊ အလယ်ခေါင်က မီးခိုးတန်းနဲ့ မြစ်ရေစမ်း
အားလုံးကိုအပေါ်စီးကနေရိုက်ယူထားတဲ့ ဓါတ်ပုံတွေဖြစ်နေတော့ ကြည့်ရတာမူးနေခဲ့ရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါရစေ။
ဆူးလေဘုရားကိုတော့ သွားမဖူးဖြစ်ခဲ့ဘူး
ဗိုလ်တစ်ထောင်ဘုရားလည်း ဘေးနားအထိရောက်ခဲ့ပေမယ့် အထဲမ၀င်ဖြစ်ခဲ့ဘူး
ဒီပို့စ်ကလေးနဲ့ကတော့ ရန်ကုန် အလွမ်းကမပြေပါဘူးနော်။ ဒါပေမယ့် ဓါတ်ပုံတွေကြည့်ပြီး ပြန်သတိရနေတာကလည်း အရသာတစ်မျိုးပေါ့ရှင်။

စာကြွင်း။  ။ ခေါင်းစဉ်နံမည် “အပေါ်စီးက ” =birds-eye view ကိုပြောတာပါ။ (ကြက်တူရွေးအမြင်နဲ့ ရိုက်ခဲ့တာမဟုတ်ပါဘူး။ အဲဒီတုန်းကတော့ ကြက်တူရွေးမဖြစ်ရသေးပါဘူးရှင်)

9 comments:

သူကြီးမင်း (တုံးဖလား) said...

အပေါ်စီးက... အင်း.. ????

အပေါ်စီးကပုံတွေကိုကြည့်ပြီး မူးဝေလာသလိုဖြစ်သွားတယ်။ နောက်တစ်ခါ အောက်က ပင့်ရိုက်ထားတဲ့ပုံတွေရှိလဲ တင်ဦးလေ အမရဲ့ နော်။

နာမည်ကို "အောက်ကျို့ ပြီး" လို့ပေးလိုက်ပေါ့။းဝ))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မိုးယံ said...

ရန်ကုန် ပုံတွေ ကြည့်ပြီး အလွမ်းဖြေသွား ပါတယ်။ ကျေးကျေး ပါ။ နောက်တစ်ခါ ဆာကူရာအပေါ်ထပ်သွား ရင် ခေါ်ပါလားဟင်။ အနော်က ဖရီးကစ်တော့ အကောင်းသား ။ အလကားကျွေးရင် အ၀ တီးတယ် ။ ဟီဟိ

လသာည said...

မြင့်မြင့်ပျံလို့ အပေါ်စီးက ကြည့်နိုင်ပါစေ....းD

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်ရတာ စိမ်းစိမ်းစိုစိုမို့ စိတ်ချမ်းသာသွားတယ်
မမူးပါဘူး.. ကြည့်လို့ကောင်းပါတယ်. တကယ်
ရှုခင်းတွေက လှနေလိုက်တာ
ဒီလိုလေးမြင်ရတော့လည်း ရန်ကုန်ဆိုတာ နေချင်စရာပါလားလို့ ပြန်တွေးနေမိတယ်.

မြတ်နိုး said...

ရန်ကုန်က လှပနေဆဲပါပဲ..နော်။

ကျေးဇူးပဲ မမွန်။

khun thadar said...

အပေါ်စီးဆိုလို့ တယောက်ယောက်နဲ့များ
ရန်ဖြစ်တာလားလို့ ;P

အကြံတူတယ်။ ခွန်လည်း အဲ့လိုပုံတွေ ရိုက်ခဲ့တယ်။
အဲ့ဆိုင် ရှု့ခင်းလည်းလှတယ် ဈေးလည်းကြီးတယ် ;D

SHWE ZIN U said...

အပေါ်စီးက အနိုင်ရတိုင်း ပြောချင်တိုင်းပြောသွားတာကို သတိရသွားတယ်

ညီမ ကောင်းမွန်ဝင်း ရေ အပေါ်စီး က ဓါတ်ပုံ ရိုက်တာတော့ ကောင်းပါတယ် လှတယ်

နှုတ်သီးကောက်ကောက် နဲ့ အပေါက်ဆိုး တဲ့ရွှေခဲလေး
ရွှေစင်ဦး

နှင်းမိုး said...

မမကောင်းမွန်ဝင်းး....
စာတွေတော့ အဆက်မပြတ်လာဖတ်ဖြစ်တယ်...။
မန့်ဖို့ကြတော့ ရွှေပြည်က ခက်တယ်မမရယ်..။ပြီးတော့
Word Verification ကညီမဆီမှာမပေါ်ဘူးဖြစ်နေတယ်...။ ခဏခဏမန့်ပင်မဲ့ရ၀ူးမမ..။ ခုတော့ပေါင်းမန့်လိုက်မယ်နော် မမ...။
ခြေထောက်အနွေးထည်က လက်ဆောင်ရထားတာတစ်ခုရှိတယ်.. ဒီမှာဘယ်အချိန်သွားဝတ်မလဲ မမရယ်...း(
ဗီယက်နမ်ပွဲတော်ကိုလဲ ၀င်နွဲသွားပါတယ်...။
သီချင်းအဓိပါယ်လေးက အရမ်းကောင်းတယ်မမ... ဝေမျှတဲ့အတွက် ကျေးဇူးအထူး....။
ဒီမှာတောင်သီတင်မကျွတ်သေးဘူးဆိုတော့ တိုကျိုမှာပဲ သီတင်းအရင်ကျွတ်လိုက်ပြီ...း)
ရန်ကုန်က လှဆဲပဲမမ...။ ဘယ်တော့မှရိုးမသွားဘူးနော်...။ ဆာကူရာတာဝါက အစားအစာကော ဈေးကော ကောင်းတယ်နော် မမ...။
ခင်မင်စွာဖြင့်
နှင်းမိုးမိုး

ကိုအောင် said...
This comment has been removed by a blog administrator.