September 17, 2010

ခြေထောက်အနွေးထည်





လက်ဂ် ၀မ်မာစ် (Leg warmers)
ဆိုတာကတော့ကျွန်မ မကြာခဏ၀တ်ဆင်လေ့ရှိတဲ့
ခြေထောက်အနွေးထည်တွေပါ။ အရင်ကျောင်းတက်တုန်းကတော့ မ၀တ်ဖြစ်ခဲ့ပါဘူး။ ရုံးမှာအလုပ်လုပ်ရတော့ နွေရာသီဆိုရင် တောက်လျှောက်အအေးခန်းထဲမှာ တစ်နေကုန်ထိုင်ရသလို အေးတဲ့ရာသီဆို အနွေးဓါတ်ပေးထားတဲ့ အခန်းထဲနေလည်း ဒူးပေါ်ကနေ အောက်ပိုင်းကို စောင်ပိုင်းခြုံထားလည်း ခြေထောက်တွေက ချမ်းတတ်လို့ သူ့ကိုဝတ်ဆင်ဖြစ်တာများပါတယ်။ရာသီ၎ခုစလုံးမှာ
တော်တော်လေး ၀တ်ဆင်ဖြစ်ပါတယ်။

နွေဘက်ဝတ်တဲ့ လက်ဂ် ၀မ်မာစ် ကတော့ အပါးဖြစ်လို့ မပူမအိုက်စေသလို၊  ဆောင်းဘက်မှာတော့ သိုးမွှေးတွေနဲ့လုပ်ထားတာများလို့ တကယ်နွေးစေပါတယ်။


ခလေးဝတ်နဲ့ ယောက်ျားဝတ် လက်ဂ် ၀မ်မာစ်တွေလည်း ရှိပါတယ်။


ယောက်ျားဝတ် ၄စုံ၊၃၉၈ယန်း
ယောက်ျားတွေကတော့ တကယ်ချမ်းတဲ့ ဆောင်းတွင်းတွေမှာ ဘောင်းဘီရှည်ရဲ့အောက်ကခံဝတ်ကြတာများပါတယ်။

ခလေးတွေကတော့ အိမ်ထဲမှာနေတဲ့ အချိန်မှာဝတ်ပေးရသလို အပြင်ထွက်ရင်လည်း လိုတာပါပဲ။

အမျိုးသမီးဝတ်တွေကတော့ အနွေးဓါတ်ကော အလှအပအတွက်ကော နှစ်ခုစလုံးအတွက်ပါ ၀တ်ဆင်ကြပါတယ်။
အမျိုးသမီးများအတွက်တော့ စကတ်တို၊ ဘောင်းဘီတိုအောက်က ၀တ်သလို၊ စတော့ကင် အသားကပ်ဘောင်းဘီအပေါ်ကလည်း ၀တ်တတ်ပါတယ်။

အရှည်ဆန့်ပြီးဝတ်သလို အရစ်ကလေးတွေဖြစ်အောင် ခပ်လိပ်လိပ်လေးတွေလုပ်ပြီလည်း စတိုင်ထုတ်ကြပါတယ်။

 ဒီဇိုင်းမျိုးစုံ အရောင်အသွေးမျိုးစုံ၊ ပိတ်သားမျိုးစုံ၊ အတိုအရှည်မျိုးစုံ၊ဒူးဆစ်အောက် သို့မဟုတ် ဒူးဆစ်အပေါ်ကနေ  ခြေချင်းဝတ်အထိ၊ ဒါမှမဟုတ် ခြေဖ၀ါးအလယ်အထိလည်း ရှိတတ်ကြပါတယ်။ရုံးကိုသွားတဲ့ အချိန်တွေမှာတော့ အဆင်မပါတဲ့ပြောင် အရောင်ရင့်တွေက ပိုကောင်းမယ်လို့ထင်ပါတယ်။


ဘောင်းဘီရှည်အောက်က ခံဝတ်မယ်ဆိုရင်တော့ ဘာအရောင်ဘာအဆင်ပဲဖြစ်ဖြစ် နွေးဘို့ အဓိကပါပဲလေ။


ခြေထောက်အေးတတ်၊ ချမ်းတတ်သူတွေကို ဒါလေးတွေ ၀တ်စေချင်ပါတယ်။
ဒေါက်ဖိနပ်ပဲစီးစီး ခြေအိတ်ကိုမ၀တ်တတ်တဲ့ သူဖြစ်ဖြစ်၊ ခြေသည်းအလှပဲပြချင်ချင် အားလုံးအဆင်ပြေတယ်။

နေရထိုင်ရတာ သက်တောင့်သက်သာနဲ့ ကျမ္မာရေးလည်းညီညွတ်စေတယ်လေ။

လက်ဂ် ၀မ်မာစ် ၀တ်နေကြဆိုတဲ့သူတွေကတော့  အခုလာမယ့် ဆောင်းဦးနဲ့ ဆောင်းအတွက် အဆင်သင့်ဖြစ်နေပြီကြပြီလို့ထင်ပါတယ်။ မ၀တ်ဆင်သေးဘူးတဲ့ သူတွေလည်း (၀တ်ဆင်ကြည့်ဘို့စိတ်ကူးရှိတယ်) ဆိုရင် ကိုယ့်နဲ့လိုက်ဘက်မယ့် အဆင်အရောင်လေးနဲ့ ခြေထောက်လေးကို နွေးပြီး လှသည်ထက်လှနိုင်ပါစေလို့ ။   ။


ဓါတ်ပုံများကို အင်တာနက်မှ ရှာဖွေကူးယူပါတယ်။



10 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လှတယ်ဗျို့
ဆောင်းဝင်တော့မယ်ဆိုတော့ စုထားဖို့လိုနေပြီ
လက်ဆောင်ပို့လိုက်ပါး)
အပေါ်ဆုံးကခြေထောက်ဟာ မကောင်းမွန်ဝင်းခြေထောက်လေးများလား
ချစ်စရာကောင်းလိုက်တာ
လက်ဆောင်ရမလားလို့ မြှောက်သွားတယ်..း)

လသာည said...

နောက်တပတ်ကစပြီး ဆောင်းဝင်တော့မယ်နော်။ ဒီနှစ်တော်တော်ပူတော့ မြန်မြန်အေးစေချင်ပြီ။

ခြေထောက်အနွေးထည်ထက် အသားကပ် အနွေးဘောင်းဘီပဲ ၀ယ်ဝတ်ဖြစ်တယ်။ ဘာလို့ဆိုတော့ စကတ်သိပ်မ၀တ်လို့း))))

khun said...

အဲဒါမရှိသေးဘူး...

SHWE ZIN U said...

အဟဲ ခြေထောက်အနွေးထည် မပြောနဲ့ အပေါ်အနွေးထည် တောင်ကောင်းကောင်းမရှိဘူး

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ခြေထောက်အနွေးထည်လေးကိုသေချာကြည့်သွား
ပါတယ်..

ခင်မင်စွာ
သဒ္ဓါ

ကျော်နှင်းဆီလွင် said...

မရေ
ဂျပန်ကမုန်တိုင်းနဲ့အတူ ဆောင်းဦးကိုရုတ်ချည်းပြောင်းသွားလိုက်တာ နေလို့အတော်ကောင်းလာတယ်နော်။
လမ်းမှာလည်း ဆောင်းဦးဝတ်စုံ ဖိနပ်လေးတွေကိုယ်စီ ထက်ဝက်နီးပါး ဆောင်းဦးဖက်ရှင်စနေကြပြီနော်....
ဒီနှစ်ဆောင်းတော့ မရဲ့ ခြေထောက်အနွေးထည်လေးတွေများများဝတ်မှပဲ လို့...
ညီမငယ်

ခိုင်နုငယ် said...

အေးတဲ့နေရာဒေသတွေအတွက်
ဆောင်းရာသီ အတွက် လှပတဲ့
ခြေစွပ်လေးတွေပါပဲ။

သူကြီးမင်း (တုံးဖလား) said...

အမကောင်းမွန်ဝင်းရေ...
ခြေထောက်အနွေးထည်တွေကို မိန်းခလေးတွေဘဲ အ၀တ်များကြတယ်ထင်တယ်နော်။ ယောက်ျားလေးတွေ မ၀တ်ကြဘူးလားမသိဘူး။ အမှန်လဲ ကျနော်ဝတ်ချင်ဘူး။ တစ်မျိုးကြီး။း))))

ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

win latt said...

အနွေးထည်ရှိတဲ့သူတွေများ ခြေထောက်အနွေးထည်
ရှာဝတ်ကြသေးတယ်...ကြည့်။
ကျွန်တော်ကတော့ အနွေးထည်အသစ် ရှာမဝတ်တော့
ဘူးအမရေ...
သစ္စာ တစ်ခုထဲနဲ့ နွေးအောင်နေလိုက်တော့မယ်...။

ငွေလမင်း said...

လာဖက်ပြီး ၊ ခြေထောက် တစ်စုံကို သေသေချာချာ ကြည့်သွားတယ် ။