August 12, 2010

ဘလောက်အရောင်

နောက်ခံအရောင် နောက်ခံဒီဇိုင်းတွေကြောင့် စာဖတ်ရတာအခက်အခဲဖြစ်စေတဲ့ ၀က်ဗ်ဆိုက်တွေကို ဖတ်ဘူးကြည့်ဘူးမယ်ထင်ပါတယ်။


ကျွန်မအတွက်ကတော့ ကျွန်မကြိုက်တဲ့ ဘလောက်အတော်များများဟာ နောက်ခံအမဲ သို့မဟုတ် အလွန်တောက်ပတဲ့ အရောင်တွေကို သုံးကြပါတယ်။ ကျွန်မလည်း ဒီလိုပဲလေ၊ ကိုယ်ကြိုက်တဲ့ အရောင်ကို လှတယ်ထင်ရင် သုံးပစ်လိုက်တာပါပဲ။

သို့သော်လည်း ဂျပန်တွေကတော့ အင်တာနက်စာမျက်နှာပေါ်မှာ စာဖတ်သူရဲ့ မျက်လုံးကိုထိခိုက်စေပြီး စာဖတ်ရတာ အခက်အခဲဖြစ်စေတဲ့ အတွက် ရှောင်ကြဉ်သင့်တဲ့ စာလုံးရဲ့ အရောင်၊ စာလုံးရဲ့ အရွယ်အစား၊ နောက်ခံအရောင် နောက်ခံဒီဇိုင်းတွေ ဆိုတာရှိပါတယ်တဲ့။

အရောင်အတွဲအဘက်တွေကြောင့် အသက်ကြီးတယ်ငယ်တယ် မဟုတ်ပါဘူး၊ မျက်စိကောင်းသူ လူတစ်ယောက် ကိုတောင်မှ ဆိုးကျိုးဖြစ်စေပါတယ်တဲ့။ ဘယ်လို အရောင် အတွဲအဘက်တွေက စာဖတ်ရခက်စေသလဲ ဆိုရင်၊

-မှောင်သောအရောင်နောက်ခံနဲ့ တောက်သောအရောင်စာလုံး

-တောက်ပသော အရောင်နောက်ခံနဲ့ တောက်သောအရောင်စာလုံး

-မှောင်သောအရောင်နောက်ခံနဲ့ မှောင်သော အရောင်စာလုံး တွေပါ။

ဆိုလိုတာက စာလုံးရဲ့ အရောင်နဲ့ နောက်ခံရဲ့ အရောင် တို့ရဲ့ အလင်းအမှောင်အချိုးအစား contrast ratio မကိုက်ညီလို့ပါပဲ။ အလွယ်ဆုံးပြောရရင်တော့ အဖြူပေါ်အဖြူစာလုံး၊ အမဲပေါ်အမဲစာလုံး ရဲ့ အလင်းအမှောင်အချိုးအစား မျိုးပါ။

စာလုံးဝေါဟာရ တစ်ခု၊ စာတစ်ကြောင်းလောက်ကို အလှအပအနေနဲ့သော်လည်းကောင်း တစုံတရာသောရည်ရွယ်ချက်နဲ့သော်လည်းကောင်း ရေးတာက လွဲရင် ၊ ပုံမှန်မှာ ရှောင်ကြဉ်သင့် ပါတယ်တဲ့။ အထူးသဖြင့််ကတော့ စာသားများကို အများဆုံးအသုံးပြုတဲ့ အင်တာနက်စာမျက်နှာများမှာ စာလုံးအရောင်၊ အရွယ်၊ နောက်ခံအရောင်တို့ကို သတိမပြုမိကြပေမယ့် ဖတ်ရခက် လိုက်တာ ဆိုတာကိုတော့ မကြာခဏတွေ့ကြုံဘူးကြရပါတယ်။

အမဲရောင်ပေါ်မှာ အဖြူစာလုံးဟာ အလွန်ထင်ရှားပြီး ဖတ်ရတာကြည်လင်ပြတ်သားတယ်ဆိုတဲ့ သူတွေရှိသလို၊ ကြည့်ရတာ မျက်စိကျိန်းတယ်ဆိုတဲ့သူတွေလည်းရှိပါတယ်။ ဒါဟာဘာဖြစ်လို့လဲ ဆိုရင် အလင်းအမှေင်အချိုးအစား မြင့်မှု high contrast ratios ၊ အလင်းအမှေင်အချိုးအစား နိမ့်မှု low contrast ratios ကိုခံနိုင်ရည်ရှိမှုဟာ တစ်ဦးနဲ့တစ်ဦးမတူကြပါဘူး။

အကောင်းဆုံး အလင်းအမှောင်အချိုးအစား contrast ratio ကို ဘယ်ဟာပါလို့ အတိအကျပြောဘို့ခက်ပေမယ့် တောက်ပမှုစံ F-measure ၁၂၅လောက်ဆိုရင် ဖတ်ရလွယ်ကူပါတယ်လို့ ဆိုသူကတော့ပိုများတယ်လို့သိရပါတယ်။စိတ်ဝင်စားလို့ တောက်ပမှု စံ နဲ့ စာလုံးအရောင်၊ နောက်ခံအရောင်တွေ ကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်လည်း “ကိုးကား”မှာပါတဲ့ လင့်ခ်တွေမှာရှာဖွေနိုင်ပါတယ်။ အင်္ဂလိပ်လို ဂျပန်လို နှစ်မျိုးစလုံးရှိပါတယ်။
ကျွန်မလည်း ရှာကြည့်သေးတယ်၊ အဟဲ သိတယ်မို့လား ကျွန်မရွေးထားတဲ့ အရောင်လည်း မကောင်းသေးဘူးရှင့်။

ကိုးကား
http://en.wikipedia.org/wiki/F-number#Human_eye
http://www5.ocn.ne.jp/~libran/color/colorChange.html
http://snook.ca/technical/colour_contrast/colour.html

11 comments:

SHWE ZIN U said...

ညီမ ရေ

အရောင်တွေ အရေးကြီးတယ် နော် တချို့ ဘလောဂ် တွေ အရောင်စပ်တာ ဖတ်မကောင်းတာတို့ မမြင်ရတာတို့ ဆိုရင် အမ ကတော့ အော်ခဲ့တာဘဲ

ခင်မင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

မှတ်သားစရာပါဘဲ... ခုလိုဗဟုသုတအနေနဲ့ ရေးတင်ပေးတာ ကျေးဇူးပါနော်.. ကျွန်မရဲ့ အစိမ်းရောင်တော့ မျက်စိစူးတဲ့အထဲများ ပါနေမလား မသိဘူး.... ဘလော့နံမည်က အစိမ်းရောင်လွင်ပြင်ဖြစ်နေတော့ တစ်ခြား ဘယ်အရောင်နဲ့မှ အဆင်မပြေတော့ဘူး ဖြစ်သွားတယ်.. ကိုယ်တိုင်လည်း အစိမ်းကြိုက်တာကိုး.. ဘလော့အရောင်နဲ့ဒီဇိုင်းရွေးရတာလဲ အတော်တော့ ဦးနှောက်စားတယ်နော်.. အချိန်လဲ တော်တော်ပေးရတယ်..

SHWE ZIN U said...

ညီမ ရေ

အားနာနာ နဲ့ ပြောရရင် ညီမ ရဲ့ စလိုက်ဘားက ခေါင်းစဉ် ပန်းရင့်ရောင်တွေက မျက်စေ့ စူးတယ် သိပ်မမြင်ရဘူး နော်ညီမ အဲဒါ ပြောချင်လို့ပြန်လာတာ

ခင်တဲ့
ရွှေစင်

Myanmar Good Knowledg Co., Ltd said...
This comment has been removed by the author.
mabaydar88 said...

ညီမကောင်းမွန်ရေ..

အဟဲ အမလည်း ဘာပြောရမလည်း မသိဘူး.. (လေ သံတူ ညင်းညူုသွားခြင်း)..။ မပြင်တက်တော့ဘူး.. လုပ်ပေးတဲ့သူက ရွေးခိုင်းလည်း စိတ်ရူပ်နေတာနဲ့ အချိန်ကုန်..။

ရေးတင်တာ ကျေးဇူး..။

ပန်းဗေဒါ (၈၈)

သဒ္ဓါလှိုင်း said...

ဟုတ်တယ်..သဒ္ဓါလည်းအရောင်ငြိမ်ငြိမ်လေးကို
ကြိုက်တယ်..။ကိုယ့်ဘလော့လေးလည်းအဆင်ပြေ
ရဲ့လားမသိဘူးနော်..

ခင်မင်စွာ
သဒ္ဓါ

win latt said...

အမ ...
စာမရေးဖြစ်တာ စိတ်မပါလို့ပါ..
လာလည်သွားတယ်ဆိုတဲ့ ခြေရာကို တွေ့လို့ ဝမ်းသာပါတယ်။
စိတ်ရှုတ်စ၇ာတွေရှိတော့ စာထဲစိတ်မရောက်ဘူးအမရေ။
မကြာမကြာ စာလာဖတ်ဖြစ်ပါတယ်။
အမက စာရေးကောင်းတယ်။ဖိုင်တစ်ခုဖွဲ့သိမ်းထားပြီး စာအုပ်ထုတ်ပါလား...
မိသားစုနဲ့ ပျော်ရွှင်ပါစေ။

Myanmar Good Knowledg Co., Ltd said...

အစ်မရွှေစင်ဦးရေ
ကျေးဇူးတင်ပါတယ်နော်။
အခု ပြန်ပြောင်းလိုက်ပါပြီ။
ခင်မင်လေးစားလျှက်

သူကြီးမင်း (တုံးဖလား) said...

အကောင်းဆုံးကတော့ အဖြူနောက်ခံနှင့် အမဲစာလုံးပါဘဲလေ။ ဖြူမဲပေါ့။ အမပြောသလိုဘဲ တစ်ချို့ဘလော့တွေ အတော်လေး ဖတ်ရတာ အဆင်မပြေဘူး။ စာအရေးအသားကောင်းပါရက်နဲ့ ဘလော့နောက်ခံအရောင်နှင့် စာလုံးအရောင်တွေကြောင့် အတော်လေး အားယူပြီးဖတ်နေရတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

နတ်ဆိုးလေး said...

အမ ရေ ကျွန်တော့် ဘလော့ဂ် မှာလဲ အမ လာအော် ဖူးတယ်နော် .. နောက်တစ်ခေါက်လောက် လာကြည့်ပေးလေ ... အဆင်ပြေလားလို့..

khin oo may said...

အခုအရောင်ကလေးအဆင်ပြေတယ်။