July 9, 2011

အနှစ်အပြည့်နဲ့ ကိုယ့်ဘဝ

မနက်က ကြက်ဥပြုတ်ပြီးခွဲလိုက်တော့ ကြက်ဥတစ်လုံးထဲမှာ အနှစ် နှစ်ခုကိုတွေ့ရတယ်။


13 comments:

Unknown said...

မကောင်းမွန်။လေဥ မဟုတ်ရင် အမွှာလေးမွေးမယ်ထင်တယ်နော်။ :P :D ဟဲဟဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

အတိနမိတ်ကောင်းလို့ မှတ်ယူရမှာပေါ့။
ရှားရှားပါးပါးတွေ့ရတာဘဲလေ နော်

ကျော်နှင်းဆီလွင် said...

မမွန်ရေ
မွန်စံပြောသလို
သေချာတယ် အမွှာလေးပဲဖြစ်မှာ
ဒါဟာ တိုးပွားမယ် ဖြစ်ထွန်းမယ် နမိတ်တွေပဲ ဖြစ်ရမယ် :))

မိုးယံ said...

အဲဒါ အထီးအစ်မ တစ်စုံ ဖြစ်ရမယ်.. သိပ်ချစ်လွန်းလို့ အရင်ဘ၀တုန်းက မောင်နှံ သစ္စာတိုင်ခဲ့ပြီး မကောင်းမွန်ဝင်းစီ ရောက်တော့ ကြက်ကြက်ကွဲ...အဲလေ ၀က်ဝက်ကွဲတော့တာပါပဲ။ ဟီးဟီး

seesein said...

အမွှာကြက်ဥမို့လို့တော်သေးတယ် ကောင်းကောင်းရေ နော်

ခင်မင်တဲ့
စစ

ကိုကိုမောင်(ပန်းရနံ့) said...

အနှစ်နှစ်ခု၊ ကြက်ဥဥ၊ တစ်ခု ရွေးချယ်ပါ။
တစ်ခုကိုစား၊ တစ်ခုထား၊ ယောက်ျားအတွက်ပါ။
သားလေးအတွက်၊ နောက်တစ်ရက်၊ ဈေးထွက်ဝယ်လိုက်ပါ။
အနှစ်နှစ်ခု၊ ထပ်တွေ့ရှု၊ တောင်းဆုပြုလိုက်ပါ။
ဆုတောင်းတိုင်းတာ၊ ပြည့်လေမှာ၊ သေချာမှတ်သားပါ။
ထို့ကြောင့်ပေါင်းစု၊ နောက်ကြက်ဥ၊ ယခုဝယ်လိုက်ပါ။
ကောင်းမွန်အမ၊ သူဌေးလှ၊ မုချဖြစ်ဦးမှာ။

ခင်မင်လျက်

Shinlay said...

ရှားရှားပါးပါး။ ကံကောင်းခြင်းတွေ ၂ဆ တိုးပါစေ။

SHWE ZIN U said...

ကံကောင်းတဲ့ လူက အနှစ်အပြည့်
ကံမကောင်း တဲ့ ရွှေစင်ဦး က အနှစ်မကြိုက် အကာဘဲကြိုက်

PhyoPhyo said...

အမွှာလေး ထပ်ရမယ်ထင်တယ်။ မဟုတ်ရင် ကံကောင်းခြင်းနှစ်ဆပေါ့။

ကိုအောင်(ပျူနိုင်ငံ) said...

ထီလေးဘာလေး ထိုးကြည့်ပါလား ...

ညီလင်းသစ် said...

အနှစ်က ပြည့်တာမှ ၂၀၀% တောင်မှ ပါလား မ,ကောင်းမွန်ဝင်းရေ...၊ ရုတ်တရက်ကြည့်ရင် အဝါရောင် စွယ်တော်ရွက်လေးလို့ တောင် ထင်ရတယ်...။း)

Anonymous said...

ကံကောင်းခြင်းတွေ ပြည့်နှက်နေအုန်းမယ်ထင်တယ်။
အိုင်အိုရာ

Anonymous said...

အစ်မကောင်းမွန်ဝင်း...
အနှစ်၂ခုဆိုတော့ စားရတာ စိမ့်နေမှာပဲ.။
အမွှာတော့ မမွေးလိုက်ပါနဲ့..။
အိမ်မှာ သာဓကရှိလို့..။
ဖတ်ဖတ်မောနေမစိုးလို့ပါ..။
ဟိဟိ


ပေါက်