April 23, 2011

စနေမနက်စာ

တစ်ပါတ်လုံးစာ အ၀အိပ်ပစ်လိုက်တယ်။ မနက်၁၀နာရီအထိ။ မြန်မာစံတော်ချိန်နဲ့ဆို၇နာရီခွဲပဲရှိသေးတာ။
သားကတော့ ကိုးနာရီကတည်းက ထလို့ သူ့အဖေက ကာတွန်းချယ်နယ်ဖွင့်ပေးထားတာကို ရေနွေးသောက်ပြီးထိုင်ကြည့်နေရှာတယ်။
သားကြိုက်တဲ့ ကာတွန်းကားတွေထဲက တစ်ခုပေါ့။ သောမတ်စ် နဲ့ ပါစီ။



၁၀နာရီမှာ ယောက်ျားက အလုပ်သွားတော့မယ်ဆိုပြီး လာနှိုးလို့ နိုးတာ။ ယောက်ျားကိုနှုတ်ဆက်ပြီး သားကို လုပ်ပေးစရာတွေလုပ်ပေးပြီးမနက်စာပြင်ရတယ်။

သားကိုဘာစားချင်လဲမေးတော့ ချက်ချင်းရေခဲသေတ္တာကိုသွားဖွင့်ပြီး ချာပါတီထုပ်ကို ထုတ်လာပြီးပေးတယ်။
ဒီအထုပ်ကိုဝယ်ပြီးကတည်းက ဟင်းနဲ့မစားဖြစ်ပါဘူး။ လွယ်လွယ်ပဲ အပူပေးပြီး တောပတ်သုတ်စားဖြစ်တယ်။
တာကာဒါနိုဘာဘာ ဘူတာနားက ရွှေနှင်းဆီစတိုးက ၀ယ်တာပါ

အပူပေးနည်းကို မိုက်ကရိုဝေ့ဗ်နဲ့ပေးတာရယ် တိုစတာကင်သလိုလုပ်တာရယ် လုပ်ကြည့်ဖူးတယ်။ သိပ်မကောင်းဘူး။ ကျွန်မတို့အတွက် အဆင်ပြေတာကတော့ ဒယ်အိုးကို အပူပေးပြီး သူ့ကို ဟိုဘက်ဒီဘက်လှန်ပြီး အိုးကင်း တိုက်တာပါ။ (အိမ်မှာတော့ အဲလိုလုပ်ရင် အိုးကင်းတိုက်တယ်ပြောကြတာထင်တာပဲ)

လွယ်လွယ်ပါပဲ ဒယ်အိုးအပူပေး ပြီးရင် ချာပါတီတင်ပြီး မီးနည်းနည်းလျှော့ ဟိုဘက်ဒီဘက်လှန်  ၂မိနစ်ဆိုရပါပြီ

ပြီးတော့ ပန်းကန်းပြားထဲထည့်ပြီး ထောပတ်ကို ကလော်ပြီး သားလက်ကိုလွှဲလိုက်တယ်။သူက ထောပတ်သုပ် တာဝန်။
သားကိုထောပတ်ပေးသုပ်ထားတယ်။ သူ့ဘာသာလုပ်တဲ့ အစားဆို စိတ်ဝင်စားပြီး စားလို့လေ။

ပြီးတော့ သကြားဇွန်းနဲ့ခပ်ပြီး သူ့ကိုပေးကိုင်ရင်း ကျွန်မက သူ့လက်ကိုကိုင်ပြီး ထိမ်းထားပေးတယ်။
သားကိုပဲ သကြားဖြူးခိုင်းတယ်။

သကြားဖြူးမယ်ဆိုပြီး သားလက်ကိုတော့ကိုင်ပေးရတယ်။အခုမှ ၂နှစ်၁၀လဆိုတော့လည်း။

စားဖို့အဆင်သင့်ပေါ့။ ချာပါတီ နဲ့အတူ ကော်ဖီကို နို့များများနဲ့ ကာဖေးလက်တေးလ် 
 ပုံစံဖျော်ထားတာနဲ့ တွဲပြီး မနက်စာလုပ်လိုက်ကြတယ်။

စားကောင်းလို့ စားလက်စနဲ့ နောက်ထပ် တစ်ချပ်စီထပ်လုပ်ရသေးတယ်။
ချာပါတီ ထောပတ်သုပ်သကြားဖြူးက ငယ်ငယ်က ရန်ကုန်မှာစားခဲ့ဖူးတဲ့ နံပြားထောပတ်သုပ်နဲ့ ခင်ဆင်ဆင်ပေါ့။

ကျွန်မအကြိုက်ပါ။ ဟိုအရင် ရန်ကုန်မှာတုန်းတော့ တူတံဆိပ် ဆိုတာ။ အခုတော့  တံဆိပ်အမျိုးစုံ ရနေလောက်ပြီ။


သုံးထားတဲ့ ထောပတ်ကတော့ ဟော့ကိုင်းဒိုး ယူကီ ဂျီရုရှိ ထောပတ်ပါ။ အဲ သကြားကတော့ မြန်မာပြည်မှာ အများအားဖြင့် အသုံးများတဲ့ သကြားနဲ့တူတဲ့ ဂုရာနျူးတိုး ပါ။

သကြားတွေက အမျိုးစုံတော့ မြန်မာပြည်မှာစားခဲ့ ဘူးတဲ့ သကြားနဲ့တူတာကိုလည်းဝယ်ထားရသေးတယ်။

ဂျပန်မှာဝယ်လို့ရတဲ့ ပစ္စည်းတွေနဲ့မြန်မာမနက်စာပုံစံလုပ်စားတာပေါ့။



ဒီနေ့မိုးရွာမယ်တဲ့။ လောလောဆယ် အိမ်သိမ်းလိုက်ဦးမယ်။ လျှော်ဖွတ်ဆေးကြောကတော့ ထုံးစံအတိုင်းပေါ့။

ငလျင် လား၊ လှုပ်နေသေးပါတယ်။ ၄လောက်ပါ။ အခုတလောက ချီဘာ့ဘက်မှာလှုပ်လာတယ်။

12 comments:

Shinlay said...

မနက်စာလာစားပါတယ်။ နံပြားကင်တောင်စားချင်လာပြီ။

Anonymous said...

ဟုတ်တယ် တို့လည်း အိုးကင်းတိုက်တယ် လို့ပြောတယ်
ချာပါတီလား ကောင်းတယ်
တူတံဆိပ်ထောပတ် အမေသိပ်ကြိုက်တာ

စူးနွယ်လေး

SHWE ZIN U said...

ညီမ ရေ

စားကောင်းမဲ့ပုံလေးပါ ဒါနဲ့ ညီမ သားလေးကြည့်တဲ့ ကာတွန်းကား လေးကြည့်ချင်တာ အရွယ်တူတွေ ဆိုတော့ အကြိုက်လည်း တူမှာဘဲနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုကိုမောင်(ပန်းရနံ့) said...

အမက အဲဒီ ချပါတီကြီးကို ကြိုက်တယ်ပေါ့။ ကုလားအစားအစာကြောင့်လား မသိဘူး။ ကျနော်ကတော့ ခုထက်ထိ အဲဒါကြီးကို လွမ်းလို့ မရသေးဘူး။ ဒီမှာလဲ ပေါမှပေါဘဲ။ ပေါဆို နေရတာကလဲ ကုလားတောထဲကိုး။း)))

အမ.. ကလေးကို အဲဒီချပါတီကြီး ခဏခဏ မကျွေးနဲ့နော်။ တော်ကြာ ကြီးလာရင် အမက ကုလားတွေနဲ့ ခမည်းခမက်တော်နေရဦးမယ်။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Kyaw Hnin Se Lwin said...

မမွန်ရေ
ညီမလည်းချပါတီဆိုအိုးကင်းတိုက်ပြီးပဲစားဖြစ်တယ်
ပြီးတော့ ညီမတို့မိသားစုသိပ်ကြိုက်တဲ့တူတံဆိပ်ထောပတ်လည်းတူနေပြန်သေးတယ်
သားသားကထောပတ်တောင်သုတ်တတ်နေပီ လူကြီးလေးလိုပဲ :))

rose of sharon said...

ကြိုက်တယ်... ချာပါတီ...ဒီမှာတော့ ပလာတာဘဲရတယ်...

PAUK said...

ချာပါတီ သိပ်မစားဖြစ်ဘူး.။
ပဲပြုပ်ပြုပ်ပြီးကြော်ထားတာနဲ့ တို့စားရရင်အတော်ကာင်းမယ်..ထင်တယ်။
ကျနော်လဲ ဒီနေ့ မနက်၁၀ခွဲလောက်မှ ထတယ်။
အိပ်ရေးအတော်ဝတာ စိတ်ချမ်းသာလိုက်တာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးက တော်တော်ချစ်စရာကောင်းမဲ့ပုံနော်
ကိုယ်တိုင်လုပ်ချင်စိတ် ရှိတာကိုက သိပ်ကောင်းတာဘဲ
ဒါနဲ့ ငလျင်လှုပ်တာ ပြီးသေးဘူးလား..
အံ့သြစရာနော် ခုချိန်ထိ လှုပ်နေသေးတာ။
အစစ အဆင်ပြေပါစေ မကောင်းမွန်ဝင်းရေ...

ရွှေပြည်သူ (ShwePyiThu) said...

သားလက်ကလေးကို ကိုင်ပြီး သကြားဖြူးပေးတယ်ဆိုတာလေးကို အရမ်းသဘောကျမိပါတယ်။ သူလုပ်တာဆို သူစိတ်ဝင်စားပြီး စားလို့ ထောပတ်ပေးသုတ်ထားတယ် ဆိုတာလေး ဖတ်ရတော့ မိဘတွေက သားသမီးတွေအတွက် အသေးစိတ်လေးကအစ စိတ်ဝင်တစား ဂရုတစိုက်ရှိပုံကို သတိထားမိပါတယ်...

ငလျင်တွေလှုပ်နေသေးတယ်ဆိုတော့ အစ်မတို့ မိသားစု ဘေးကင်ရန်ကွာ ရှိပါစေလို့ ဆုတောင်းပေးပါတယ် အစ်မရေ....

လသာည said...

မမွန်ရေ
သတိရနေတယ်..
နေကောင်းလား
နံပြားကြိုက်တယ်.. ကြက်ခြေထောက်ပွကြော်လည်း ကြိုက်တယ်း))

ညီလင်းသစ် said...

ကျနော့်သားလည်း ၂ နှစ်လောက်တုန်းက သော်မတ်စ် ကာတွန်းကား ကြည့်လေ့ရှိတယ်၊ ထောပတ်သုတ်တာ လည်း သူ့အကြိုက်ပဲ..၊ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ အမူအကျင့်လေးတွေကို ကလေးတွေ သိသွားဖို့က အရေးကြီးတယ်နော်..၊ အမေက အိပ်ရေးဝဝနဲ့ ချာပါတီ၊ သားက ကာတွန်းကား၊ ရေနွေးကြမ်းနဲ့ ချာပါတီ...၊ စနေမနက်ခင်းကတော့ လှသွားပြီ..။း)

Iora said...

အိမ်မှာလည်းတူတံဆိပ်ဘဲ။ ခုဒီမှာမျိုးစုံစားနေပေမဲ့ တူတံ ဆိပ်ကိုလွယ်လွယ်နဲ့ မတွေ့ မိသလိုဘဲ။ ခုမှသတိထားမိတယ်။ လင့်လေးမချိတ်ရသေးတာ။ ချိတ်ခွင့်ပြုပါနော်။