April 3, 2011

လည်လည်ထွက်ခဲ့တယ်

စနေနေ့က သားကို ကစားတဲ့နေရာတွေမပို့ရတာကြာပြီဖြစ်လို့ အိုမိုးတဲ့ဆန်းဒိုးမှာရှိတဲ့ ကလေးကိုယ်လက်လှုပ်ရှားကစားကွင်းကို သွားဖြစ်ခဲ့ပါတယ်။

အပူချိန်က ၁၈။ သာသာယာယာနဲ့ အပြင်ဘက်ထွက်လည်သူတွေလည်း ပြန်များလာပါပြီ။ 



ပလပ်စတစ်အ၀ိုင်းချပ်ကို အားလုံးဝိုင်းကိုင်ပြီး ညွှန်ကြာသူပြောတဲ့အတိုင်း ကစားနည်းမျိုးစုံကစားလို့ရပါတယ်

အားလုံးက ပလပ်စတစ်ပြားကိုဖိချပြီး မြေပေါ်မှာဖင်ခုထိုင်လိုက်တော့ အခုလို့လေပူဖေါင်းတောင်ကြီးဖြစ်လို့သူ့ကိုမှီအိပ်ကြပါတယ်
ကြိုးပြားပေါ်မှာ ကြိုးတန်းလမ်းလျှောက်နည်းပုံစံကစားတာပါ
တိုက်ကြီးရဲ့ အောက်ထပ်အပြင်ဘက်ကွက်လပ်မှာ ထွက်ကစားနေကြတာပါ
ကွင်းတွေယူပြီး ကြိုက်သလိုကစားကြတယ်
ဒါကတော့ ဒုတ်တန်းပေါ်လမ်းလျှောက်တဲ့ကစားနည်းပေါ့
ရောင်စုံမြေဖြူတွေနဲ့ ရေးခြစ်လို့ရတယ်
မိသားစုအစုံ ကစားနည်းအစုံ
စိတ်ဝင်စားစရာ အဆောက်အဦတွေတွေ့ရင် ဓါတ်ပုံရိုက်မိတာပဲ။ အာလူးပုံပြတင်းပေါက်တွေ။
ဒီလိုတခြမ်းစောင်းတိုက်မြင့်မျိုးကိုလည်း တွေ့ခဲ့ရသေးတယ်
သားကိုသွားပို့တဲ့ နေရာဘေးက ကုလသမဂ္ဂ တက္ကသိုလ် အဆောက်အဦ
သွားတဲ့အချိန်မှာ ဈေးရောင်းပွဲနဲ့တိုးတာနဲ့ ၀င်ကြည့်ခဲ့တာပေါ့

အစားအသောက်အသီးအနှံလက်မှုပစ္စည်းဆိုင်တွေများပါတယ်
ခရမ်းချဉ်သီးထိပ်ချွန်တွေ ၄လုံးကို ယန်း၅၈၀။ မြန်မာငွေနဲ့ တွက်မကြည့်ပါနဲ့နော်

မုန့်ဆိုင်တွေခင်းထားလို့ ထိုင်ပြီးအေးအေးဆေးဆေးစားလို့ရတယ်လေ
စမန်သာလက်ကိုင်အိတ်ဆိုင် လိုချင်စရာတွေချည်းပဲ
ဇွန်းခရင်းနဲကဒါးတွေရောင်းတဲ့ဆိုင် လှလိုက်တာ
လမ်းလျှောက်ရင်းမွှေးလွန်းလို့ ဘယ်ညာလျှောက်ကြည့်တော့ ဒီပန်းဆိုင်က ကိုး

ဘူတာတွေကလည်း ထုံးစံအတိုင်းမှောင်တုန်းပါပဲ လျှပ်စစ်မီးချွေတာရေး
သားလည်းမောသွားပြီ
အဲဒီနေ့က ကျွန်မမျက်နှာလည်း အဲလိုပါပဲ။ ပန်းဝတ်မှုံရောဂါဖြစ်လို့ နှာခေါင်းကြီးပြီး မျက်လုံးပြူးနေခဲ့ပါတယ်

11 comments:

Shinlay said...

လျှောက်လည်ရတာပျော်စရာကြီးပုံတွေကြည့်ပြီး လိုက်ပျော်မိပါတယ်။ ကျမလည်း နောက်ဆုံးပုံထဲကလိုပါပဲ။ ဂရုစိုက်ပါနော်။။။။

ခွန် said...

အဲဒီမှာ ပီဇာလည်းစားခဲ့တယ် ဆိုပါတော့လေ...
ချွေးမကိုတော့မခေါ်ဘူး။
ယောက္ခမရက်စက်တယ်....

ခွန်လည်း ဖုန်းဆက်မယ်ဆက်မယ်နဲ့ တပတ်ကုန်သွား ပြန်ပြီအစ်မရေ...
အချိန်တွေကုန်မြန်တယ်။ သင်္ကြန်ရောက်တော့မယ်။ ခုဘဲ သင်္ကြန်သီချင်းတွေနားထောင်ပြီး မြန်မာပြည်ကို လွမ်းနေတာ.....

ချော(အစိမ်းရောင်လွင်ပြင်) said...

အာလူးပုံ ပြူတင်းပေါက်လေးတွေ သဘောကျတယ်..
ထိပ်ချွန်နေတဲ့ ခရမ်းချဉ်သီးကလည်း ဆန်းလိုက်တာ
တစ်ခါမှ မမြင်ဖူးသေးဘူး
သားလေးက ချစ်စရာလေးနော်။
ခုလို ရွှင်ရွှင်လန်းလန်းမြင်ရတာ ၀မ်းသာပါတယ်..
ပျော်ရွှင်ပါစေနော်

ကိုအောင်(ပျူနိုင်ငံ) said...

အမတို့ မိသားစု ပျော်ရွှင်နေတာကို ကြည့်ပြီး
အပျော်တွေ ကူးစက်သွားတယ် အမရေ။

ကိုကိုမောင်(ပန်းရနံ့) said...

နှာခေါင်းကြီးကြီး၊ မျက်လုံးပြုးပြူးနဲ့ အမကောင်းမွန်ဝင်းရေ...

သားအမိအားလုံး ကျန်းမာရေးဂရုစိုက်ကြဦးနော်။ အခုမှ ပန်းကပွင့်မယ်ကြံကာရှိသေး၊ ပန်းဝတ်မှုန်ရောဂါတဲ့။ ဆင်ဆေးတစ်ဗ် ဖြစ်လွန်းတယ်ထင်ပါ့။ ဆေးတော့ သောက်ဦးနော်။ အမကလေးက အတော်အဆော့သန်လောက်တယ်။ အမေတူတယ်ထင်ပါ့။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ညီမ ရေ

လည်လည် သွားနိုင်ပြီဖြစ်လို့ ဝမ်းသာပါတယ် အားလုံး အဆင်ပြေပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ညီလင်းသစ် said...

အခုလို လည်ပတ်တဲ့၊ ပျော်စရာ ပို့စ်လေး ဖတ်ရတော့ ကြည်နူးမိပါတယ်၊ ကြုံခဲ့ရတဲ့ ဘေးဒုက္ခဆိုးကြီးကို အနည်းဆုံး ခဏဖြစ်ဖြစ်တော့ မေ့ထားပြီး ကလေးတွေ နဲ့ မိသားစုတွေ ပျော်ပါစေလို့လည်း ဆုတောင်းပါတယ်၊ သားဓါတ်ပုံကို အကြီးချဲ့ကြည့်တယ်၊ ချစ်စရာ ကောင်းလိုက်တာ..၊ နောက်ဆုံးဓါတ်ပုံက အမေနဲ့ သိပ်မတူဘူးနော်...။ :D

PhyoPhyo said...

ပုံတွေနဲ့ အလည်လိုက်ကြည့်ရတာပျော်စရာ၊
အောက်ဆုံးပုံ နဲ့ ပုံစာကိုတွေ့တော့ ရယ်လိုက်ရတာ
ပျော်ရွှင်ချမ်းမြေ့ပါစေ

ုကျော်နှင်းဆီလွင် said...


ပျော်စရာကြီး
နေရာအနှံ့စုံနေတာပဲ
သားကတော့မောသွားပုံပဲ
မျက်လုံးတောင်မပွင့်တော့ဘူး
မလည်းကျန်းမာရေးဂရုစိုက်နော်

Anonymous said...

အဲမှာလည်း နွေးနေပြီပေါ့နော် ပျော်စရာကြီး..
သားလေးကို လိုက်ပို့ပေးရတဲ့ မေမေ သနားပါတယ် :)

စူးနွယ်လေး

PAUK said...

လည်ပြီဆိုတော့ စိတ်သက်သာရပြီ။
ဒါပေမဲ့..မနေ့ညက ဂျပန်မှာ ထပ်လှုပ်တယ်
ကြားတော့ စိတ်ပူမိသေးတယ်။


ပေါက်