နှစ်တစ်နှစ်ကုန်ခါနီးလာပြီ။
မြို့ထဲမှာ ခရစ်စမတ်မီးရောင်တွေနဲ့ ဈေးဆိုင်တွေကလည်း နှင်းခဲအရုပ်၊ သမင်လေးတွေနဲ့ လှည်းလေးတွေဆင်ပြီး၊ ခရစ်စမတ်ဖိုးဖိုးတို့ကလည်း အပြုံးတွေနဲ့ ကြိုဆိုနေကြတယ်။
ကုန်လွန်ခဲ့တဲ့ တစ်နှစ်နီးပါးအချိန်တွေရယ်၊ နှစ်ကုန်ခါနီးလက်ကျန်အချိန်လေးေ တွမှာ ဒီတစ်နှစ်အတွက် ဘ၀ရဲ့ အမှတ်တရတွေကို သတိရပြီး နောက်လာမယ့်နှစ်အတွက် ပြင်ဆင်မှုတွနဲ့ပေါ့။...
ရော့ပွန်းဂိ ဟေးလ်စ် မှ မြင်ရတဲ့ တိုကျိုတာဝါ |
ဒီလို သတိရစရာအချိန်တွေ ကို တွေ့ကြုံခွင့်ပေးတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။
ဒီလိုအပြင်အဆင်လမ်းကလေး က ဒီရာသီမှာ ကြည်နူးဖွယ် |
8 comments:
ပထမဆုံး ရေးမှာက တိုကျိုခရစ်စမတ်လာမှာကွ.......မမွန်ရေ အဲ့ဖီလင်၇ှိတယ်။....လွန်ခဲ့သောနှစ်ပေါင်းများစွာက ..ခရစ်စမတ်မှာကွယ် တခြားအတွဲ တွေ က လက်ဆောင်တွေ ၀ယ်ပေး ကြ ကုန်တိုက်ထဲမှာအတူတူသွားကြလာကြနဲ့...အဲ့တုန်းက အသက်ကလည်းငယ်သေးတော့.ခရစ်စမတ်မှာ အတွဲ ရှိချင်တာလေ....စာဖတ်လည်းဒီစိတ်ကျောင်းတတ်လည်းဒီစိတ်..မှတ်မှိသေးတယ်။။။
အင်း လာအုန်းမှာ တိုကျိုကို လာအုန်းမှာ ချိဘ အထိ လာအုန်းမှာ..အဲ့လမ်းကိုလည်းလျှောက်အုန်းမှာ...
ခင်တဲ့
မေကကး)
အော် မမွန် မေ့သွားလို့ 
မမွန်စာကြွင်းမှာ ဘလော့ဂါလှလှလို့ ရေးထားတာ...အဲ့ဒါ သူလာရေးတာမစောင့် နိုင်လို့ ရေးသွားတယ် သူများတွေ အထင်မှားသွားမှာဆိုးလို့ အဲ့ဘလောဂါလှလှလေးကိုလည်းပြောလိုက်အုန်းနော် ...ဘွာတေးလို့ 
အဲဒီဘလော့ဂါလှလှလေး မလာသေးဘူးလား။ ဒီကလည်း သူရေးတာလေး မျှော်နေတား))
လက်မောင်းချိတ်နိုင်သူများ ချိတ်၍ လမ်းလျှောက်ရန်။ မချိတ်နိုင်သူများ မချိတ်ပဲ ကိုယ့်လက်ကိုလွဲပြီး လမ်းလျှောက်ငေးရန် ဖြစ်ပါသည်။
မနှစ်က 表参道 နဲ့ 恵比寿ガーデンプレス သွားခဲ့တယ်အစ်မ။
ဒီနှစ်တော့ နီးနီးနားနား 新宿 တခုဘဲရောက်သေးတယ်။
ဖတ်ရင်းဖတ်ရင်းနဲ့ အောက်ဆုံးရောက်မှ ရယ်လိုက်ရတာ။ခွန်ဘာမှမပြောတော့ပါဘူး အစ်မရယ် :)
အန်တီလသာညလည်း တိုကျို မြန်မြန်လာပါတော့ :)
ဘလော့ဂါ ညီမလေး လှလှလေးလာသွားပြီပေါ့လေ မမီလိုက်ဘူး
:P
မရေ ရော့ပွန်းဂိ လှတယ်နော်
မီးလုံးသေးသေးလေးတွေ သစ်ပင်မှာ တွယ်ချိတ်ထားတာ လှလိုက်တာ ကဗျာဆန်သလို လွမ်းစရာလိုလို ဘယ်လိုမှန်းမသိဘူး
နှင်းဖွဲဖွဲတွေကျနေရင် ပိုလှမယ်နော်
နှင်းတွေကို ဘယ်လိုချစ်မှန်းမသိဘူး
ခရစ်စမတ် ဘယ်သွားပြီး ဘာတွေလုပ်မလဲဟင်
ပျော်ရွှင်ပါစေနော်
ဘလော့ဂါ လှလှငယ်ငယ် လေး ကအခုမှရောက်လာတယ်
ညီမ အလုပ်များနေလား ပျော်ရွှင်စရာ ခရစ်စမတ် ပါ
ချစ်တဲ့
အမရွှေစင်
ှတော်တော်လှတဲ့ ညီမလေးကို မိတ်ဆက်ပေးရင် ကင်ချီ ကြွေးမယ်..
Post a Comment