November 27, 2010

နောက်တစ်လဆို ၂၀၁၀ရဲ့ ခရစ်စမတ်

နှစ်တစ်နှစ်ကုန်ခါနီးလာပြီ။
မြို့ထဲမှာ ခရစ်စမတ်မီးရောင်တွေနဲ့ ဈေးဆိုင်တွေကလည်း နှင်းခဲအရုပ်၊ သမင်လေးတွေနဲ့ လှည်းလေးတွေဆင်ပြီး၊ ခရစ်စမတ်ဖိုးဖိုးတို့ကလည်း အပြုံးတွေနဲ့ ကြိုဆိုနေကြတယ်။ 
ကုန်လွန်ခဲ့တဲ့ တစ်နှစ်နီးပါးအချိန်တွေရယ်၊ နှစ်ကုန်ခါနီးလက်ကျန်အချိန်လေးတွေမှာ ဒီတစ်နှစ်အတွက် ဘ၀ရဲ့ အမှတ်တရတွေကို သတိရပြီး နောက်လာမယ့်နှစ်အတွက် ပြင်ဆင်မှုတွနဲ့ပေါ့။...
ရော့ပွန်းဂိ ဟေးလ်စ် မှ မြင်ရတဲ့ တိုကျိုတာဝါ
 ဒီလို သတိရစရာအချိန်တွေ ကို တွေ့ကြုံခွင့်ပေးတဲ့ ကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်မိပါတယ်။
ဒီလိုအပြင်အဆင်လမ်းကလေး က ဒီရာသီမှာ  ကြည်နူးဖွယ်
စကားမစပ် ၊ ကျွန်မလည်း အခုတလော အလုပ်ပိနေလို့  ဘလော့ဂင်းမလုပ်နိုင်ဘူးဖြစ်နေတယ်။
ဒီဇင်ဘာ ပထမပတ်အထိတော့ အရာရာကိုအောင့်ထားပါမယ်။
တကယ်လို့အချိန်ရှိမယ်ဆိုရင် မြို့ထဲလမ်းလျှောက်ထွက်ရင်း ခရစ်စမတ်အပြင်အဆင်တွေ ကြည့်ကြည့်ပါဦး။
 မီးရောင်စုံတွေနဲ့သိပ်လှတာပဲ။ သူ့လက်မောင်းကိုချိတ်ပြီး ဒါမှမဟုတ် သူ့ကုပ်အင်္ကျီအိတ်ထဲကို လက်ကလေးထည့်ပြီး လမ်းလျှေက်ရတာ 
ကာယကံရှင်ကော ဘေးကလူတွေပါ ကြည်နူးစရာပေါ့။ အဟင်း၊  ကျွန်မကတော့ သားလေးရဲ့ ဘေဘီလှည်းကိုတွန်းပေးတဲ့ ယောက်ျားလက်ကို (ရိုးရိုး)ချိတ်ရင်း လျှောက်ပါတယ်။ 
အကြောင်းအမျိုးမျိုးကြောင့် သူက အခုလောလောဆယ်အနားမှာမရှိနေဘူးဆိုတဲ့သူတွေ၊ လူရှုပ်တဲ့နေရာရှောင်ပြီး အေးအေးဆေးဆေးနေချင်သူတွေအတွက်လည်း ကျွန်မ စဉ်းစားထားတာတစ်ခုရှိပါတယ်။ 
ဒီပို့စ်နောက်ဆုံးမှာပါတဲ့ ခရစ်စမတ် အိဗ် ဆိုတဲ့ သီချင်းလေးကိုနားထောင်ပါဦးလို့ စကားလက်ဆောင်ပါးချင်ပါတယ်။ သီချင်းရေးသားသီဆိုသူကတော့ ယာမာ့ရှိတာ့ တာဆုရိုး ပါ။ ၁၉၈၃ခုနှစ်မှာထွက်ခဲ့တဲ့ ဒီသိချင်းဟာ ၂၀၀၀ခုနှစ်ကနေစပြီး ၂၀၀၃၊၂၀၀၅၊၂၀၀၇ဆက်တိုက်ဆိုသလို ပြီးခဲ့တဲ့ ၂၀၀၉ခုနှစ်အထိ အကြိမ်ကြိမ် ဒီရာသီရောက်ရင် အရောင်းရဆုံးပြန်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းနဲ့ပတ်သက်ပြီး အဆိုတော်ကိုယ်တိုင်က ဒီလိုကော်မန့်ပေးခဲ့ပါတယ်။ 
“နံမည်ကြီးသီချင်းဆိုတာ နှစ်၁၀၀မှာ ၁ခါပေါ်ချင်မှ ပေါ်နိုင်တာမျိုးပါ။ ဒီ ခရစ်စမတ် အိဗ် က အဲလိုသီချင်းမျိုးပေါ့။ နောက်အနှစ် ၁၀၀ လည်းဆက်ဆိုနေရဦးမယ်” 
သီချင်းက ဂျပန်လိုကော အင်္ဂလိပ်လိုပါ ရှိပါတယ်။ အင်္ဂလိပ်လိုပဲတင်ပေးထားပါတယ်။
အော် အရေးကြီးတာလေးပြောဖို့မေ့နေတယ်။ သီချင်းစာသားက လွမ်းစရာပေမယ့် သံဇဉ်က လန်း တယ်။
စိတ်မခိုင်ရင် ဒါမှမဟုတ် မျက်ရည်မခိုင်ရင် ခံစားရတဲ့အတိုင်းသာ ဆက်သွယ်လိုက်ပါ။ ကျွန်မကို မဟုတ်ဘူးနော်။ “သူ့” ကို။ 
စာကြွင်း
အရမ်းခင်တဲ့ဘလော့ဂါ ညီမလေးတစ်ယောက် ရှိတယ်။ (သူ့ကို တော်တော်လှတယ်ပြောရင် မကြိုက်ဘူး)။ တော်ကြာ အဲဒီညီမလေးက ကော်မန့်လာရေးလိမ့်မယ်။ “ သူ --ဆိုတာ မရှိပါဘူး ဆိုမှ၊ အစ်မနော်။ စိတ်ဆိုးတယ်” 
ဓါတ်ပုံများကို အင်တာနက်က ကူးယူပါတယ်။

8 comments:

ကြည်ကြည် said...

ပထမဆုံး ရေးမှာက တိုကျိုခရစ်စမတ်လာမှာကွ.......မမွန်ရေ အဲ့ဖီလင်၇ှိတယ်။....လွန်ခဲ့သောနှစ်ပေါင်းများစွာက ..ခရစ်စမတ်မှာကွယ် တခြားအတွဲ တွေ က လက်ဆောင်တွေ ၀ယ်ပေး ကြ ကုန်တိုက်ထဲမှာအတူတူသွားကြလာကြနဲ့...အဲ့တုန်းက အသက်ကလည်းငယ်သေးတော့.ခရစ်စမတ်မှာ အတွဲ ရှိချင်တာလေ....စာဖတ်လည်းဒီစိတ်ကျောင်းတတ်လည်းဒီစိတ်..မှတ်မှိသေးတယ်။။။

အင်း လာအုန်းမှာ တိုကျိုကို လာအုန်းမှာ ချိဘ အထိ လာအုန်းမှာ..အဲ့လမ်းကိုလည်းလျှောက်အုန်းမှာ...

ခင်တဲ့
မေကကး)

ကြည်ကြည် said...

အော် မမွန် မေ့သွားလို့ 
မမွန်စာကြွင်းမှာ ဘလော့ဂါလှလှလို့ ရေးထားတာ...အဲ့ဒါ သူလာရေးတာမစောင့် နိုင်လို့ ရေးသွားတယ် သူများတွေ အထင်မှားသွားမှာဆိုးလို့ အဲ့ဘလောဂါလှလှလေးကိုလည်းပြောလိုက်အုန်းနော် ...ဘွာတေးလို့ 

လသာည said...

အဲဒီဘလော့ဂါလှလှလေး မလာသေးဘူးလား။ ဒီကလည်း သူရေးတာလေး မျှော်နေတား))

လက်မောင်းချိတ်နိုင်သူများ ချိတ်၍ လမ်းလျှောက်ရန်။ မချိတ်နိုင်သူများ မချိတ်ပဲ ကိုယ့်လက်ကိုလွဲပြီး လမ်းလျှောက်ငေးရန် ဖြစ်ပါသည်။

ခွန် said...

မနှစ်က 表参道 နဲ့ 恵比寿ガーデンプレス သွားခဲ့တယ်အစ်မ။
ဒီနှစ်တော့ နီးနီးနားနား 新宿 တခုဘဲရောက်သေးတယ်။

ဖတ်ရင်းဖတ်ရင်းနဲ့ အောက်ဆုံးရောက်မှ ရယ်လိုက်ရတာ။ခွန်ဘာမှမပြောတော့ပါဘူး အစ်မရယ် :)

အန်တီလသာညလည်း တိုကျို မြန်မြန်လာပါတော့ :)

ကျော်နှင်းဆီလွင် said...

ဘလော့ဂါ ညီမလေး လှလှလေးလာသွားပြီပေါ့လေ မမီလိုက်ဘူး
:P
မရေ ရော့ပွန်းဂိ လှတယ်နော်

ချော(အစိမ်းရောင်လွင်ပြင်) said...

မီးလုံးသေးသေးလေးတွေ သစ်ပင်မှာ တွယ်ချိတ်ထားတာ လှလိုက်တာ ကဗျာဆန်သလို လွမ်းစရာလိုလို ဘယ်လိုမှန်းမသိဘူး
နှင်းဖွဲဖွဲတွေကျနေရင် ပိုလှမယ်နော်
နှင်းတွေကို ဘယ်လိုချစ်မှန်းမသိဘူး
ခရစ်စမတ် ဘယ်သွားပြီး ဘာတွေလုပ်မလဲဟင်
ပျော်ရွှင်ပါစေနော်

SHWE ZIN U said...

ဘလော့ဂါ လှလှငယ်ငယ် လေး ကအခုမှရောက်လာတယ်

ညီမ အလုပ်များနေလား ပျော်ရွှင်စရာ ခရစ်စမတ် ပါ


ချစ်တဲ့
အမရွှေစင်

Anonymous said...

ှတော်တော်လှတဲ့ ညီမလေးကို မိတ်ဆက်ပေးရင် ကင်ချီ ကြွေးမယ်..