July 26, 2010

ဝယ် ရင် ကောင်းမလား

ရန်ကုန်ပြန်တော့ မေမေ့ကို အိမ်မှာဘာပစ္စည်းဘယ်မှာရှိလဲမေးတိုင်း “ဟဲ့ ၊ ခဏနေပါအုန်း ၊ ရှိတော့ရှိတယ် ဘယ်နားမှာလဲမသိဘူး” ဆိုပြီး ချက်ချင်း ဘာကိုမှ မမှတ်မိပါဘူး ။ တော်ကြာ “ လာစမ်းပါဦး ၊ ငါ့သော့တွဲ ဘယ်နားမှာထားမိမှန်း မသိလို့ ရှာပေးပါဦး ” ဆိုတာမျိုးလည်း ရှိပါသေးတယ်။



တစ်အိမ်လုံးရှင်းပေးတာတို့ မေမေ့အခန်းက ဘီဒိုတွေ သေတ္တာတွေ ရှင်းပေးတာတို့လုပ်ခဲ့ပြီး ။ သေတ္တာ၊ ဘီဒီု၊ အံဆွဲတွေမှာ စာရွက်လေးတွေနဲ့ ဘာပစ္စည်းတွေ အထဲမှာရှိတယ်ဆိုတာ မာတိကာ စာရင်းလေး ရေးပြီး ကပ်ထားဘို့ကိုတော့ မေမေ့ဘာသာ အေးအေးဆေးဆေးမှ ကိုယ်တိုင်လုပ်ဘို့ မှာခဲ့ရပါတယ်။ အသက်ကြီးတာလည်းပါ ၊ မေ့တတ်တဲ့ အကျင့်ရှိတာလည်း ပါပါတယ်။ မေမေ့ကို သိပ်တော့ စိတ်မချပါဘူး ၊ နောက်ထပ် ဘယ်လိုလုပ်ပေးရရင်ကောင်းမလဲ လို့ စဉ်းစားမိပါတယ်။

ဂျပန်ပြန်ရောက်တော့ ပစ္စည်း ရှာတဲ့ စက် တော့ ရှိတန်ကောင်းရဲ့ ဆိုပြီး အင်တာနက် ကနေရှာကြည့်ခဲ့ပါတယ်။

တွေ့ပါပြီ။ ဈေး နှုန်းက (ပစ္စည်း ၅မျိုး၊ ၈မျိုး လောက်ကို ရှာနိုင်တဲ့ ) စက်တစ်စုံကို ယန်း ၉၈၀၀ (မြန်မာငွေနဲ့ တစ်သိန်း ပဲထားပါတော့ ) ရှိပါတယ်။ အရမ်းအရေးကြီးတဲ့ ပစ္စည်း လောက်ကိုပဲ ဒီစက်သုံးပြီး ကျန်တဲ့ ရှိရှိသမျှတွေကိုတော့ ကျွန်မရဲ့ နည်း အတိုင်း မာတိကာ စာရင်းရေးစာရွက်ကို သေတ္တာ၊ ဘီဒီု၊ အံဆွဲတွေမှာ ကပ်ရုံပဲ ရှိပါတယ်။

ဒါပေမယ့်စက်ကိုလည်း မ၀ယ်ရသေးပါဘူး။ ဒီစက်ကို ၀ယ်သင့် မ၀ယ်သင့် စဉ်းစားနေတာလည်းပါပါတယ်။

ရန်ကုန်ကို သားနဲ့ အသွားအပြန်ခရီးစားရိတ် ဖေဖေ့ ဆေးဘိုး အိမ်စားရိတ် လက်ဆောင်ပစ္စည်းဝယ်တာတွေနဲ့ ဒီလက အင်မတိ၊အင်မတန်ကို အကုန်အကျများခဲ့လို့ ချက်ချင်း ကောက်မ၀ယ်နိုင်ပဲ ဖြစ်နေရပါတယ်။

ကျွန်မ ကြည့်ထားတဲ့ ပစ္စည်းလေးက ဒီလိုပါ။

အရမ်းအရေးကြီးတဲ့ နိုင်ငံကူးလက်မှတ်၊ ပျောက်လေ့ပျောက်ထ ရှိတဲ့ ရီမုတ်ကွန်ထရိုး၊ ဘယ်နားချမိမှန်းမသိတဲ့ လက်ကိုင်ဖုန်း၊ သွားခါနီး ပျောက်ရင် လူကို ချွေးပြန်စေတဲ့ ကားသော့။ အသိမ်းလွန်တဲ့ စာရွက်စာတမ်း တွေကို ။ သူ့နံပါတ်နဲ့ သူ ပစ္စည်းရှာတဲ့ စက်ကလေးမှာ စာရင်းသွင်း၊ ခုနက ပစ္စည်း တစ်ခုစီမှာ စာရင်း နံပါတ်စဉ်အလိုက် အမှတ်အသား ချိတ်ကလေးတွေတပ် ထားပြီး သူ့ နေရာနဲ့သူ သုံးတာသုံး သိမ်းတာသိမ်းပေါ့။ အသုံးလိုတဲ့ အခါ ပစ္စည်းရှာစက်ကလေး က နေပြီး လိုအပ်တဲ့ ပစ္စည်း နံပါတ်ကိုနှိပ်ရင် အဲဒီပစ္စည်း ရှိတဲ့ နေရာကနေ အချက်ပေးပါတယ်။ အဲဒီနေရာကို ချက်ချင်းသိပြီး အလွယ်တကူ ရှာယူနိုင်ပါတယ်။ ရှာနေတဲ့ ပစ္စည်းက အိတ်၊ ဘီဒို၊ အ၀တ်အစားအောက်တွေ ရောက်နေပေမယ့် “ ပီ။ ပီ။ ပီ ” ဆိုတဲ့ အသံက ရှိနေတဲ့ နေရာကနေ ကြားရပါတယ်။ ဒါပေမယ့် ၇မီတာ အတွင်းပတ်ဝန်းကျင်ဖြစ်ရပါမယ်။ တကယ်လို့ မတွေ့ရင် နေရာနည်းနည်း ရွေ့ပြီးရှာရင် တစ်အိမ်လုံးဘယ်နား ရှာရှာပေါ့။ ပစ္စည်းရှာစက် က အလင်းရောင်ပါထုတ်ပေး တဲ့ အတွက် မှောင်ထဲမှာလည်း အဆင်ပြေပါတယ်။ စက်အတွက် ကတော့ ဓါတ်ခဲသုံးပါတယ်။

စက်ကလေးမှာ သံလိုက်ပါတာကြောင့် ရေခဲသေတ္တာတို့လို နေရာမျိုးမှာကပ်ထားလို့ ရပါတယ်။ စက်အနောက်မှာ ပစ္စည်းစာရင်းကို ရေးဘို့ နေရာလည်းပါပါတယ်။ ဥပမာ- ကားသော့ = နံပါတ် ၃ လို့ မှတ်ထားရင်၊ စက်ရဲ့ နံပါတ် ၃ကို နှိပ်ရုံနဲ့ နံပါတ်၃ချိတ် ကလေး တပ်ထားတဲ့ ကားသော့ရှိတဲ့ နေရာကနေ “ ပီ။ ပီ။ ပီ ”လို့မြည်ပါလိမ့်မယ်။

ပစ္စည်းရှာစက်ကလေး က မဆိုးဘူးနော်။

“၀ယ် ရင် ကောင်းမလား ”



ကိုးကား
http://www.kumazaki-aim.co.jp/2009/04/rf315n.html
http://www.bearmax.jp/?pid=3295727

19 comments:

မြတ်နိုး said...

အားမပေးပါ....
အဲလိုဝယ်လျှင် ..ဖြစ်ကတတ်ဆန်းပစည်းထားသည့်အတွက် မကောင်းပါ...

သို့ကြောင့် စာရွက်စာတမ်းများကို သတ်သတ်မှတ်မှတ် ဗီဒိုအသေး အပု (သို့) စားပွဲ အံဆွဲ။
အိမ်သော့ ကားသော့ကို သတ်မှတ်ထားသော သော့ထားရာနေရာထားခြင်း

အစရှိသည့် ပစည်းများကို အသုံးပြုပီးပါက နေရာတကျပြန်ထားခြင်းဖြင့် မိမိဦးနှောက်ကိုသာမက အိ :Dမ်ကိုလည်း သန့်ရှင်းစေပါသည်။ :D

ဧပရယ်လ်ပူး@ပူးတေ said...

စက်ကလေးက မဆိုးဘူးနော်...
သတိမေ့တတ်တဲ့ လူကြီးတွေအတွက်ကတော့ ဒါလေးက အသုံးဝင်မယ်နော်....

လူကြီးတွေ သတိမေ့တာကို မဆိုသာဘူး... တခါတလေ လူငယ်တောင်မှ မှတ်စရာတွေများလွန်းရင် မေ့တတ်သေးတာလေ...ပူးတေလဲ ငယ်ငယ်ကမမေ့တတ်သလောက် မစ္စတာပီကြီး မေ့တတ်တာကို ပြောရင်းပြောရင်း တခါတလေ ပူးတေပါ မေ့တတ်လာပြီ...:)

mabaydar88 said...

ညီမရေ..

မြန်မာပြည်ရောက်ခဲ့ပြီပေါ့.. ဝမ်းနည်းတယ်.. ဘယ်တော့မှ ပြန်ရမလဲမသိဘူး..။ (သူများတွေ ပြန်တာပြောရင် အလိုလို ကြေကွဲတာပဲ..။ ) .... နုတ်ဆက်ရင်း ကြေကွဲခြင်း..။

စက်က ဒေါ်ဒေါ့်အတွက် အဆင်ပြေမယ်.. မိဘအတွက် အခုလို တကူးတက ပူပြီး စဉ်းစားပေးတာ ကြည်းနူးစရာပဲ..။ ဝယ်ရင်ကောင်းမယ်လို့ ထင်ပါ၏..။

မဗေဒါကတော့လည်း ဒေါ်ဒေါ်လောက် အသက်မကြီးဘူး.. မေ့တာလည်း လွန်ရော..။ အဲလိုစက်ဝယ်လည်း စက်ပါ ပျောက်မဲ့ကိန်း.. ဟဲ..။ နဲနဲကြွားလိုက်ရမှ..အကျင့်ကောင်းလေး ဖော်လိုက်ရမှ..။

မဗေဒါ (၈၈)

Unknown said...

မိုက်တယ်မမွန်

အလုပ်ရှုပ်တဲ့ သူတွေ အတွက် မိုက်တယ်
ကြိုက်တယ် ၀ယ်မယ် ၀ယ်မယ်
လူကြီးတွေအတွက်လည်းသင့် တော်မယ်

မြတ်နိုး said...

sorry ma Kg mon win,

it for ur mum, it is ok.
But it for u,... plz don't do this.

Coz when we older and older, we have to care of our brain control.

Regards,

Zay Tar Yar said...

ကောင်းတယ်မကောင်းမွန်ဝင်း ၀ယ်ပေးလိုက်အိမ်ကိုလဲတခု
တခုလောက်ဝယ်ပေးချင်သေးတယ်ဘွားတော်ကအရမ်း မေ့
တယ် ၊

သဒ္ဓါလှိုင်း said...

ရုပ်ဝတ္ထုပစ္စည်းတွေလည်းအမျိုးမျိုးပေါ်နေတာပဲနော်..။
အသက်ကြီးတဲ့သူတွေအတွက်တော့ကောင်းပါတယ်..။

ခင်မင်စွာ
သဒ္ဓါ

Unknown said...

ညီမ ရေ

ညီမ မေမေ အတွက် ဆိုရင်တော့ သင့်တော်ပါတယ် လူငယ်တွေ အတွက် ဆိုရင် တော့ ပစ္စည်း များကို ညီမ မြတ်နိုး ပြောသလို သူ့နေရာ နဲ့ သူသတ်မှတ်ပြီး ထားတာဟာ ပိုကောင်းပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခိုင်နုငယ် said...

ရုပ်ဝတ္ထုပစ္စည်းတွေလိုက်လို့ကိုမမှီနိုင်တော့ဘူးနှော်။
အင်းမှတ်ဥာဏ်အားနည်းတဲ့လူကြီးတွေအတွက်တော့
သင့်တော်မယ်ထင်တယ်။
လူငယ်တွေအတွက်တော့..ရေသာလိုက်မှာဆိုးရတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

လသာည said...

ပစ္စည်းဝယ်သင့် မ၀ယ်သင့် တိုင်ပင်တာ လာနားထောင်ဖို့ နောက်ကျသွားတယ် ခွင့်လွှတ်နော်။ နည်းနည်း အရှုပ်လုပ်ပြီး အလုပ်ရှုပ်နေလို့ပါ..။

ပစ္စည်းလေးက ကြည်ရတာ တော်တော်မိုက်တယ် (ကောင်းတယ်)နော်။ လသာညလည်း အခုတလော တအားမေ့တတ်တယ်။ အသက် ၃၀ကျော်မိုလို့သာ ၄၀ကျော်သာဆိုရင် ရှိတာ အကုန်မေ့မလားလို့ တောင် စိတ်ပူမိတယ်။ မဖြစ်မနေ လိုအပ်လာရင် ၀ယ်မှဖြစ်မယ်ထင်တယ်။

သူ့ကို ဘယ်လိုနံမည်နဲ့ ရှာဝယ်သလဲဟင် ??

လသာည said...

အော် တွေ့ပြီ။ ပစ္စည်းရောင်းတဲ့ လင့်ခ်ကို ပေးထားတာ သေချာမကြည့်မိလို့..။ arigatoo.

သူကြီးမင်း (တုံးဖလား) said...

အရေးကြီးတဲ့ပစ္စည်းတွေကို အဲဒီလို စနစ်နဲ့ သိမ်းထားရင် ကောင်းသလောက်တော့ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းလေးကိုပါ ထားတဲ့နေရာ မမှတ်မိနေရင် ဒုက်ခ။

နောက်တစ်ခုက အခန့်မသင့်လို့ သူခိုးဝင်ရင်တောင် အဲဒီပစ္စည်းလေး လမ်းညွန်ချက်ကြောင့် တန်ဖိုးရှိတဲ့ပစ္စည်းထားတဲ့နေရာ အကုန်လုံးကို သိသွားနိုင်တယ်။

နောက်တစ်ခုကတော့ ကျနော်ကိုယ်တိုင်မေ့တတ်လွန်းလို့ အဲဒီပစ္စည်းလေးကိုတော့ စိတ်ဝင်စားသလိုလိုဘဲ။

ပျော်ရွှင်ပါစေ အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဇော်သိင်္ခ said...

ပစ္စည်းရှာစက်လေးက မိုက်တယ်ဗျ.. မဆိုးဘူး အဆင်ပြေရင် ဝယ်သာဝယ်လိုက်လို့ အားပေးပါတယ်ဗျာ....
ပရုပ်စီ လေးရတုန်းမို့ ဝင်လာနိုင်တာပါ။ ပရုပ်စီလေးပျက်သွားရင် ဝင်လာလို့မရတဲ့အတွက်ကြောင့် အမြဲလာလည်ပြီး စာလာမဖတ်နိုင်တာကို ခွင့်လွှတ်ပါနော်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ညိမ်းနိုင် said...

အင်း..အဲဒီ စက်ကလေးပါ ဘယ်နားထားမိမှန်း သတိမရ
တော့ရင်ဒုက္ခ..။ကျွန်တော့် အမေလဲ ဒီအတိုင်ပဲ.. အရမ်းမေ့
တတ်သွားပြီ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခုလောက်တော့ လိုချင်တယ်..

win latt said...

မေ့တတ်တဲ့လူတွေအတွက်တော့ ကောင်းတာပေါ့။
အမကတော့ ဈေးဝယ်လမ်းညွန်လဲရတာပဲနော်..
အမ အဖေကျန်းမာရေးကောင်းသွားပြီလား..။
ကျန်းမာပါစေ..ဆုတောင်းပါတယ်။
ကျွန်တော်တို့ဆီမှာလဲ အရမ်းပူတာပဲ။အခုဆို နွေရာသီ ပိတ်ရက်တွေစလို့ ပင်လယ်ကမ်းခြေ အပန်းဖြေသွားကုန်ကြပြီ။အဲဒီမှာကော?
စာတွေ ပူလို့ပျံကုန်ပြီ ဘာမှမရေးမတင်ဖြစ်သေးပါ။
လာလည်တာကျေးဖူးတင်ပါတယ်။

ကျော်နှင်းဆီလွင် said...

မရေ
သဘောကျလိုက်တာ
အိမ်ကမေလည်းတအားမေ့တတ်တာ
ဒီလိုစက်လေးရှိတာခုမှသိတယ်
လူကြီးဆိုတော့ဝယ်သင့်တယ်ထင်တာပဲမရေ
ညီမလည်း ဒီတခါပြန် ၀ယ်သွားပေးမှပဲ
သိပ်မိုက်တယ်..
;)

SHWE SHWE WIN said...

comment မရေးဖြစ်တာ ကြာပေမယ့် ဘလော့ဂ်လေးတွေကိုတော့ အားပေးနေပါတယ်နော်...

ဖေဖေအတွက် မေမေအတွက် မိသားစုအားလုံးအတွက်ရယ်ဆိုပြီး အစစအရာရာ စဉ်းစားကူညီဖြည့်စည်းပေးတဲ့ သမီးကြီးကောင်း မမွန်တစ်ယောက် ပိုရ်ုပိုရ်ု ကျန်းမာပျော်ရွှင်စွာဖြင့် နေရာတိုင်းမှာ အောင်မြင်မှု့ရလာဘ်ကို ရရှိနိုင်ပါစေ...

ရွှေပြည်သူ (ShwePyiThu) said...

ဝယ်သင့်တယ် ထင်တယ်နော် အစ်မကောင်းမွန်ဝင်း... ညီမဆို ပစ္စည်းပျောက်ရင် ဖုန်းလိုမျိုး ဆက်ကြည့်လို့ အသံထွက်ရင် သိပ်ကောင်းမှာလို့ ခဏခဏ တွေးဖြစ်တာ။ ဂျပန်မှာ လုပ်တာပဲ ထင်တယ်နော်။ ဂျပန်လူမျိုးတွေက အဲဒီလို ထူးထူးဆန်းဆန်းလေးတွေ သိပ်ထွင်တတ်တာပဲ...