February 27, 2010

ဘယ်နေရာကို ကြည့်ကြလဲ

ဂျပန်နိုင်ငံ ရဲ့ goo လို့ခေါ်တဲ့ အင်တာနက် ၀ဗ်ဆိုက်ပေါ်က “ဘာမဆို နံပါတ်စဉ်အလိုက်တန်းစီကြည့်မယ်”ဆိုတဲ့ နေရာက ရလာတဲ့ အချက်အလက်ဖြစ်ပါတယ်။

အင်တာနက်ပေါ်ကနေ ဆန္ဒမဲကောက်ပြီး သုတေသနပြုစုံစမ်းထားတာဖြစ်တဲ့အတွက်ကြောင့် အပြည့်အ၀မှန်ကန်တယ်လို့တော့မပြောနိုင်ပါဘူး။ ဒါပေမယ့် ဘယ်လိုအချက်အလက်တွေ လဲဆိုတာကို သိရဘို့အတွက် သူတို့ရဲ့ စစ်တမ်းကောက်ထားတဲ့ ရလဒ်ကို ဘာသာပြန်မျှဝေလိုက်ပါတယ်။

အမျိုးသားများက ဆုံးဖြတ်သည့် အမျိုးသမီးများခန္ဒာကိုယ်မှ စွဲဆောင်မှုကောင်းသော အစိတ်အပိုင်း နံပါတ်စဉ်အလိုက်
၁၊ ရင်သား။ ၂၊ ခြေထောက်၊ ၃၊ တင်ပါး။ ၄၊ မျက်လုံး။ ၅၊ ဆံပင်။ ၆၊ နှုတ်ခမ်း။ ၇၊ ဗိုက်။ ၈၊ ဂုတ်။ ၉၊ပေါင်။ ၁၀၊ ခါး။


အမျိုးသမီးများက ဆုံးဖြတ်သည့် အမျိုးသားများခန္ဒာကိုယ်မှ စွဲဆောင်မှုကောင်းသော အစိတ်အပိုင်း နံပါတ်စဉ်အလိုက်
၁၊ လက်။၂၊ လက်မောင်း။ ၃၊ မျက်လုံး၊ ၄၊ လက်ချောင်း ၅၊ ကျောပြင်။ ၆၊ ရင်အုပ်။ ၇၊ ပခုံး။ ၈၊ ဆံပင်။ ၉၊တင်ပါး။ ၁၀၊ လည်ပင်း။


ဒါပေမယ့် မိမိချစ်မြတ်နိုးတဲ့ သူမှာ အများကလက်ခံတဲ့ စွဲဆောင်မှု ကောင်းတဲ့ ခန္ဒာအစိတ်အပိုင်းတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ချစ်တဲ့စိတ်တစ်ခုရှိပြီဆိုရင် အမျိုးသားအမျိုးသမီး အားလုံး ဒါတွေကို မေ့သွားကြတာပါပဲ။

တဆက်တည်း ပုံပြင်လေးတစ်ပုဒ်ကိုလည်း ဝေမျှလိုက်ပါတယ်။
ကမ္ဘာဦး အစ အာဒမ်နဲ့ ဧ၀ တို့ ခေတ်ကတည်းကပါ။ ပုံပြင်လေးက ဒီလိုပါ။


ဧဒင် ဥယာဉ်ကြီးမှာ မောင်အာဒမ် နဲ့ မဧ၀တို့ ပထမဦးဆုံးလူဖြစ်လာတဲ့ အချိန်မှာပေါ့။ မောင်အာဒမ် အတွက် ပထမဦးဆုံးမြင်ရတဲ့ “မိန်းမ” ဆိုတာ ကို ဘာရယ်လို့တောင် မသိသေးဘူးဆိုတဲ့ အချိန်မှာပေါ့။ ဒီတော့ ဘုရားသခင်ကို သူက အမျိုးမျိုး မေးခွန်းတွေမေးပါတော့ တယ်။


မောင်အာဒမ်။ ။ အရှင် ဘုရားသခင် က ကျွန်တော့် အတွက် ဖန်တီးပေးတဲ့ ပန်းမာလာတွေ နဲ့ ညနေခင်းနေမင်းကြီး ဟာ အလွန်တရာကို လှပပါပေတယ်။ ဒါပေမယ့် ဧ၀လေးရဲ့ အလှမှာ ကျွန်တော့် အသက်ရှူတွေတောင် ရပ်တန့်သွားမတတ်ဖြစ်ရပါတယ်။ ဘာလို့ ဧ၀ကို အဲဒီလောက်တောင် လှပအောင် ဖန်ဆင်းပေးတော်မူခဲ့ ရတာပါလဲ။


ဘုရားသခင်။ ။ ငါ့သား ၊ ဒီအဖြေက ရှင်းပါတယ်။ မင်း က ဧ၀လေးကို ချစ်အောင်လို့ပါ။


မောင်အာဒမ်။ ။ သိပ်မှန်တဲ့ အဖြေပါပဲ။ နောက်တစ်ခုလောက်ထပ်မေးပါရစေဦး။ ကြည်လင်အေးမြတဲ့ ရေ ကို ထိတွေ့ရတဲ့အချိန်မှာ၊ တိရိစ္ဆာန်လေးတွေရဲ့ ကိုယ်ပေါ်ကအမွှေးလေးတွေကိုပွတ်သပ်ပေးတဲ့ အချိန်မှာ တကယ်ကို စိတ်နှလုံးချမ်းမြေ့ ကြည်နူးရအောင် အရှင်ကိုယ်တော်က ဖန်ဆင်းပေးတော်မူခဲ့ပါတယ်။ ဒါပေမယ့် ဧ၀လေးကို ထိတွေ့လိုက်ရတဲ့ အချိန်အခိုက်အတန့်မှာ ကျွန်တော့ စိတ်တွေဟာ အတိုင်းထက်အလွန် နှလုံးခုန်တာတွေ ရပ်တန့်သွားမတတ် ဆန်းကြယ်မိန်းမောရပါတယ်။ ဧ၀လေးကို ဘာလို့ အဲဒီလောက် အကောင်းဆုံးဖြစ်အောင် ဖန်ဆင်းပေးတော်မူခဲ့ ရတာပါလဲ။


ဘုရားသခင်။ ။ ငါ့သား ၊ ဒီအဖြေက ရှင်းပါတယ်။ မင်း က ဧ၀လေးကို ချစ်အောင်လို့ပါ။


 မောင်အာဒမ်။ ။ သိပ်မှန်တဲ့ အဖြေပါပဲ။ နောက်တစ်ခုလောက်ထပ်မေးလို့ရပါသေးတယ်နော်။ ဒီလိုပါ။ ဧ၀လေး လေ သိပ်တုန်းတာပဲ။ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို အပြစ်တင်တာမျိုး မဟုတ်ရပါဘုရား။ ဒီမေးခွန်းကို သိချင်လို့သာမေးရတာပါ။ ဘုရားသခင်နှယ် ဘာလို့များ ဧ၀လေးကို အဲလို ငတုန်းမလေး ဖြစ်အောင် ဖန်းဆင်းပေးတော်မူခဲ့ ရတာပါလဲ။


ဘုရားသခင်။ ။ ငါ့သား ၊ ဒီအဖြေက ရှင်းပါတယ်။ ဧ၀လေး ကမင်းကို ချစ်အောင်လို့ပါ။


ပုံပြင်လေးကတော့ ဒါပါပဲ ရှင်။ ရှေးကမ္ဘာတည်စ ကတည်းက ယောက်ျားနဲ့မိန်းမ နှစ်ဦးနှစ်ဘက်ကြားမှာ ချစ်မြတ်နိုးကြရတဲ့ အကြောင်းရင်းကတော့ ထူးဆန်းစွာ နဲ့စတင်ခဲ့သလို နောင်လည်း ဒီလိုပဲ ဆက်လက် တည်မြဲနေဦးမှာပါပဲ။ မိမိချစ်မြတ်နိုးတဲ့ သူမှာ အများကလက်ခံတဲ့ စွဲဆောင်မှု ကောင်းတဲ့ ခန္ဒာအစိတ်အပိုင်းတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊၎င်းအရာများကို ကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ ဖူးစာမှန်ရင် တစ်ဦးနဲ့ တစ်ဦး ချစ်နေကြဦးမှာပါပဲ…….လို့ ကျွန်မထင်ပါတယ်။ စွဲဆောင်မှုဆိုတာ လူတစ်ကိုယ်အကြိုက်တစ်မျိုးရှိကြတာမို့ ပါ။


စာကြွင်း။  ။အရင်ပို့စ်မှာ ကော်မန့် ကနေပြန်လည်မေးသွားတဲ့မေးခွန်းများကို ဒီပို့စ်လေးကနေ အဖြေထုတ်ယူကြပါလို့ ပြောပါရစေရှင်။ 

ကိုးကားစာမျက်နှာများ
http://www.laughitout.com/2008/08/adam-and-eve-old-classic.html http://ranking.goo.ne.jp/ranking/017/charmingpoint_man/ http://ranking.goo.ne.jp/ranking/017/charmingpoint_woman/ http://labaq.com/archives/51215210.html

7 comments:

သူကြီးမင်း (တုံးဖလား) said...

ဒီပို့စ်လေးက ကျနော့်မေးခွန်းရဲ့ အဖြေဖြစ်နေသလိုမို့ ကျေးဇူးတင်ပါတယ်။

ပြီးတော့ မကောက်တခေါက် ကျနော့်ကဗျာလေးကို ဟိမ၀န္တာချီးမွမ်းခန်းဖွင့်သွားတဲ့အတွက်လဲ တကယ်ကျေးဇူးပါ။

အင်း....
ကျနော့် လက်ကလေးတွေ၊ လက်မောင်းကလေးတွေ လက်ချောင်းကလေးတွေကို ဂရုမစိုက်တတ်ခဲ့တာ ကြာရောပေါ့။ ကြာဆို မွေးကထဲက ဂရုမစိုက်ခဲ့မိတာထင်တယ်။းဝ။

ဒါပေမဲ့ ကျနော့်ချစ်သူကပြောတယ်။ လက်ချောင်းကလေးတွေရယ်၊ ခြေချောင်းကလေးတွေရယ်ပါနေလို့ ကျနော့်ကို ချစ်နေတာဆိုဘဲ။ ဂျပန်က သုတေသနအဖွဲ့နဲ့တော့ အံဝင်ခွင်ကျဘဲထင်တယ်။

လက်ချောင်းလေးတွေ ဒီထက်ပိုရှင်းအောင် အလှပြင်ရဦးမယ်။ ဒါမှ ရာသက်ပန် ပျော်ရမှာ။

ကျေးဇူးဗျို့ ။

khun said...

သိပ်မှန်တာဘဲ အစ်မရယ်။
ဘယ်လောက်ရုပ်ဆိုးတဲ့သူဖြစ်ဖြစ် အဲဒီလူကိုချစ်တဲ့
နှလုံးသားနဲ့ကြည့်ရင် ကြည်လိ့်ုလှနေတာပါပဲ။

အပေါ်ကဆရာပန်း ကြော်ငြာဝင်တာ
နဲနဲများသလားလို့ :P
မရေ နောက်ဆို မန့်တာက အလကား
ကြော်ငြာဆိုရင်တော့ ပိုက်ဆံတောင်းနော်... :P

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

win latt said...

အချစ်ကို သရုပ်ခွဲရင်တော့ တစ်ထောင့်တစ်ည ပုံပြင်ပါပဲ။
သေချာ တာကတော့ ရှေးရည်စက် အယူအဆပေါ့။
နှလုံးသားနဲ့ လက်ခံခဲ့တဲ့ အချစ်မှာ ပညတ်တွေ ၊ ပရမတ်တွေ မြောင်းထဲ ပို့လိုက်တာပါပဲ။ အနီးဆုံးလူကို မေးကြည့်ပါဦး...“ရှင် ကျမကို ဘာကြည့်ပြီးချစ်တာလဲ..လို့“..

ရွှေပြည်သူ (ShwePyiThu) said...

စိတ်ဝင်စားစရာ ကောင်းပြန်ပြီ အစ်မရေ...း)

“မိမိချစ်မြတ်နိုးတဲ့ သူမှာ အများကလက်ခံတဲ့ စွဲဆောင်မှု ကောင်းတဲ့ ခန္ဒာအစိတ်အပိုင်းတွေ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊၎င်းအရာများကို ကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ ဖူးစာမှန်ရင် တစ်ဦးနဲ့ တစ်ဦး ချစ်နေကြဦးမှာပါပဲ” ဆိုတာကို အတိအကျကို လက်ခံပါတယ်။

တကယ်ချစ်မိပြီဆိုရင် ရုပ်လက္ခာဏာတွေက အရေးမကြီးတော့ပါဘူးနော်...း)

win latt said...
This comment has been removed by the author.
win latt said...

မဖြေချင်တဲ့ သူက မေးခွန်းရှင်ကို လွှဲလိုက်တယ်ပေါ့..ဟုတ်စ။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗဟုသုတရီစရာလေး ပြောဦးမယ်....
တစ်ခါက အိမ်တောင်ရှင်မက သူ့ယောကျာင်္းကို “ရှင် ကျမကို ဘာကြည့်ပြီးချစ်ခဲ့တာလဲ..လို့” မေးတော့ ယောကျာင်္းက လက်ရှိသူ့မိန်းမ ပုံစံနဲ့ အရင်က ပုံစံ မတူတော့တဲ့ အခါ ဖြေရကြပ်နေတာပေါ့။ လှလို့ ပါ ဆိုရင် အခုကျတော့ကော လို့ ပြန်မေးရင် ခက်မယ်လေ။ ခလေးအမေ၊ပုံပျက်ပန်းပျက်ဖြစ်နေပြီ။ ဗရုတ်သုတ်ခ ဝတ်စားထားတယ်။ မြန်မာအိမ်ရှင်မတွေထုံးစံအတိုင်း ရှိနေတော့ ယောကျာင်္း က ဘာဖြေရမှန်း မသိ ဖြစ်နေတာပေါ့။ ဒါနဲ့ ယောကျာင်္းက ပညာသားပါပါ စကားလွှဲပြောလိုက်တယ်။ “ဟ မိန်းမရဲ့ ဘာတွေလာမေးနေတာလဲ၊ ဒါတွေမေးရမဲ့ အချိန်မဟုတ်တော့ဘူး။ မင်းမှာလဲ ကလေးကလားနဲ့။ ခက်တယ်...ငါ့မိန်းမ အသက်ကြီးလာရင် ငယ်မူပြန်တာ စောလိမ့်မယ် ထင်တယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တ သဘောတွေ များများရှု လေကွာ”...တဲ့.....
အဲဒီတော့ မိန်းမက စိတ်ပေါက်ပေါက်နဲ့ သူမေးတာမဖြေတဲ့ ယောကျာင်္းကို ပြန်ပြောလိုက်တာက “ရှင်က တော်တော် တရားရနေပြီပေါ့လေ...ဒါဆို ဒီညကစပြီး ဘုရားခန်းမှာ ပြောင်းအိပ်...”တဲ့...
ကဲ....ပြီးရော...

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

တကယ့်ကို မှတ်သားစရာ ပို့စ်ကောင်းတစ်ခုပါဘဲနော်။

ချစ်မိပြီဆိုမှ ဖြင့်လေ ရုပ်ချောချော.. ဆိုးဆိုး.. အပြစ်မမြင်ရက်ပါဘူး။

ရုပ်ဆိုးတဲ့သူ..လှတဲ့သူနဲ့ ညားတတ်တဲ့ သဘောရှိနေတာကိုး။ အိမ်က မိန်းမဆို အရမ်း ရုပ်ဆိုးတယ်.. :) :) :).. (စတာ...

ခင်မင်စွာဖြင့်
ကိုမျိုး