February 20, 2010

အမျိုးသားအများစုက စိတ်လှုပ်ရှားမှု ဖြစ်တဲ့

အမျိုးသမီးများရဲ့ ခန္ဒာအစိတ်အပိုင်း တစ်ခု 

ဂျပန်လူမျိုးတွေရဲ့ အလှအပနဲ့ ခံစားမှု ဟာ ကျွန်မတို့အတွက် တကယ်ကို အနုစိတ်နိုင်လှပြီး တချို့ နေရာတွေမှာ သူတို့ဘယ်လို အမြင်နဲ့ ခံစားနှစ်သက်ကြတာကို ဆောင်းပါးလေးတပုဒ်ကနေ သိရတာကို ဘာသာပြန်တင်ပြလိုက်ပါတယ်။ 
 

မိန်းခလေးများ ဆံပင်လေးမြင့်မြင့်တင်ပြီးစီးထားတဲ့ အချိန်မှာ မြင်ရတဲ့ လည်ပင်းဂုတ်သားလေးဟာ ရင်ဖိုစရာပါပဲ။ ၀င်းကနဲ မြင်လိုက်ရတဲ့ ဂုတ်သားလေးကြောင့် ရင်ဖိုရတဲ့ယောက်ျားသားတွေရှိပါသတဲ့။ ဆောင်းပါးက ဒီလိုပါ။

နေကြပါဦး ၊ ယောက်ျားတွေက ဘာကြောင့်မိန်းမတွေရဲ့ ဒီဂုတ်သားလေးကို မြင်ရယုံနဲ့ ရင်ဖိုရတာလဲ။ ဘာကြောင့်လဲလို့ မေးလာရင် အကြောင်းရင်းကိုဖြေဘို့ လွယ်မယောင်နဲ့ ခက်လှပါတယ်။ ဒါကြောင့် ဦးနှောက်နဲ့ အာရုံကြောဝေဒနာ ပညာအထူးပြု တက္ကသိုလ်တစ်ခုဖြစ်တဲ့ မူစာ့ရှိနို တက္ကသိုလ်ကဆရာ ဆူဂျီ ခဲဆုကဲ ကိုမေးကြည့်ရပါတော့တယ်။ 


ဆရာ။ “ဂုတ်သားလေးကို မြင်ရရုံနဲ့ စိတ်တွေလှုပ်ရှားလာရတယ်ဆိုတာ သမိုင်းကြောင်းနဲ့ ပြန်ကြည့်မယ်ဆိုရင် အဓိပ္ပါယ်ရှိပါတယ်။ ဟိုးအရင် အယ်ဒိုခေတ်ယဉ်ကျေးမှုမှာ မိန်းခလေးတွေ အပျိုဖော်ဝင်တဲ့ အချိန် ဆံပင်အုပ်လုံးသိမ်းခဲ့ကြတယ်တဲ့။ အဲဒီလို ဓလေ့ကနေ မိန်းခလေး အရွယ်ရောက်တာကို သိရတယ်“ဂုတ်သားလေးကို မြင်ရတာ” ဆိုပြီး၊ ယောက်ျားသားတွေအတွက် နိမိတ်လက္ခဏာ အသွင်ဆောင်တယ်ဆိုတာက ဆက်နွယ်ခဲ့တာပါ။”

စာရေးသူ။ “ အော် ဒီလိုကိုး။ အယ်ဒို ခေတ် ကနေစပြီး ဂုတ်သားလေးတွေဟာ စွဲဆောင်မှု ရှိတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာကိုး။ ဒါပေမယ့် အခုခေတ်မှာ ဆံပင်သိမ်းတာ နဲ့ ပါတ်သက်ပြီး အဲဒီလောက် အဓိပ္ပါယ်နက်နက်နဲနဲတွေမရှိဘူးလို့တော့ ထင်တာပဲ” 

ဆရာ။ “ဖြစ်နိုင်တာ နောက်တစ်ခုက နောက်ဘက်ကနေမြင်ရတဲ့ ပုံသဏ္ဍန်ဆိုတာ လွတ်လွတ်လပ်လပ် ရှိတယ်ဆိုတဲ့ အတိုင်းအတာကလည်း ဆက်စပ်မှုရှိနေတာလည်းပါပါတယ်။ ဂုတ်သားလေးလို အမြဲမြင်နေကျမဟုတ်တဲ့ နေရာကို လှစ်ပြလိုက်တာကလည်း တနည်းအားဖြင့်ယောက်ျားသားတွေကို အဓိပ္ပါယ်တခုခုနဲ့ အချက်ပြတာလို့လည်း ပြောနိုင်ပါတယ်။ ပြီးတော့ စုစည်းချည်နှောင် ဆံပင်လေးတွေ တချို့တလေ ထွက်ကျနေတာကလည်း ယောက်ျားတွေကို စိမ့်ကနဲဖြစ်သွားလောက်အောင် ညို့ဓါတ်ရှိတဲ့ လျှပ်တစ်ပြက် ပုံရိပ်လေးတွေအဖြစ် စွဲဆောင်နိုင်တာလည်းပါပါတယ်။ ” 

စာရေးသူ။ ဒါပေမယ့် “ဂုတ်သားလေးတွေကို” ဘယ်လိုမှစိတ်မ၀င်စားပါဘူးဆိုတဲ့ သူတွေလည်း ရှိတယ်နော်။ အဲဒါကျတော့ ဘယ်လိုပြောမလဲ” 

ဆရာ။ “ခလေးဘ၀ကတည်းက ပုံစံတစ်မျိုးနဲ့ ရှိတဲ့ လိင်သဘာဝနဲ့ ရှိခဲ့သူတွေနဲ့ ၊ ကျွန်တော်တို့တွေရဲ့ ဆန့်ကျင်ဘက်လိင်အပေါ် ထားရှိတဲ့ အကြိုက် ကလည်း မွေးရာပါ မတူကြတဲ့အပြင် ဖြတ်သန်းကြီးပြင်းလာရတဲ့ ဘ၀ပတ်ဝန်းကျင်ပေါ်မှာလည်း အများကြီး သြဇာသက်ရောက်ပါတယ်။ ဥပမာ- ကမ္ဘာမှာ လည်ပင်းဆိုရှည်လေ လှလေလို့ လက်ခံထားတဲ့ လူမျိုးစုတွေရှိသလို ပေါ့။ ဂျပန်လူမျိုးထက်ဝက်ကျော်ကတော့ အဲဒီလို လည်ပင်းရှည်တာကိုတော့ ရင်မခုန်ပါဘူး။ ဒါပေမယ့် ဂု တ်သားလေးတွေပေါ်မှာ တော့စိတ်လှုပ်ရှားတယ်လေ။ အဲဒီလို လူမျိုးနဲ့ ယဉ်ကျေးမှု အရလည်း ကွာခြားမှုတွေ ရှိနိုင်ပါတယ်။ ” 

တကယ်ကိုသေးငယ်လှတဲ့ အကြောင်းအရာလေးတွေက လူမျိုးနဲ့ ၀သီစရိုက်တွေအထိ အရှိန်သြဇာသက်ရောက်မှု ရှိနိုင်တာပဲလား။ အခြားသော ယဉ်ကျေးမှု နဲ့ ရာဇ၀င်များမှာ ဂုတ်သားလေးတွေရဲ့ စွဲဆောင်မှု အကြောင်းရင်း တွေအမျိုးမျိုးရှိနေဦးမှာပါပဲ။ 

စာရေးသူ။ အဲလို ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေရဲ့ နက်နဲမှုကို သိသွားတဲ့ အမျိုးသားများစွာကလည်း အမျိုးသမီးထုရဲ့ ဂုတ်သားဖွေးဖွေး အလှတရားမှာ လည်စင်းကြမှာလားလို့ ……….

ကိုးကားစာမျက်နှာများ http://newsing.jp/entry?url=r25.jp%2Fmagazine%2Franking_review%2F10004000%2F1112008100916.html%3Fvos%3Dnr25mn0000001 http://image-search.yahoo.co.jp/search?ei=UTF-8&p=%E3%81%86%E3%81%AA%E3%81%98

9 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အမျိုးသမီးများ သပ်သပ်ရပ်ရပ် နဲ့ ဆံနွယ်လေး သိမ်းပြီး စည်းထားရင် ဂုတ်သားဖွေးဖွေးလေးတွေကို အတိုင်းသား မြင်ရသူအဖို့ ကြည်လင်အေးချမ်းမှု ဖြစ်စေတာတော့ အမှန်ပါ။ အမွှေးနုနုလေးတွေကို သေချာမြင်ရလေ မြင်ရသူအဖို့ ကြည်လင်အေးချမ်းမှု ဖြစ်လေ ဖြစ်ပါတယ်။

ရွာမှာတော့ ဂုတ်သား ဖွေးဖွေးလေး အပေါ်မှာ အယူအဆ များစွာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂုတ်သားက တစ်ခြားအပိုင်းက အသားတွေထက် ဈေးကြီးပြီး စားကောင်းလို့ပါ.. :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

သူကြီးမင်း (တုံးဖလား) said...

ဂုတ်သားနှင့်ဂုတ်ကြားမှားသွားမှာလဲ သတိထားရသေးတယ်။ သတ်ပုံကိုပြောပါတယ်။းဝ။
လည်ဂုတ်သားဟာ ဖြူစင်းပြီးချောမွတ်လှပနေရင်တော့ ရင်ခုန်စရာကောင်းပါတယ်။ ဒါပေမဲ့ အမာရွတ် အမှတ် အစက်အပြောက်စတဲ့ ခပ်ညစ်ညစ်အဆင်းရှိရင်တော့ ရင်ခုန်စေမှာ မဟုတ်ဘူးလို့ မြင်မိပါတယ်။

ဒါနဲ့... မိန်းခလေးတွေကကော ယောက်ျားလေးတွေရဲ့  ဘယ်အစိတ်အပိုင်းကို မြင်ရရင် ပိုပြီး ရင်ခုန်ဖွယ်ဖြစ်ပါလိမ့်။းဝ

ပျော်ရွှင်ချမ်းမြေ့ပါစေ။

လင်းကြယ်ဖြူ said...

အော် ဒါက ဒီလို ရှိသကိုးခင်ဗျ..
မှတ်သားစရာမို့ မှတ်ထားလိုက်ရတာပနော...း )
ဂုတ်သား...နဲ့ဂုတ်ကျား မှားမှာဆိုးတဲ့ ဆရာ ကိုကိုမောင် တော့ အခုလောက်ဆို ဂုတ် ရောဂါတက်နေပြီ ထင်ပါ့ခင်ဗျ ..း)

ဒါနဲ့..ကိုကိုမောင် မေးထားတာလေးပဲ ထပ်မေးလိုက်ပါရစေ..အပေါ်မှာလေ..း P
ပျော်ပါစေ
*.*.*

win latt said...
This comment has been removed by the author.
win latt said...

ကဲအမရေ...
မိန်းခလေးတစ်ယောက် ဆံပင်ကလဲ တင်ပါးကျော်ကျော် ရှည်မယ်။ ဖြောင့်ဆင်းနက် မှောင်တဲ့ ဆံကေသာပေါ့။
ှအဲဒီဆံပင်ကို သိုင်းရစ်လို့ ရှေ့မှာ ချပြီးလမ်းလျှောက် သွားတယ်။ လက်ထဲမှာ စာအုပ်ကို ပွေ့ပိုက် ထားတယ်။ နောက်ကနေ ကြည့်တဲ့အချိန်မှာ ဂုတ်သား ဖွေးဖွေးလေးကို လှမ်းမြင်တော့ ဘယ်လို ခံစားမိသလဲ ဆိုတာအနားက လူကို မေးကြည့်ပေးပါလား....။

အပေါ်က ဆရာတွေ မေးထားတာလေးလဲ သုတေသန လုပ်ပါဦး..းP

khun said...

အဲဒါကြောင့် ရိုးရိုးကီမိုနိုနဲု့
舞妓တွေဝတ်တဲ့ ပုံစံကမတူတာလား
မသိဘူးနော်.. အစ်မ...

အပေါ်က လူပျိုကြီးတွေ ကျန်ကျန်ဖန်ဖန်
ပေါက်ပေါက်ရှာရှာ ပြောတက်တယ် :)
သူတို့သိချင်တာလေးတွေ
ရေးပေးလိုက်ပါအုံး အစ်မရယ်...
လူပျိုကြီးတွေ ဆိုတော့ သိချင်ရှာတယ်... :P

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

Myanmar Good Knowledg Co., Ltd said...

ပျော်တတ်ပြီး ဇ၀နဥာဏ်ရွှင်တဲ့ ကော်မန့်တွေအတွက် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။
ပြန်မေးထားကြတဲ့ “မိန်းခလေးတွေကကော ယောက်ျားလေးတွေရဲ့  ဘယ်အစိတ်အပိုင်းကို မြင်ရရင် ပိုပြီး ရင်ခုန်ဖွယ်ဖြစ်ပါလိမ့်။”လို့မေးထားတဲ့မေးခွန်းနဲ့ ပါတ်သက်ပြီး ဖြေပါရစေ။ မူလက ကျွန်မအနေနဲ့ ဒီပို့စ်ရဲ့ မူရင်းဆောင်းပါးကိုတွေ့ပြီး တဆင့်ပြန်ဖေါက်သည်ချလိုက်တာပါ။ ဒါပေမယ့် အခုလိုမေးထားတဲ့မေးခွန်းနဲ့ပါတ်သက်လို့ နောက်ထပ်စိတ်ဝင်စားစရာတွေ့ရင် ပို့စ်ထပ်တင်ဘို့စိတ်ကူးရှိလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစိတ်ကူးကို တွန်းအားပေးတဲ့ နောက်ထပ် ကော်မန့် တစ်ခုထဲ မေးခွန်း ကြောင့်ပါ။
အဲဒီကော်မန့်က ပြောထားတဲ့ ပုံစံနဲ့ “ကျွန်မ အနားမှာ ရှိနေသူ ”ကို မေးကြည့်တော့ အနားမှာရှိတဲ့သူကဒီလိုဖြေပါတယ်။
“ သူကတော့ မိန်းခလေးလှလှတွေ့တာနဲ့ ကြည့်ပါတယ်တဲ့။ အလှကိုခံစားတာပါတဲ့။ ဂုတ် အထိ မြင်ရရင်တော့ တမျိုးဖြစ်သွားတယ် ”တဲ့ ။ ဒီအဖြေကြောင့် တွန်းအားရခဲ့ပါတယ်။ ပို့စ်ရေးပြီတာနဲ့ တင်ပါ့မယ်။
တွန်းအာပေးသူအပါအ၀င် ဘလောက်ကိုဖတ်ပေးကြတဲ့သူ အားလုံးကို လေးစားစွာကျေးဇူးတင်လျှက်။

win latt said...

လက်စနဲ့ ဖေါက်သည်ချပါရစေ...။
ဂျပန်မှာ တော့မသိဘူး..ဒီကိုရီးယားမှာ ဖြစ်နေတာပြောပါတယ်။
မိန်းခလေးတွေကျတော့ စကပ်တိုတို၊ဘောင်းဘီတိုတို၊အကျီင်္ဆိုလဲ ကုန်းစရာကွစရာမလိုအောင်ကို လေဝင်လေထွက် ကောင်းစေတယ်...။အခပ်မသင့်လို့ မြင်လိုက်တယ် ဆိုရင် တော်သေး...တမင်တကာကို မြင်နေရတဲ့ အနေအထားတွေ၊ နွေရာသီဆို ပိုဆိုးသေးတယ်။
“ကျွန်တော်ကတော့ နှုတ်ဆက်တယ်..မြန်မာလိုပေါ့... အခုလို တွေ့ရတာ ဝမ်းသာပါတယ်” လို့...။အဲဒီလိုအနေအထားရှိတဲ့ ကိုရီးယားမိန်းခလေးတွေနော်...။
ဟော..ယောင်္ကျားလေးတွေများ စွပ်ကျယ်ဂျိုင်းပြတ်တို့လို။ ဘောင်းဘီ အတို တွေများ ဝတ်ပြီဆိုရင်...။အပြစ်ပြောလို့မဆုံးတော့ဘူးဗျ။ ကျွန်တော်တို့မှာ ဟိုနားဒီနား အပြင်ဘက် ခဏလေးထွက်တာတောင် ဝတ်လိုက်ရတဲ့ အကျီင်္၊ဘောင်းဘီ...ပြောချင်တာကတော့အမရေ...မိန်းခလေးတွေများ မမြင်ချင်အဆုံး။ယောကျာင်္းလေးတွေ ဆိုရင် နှာခေါင်းရှုံ့ ကြလေရဲ့ဗျာ....ဒီမှာ ပြောင်းပြန်ဖြစ်နေတာ ပြောပါတယ်။ အဲဒီမှာတော့မသိဘူး....

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီး သဘောတကျ ပြုံးမိပါတယ်။ အမျိုးသမီးလေးတွေရဲ့ ဂုတ်သားလေးတွေက အဲလိုမျိုး ဆွဲဆောင်မှုရှိလိမ့်မယ်လို့ တစ်ခါမှ တွေးမကြည့်ဖူးလို့ပါ။ ဗဟုသုတပါပဲ အစ်မရယ်...း)