ဧရာဝတီချစ်သူများအတွက် အစ်မရွှေစင်စည်းရုံးရေးအရ ဒီပို့စ်လေးကို ရေးပါတယ်။ ဒီပို့စ်မှာတော့ ဧရာဝတီမှာဆောက်မယ့် ရေကာတာတာနဲ့ပတ်သက်ပြီး၊ ရေကာတာတစ်ခုဆောက်လုပ်တဲ့
အတွက်ကြောင့် ထိခိုက်နိုင်တဲ့ဆိုးကျိုးများကို ဂျပန်ဘာသာကနေ မြန်မာဘာသာ သို့ပြန်ဆို ရေးသားထားပါတယ်။
အတွက်ကြောင့် ထိခိုက်နိုင်တဲ့ဆိုးကျိုးများကို ဂျပန်ဘာသာကနေ မြန်မာဘာသာ သို့ပြန်ဆို ရေးသားထားပါတယ်။
ရေကာတာ များ၏ဆိုးကျိုး
ရေကာတာ များကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုဆိုလိုသည်။
ရေကာတာများသည် သဘာဝပတ်ဝန်းကျင်နှင့် လူတို့၏ဘ၀များအား ကျယ်ပြန့်သောအတိုင်းအတာဖြင့်
ပြောင်းလဲစေနိုင်သော အစွမ်းကိုပိုင်ဆိုင်သည့်အားလျှော်စွာ ပတ်ဝန်းကျင်ကို သက်ရောက်စေသည့်
ပြောင်းလဲမှုနှင့် ဆိုးကျိုးများသည် လည်း အလွန်ကြီးမားလှသည်။ ထိုပြဿနာများနှင့် ဆိုးကျိုးများသည် ရေကာတာများတည်ဆောက်ချိန်တွင် ကြိုတင်ခန့်မှန်းခြင်း၊ အဖြေထုတ်ခြင်းတို့မပြုလုပ်နိုင်သည့်အတွက်ကြောင့်လည်း
အီဂျစ်နိုင်ငံရှိ အက်စ၀မ် ရေကာတာ ကဲ့သို့ ရေကာတာ ဆောက်လုပ်ပြီးစီးသည့်အချိန်တွင်
ဒုက္ခပြဿနာများဖြစ်ပွါးခြင်းသည်လည်းမနည်းလှပေ။
ရေကာတာ ကြောင့်ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်အပြောင်းအလဲများ နှင့်ပတ်သက်၍ ရေကာတာ
များနှင့်ဆက်နွယ်သည့် လူမှုဘ၀နောက်ခံများကို မှန်ကန်လက်တွေ့ကျသည့် သုတေသနပြုမှုများ
နည်းပါးနေသေးသည်။ ရေကာတာများတည်ဆောက်မှုအရည်အတွက်နည်းပါးစေရေး နှင့် မြစ်ကမ်းများ၏
အရေးပါလိုအပ်ချက် တို့ကိုလိုက်၍ ထိန်းသိမ်းစောင့်ရှောက်ရေးနည်းသစ်များကို အစဉ်သုသေတနပြုလေ့လာနေကြသလို ရေကာတာ များကြောင့်ဖြစ်ပေါ်စေသော ပတ်ဝန်းကျင် ထိခိုက်မှုဆိုးကျိုးများကိုလည်း သုသေသနပြုလေ့လာသွားရန် ပိုမိုလိုအပ်လာသည်။
အရေးပါလိုအပ်ချက် တို့ကိုလိုက်၍ ထိန်းသိမ်းစောင့်ရှောက်ရေးနည်းသစ်များကို အစဉ်သုသေတနပြုလေ့လာနေကြသလို ရေကာတာ များကြောင့်ဖြစ်ပေါ်စေသော ပတ်ဝန်းကျင် ထိခိုက်မှုဆိုးကျိုးများကိုလည်း သုသေသနပြုလေ့လာသွားရန် ပိုမိုလိုအပ်လာသည်။
ရေကာတာ ကြောင့်ဖြစ်ပေါ်သော ပတ်ဝန်းကျင်အပြောင်းအလဲ
ရေကာတာ များ၏ ရေသိုလှောင်ခြင်း၊ ရေထုတ်ခြင်း များကိုလိုက်၍ မြစ်များစီးဆင်းပုံ
များစွာပြောင်းလဲမှုဖြစ်နိုင်သည်။ ရေပမာဏ၊ ရေစီးဆင်းမှုတို့၏အပြောင်းအလဲ နှင့်အတူ ရေ၏
ဂုဏ်သတ္တိများလည်း ပြောင်းလဲသည်သွားနိုင်သည်အထိ ပြဿနာများဖြစ်ပေါ်နိုင်ပါသည်။ ၎င်းတို့အားလုံးသည် ထိန်းသိမ်းစောင့်ရှောက်သူများ၏ ကိုင်တွယ်စီမံပုံပေါ်တွင်မူတည်သည်။
ဂုဏ်သတ္တိများလည်း ပြောင်းလဲသည်သွားနိုင်သည်အထိ ပြဿနာများဖြစ်ပေါ်နိုင်ပါသည်။ ၎င်းတို့အားလုံးသည် ထိန်းသိမ်းစောင့်ရှောက်သူများ၏ ကိုင်တွယ်စီမံပုံပေါ်တွင်မူတည်သည်။
ရေကာတာ အတွင်း ရေ၏ဂုဏ်သတ္တိအပြောင်းအလဲ
ရေကာတာ အတွင်စီးဝင်လာသော သံနုံးများနှင့် သက်ရှိဒြပ်ပေါင်းများသည် ရေကာတာ
အတွင်းတွင် ထူးခြားသည့် ရေ၏ဂုဏ်သတ္တိပြောင်းလဲမှုများကိုဖြစ်ပေါ်စေသည်။ ရေကာတာ အတွင်းသို့
စီးဝင်သည့် မြစ်ထဲမှ ရေ၏ဂုဏ်သတ္တိနှင့် ရေကာတာ မှပြန်လည်ထွက်လာသော ရေ၏ဂုဏ်သတ္တိတို့ပြောင်းလဲမှုသည်
ရေကာတာ ၏ပုံစံ၊ ရေကာတာ၏ အရွယ်အစားတို့အပေါ်များစွာတည်မီသည်။ ရေကာတာတွင်းစုဝေးများပြားလာသော
ရွှံ့ရေများကြောင့် ထိုရေများ၏ ဂုဏ်သတ္တိပြောင်းလဲရခြင်းမျိုးလည်းရှိသည်။ ယေဘူယျအားဖြင့်
ဆိုရလျှင် ရေကာတာ တည်ဆောက်လိုက်သည်နှင့် တစ်ပြိုင်တည်း ထိုနေရာတွင် သိုလှောင်ခံရသောရေများ ညစ်ညမ်းသွားမည်ဖြစ်သည်။
အထူးသဖြင့် ရေများမြင့်တက်လာချိန်တွင် ရေနောက်များသည်
ရေကာတာအတွင်း စုဝေးရာမှ အနည်ထိုင်ရန်ခက်ခဲသောအရွယ်အစားရှိသည့် သေးငယ်သောအစိုင်အခဲများဖြစ်သဖြင့် အချိန်ကြာမြင့်စွာ ရေကာတာအတွင်း ပေါလောမျောနေမည်ဖြစ်သည်။ ထို့အတွက်ကြောင့် ရေကာတာအတွင်းရေများသည်
နောက်ကျိနေမည်ဖြစ်သည်။ ထိုသို့ အချိန်ကြာမြင့်စွာ ရေများနောက်ကျိနေခြင်းကို “ရေကာတာတွင်းရေများ
ညစ်ညမ်းမှုဖြစ်စဉ်” ဟုခေါ်ဆိုသည်။ ရေကာတာတွင်းရေများ သွင်းထုတ်လည်ပတ်မှုဖြစ်စဉ်အား ပြန်လည်အသုံးချမှု နှင့် သက်ရှိသတ္တ၀ါများ
မွေးမြူရေးအတွက် ပြန်လည်အသုံးချမှု များပြုလုပ်ပြန်ရာ တစ်နှစ်ပတ်လုံး ကြည်လင်သည့် ရေအဖြစ်ပြန်လည်မရောက်နိုင်တော့သော
ရေကာတာများလည်းရှိသည်။
ရေကာတာများအတွင်း ရေအမြင့်အနိမ့်ပြောင်းလဲမှုအလွန်များသောအခါများတွင် ရေကာတာ၏
ကမ်းပါးများပေါ်ရှိ ရုက္ခမျိုးနွယ်တို့၏ရှင်သန်မှုအား တည်ငြိမ်မှုမပေးနိုင်ခြင်းကြောင့်
လည်း ရေကာတာ၏ကမ်းပါးများတွင် သဲမြေများပိုမိုဖြစ်ပေါ်စေကာ ရေကာတာအတွင်းရှိ ရေ၏ဂုဏ်သတ္တိကိုပြောင်းလဲစေသည့်
ဆိုးကျိုးကိုဖြစ်ပေါ်စေပါသည်။
ဤကဲ့သို့သော အကြောင်းအမျိုးမျိုးကြောင့် ရေကာတာအတွင်း ရေများနောက်ကျိမှုကို
အချိန်ကြာမြင့်စေပါသည်။ အထူးသဖြင့် ပျော်ဝင်ခြင်းမရှိပဲ ဆိုင်းနေသည့် ရွှံ့ရေနောက်များ၊ ရေတိုက်စားမှုဖြင့်ဖြစ်လာသော သဲကျောက်စရစ်များ အမြောက်အမြားပါဝင်နေသောကြောင့် မြစ်ညာဘက်တစ်လျှောက် ကမ်းပါးများရှိ ကျောက်စိုင်ကျောက်တုံးများသည်
ရွှံ့များဖုံးလွှမ်းခံနေရမည်ဖြစ်သည်။
ရေကာတာအတွင်း စီးဝင်ရေနှင့် ပြန်ထွက်ရေတို့၏
ဂုဏ်သတ္တိ ကွာဟချက် ကိုလည်းသိသာစွာတွေ့မြင်ရပြီး အထူးသဖြင့် ကြီးမားသောရေကာတာများတွင်
အချိန်ကာလကြာမြင့်သည်အထိ ဆက်လက်ဖြစ်ပွါးနေမည်ဖြစ်သည်။ သို့အတွက်ကြောင့် မြစ်ညာပိုင်းရှိ
ရေအသုံးချမှုများတွင် ဆိုးကျိုးများမဖြစ်ပွါးစေရန် စီမံဆောင်ရွက်ခြင်း၊ နောက်ကျိရေများ
စီးဆင်းမသွားစေရေးအတွက် ရေကာတာမှ အပေါ်ယံရေကြည်များသာ စီးဆင်းစေရန် စီမံဖန်တီးခြင်း
တနည်းဆိုရသော် “ရေကြည်ရေသန့်သာပြန်လည်စီးဆင်းစေသော စီမံဖန်တီးမှု”များကို အသုံးချလာသည့်
ရေကာတာများကို တွေ့ရှိလာရသည်။
ရေကာတာတွင်းရှိရေ၏အပူချိန်အပြောင်းအလဲ
စီးဆင်းနေသောရေကို ပမာဏများစွာသိုလှောင်ခြင်းကြောင့်၎င်း၊ ပြန်လည်ရေထုတ်ပေါက်များ ၏ တည်နေရာတို့ကိုလိုက်၍၎င်း၊
ရေကာတာအတွင်းမစီးဝင်မီနှင့် ရေကာတာအတွင်းမှ ပြန်ထွက်သောရေ၏ အပူချိန်များစွာပြောင်လဲသွားသည်ကိုလည်း
သိမြင်နိုင်ပါသည်။ ရေကာတာတွင်းရေများ သွင်းထုတ်လည်ပတ်မှုဖြစ်စဉ်အား ပြန်လည်အသုံးချမှုတို့ကြောင့်
ထိမ်းချုပ်ကိုင်တွယ်ရန် လွန်စွာမှခက်ခဲသော်လည်း အဆင့်မြင့်တည်ဆောက်မွမ်းမံခြင်း ထိန်းသိမ်းကြီးကြပ်မှုများ
ဆောင်ရွက်ခြင်းဖြင့် ဆိုးကျိုးကို သက်သာစေနိုင်လာပြီဖြစ်သည်။အထူးသဖြင့် ပြဿနာဖြစ်ပွါးစေသည့်
အပူချိန်နိမ့်သောရေများပြန်လည်လွှတ်ထုတ်ခြင်းကို ရေကာတာ၏အောက်ပိုင်းမှရေများ ပြန်လည်
စီးထွက်ချိန်တွင် တွေ့ရသည်။ နေရောင်ခြည်ထိတွေ့မှုမရရှိသောကြောင့် အပူချိန်နိမ့်သောရေများက မြစ်ညာဘက်သို့ပြန်လည်စီးထွက်ကာ ရာသီဥတုကြောင့်မဟုတ်သော ရေ၏အပူချိန်ပြောင်းလဲမှုကို ဆက်တိုက်ဖြစ်ပေါ်နေပေလိမ့်မည်။ ထိုသို့သော ရေများစီးဆင်းမှုကြောင့် စပါးပင်များ ရှင်သန်ကြီးထွားမှုကိုများစွာထိခိုက်စေသည့် စိုက်ပျိုးရေး လုပ်ငန်းများအထိ ဆိုးကျိုးသက်ရောက်နိုင်ပါသည်။ ၎င်းကိုကာကွယ်သည့်အနေဖြင့် ယခုအခါ ရေကာတာများမှ နေရောင်ခြည်ထိတွေ့ထားသည့် အပိုင်းမှရေများသာပြန်လည်စီးထွက်စေရန် စီမံတည်ဆောက်ခြင်းမျိုးလည်း များပြားလာသည်။
စီးထွက်ချိန်တွင် တွေ့ရသည်။ နေရောင်ခြည်ထိတွေ့မှုမရရှိသောကြောင့် အပူချိန်နိမ့်သောရေများက မြစ်ညာဘက်သို့ပြန်လည်စီးထွက်ကာ ရာသီဥတုကြောင့်မဟုတ်သော ရေ၏အပူချိန်ပြောင်းလဲမှုကို ဆက်တိုက်ဖြစ်ပေါ်နေပေလိမ့်မည်။ ထိုသို့သော ရေများစီးဆင်းမှုကြောင့် စပါးပင်များ ရှင်သန်ကြီးထွားမှုကိုများစွာထိခိုက်စေသည့် စိုက်ပျိုးရေး လုပ်ငန်းများအထိ ဆိုးကျိုးသက်ရောက်နိုင်ပါသည်။ ၎င်းကိုကာကွယ်သည့်အနေဖြင့် ယခုအခါ ရေကာတာများမှ နေရောင်ခြည်ထိတွေ့ထားသည့် အပိုင်းမှရေများသာပြန်လည်စီးထွက်စေရန် စီမံတည်ဆောက်ခြင်းမျိုးလည်း များပြားလာသည်။
ရေကာတာနှင့် မြစ်၏ပတ်ဝန်းကျင်
ရေကာတာနှင့် မြစ်၏ပတ်ဝန်းကျင်အားဆိုးကျိုးဖြစ်မှုကို သုံးသပ်ရာတွင် အဓိကအားဖြင့်
ရေပမာဏနည်းပါးသွားမှု နှင့် သဲများစီးဆင်းလည်ပတ်မှုဖြစ်စဉ်ပျက်စီးခြင်း၊ ငါးဖမ်းလုပ်ငန်း၊
မြစ်များ၏ ရုက္ခဇီဝနှင့် ပတ်ဝန်းကျင်ဖွဲ့စည်းမှု
တို့အပေါ်သက်ရောက်မှုပေါ် မူတည် ဆုံးဖြတ်သည်။ ပြဿနာ ကို
တစ်ခုချင်းအနေဖြင့် ဖေါ်ထုတ်ပြသသည် ထက် ပြဿနာများစွာကိုဆက်နွယ်ဖြစ်ပွါးစေသည့် အတွက် ဖြေရှင်းရန်မလွယ်ကူပါ။
ဂျပန်နိုင်ငံအနေဖြင့် ဤကဲ့သို့သောပြဿနာများကိုဖြေရှင်းရန်အတွက် တင်းကြပ်သောစိစစ်မှုများပါဝင်သည့် ပတ်ဝန်းကျင်အကျိုးသက်ရောက်မှုအကဲဖြတ်ဥပဒေ ဖြင့်ကြိုတင်စစ်ဆေးမှူများပြုလုပ်ကာ ကျယ်ပြန့်သော လူထုနှင့်သက်ဆိုင်သည့်လုပ်ငန်းများ အဖြစ်လိုက်နာရန် တာဝန်သတ်မှတ်ထားသည်။
တဘက်တွင်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များ၌ ကြီးမားကျယ်ပြန့်သော ပြဿနာများနှင့်ရင်ဆိုင်နေရသည့်
အပြင် အပြည်ပြည်ဆိုင်ရာပိုင်နက် မြစ်ချောင်းများတွင် ရေကာတာများတည်ဆောက်မည်ဆိုပါက အနီးအနားရှိ
တိုင်းပြည်များနှင့် ဆိုးကျိုးကောင်းမွေများကို ညှိနှိုင်းခြင်းမှ ဖြေရှင်း၍မရသော အပြည်ပြည်ဆိုင်ရာ
ပြဿနာများဖြစ်ပွါးရသည့်ကိစ္စများ ကိုလည်း ခန့်မှန်းသိရှိနိုင်ပါသည်။
နိုင်ငံခြားတိုင်းပြည်များရှိရေကာတာများနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေ
ဥပမာအနေဖြင့် အီဂျစ်နိုင်ငံ နိုင်းမြစ်ရှိ ၁၉၇၀ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့်
အက်စ၀မ် ဟိုင်း ရေကာတာ
သည် နှစ်ကာလကြာရှည်စွာ ရေစီးဒေသများ၏ ရေနှင့်ပတ်သက်သည့် ပြဿနာများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးတို့ကိုအောင်မြင်စွာ
ဖြေရှင်းနိုင်ခဲ့သည့်အပြင် လျှပ်စစ်ဓါတ်အားပေးဝေမှုနိုင်သည်အထိ ဆောင်ရွက်နိုင်သည့်
အထိ အီဂျစ်နိုင်ငံ ၏တိုးတက်မှုများကို အထောက်အပံ့ဖြစ်စေနိုင်ခဲ့သည်။ သို့ရာတွင် ရေကာတာကြောင့်
နိုင်းမြစ်ဝှမ်းရှိသဲနုံးများစီးဆင်းလည်ပတ်မှု ပြတ်တောက်ခဲ့ကာ မြစ်ညာပိုင်းရှိ နိုင်းမြစ်
မြစ်ဝကျွန်းပေါ် ပုံသဏ္ဍန်ကိုပြောင်းလဲသွားရသည်အထိ ကြီးမားသောပြဿနာများပေါ်ပေါက်လာခဲ့ရသည်။
လက်တွေ့တွင် နိုင်းမြစ် မြစ်ဝကျွန်းပေါ် တစထက်တစ သေးငယ်လာသည်မှာ ရေကာတာကြောင့်ဖြစ်ရသော
ဆိုးကျိုးဖြစ်ကြောင်း ပြယုဂ်တစ်ခုဖြစ်သည်။
ထို့ပြင် နောင်အနာဂါတ်တွင် သဘာဝပတ်ဝန်းကျင်အတွက် စိုးရိမ်ရသည့် ရေကာတာဆောက်လုပ်ရေးတစ်ခုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မဲခေါင်မြစ် တွင်ယခုလက်ရှိတည်ဆောက်ဆဲဖြစ်သော
ရှောဝမ်ရေကာတာဖြစ်သည်။ တမံအမြင့် ၂၉၂မီတာ၊ စုပေါင်းရေသိုလှောင်အင်အား တန် ၁၅၁သန်းရှိသော
ကမ္ဘာ့အကြီးဆုံးရေကာတာသည် ၂၀၁၀ခုနှစ်ပြီးစီးရန်လျာထားသည့် ဆောက်လုပ်ဆဲရေကာတာဖြစ်သည်။ ဤရေကာတာသည် စမ်ဂျောင်းရေကာတာ (လျှိုမြောင်သုံးသွယ်ရေကာတာ) နည်းတူ တရုတ်နိုင်ငံ၏ နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ဤရေကာတာမှ လျှပ်စစ်ဓါတ်အား
ကီလိုဝပ် ၄သန်းကျော်ရှိသည့် ရေအားလျှပ်စစ်ထုတ်လုပ်မည် ဟုလျာထားသည်။ သို့သော် ရေကာတာတည်ဆောက်ခြင်းကြောင့်
မဲခေါင်မြစ် မြစ်ညာပိုင်းသို့စီးဆင်းသော သဲနုံးစီးဆင်းမှုဖြစ်စဉ် ပြတ်တောက်ခြင်းဖြင့် မြေဆီသြဇာများ
ဆုံးရှုံးလျော့နည်းခြင်း၊ မဲခေါင်မြစ်ဝှမ်း
တိုက်စားသေးငယ်သွားခြင်း၊ မြစ်ကမ်းများတိုက်စားခံရခြင်းတို့ ဖြစ်နိုင်ခြေကိုကြိုတင်တွက်ဆနိုင်သည်။
တရုတ်နိုင်ငံအနေဖြင့် ထိုရေကာတာတည်ဆောက်ခြင်းနှင့်ပတ်သက်၍ မဲခေါင်ဖြစ်ရေ တည်ငြိမ်သည့်
အနေအထားကိုထိမ်းသိမ်းနိုင်သည့် နည်းစံနစ်များကို အလေးပေးဆောက်လုပ်မည်ဟု ဆိုသော်ငြားလည်း
၊ လက်တွေ့တွင်မူ ရေကာတာည်ဆောက်ရေးလုပ်ငန်းအား မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြင့် ဖွဲ့စည်းထားသော
မဲခေါင်မြစ် ကော်မတီတွင် တင်ပြထားခြင်းမရှိသလို၊ အသေးစိတ်အချက်အလက်များကိုလည်း လျှို့ဝှက်ထားဆဲဖြစ်သည်။
ထို့အတွက်ကြောင့် အနာဂတ်တွင် သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးများမှာ မခန့်မှန်းနိုင်လောက်အောင်
များပြားလှသည်ကို စိုးရိမ်ပူပန်မှုရှီကြကြာင်း ပြောကြားမှုများကိုလည်း ကြားသိနေရသည်။
14 comments:
ညီမ ကောင်းမွန်ဝင်း ရေ
ရေကာတာ ရဲ့ ဆိုးကျိုးများ ကိုဖော်ပြပေးတဲ့ အတွက် ကျေးဇူးပါ...
ဧရာဝတီ ကို ဘယ်လို အကျိုးအမြတ်တွေ ဘဲ ရရ နဲနဲလေး မှ မပျက်စီးစေချင်သူပါ
ကျေးဇူးညီမ
အမရွှေစင်
.
ရေကာတာရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အသေးစိတ် ဖတ်ပြီးမှတ်သားခွင့်ရတဲ့အတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တရုတ်ပြည်နံဘေး နေရတဲ့ ဒုက္ခကလည်း မနည်းဘူး မကောင်းမွန်ဝင်းရေ၊ မြေငလျင်တွေ ဘာတွေ လှုပ်လို့ ရေကာတာ ကျိုးသွားရင်လည်း တွေးတောင် မတွေးဝံ့ဘူး ....
ကောင်းကောင်း
ရေတွေ ကာ ပစ်လိုက်မှတော့ ဘယ်ကောင်းမလဲနော
ဘယ်မြစ်က ရေတွေဘဲ ကာကာ မကောင်းဘူး
ဗဟုသုတတွေ အများကြီးရလို့ ကျေးဇူးအထူးတင်ပါတယ်
ခင်မင်တဲ့
seesein
ဒီမြစ်ဆုံလို လှပသာယာလွန်းတဲ့ သဘာဝရဲ့လက်ဆောင် အဖိုးတန်နေရာလေးကို လူတွေရဲ့ လောဘဇောရမက်ကြောင့် မပျက်စီးစေချင်ဘူး။
တစ်တိုင်းပြည်လုံး အကျိုးမဟုတ်ဘဲ
တရုတ်ပေးတဲ့လက်ဆောင်ယူထားလို့ ဆောက်တာမျိုးက ပိုတောင် ဆိုးသေးတယ်။
ဘာကြောင့်မှ မဆောက်စေချင်ပါဘူးလေ
မြစ်ဆုံစီမံကိန်ကြောင့် ရေကာတာကြီး ပြီးသွားရင် ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးလဲ ဘယ်လို ဘေးဆိုးတွေ ကျရောက်လာမလဲလို့ တွေးပူနေမိတယ် အစ်မရယ်...
ဗဟုသုတတွေ ဖြန့် ဝေပေးတဲ့ အစ်မကို ကျေးဇူးတင်ပါတယ်... ဒီရေကာတာကြီး ပြီးသွားလို့ မဖြစ်ဘူး အစ်မရေ...
ဒီလို ကောင်းကျိုး ဆိုးပြစ်တွေကို သိသွားပြီ။ ကျေးဇူး မမွန်။ ဒါပေမဲ့ ဧရာဝတီ အရေးတော့ ရင်လေးမိပါရဲ့ မမွန်။
ခင်မင်လျှက်
အမရေးတဲ့ ဆိုးကျိုး တွေကို ဟို ၀ံကြီးတွေ ဖတ်မှိရင် ကောင်းမှာ
ရေကာတာရဲ့ ဆိုးကျိုးများကို မသိလေသူများ.. သိအောင် ပြောပြသင့်တယ်နော်...
ဒါမှ မဟုတ် ဒီလူတွေက သိသိ နဲ့ပဲ လုပ်နေကြတယ်လို့ပဲ ထင်ပါတယ်။
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
အကျိုးအပြစ်၊ အချက်အလက် ဝေဝေဆာဆာနဲ့ ဗဟုသုတ ရတဲ့ ဘာသာပြန်ပို့စ်လေးပါ မ,ကောင်းမွန်ဝင်း ရေ..၊ ရေကာတာထဲက ရေတွေ ပြောင်းလဲပုံကို သိလိုက်ရတာ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ပိုသိလေလေ ဧရာဝတီကိုလည်း သန့်စင် စွာနဲ့ ဆက်လက်စီးပါစေလို့ ပိုပြီး ဆုတောင်းမိလေလေ ပါပဲဗျာ၊ ဝေမျှတဲ့အတွက် ကျေးဇူး တင်ပါတယ်နော်..။
ရေကာတာရဲ့ ဆိုးကျိုးတွေ အကြောင်း အသေးစိတ် ဘာသာပြန်ပေးလို့ ကျေးဇူးတင်ပါတယ်။ အခုမှ အသေအချာလာဖတ်ဖြစ်တယ်။ တော်သေးတယ်နော်။ အဲဒီကိစ္စ ရပ်ဆိုင်းထားတယ်ဆိုလို့..
(မမွန်.. နေကောင်းလား။ သတိရတယ်)
ရေကာတာတစ်ခုတည်ဆောက်ခြင်းရဲ့ အကျိုးအပြစ်တွေကို အချက်အလက်တွေနဲ့ သေချာသိလိုက်ရတာ ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆည်မှာတော့ မြသွေးတို့ရဲ့ ဧရာဝတီက ငြိမ်းချမ်းမှုရသွားတာ ၀မ်းသာစရာပါ။ ဘလော့ဂါများအနေနဲ့လည်း တတ်စွမ်းသလောက် ဖော်ထုတ်ရေးသားခဲ့ကြတာ ကျေနပ်အားရစရာပါရှင်..။
ပြန်ဖတ်သွားတယ်ကောင်းရေ။
အိုင်အိုရာ
Post a Comment