November 23, 2010

၁၀နှစ်တောင်ကြာခဲ့တယ်


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ (နိုဝင်ဘာ၂၃ရက်)မနက်မှာ ရန်ကုန်လေဆိပ်ကို ရောက်ရှိလာတဲ့ အင်္ဂလန်နိုင်ငံမှာနေထိုင်သူသားငယ် ကင်မ် အယ်လစ်စ် (၃၃နှစ်) နဲ့ ၁၀ကြာကွဲကွာနေရာက ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါပြီ။ 
ဓါတ်ပုံ AP


သားငယ် ကင်မ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်ကလွတ်မြောက်ကာနီးကတည်းက ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ နေထိုင်စောင့်စားခဲ့ပြီး၊ မြန်မာသံရုံးမှာ ဗီဇာလျှောက်ထားခဲ့ပါတယ်။ ၁၃ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ်ကနေပြန်လွှတ်ပေးခဲ့တဲ့ စစ်အစိုးရဟာ ကင်မ်ရဲ့ အကြိမ်ကြိမ်ဗီဇာလျှောက်ထားမှုကို ၂၂ရက်နေ့မှာ ဗီဇာထုတ်ပေးခဲ့လို့ ၂၃ရက်နေ့မနက်မှာ တော့ ရန်ကုန်ကို ရောက်ရှိလာနိုင်ခဲ့ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  သားငယ် ကင်မ် ကိုတွေ့လိုက်ရတဲ့အချိန်မှာ မျက်နှာကအပြုံးတွေဝေသွားပြီး ပုခုံးကိုဖက်လို့  တွေ့ဆုံမှုကို လှိုက်လှဲဝမ်းမြောက်စွာနဲ့ သတင်းထောက်တွေဘက်ကိုလည်း “ အရမ်းဝမ်းသာပါတယ်” လို့ပြောခဲ့ပါတယ်။

သူမရဲ့ ရှေ့နေကတဆင့် အစိုးရကို ကျေးဇူးတင်ကြောင်းကိုလည်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။

ကိုးကား။ ။

10 comments:

SHWE ZIN U said...

ညီမ ရေ

ဒီသတင်းလေး ဖတ်ပြီး ဝမ်းသာလိုက်ရတာ

ချစ်တဲ့
အမရွှေစင်

ယောနက်သန် said...

ဒီသတင်းကြားရတာဝမ်းသာပါတယ်။

ခွန် said...

ဓါတ်ပုံတွေ ကြည့်ရတာ ကြည်နူးစရာကောင်းတယ်နော်....

Unknown said...

သားလေးကို ဘယ်လောက်တောင် လွမ်းရှာနေခဲ့မလဲနော်။ ကိုယ်သာဆိုရင်လို့ တွေးမိရင် တကယ့်ကို စိတ်မကောင်းဘူး။

အခု ပြန်ဆုံရပြီဆိုတော့ တော်သေးတာပေါ့...။
အပျော်တွေတောင် ကူးလာသလိုပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါရဲ့ ဓာတ်ပုံတွေကြည့်ရတာ မျက်ရည်လည်မိအောင်ကို ကြည်နူးဝမ်းသာ ဖြစ်မိပါတယ်..
မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လိုများ ခံစားနေရမလဲမသိဘူးနော်
သားရောယောက်ျားကိုပါ စွန့်လွှတ်ထားခဲ့ရသူတစ်ဦးအနေနဲ့
အမေဟာ တကယ်ကို သူရဲကောင်းပါ။

မဗေဒါ (၈၈) said...

ညီမရေ..

ကြည့်ပြီး ငိုနေတာပဲ..။

မဗေဒါ (၈၈)

ဧပရယ်လ်ပူး@ပူးတေ said...

မမကောင်းမွန်ရေ

အန်တီစုတို့ သားအမိတွေ့ဆုံပုံကို ကြည့်ပြီး ပူးတေတောင်မှ မျက်ရည်ဝဲမိတယ်... ဝမ်းနည်းဝမ်းသာ ဖြစ်မိလို့လေ... ပူးတေတို့တောင် ဒီလောက် ဝမ်းသာရင် အန်တီစု ဘယ်လောက်တောင် ဝမ်းသာမလဲလို့ မှန်းကြည့်မိတယ်....

blackcoffee said...

သြော်... သူတို့ သားအမိတွေလဲ သနားပါတယ်နော်...

ကျော်နှင်းဆီလွင် said...

မရေ
ဒီသတင်းတွေအတွက် ၀မ်းသာလွန်းလို့ အားတဲ့အချိန်လေးတွေ အဲသည်သတင်းတွေပဲ ရှာဖတ်ရင်း ဘလော့ဂ်ဖက်တောင်မလှည့်နိုင်ခဲ့ဘူး
:)))

ကျော်နှင်းဆီလွင် said...

ပြီးတော့ မဆိုဒ်ကinformationတွေအတွက်ကျေးဇူးပါနော်